Golden City Promotion
×

ေဖေဖနဲ႔ အတူတူ သီဆုိထားတဲ့ သီခ်င္းေတြလည္းပါတယ္။
ျမန္မာႏုိင္ငံရဲ႕ ထိပ္တန္းအဆုိေတာ္အဖြဲ႕အျဖစ္ ပရိသတ္အားေပးမႈမ်ားစြာ ရရွိထားတဲ့ IC အဖြဲ႕ရဲ႕ အဆုိေတာ္ တစ္ဦးျဖစ္တဲ့ အငဲ ကေတာ့ သူ႔ရဲ႕ မ်ဳိးဆက္သစ္ျဖစ္တဲ့ သမီးျဖစ္သူ လမင္းခကုိ ပရိသတ္အေရွ႕ကုိ ထုတ္ျပခဲ့ပါၿပီ။ လမင္းခ အေနနဲ႔ ပထမဆုံးတစ္ကုိယ္ ေတာ္ ေတးစီးရီးျဖစ္တဲ့ ကူး..ကူ ေတးစီးရီးကုိ ေအာက္တုိဘာလ ၁၉ ရက္ေန႔မွာ The Sun Music Production ကေန ထုတ္လုပ္ျဖန္႔ခ်ီသြား မယ္လုိ႔လည္း သိရပါတယ္။

''ညီမရဲ႕ သီခ်င္းေခါင္းစဥ္ေလးကေတာ့ ဦးနိုင္းနိုင္ရဲ႕ သီခ်င္းေလးေပါ့။ကိုယ့္က နာမည္ေပးရင္လည္း တိုတိုတုတ္တုတ္ ေပးရတာ ႀကိဳက္တယ္။ ျဖစ္နိုင္ရင္ စကားလံုးတစ္လံုးထဲဆို ပိုျကိုက္တယ္။ဒီနာမည္က ခ်စ္စရာေကာင္းျပီး မွတ္ရလြယ္ၿပီး ဂ်ိဳးကူးသံေလး ကိုႀကဳိက္္လို႔ ေပးျဖစ္တာပါ။ဒီသီခ်င္းက အခ်စ္သီခ်င္းမဟုတ္ပါဘူး။ၿငိမ္းခ်မ္းေရး သီခ်င္းပံုစံေလးပါ။''ကိုယ္ပိုင္အလွ '' သီခ်င္းတစ္ပုဒ္ကို ေဖေဖနဲ႔သီဆိုထားပါတယ္။ အေခြတစ္ေခြလုံးကလည္း ကုိယ္ပုိင္သံစဥ္ေတြပါပဲ'' လုိ႔ မီဒီယာမ်ားကုိ ေျဖဆုိခဲ့ပါတယ္။

လမင္းခရဲ႕ ကူး..ကူ တစ္ကုိယ္ေတာ္ေတးစီးရီးမွာ သီခ်င္းေပါင္း ၁၂ပုဒ္ပါဝင္ျပီး ဖခင္ျဖစ္သူ အငဲကုိယ္တိုင္ေရးေပးထားတဲ့ သီခ်င္း ၆ပုဒ္ပါဝင္ၿပီး ေတးေရးဆရာ ေရႊေဂ်ာ္ေဂ်ာ္၊ ဇဝါ၊ နိုင္းနိုင္ တို႔ပါဝင္ေရးသားေပးထားပါတယ္။ သီခ်င္းေခြကို ၃ နွစ္ေက်ာ္ျပင္ဆင္ခဲ့ရတာျဖစ္ၿပီး Country Rock , Slow Rock , Dance Rock ဂီတအမ်ိဳးအစားမ်ားစြာပါဝင္တယ္လုိ႔ သိရပါတယ္။ အဆုိေတာ္ႀကီး အငဲနဲ႔ မုိးမခတုိ႔ကလည္း ပါဝင္အားျဖည့္သီဆုိေပးထားၾကပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
ဖေဖေနဲ့ အတူတူ သီဆိုထားတဲ့ သီချင်းတွေလည်းပါတယ်။
မြန်မာနိုင်ငံရဲ့ ထိပ်တန်းအဆိုတော်အဖွဲ့အဖြစ် ပရိသတ်အားပေးမှုများစွာ ရရှိထားတဲ့ IC အဖွဲ့ရဲ့ အဆိုတော် တစ်ဦးဖြစ်တဲ့ အငဲ ကတော့ သူ့ရဲ့ မျိုးဆက်သစ်ဖြစ်တဲ့ သမီးဖြစ်သူ လမင်းခကို ပရိသတ်အရှေ့ကို ထုတ်ပြခဲ့ပါပြီ။ လမင်းခ အနေနဲ့ ပထမဆုံးတစ်ကိုယ် တော် တေးစီးရီးဖြစ်တဲ့ ကူး..ကူ တေးစီးရီးကို အောက်တိုဘာလ ၁၉ ရက်နေ့မှာ The Sun Music Production ကနေ ထုတ်လုပ်ဖြန့်ချီသွား မယ်လို့လည်း သိရပါတယ်။
''ညီမရဲ့ သီချင်းခေါင်းစဉ်လေးကတော့ ဦးနိုင်းနိုင်ရဲ့ သီချင်းလေးပေါ့။ကိုယ့်က နာမည်ပေးရင်လည်း တိုတိုတုတ်တုတ် ပေးရတာ ကြိုက်တယ်။ ဖြစ်နိုင်ရင် စကားလုံးတစ်လုံးထဲဆို ပိုကြိုက်တယ်။ဒီနာမည်က ချစ်စရာကောင်းပြီး မှတ်ရလွယ်ပြီး ဂျိုးကူးသံလေး ကိုကြိုက်လို့ ပေးဖြစ်တာပါ။ဒီသီချင်းက အချစ်သီချင်းမဟုတ်ပါဘူး။ငြိမ်းချမ်းရေး သီချင်းပုံစံလေးပါ။''ကိုယ်ပိုင်အလှ '' သီချင်းတစ်ပုဒ်ကို ဖေဖေနဲ့သီဆိုထားပါတယ်။ အခွေတစ်ခွေလုံးကလည်း ကိုယ်ပိုင်သံစဉ်တွေပါပဲ'' လို့ မီဒီယာများကို ဖြေဆိုခဲ့ပါတယ်။
လမင်းခရဲ့ ကူး..ကူ တစ်ကိုယ်တော်တေးစီးရီးမှာ သီချင်းပေါင်း ၁၂ပုဒ်ပါဝင်ပြီး ဖခင်ဖြစ်သူ အငဲကိုယ်တိုင်ရေးပေးထားတဲ့ သီချင်း ၆ပုဒ်ပါဝင်ပြီး တေးရေးဆရာ ရွှေဂျော်ဂျော်၊ ဇဝါ၊ နိုင်းနိုင် တို့ပါဝင်ရေးသားပေးထားပါတယ်။ သီချင်းခွေကို ၃ နှစ်ကျော်ပြင်ဆင်ခဲ့ရတာဖြစ်ပြီး Country Rock , Slow Rock , Dance Rock ဂီတအမျိုးအစားများစွာပါဝင်တယ်လို့ သိရပါတယ်။ အဆိုတော်ကြီး အငဲနဲ့ မိုးမခတို့ကလည်း ပါဝင်အားဖြည့်သီဆိုပေးထားကြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top