Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

ျပည္လမ္း ေတာ္၀င္စင္တာ ရွိ အမ်ားသံုး သန္႔စင္ခန္း တြင္ ျပည္သူမ်ားအထိိတ္တလန္႔ျဖစ္ ေစရန္ရည္ရြယ္၍ လက္လုပ္မိုင္း ႏွင့္ ပံုစံတူျပဳလုပ္ထားသည့္ အရာ၀တၳဳ တစ္ခုေတြ႕ရွိခဲ့ေၾကာင္း အေနာက္ပိုင္းခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ုံးမွ ရဲအရာရွိတစ္ဦးက ေျပာသည္။ ေတာ္၀င္ စင္တာ၊ Basem- ent 1 ရွိ အမ်ားသံုးသန္႔စင္ခန္းတြင္ ေအာက္တိုဘာ ၂၉ရက္ည ၁၀ နာရီေက်ာ္က လက္လုပ္မိုင္း နွင့္ပံုစံတူ အရာ၀တၳဳ ကို အဆိုပါစင္တာရွိ ယာဥ္ေမာင္း တစ္ဦးက ေတြ႕ရွိခဲ့ ေၾကာင္း ၎ကေျပာသည္။

ကား အင္ဂ်င္ ဖစ္တာဘူးပံုစံ အရာ၀တၳဳကို တိပ္အမည္းျဖင့္ပတ္ကာ၀ိုင္ယာႀကိဳးျဖင့္ ဆက္သြယ္ထားၿပီး ေတာ္၀င္စင္တာ တာ၀န္ရွိသူမ်ားက ရဲတပ္ဖြဲ႕သို႔ အ ေၾကာင္းၾကား၍ တိုင္းရဲတပ္ဖြဲ႕၊ အမွတ္ (၅) လံုၿခံဳေရး ရဲတပ္ဖြဲ႕ႏွင့္ အမွတ္ (၉၀၅) စစ္ေျမျပင္အင္ဂ်င္ နီယာတပ္မွ မိုင္းရွင္းလင္းေရး အဖြဲ႕တို႔ လာေရာက္စစ္ေဆးခဲ့ ေၾကာင္း ရဲအရာရွိကဆက္လက္ ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ဆီကို သတင္း ေရာက္ေတာ့ ၁၁ နာရီေလာက္ရွိ ၿပီ။ လက္လုပ္မိုင္းလို႔ ထင္ေယာင္ ထင္မွားျဖစ္ေအာင္ ရည္ရြယ္ခ်က္ ရွိရွိလုပ္တာ။ အမ်ဳိးသားအိမ္သာ ထဲက ဗိုလ္ထိုင္ေပၚမွာတင္ထားခဲ့ တာ။ အခု CCTV မွတ္တမ္းေတြ စစ္ေနတုန္းပဲရွိေသးတယ္’’ဟု ၎က ေျပာသည္။

လက္လုပ္မိုင္း နွင့္ ပံုစံတူျပဳ လုပ္ကာ အိမ္သာအတြင္းထားရွိ မႈႏွင့္ ပတ္သက္ၿပီး ေတာ္၀င္ စင္တာ ၊ တတိယထပ္႐ုံးခန္းမွ တာ၀န္ရွိသူမ်ားသို႔ သြားေရာက္ေမးျမန္း ေသာ္လည္း ျပန္လည္ေျဖၾကား ျခင္းမရွိေပ

ၿပီးခဲ့သည့္ ၂၀၁၆ ေဖေဖာ္၀ါ ရီ ၁၅ ရက္က သဃၤန္းကြၽန္းၿမိဳ႕နယ္၊ သံသုမာလမ္း ေပၚရွိ သြားဘက္ဆိုင္ရာ ေဆးတကၠသိုလ္၀င္ေပါက္ႏွစ္ေပါက္ၾကားရွိ ေရေျမာင္းေဘးတြင္ ဂက္စ္အိုးႏွင့္ ႏိုကီယာ ဖုန္း တို႔ကို ၀ိုင္ယာႀကိဳးျဖင့္ ဆက္သြယ္ကာ မီးေလာင္ေစရန္ ျပဳလုပ္ထားသျဖင့္ ရပ္ကြက္အ တြင္း ဗံုးလန္႔မႈျဖစ္ပြားခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7day daily

# Unicode Version ျဖင့္ ဖတ္ပါ #

ပြည်လမ်း တော်ဝင်စင်တာ ရှိ အများသုံး သန့်စင်ခန်း တွင် ပြည်သူများအထိတ်တလန့်ဖြစ် စေရန်ရည်ရွယ်၍ လက်လုပ်မိုင်း နှင့် ပုံစံတူပြုလုပ်ထားသည့် အရာဝတ္ထု တစ်ခုတွေ့ရှိခဲ့ကြောင်း အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးက ပြောသည်။ တော်ဝင် စင်တာ၊ Basem- ent 1 ရှိ အများသုံးသန့်စင်ခန်းတွင် အောက်တိုဘာ ၂၉ရက်ည ၁၀ နာရီကျော်က လက်လုပ်မိုင်း နှင့်ပုံစံတူ အရာဝတ္ထု ကို အဆိုပါစင်တာရှိ ယာဉ်မောင်း တစ်ဦးက တွေ့ရှိခဲ့ ကြောင်း ၎င်းကပြောသည်။

ကား အင်ဂျင် ဖစ်တာဘူးပုံစံ အရာဝတ္ထုကို တိပ်အမည်းဖြင့်ပတ်ကာဝိုင်ယာကြိုးဖြင့် ဆက်သွယ်ထားပြီး တော်ဝင်စင်တာ တာဝန်ရှိသူများက ရဲတပ်ဖွဲ့သို့ အ ကြောင်းကြား၍ တိုင်းရဲတပ်ဖွဲ့၊ အမှတ် (၅) လုံခြုံရေး ရဲတပ်ဖွဲ့နှင့် အမှတ် (၉၀၅) စစ်မြေပြင်အင်ဂျင် နီယာတပ်မှ မိုင်းရှင်းလင်းရေး အဖွဲ့တို့ လာရောက်စစ်ဆေးခဲ့ ကြောင်း ရဲအရာရှိကဆက်လက် ပြောသည်။

‘‘ကျွန်တော်တို့ဆီကို သတင်း ရောက်တော့ ၁၁ နာရီလောက်ရှိ ပြီ။ လက်လုပ်မိုင်းလို့ ထင်ယောင် ထင်မှားဖြစ်အောင် ရည်ရွယ်ချက် ရှိရှိလုပ်တာ။ အမျိုးသားအိမ်သာ ထဲက ဗိုလ်ထိုင်ပေါ်မှာတင်ထားခဲ့ တာ။ အခု CCTV မှတ်တမ်းတွေ စစ်နေတုန်းပဲရှိသေးတယ်’’ဟု ၎င်းက ပြောသည်။

လက်လုပ်မိုင်း နှင့် ပုံစံတူပြု လုပ်ကာ အိမ်သာအတွင်းထားရှိ မှုနှင့် ပတ်သက်ပြီး တော်ဝင် စင်တာ ၊ တတိယထပ်ရုံးခန်းမှ တာဝန်ရှိသူများသို့ သွားရောက်မေးမြန်း သော်လည်း ပြန်လည်ဖြေကြား ခြင်းမရှိပေ

ပြီးခဲ့သည့် ၂၀၁၆ ဖေဖော်ဝါ ရီ ၁၅ ရက်က သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း ပေါ်ရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်ဝင်ပေါက်နှစ်ပေါက်ကြားရှိ ရေမြောင်းဘေးတွင် ဂက်စ်အိုးနှင့် နိုကီယာ ဖုန်း တို့ကို ဝိုင်ယာကြိုးဖြင့် ဆက်သွယ်ကာ မီးလောင်စေရန် ပြုလုပ်ထားသဖြင့် ရပ်ကွက်အ တွင်း ဗုံးလန့်မှုဖြစ်ပွားခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7day daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top