Golden City Promotion
×

မိန္းမတစ္ေယာက္က ေယာက်ာ္းတစ္ေယာက္ကို အမွန္တကယ္ ခ်စ္တဲ့အတြက္သာ ထိုေယာက်ာ္းနဲ႕ တစ္ဘ၀တာ ျဖတ္သန္းဖုိ႕အတြက္ လက္ထပ္လုိက္ၾကတာပါ။

လက္ထပ္လုိက္တဲ့အခါ သူမရဲ႕ အပ်ိဳဘ၀က ၀တ္ခဲ့တဲ့ ေဒါက္ျမင့္ ဖိနပ္ကိုလည္း ခြ်တ္ခ်သြားႏုိင္ျပီး ဖိနပ္ပါးေလးနဲ႕လည္း လမ္းၾကမ္းၾကမ္းမွာ ေလွ်ာက္ရဲပါတယ္။

မ်က္ႏွာျပင္မွာ မိတ္ကပ္မရွိ ႏႈတ္ခမ္းနီလည္း မရွိပဲ အဆီတ၀င္း၀င္းနဲ႕ မီးဖိုေခ်ာင္ထဲမွာ တကုပ္ကုပ္ အလုပ္ရႈပ္ရင္း သူမရဲ႕ေယာက်ာ္း အိမ္ျပန္လာခ်ိန္ကို ထမင္း၀ိုင္းျပင္ျပီး ေစာင့္ေမွ်ာ္ေနမိပါလိမ့္မယ္။

လက္မထပ္ခင္က အိမ္မွာ မင္းသမီးတစ္ပါးလုိ ဖူးဖူးမႈတ္ခံခဲ့ရျပီး ဘာမွ မလုပ္တတ္ခဲ့ရင္ေတာင္ သူမရဲ႕ေယာက်ား္ကို ခ်စ္တဲ့အတြက္ အိမ္အလုပ္ေတြကို သင္ယူျပီး အိမ္ေဖၚတစ္ေယာက္လို က်ိဳးႏြံစြာ ျပဳစုၾက ပါလိမ့္မယ္။

သူမဟာ ခ၀ါသည္တစ္ေယာက္ မဟုတ္ေပမဲ့ သူမခ်စ္တဲ့ ေယာက်ာ္းရဲ႕အ၀တ္စားကို ကိုယ္တိုင္ကိုယ္က် ေလွ်ာ္ဖြတ္ မီးပူတုိက္ ျပင္ဆင္ေပးပါလိမ့္မယ္။

အပ်ိဳဘ၀က ၀မွာစိုးလုိ႕ ထိန္းထိန္းသိမ္းသိမ္း ျပဳစု ဂရုစိုက္ခဲ့တဲ့ ပိန္သြယ္ေနတဲ့ ခႏၶာကိုယ္ကိုေတာင္ ပံုပ်က္သြားမွာကိုလည္း မမႈပဲ သူခ်စ္တဲ့ ေယာက်ာ္းအတြက္ သားသမီး ရတနာေလးေတြ ေမြးဖြားေပး ပါလိမ့္မယ္။

နာနီတစ္ေယာက္လုိ လခေတြ မရေပမဲ့လည္း သူမ ခ်စ္တဲ့ ေယာက်ား္နဲ႕ေမြးဖြားလားတဲ့ ရင္ေသြးအတြက္ ေန႔မအိပ္ ညမအိပ္ ပိုးေမြးသလို ေကြ်းေမြး ေစာင့္ေရွာက္ ေပးပါလိမ့္မယ္။

သားသမီးေတြကို ထိန္းေက်ာင္းရင္း အလွျပင္ခ်ိန္ မရွိေတာ့လုိ႕ သူမ်ားမိန္းမေတြေလာက္ မလွေတာ့ေပမဲ့ သူမခ်စ္တဲ့ ေယာက်ာ္းနဲ႕ ကေလးေတြအတြက္ ေက်နပ္ေနမိတာက မိန္းမေတြပါ။

မိန္းမေတြ ဒီလို စြန္႔လႊတ္ အနစ္နာခံ ေပးလုိက္ရတာက သူမတို႕မွာ ေယာက်ာ္းရွားလုိ႕ မဟုတ္ပါဘူး။ သူမခ်စ္တဲ့ ေယာက်ာ္း တစ္ဦးတစ္ေယာက္ အတြက္သာ ဒီလုိမ်ိဳး ေဆာင္ရြက္အနစ္နာ ခံေပးႏုိင္တာပါ။

ဒါကိုမွ ပံုပ်က္လို႕ ၊ မလွေတာ့လုိ႕ ၊ အိုလာလုိ႕ ၊တျခား ေကာင္မေလးေတြေလာက္ မလွေတာ့လို႕ စိတ္ကုန္သြားမယ္ ဆိုရင္ သင္ဟာ ဘယ္လို ေယာက္်ားမ်ိဳး ျဖစ္သြားမလဲဆိုတာ ကိုယ္တိုင္သာ ေတြးၾကည့္လိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Yawthama

# Unicode Version #
မိန်းမတစ်ယောက်က ယောကျာ်းတစ်ယောက်ကို အမှန်တကယ် ချစ်တဲ့အတွက်သာ ထိုယောကျာ်းနဲ့ တစ်ဘဝတာ ဖြတ်သန်းဖို့အတွက် လက်ထပ်လိုက်ကြတာပါ။

လက်ထပ်လိုက်တဲ့အခါ သူမရဲ့ အပျိုဘဝက ဝတ်ခဲ့တဲ့ ဒေါက်မြင့် ဖိနပ်ကိုလည်း ချွတ်ချသွားနိုင်ပြီး ဖိနပ်ပါးလေးနဲ့လည်း လမ်းကြမ်းကြမ်းမှာ လျှောက်ရဲပါတယ်။

မျက်နှာပြင်မှာ မိတ်ကပ်မရှိ နှုတ်ခမ်းနီလည်း မရှိပဲ အဆီတဝင်းဝင်းနဲ့ မီးဖိုချောင်ထဲမှာ တကုပ်ကုပ် အလုပ်ရှုပ်ရင်း သူမရဲ့ယောကျာ်း အိမ်ပြန်လာချိန်ကို ထမင်းဝိုင်းပြင်ပြီး စောင့်မျှော်နေမိပါလိမ့်မယ်။

လက်မထပ်ခင်က အိမ်မှာ မင်းသမီးတစ်ပါးလို ဖူးဖူးမှုတ်ခံခဲ့ရပြီး ဘာမှ မလုပ်တတ်ခဲ့ရင်တောင် သူမရဲ့ယောကျာ်းကို ချစ်တဲ့အတွက် အိမ်အလုပ်တွေကို သင်ယူပြီး အိမ်ဖေါ်တစ်ယောက်လို ကျိုးနွံစွာ ပြုစုကြ ပါလိမ့်မယ်။

သူမဟာ ခဝါသည်တစ်ယောက် မဟုတ်ပေမဲ့ သူမချစ်တဲ့ ယောကျာ်းရဲ့အဝတ်စားကို ကိုယ်တိုင်ကိုယ်ကျ လျှော်ဖွတ် မီးပူတိုက် ပြင်ဆင်ပေးပါလိမ့်မယ်။

အပျိုဘဝက ဝမှာစိုးလို့ ထိန်းထိန်းသိမ်းသိမ်း ပြုစု ဂရုစိုက်ခဲ့တဲ့ ပိန်သွယ်နေတဲ့ ခန္ဓာကိုယ်ကိုတောင် ပုံပျက်သွားမှာကိုလည်း မမှုပဲ သူချစ်တဲ့ ယောကျာ်းအတွက် သားသမီး ရတနာလေးတွေ မွေးဖွားပေး ပါလိမ့်မယ်။

နာနီတစ်ယောက်လို လခတွေ မရပေမဲ့လည်း သူမ ချစ်တဲ့ ယောကျာ်းနဲ့မွေးဖွားလားတဲ့ ရင်သွေးအတွက် နေ့မအိပ် ညမအိပ် ပိုးမွေးသလို ကျွေးမွေး စောင့်ရှောက် ပေးပါလိမ့်မယ်။

သားသမီးတွေကို ထိန်းကျောင်းရင်း အလှပြင်ချိန် မရှိတော့လို့ သူများမိန်းမတွေလောက် မလှတော့ပေမဲ့ သူမချစ်တဲ့ ယောကျာ်းနဲ့ ကလေးတွေအတွက် ကျေနပ်နေမိတာက မိန်းမတွေပါ။

မိန်းမတွေ ဒီလို စွန့်လွှတ် အနစ်နာခံ ပေးလိုက်ရတာက သူမတို့မှာ ယောကျာ်းရှားလို့ မဟုတ်ပါဘူး။ သူမချစ်တဲ့ ယောကျာ်း တစ်ဦးတစ်ယောက် အတွက်သာ ဒီလိုမျိုး ဆောင်ရွက်အနစ်နာ ခံပေးနိုင်တာပါ။

ဒါကိုမှ ပုံပျက်လို့ ၊ မလှတော့လို့ ၊ အိုလာလို့ ၊တခြား ကောင်မလေးတွေလောက် မလှတော့လို့ စိတ်ကုန်သွားမယ် ဆိုရင် သင်ဟာ ဘယ်လို ယောက်ျားမျိုး ဖြစ်သွားမလဲဆိုတာ ကိုယ်တိုင်သာ တွေးကြည့်လိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Yawthama
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top