Golden City Promotion
×

အသက္ ၆၀ အရြယ္ဆိုေပမဲ့ ၄၀ ေလာက္ပဲထင္ရတဲ့သူေတြကို ေတြ႔ဖူးၾကမွာျဖစ္သလို အသက္ ၃၀ သာရွိေသးေပမဲ့ ၅၀လို႔ထင္ရတဲ့သူေတြကိုလည္း ေတြ႔ဖူးၾကမွာပါ။

ဒါ့ေၾကာင့္ ဒီလိုအသက္ႀကီးရင့္တယ္လို႔ ထင္ေစတဲ့ အျပဳအမႈေတြ အက်င့္ဆိုးေတြကို မွ်ေ၀လိုက္ပါတယ္။

ေနေရာင္ဒဏ္ကာကြယ္ေပးမဲ့ Suncreme မလိမ္းျခင္း

အျပင္သြားတဲ့အခါ ေနေလာင္ဒဏ္ခံႏိုင္တဲ့ ခရင္မ္မလိမ္းဘူးဆိုရင္ေတာ့ သင့္ကို အေရးေၾကာင္းေတြ ေနေလာင္ဒဏ္အမည္းစက္ေတြ ျဖစ္ေပၚေစပါတယ္။ အိက်ီ ၤလက္ရွည္၀တ္ထားရင္ ဘာမွမျဖစ္ေပမဲ့ လက္ျပတ္၀တ္တဲ့အခါမွာေတာ့ ေနေလာင္ဒဏ္ကိုပိုၿပီးခံရပါတယ္။

ေဆးလိပ္ေသာက္ျခင္း

ေဆးလိပ္ေသာက္တာကလည္း သင့္ကို သာမန္ထက္ အိုမင္းရင့္ေရာ္ေစပါတယ္။

ေဒါသထြက္အာဃာတထားျခင္း

ေဒါသထြက္ အာဃာတထားတာဟာ အိုမင္းရင့္ေရာ္ေစတဲ့ အျပဳအမူတစ္ခုပါပဲ။ အာဃာတထားတဲ့သူေတြဟာ အဲဒီအညွိဳးေတြေၾကာင့္ အၿမဲပူေလာင္ၿပီး သူကုိၾကည့္ရတာလည္း ဘယ္ေတာ့မွ ေပ်ာ္ရႊင္ေနမွာမဟုတ္ပါဘူး။

ေနပူထဲထြက္တဲ့အခိ်န္မွာ ေနကာ မ်က္မွန္မတပ္ျခင္း

ေနပူထဲထြက္တဲ့အခ်ိန္ ေနကာမ်က္မွန္မတပ္တာဟာ ေနေရာင္ကေန အလင္းျပန္တာကိုအဓိကခံရၿပီး မ်က္လံုးကိုထိခိုက္ေစပါတယ္။ ဒါ့အျပင္ အၿမဲ မ်က္ေမွာင္ႀကံဳ႕ထားရလို႔လည္း အေရးေၾကာင္းျဖစ္စေပၚေစပါတယ္။

ေမွာက္လ်က္အိပ္ျခင္း

မ်က္ႏွာကို ေခါင္းအံုးနဲ႔အပ္ၿပီး ေမွာက္လ်က္အိပ္တာဟာ သင့္ကို အိုမင္းရင့္ေရာ္ေစတဲ့အျပဳအမူတစ္ခုပါ။ ေခါင္းအံုးမွာ ဘက္တီးရီးယားပိုးမႊားေတြရွိေနၿပီး ရက္ေတြ ႏွစ္ေတြ ၾကာလာတာနဲ႔အမွ် အေရးေၾကာင္းျဖစ္ေပၚေစမွာျစဖ္ပါတယ္။

ဖုန္းအလြန္အကၽြံသံုးျခင္း

ဒီကေနေခတ္မွာေတာ့ ဖုန္းကို အင္တာနက္ၾကည့္ဖိုပ အဓိကအသံုးျပဳၾကပါတယ္။ ဒါဟာ ေကာင္းတဲ့လကၡဏာတစ္ခုမဟုတ္ပါဘူး။ အၿမဲလိုလို ဖုန္းကိုငံု႕ငံု႕ၿပီးၾကည့္တာဟာ လည္တိုင္အေရွ႕မွာ အေရးေၾကာင္းေတြ ျဖစ္ေပၚလာႏိုင္သလို ဇက္ေၾကာတက္ပါတယ္။

အစားအစာနဲ႔ အလွကုန္ပစၥည္း

အဟာရျပည့္၀တဲ့အစားအစာေတြစားတာနဲ႔ အရည္အေသြးညံ့တဲ့ အလွကုန္ပစၥည္းေတြအသံုးျပဳတာလည္း အိုမင္းရင့္ေရာ္ေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
အသက် ၆၀ အရွယ်ဆိုပေမဲ့ ၄၀ လောက်ပဲထင်ရတဲ့သူတွေကို တွေ့ဖူးကြမှာဖြစ်သလို အသက် ၃၀ သာရှိသေးပေမဲ့ ၅၀လို့ထင်ရတဲ့သူတွေကိုလည်း တွေ့ဖူးကြမှာပါ။

ဒါ့ကြောင့် ဒီလိုအသက်ကြီးရင့်တယ်လို့ ထင်စေတဲ့ အပြုအမှုတွေ အကျင့်ဆိုးတွေကို မျှဝေလိုက်ပါတယ်။

နေရောင်ဒဏ်ကာကွယ်ပေးမဲ့ Suncreme မလိမ်းခြင်း

အပြင်သွားတဲ့အခါ နေလောင်ဒဏ်ခံနိုင်တဲ့ ခရင်မ်မလိမ်းဘူးဆိုရင်တော့ သင့်ကို အရေးကြောင်းတွေ နေလောင်ဒဏ်အမည်းစက်တွေ ဖြစ်ပေါ်စေပါတယ်။ အိကျီ ၤလက်ရှည်ဝတ်ထားရင် ဘာမှမဖြစ်ပေမဲ့ လက်ပြတ်ဝတ်တဲ့အခါမှာတော့ နေလောင်ဒဏ်ကိုပိုပြီးခံရပါတယ်။

ဆေးလိပ်သောက်ခြင်း

ဆေးလိပ်သောက်တာကလည်း သင့်ကို သာမန်ထက် အိုမင်းရင့်ရော်စေပါတယ်။

ဒေါသထွက်အာဃာတထားခြင်း

ဒေါသထွက် အာဃာတထားတာဟာ အိုမင်းရင့်ရော်စေတဲ့ အပြုအမူတစ်ခုပါပဲ။ အာဃာတထားတဲ့သူတွေဟာ အဲဒီအညှိုးတွေကြောင့် အမြဲပူလောင်ပြီး သူကိုကြည့်ရတာလည်း ဘယ်တော့မှ ပျော်ရွှင်နေမှာမဟုတ်ပါဘူး။

နေပူထဲထွက်တဲ့အချိန်မှာ နေကာ မျက်မှန်မတပ်ခြင်း

နေပူထဲထွက်တဲ့အချိန် နေကာမျက်မှန်မတပ်တာဟာ နေရောင်ကနေ အလင်းပြန်တာကိုအဓိကခံရပြီး မျက်လုံးကိုထိခိုက်စေပါတယ်။ ဒါ့အပြင် အမြဲ မျက်မှောင်ကြုံ့ထားရလို့လည်း အရေးကြောင်းဖြစ်စပေါ်စေပါတယ်။

မှောက်လျက်အိပ်ခြင်း

မျက်နှာကို ခေါင်းအုံးနဲ့အပ်ပြီး မှောက်လျက်အိပ်တာဟာ သင့်ကို အိုမင်းရင့်ရော်စေတဲ့အပြုအမူတစ်ခုပါ။ ခေါင်းအုံးမှာ ဘက်တီးရီးယားပိုးမွှားတွေရှိနေပြီး ရက်တွေ နှစ်တွေ ကြာလာတာနဲ့အမျှ အရေးကြောင်းဖြစ်ပေါ်စေမှာစြဖ်ပါတယ်။

ဖုန်းအလွန်အကျွံသုံးခြင်း

ဒီကနေခေတ်မှာတော့ ဖုန်းကို အင်တာနက်ကြည့်ဖိုပ အဓိကအသုံးပြုကြပါတယ်။ ဒါဟာ ကောင်းတဲ့လက္ခဏာတစ်ခုမဟုတ်ပါဘူး။ အမြဲလိုလို ဖုန်းကိုငုံ့ငုံ့ပြီးကြည့်တာဟာ လည်တိုင်အရှေ့မှာ အရေးကြောင်းတွေ ဖြစ်ပေါ်လာနိုင်သလို ဇက်ကြောတက်ပါတယ်။

အစားအစာနဲ့ အလှကုန်ပစ္စည်း

အဟာရပြည့်ဝတဲ့အစားအစာတွေစားတာနဲ့ အရည်အသွေးညံ့တဲ့ အလှကုန်ပစ္စည်းတွေအသုံးပြုတာလည်း အိုမင်းရင့်ရော်စေပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top