Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဆင္မႀကီး မိုမို၏ (၆၄) ႏွစ္ျပည့္ အထိမ္းအမွတ္ ေမြးေန႔ ကိတ္ခဲြျခင္းကို ေအာက္တိုဘာ ၂၂ ရက္က ရန္ကုန္တိရစၧာန္ဥယ်ာဥ္တြင္ က်င္းပခဲ့သည္။
ဆင္မႀကီး မိုမို၏ ေမြးေန႔ကို ေအာက္တိုဘာ ၂၁ ရက္ႏွင့္ ၂၂ ရက္တြင္ က်င္းပျခင္းျဖစ္သည္။ ေအာက္တိုဘာ ၂၂ ရက္ နံနက္ ၆ နာရီက သံဃာေတာ္ ငါးပါးအား ဆင္မႀကီးမိုမို၏ အလွဴဒါနအျဖစ္ အ႐ုဏ္ဆြမ္းကပ္လွဴခဲ့ကာ နံနက္ ၁၁ နာရီတြင္ ေမြးေန႔ကိတ္ေပၚရွိ ဖေယာင္းတုိင္ ၆၄ တိုင္ကို ဆင္မႀကီး မိုမိုကုိယ္တိုင္မႈတ္၍ ေမြးေန႔ပဲြက်င္းပခဲ့သည္။
‘‘မိုမိုႀကီးကို ကၽြန္ေတာ္တုိ႔ရဲ႕ မိသားစု၀င္လို႔ပဲ သတ္မွတ္ထားပါ တယ္။ ကၽြန္ေတာ္တုိ႔က ျပန္ၿပီး ေတာ့ ဆင္မႀကီးမုိမိုကုိ အလုပ္ အေကၽြးျပဳရမယ့္ အတုိင္းအတာ ျဖစ္သြားပါၿပီ။ အခုက မိသားစု၀င္ တစ္ေယာက္ကို ေမြးေန႔ပဲြ လုပ္ ေပးတယ္ဆုိတဲ့အေနအထားပါ။ ျပည္သူလူထုရဲ႕ အခ်စ္ေတာ္ လည္းျဖစ္တဲ့အတြက္ေၾကာင့္ အားလံုးပူးေပါင္းပါ၀င္လို႔လည္း အခုလို စည္စည္ကားကားေလး ျဖစ္တာပါ’’ဟု ရန္ကုန္တိရစၧာန္ ဥယ်ာဥ္ အုပ္ခ်ဳပ္ေရးမွဴး ဦးထြန္း ၀င္းေအာင္က ေျပာသည္။
ေမြးေန႔ပဲြအခမ္းအနားအ ျဖစ္ ပၪၥလက္ကိုခုိင္၏ ေဖ်ာ္ေျဖမႈ၊ ဟာသလူရႊင္ေတာ္မ်ား၊ Kids Shows အစီအစဥ္မ်ား၊ Life and Dance အဖဲြ႕၏ ကျပေဖ်ာ္ေျဖမႈ မ်ား၊ ကစားပဲြမ်ား၊ တိရစၧာန္ေလး မ်ား၏ ကၽြမ္းက်င္မႈ ျပကြက္မ်ား ျဖင့္ က်င္းပခဲ့သည္။
ယခုႏွစ္ ဆင္မႀကီး မိုမို၏ ေမြးေန႔ပဲြတြင္ ထူးျခားခ်က္အျဖစ္ အစာေခ်ဖ်က္ႏႈန္းေကာင္းသည့္ တိရစၧာန္မ်ားအတြက္ လူပုဂၢိဳလ္မဲ့ (ေရာင္းခ်သည့္၀န္ထမ္းမရွိဘဲ) အစားအေသာက္ေရာင္းခ်ေၾကာင္း ဦးထြန္း၀င္းေအာင္ကဆုိသည္။
ေရာင္းခ်သည့္ သီးႏွံမ်ား တြင္ ေစ်းႏႈန္းမ်ား ကပ္ေပးထားၿပီး ပိုက္ဆံထည့္ရမည့္ ပံုးတစ္ခု ခ်ေပးထားကာ ေရာင္းခ်သည့္ ၀န္ထမ္းမရွိသည့္စနစ္ျဖစ္သည္ဟု ၎က ရွင္းျပသည္။
ဆင္မႀကီး မိုမို၏ ႏွစ္ (၆၀) ျပည့္ ေမြးေန႔က စတင္၍ ဆင္မႀကီးမိုမိုကုိ ျပဳစုေစာင့္ေရွာက္ခဲ့ၿပီး ေဖ်ာ္ေျဖေရးပဲြမ်ား တင္ဆက္မႈ မျပဳခုိင္းေတာ့ေၾကာင္း ဦးထြန္း၀င္းေအာင္က ဆုိသည္။ ယခင္က ဆင္မႀကီး မိုမို၏ ဘာဂ်ာမႈတ္သည့္ အကေနရာတြင္ ဆင္မေလး ေမသဲျဖဴက ေဖ်ာ္ေျဖေပးေနသည္။
ဆင္မႀကီး မိုမို၏ ေမြးေန႔ပဲြ သို႔ တက္ေရာက္သူဦးေရ သံုး ေသာင္းခဲြခန္႔ရွိသည္ဟုလည္း ရန္ကုန္တိရစၧာန္ဥယ်ာဥ္တာ၀န္ရွိ သူက ေျပာသည္။
ဆင္မႀကီး မိုမိုကို ကယား ျပည္နယ္ လိြဳင္ေကာ္ၿမိဳ႕ေန ဦးခြန္ စႏၵက ၁၉၆၁ ေဖေဖာ္၀ါရီက ရန္ကုန္တိရစၧာန္ဥယ်ာဥ္သို႔ လွဴ ဒါန္းခဲ့ၿပီး ယင္းအခ်ိန္က ဆင္မႀကီးမိုမိုသည္ အသက္ (၇)ႏွစ္အရြယ္ျဖစ္သည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဆင်မကြီး မိုမို၏ (၆၄) နှစ်ပြည့် အထိမ်းအမှတ် မွေးနေ့ ကိတ်ခွဲခြင်းကို အောက်တိုဘာ ၂၂ ရက်က ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တွင် ကျင်းပခဲ့သည်။

ဆင်မကြီး မိုမို၏ မွေးနေ့ကို အောက်တိုဘာ ၂၁ ရက်နှင့် ၂၂ ရက်တွင် ကျင်းပခြင်းဖြစ်သည်။ အောက်တိုဘာ ၂၂ ရက် နံနက် ၆ နာရီက သံဃာတော် ငါးပါးအား ဆင်မကြီးမိုမို၏ အလှူဒါနအဖြစ် အရုဏ်ဆွမ်းကပ်လှူခဲ့ကာ နံနက် ၁၁ နာရီတွင် မွေးနေ့ကိတ်ပေါ်ရှိ ဖယောင်းတိုင် ၆၄ တိုင်ကို ဆင်မကြီး မိုမိုကိုယ်တိုင်မှုတ်၍ မွေးနေ့ပွဲကျင်းပခဲ့သည်။

‘‘မိုမိုကြီးကို ကျွန်တော်တို့ရဲ့ မိသားစုဝင်လို့ပဲ သတ်မှတ်ထားပါ တယ်။ ကျွန်တော်တို့က ပြန်ပြီး တော့ ဆင်မကြီးမိုမိုကို အလုပ် အကျွေးပြုရမယ့် အတိုင်းအတာ ဖြစ်သွားပါပြီ။ အခုက မိသားစုဝင် တစ်ယောက်ကို မွေးနေ့ပွဲ လုပ် ပေးတယ်ဆိုတဲ့အနေအထားပါ။ ပြည်သူလူထုရဲ့ အချစ်တော် လည်းဖြစ်တဲ့အတွက်ကြောင့် အားလုံးပူးပေါင်းပါဝင်လို့လည်း အခုလို စည်စည်ကားကားလေး ဖြစ်တာပါ’’ဟု ရန်ကုန်တိရစ္ဆာန် ဥယျာဉ် အုပ်ချုပ်ရေးမှူး ဦးထွန်း ဝင်းအောင်က ပြောသည်။

မွေးနေ့ပွဲအခမ်းအနားအ ဖြစ် ပဉ္စလက်ကိုခိုင်၏ ဖျော်ဖြေမှု၊ ဟာသလူရွှင်တော်များ၊ Kids Shows အစီအစဉ်များ၊ Life and Dance အဖွဲ့၏ ကပြဖျော်ဖြေမှု များ၊ ကစားပွဲများ၊ တိရစ္ဆာန်လေး များ၏ ကျွမ်းကျင်မှု ပြကွက်များ ဖြင့် ကျင်းပခဲ့သည်။

ယခုနှစ် ဆင်မကြီး မိုမို၏ မွေးနေ့ပွဲတွင် ထူးခြားချက်အဖြစ် အစာချေဖျက်နှုန်းကောင်းသည့် တိရစ္ဆာန်များအတွက် လူပုဂ္ဂိုလ်မဲ့ (ရောင်းချသည့်ဝန်ထမ်းမရှိဘဲ) အစားအသောက်ရောင်းချကြောင်း ဦးထွန်းဝင်းအောင်ကဆိုသည်။

ရောင်းချသည့် သီးနှံများ တွင် ဈေးနှုန်းများ ကပ်ပေးထားပြီး ပိုက်ဆံထည့်ရမည့် ပုံးတစ်ခု ချပေးထားကာ ရောင်းချသည့် ဝန်ထမ်းမရှိသည့်စနစ်ဖြစ်သည်ဟု ၎င်းက ရှင်းပြသည်။

ဆင်မကြီး မိုမို၏ နှစ် (၆၀) ပြည့် မွေးနေ့က စတင်၍ ဆင်မကြီးမိုမိုကို ပြုစုစောင့်ရှောက်ခဲ့ပြီး ဖျော်ဖြေရေးပွဲများ တင်ဆက်မှု မပြုခိုင်းတော့ကြောင်း ဦးထွန်းဝင်းအောင်က ဆိုသည်။ ယခင်က ဆင်မကြီး မိုမို၏ ဘာဂျာမှုတ်သည့် အကနေရာတွင် ဆင်မလေး မေသဲဖြူက ဖျော်ဖြေပေးနေသည်။

ဆင်မကြီး မိုမို၏ မွေးနေ့ပွဲ သို့ တက်ရောက်သူဦးရေ သုံး သောင်းခွဲခန့်ရှိသည်ဟုလည်း ရန်ကုန်တိရစ္ဆာန်ဥယျာဉ်တာဝန်ရှိ သူက ပြောသည်။

ဆင်မကြီး မိုမိုကို ကယား ပြည်နယ် လွိုင်ကော်မြို့နေ ဦးခွန် စန္ဒက ၁၉၆၁ ဖေဖော်ဝါရီက ရန်ကုန်တိရစ္ဆာန်ဥယျာဉ်သို့ လှူ ဒါန်းခဲ့ပြီး ယင်းအချိန်က ဆင်မကြီးမိုမိုသည် အသက် (၇)နှစ်အရွယ်ဖြစ်သည်။

 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top