Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

သဘာဝလက္ေဆာင္ေတြက လူသားေတြအတြက္ အဘက္ဘက္က အက်ိဳးျပဳသလို ပ်ားရည္ကို တရက္ တဇြန္းေသာက္သံုးေပးမယ္ဆိုရင္ လူသားေတြအတြက္ အက်ိဳးျပဳမႈ ၈ ခုကိုရရွိေစမွာျဖစ္ပါတယ္။ပ်ားရည္ဟာ  သူ႕ခ်ိဳျမမႈအျပင္ သူ႕ရဲ႕ လက္ေဆာင္မြန္ေတြမ်ားစြာက လူသားေတြေပးစြမ္းႏိုင္တဲ့အတြက္ ပ်ားရည္ရဲ႕ အက်ိဳးျပဳမႈ ၈ ခုကို ေရြးျခယ္ေဖာ္ျပေပးလိုက္ပါတယ္။

1.ပ်ားရည္နဲ႕ အေရျပားက်န္းမာေရး

ပ်ားရည္ဟာ အေကာင္းမြန္ဆံုး antioxidant ျဖစ္ျပီး သာမာန္အေရျပားေရာဂါအတြက္ေရာ အမ်ိဳးမ်ိဳးေသာ ခႏၶာကိုယ္က အဆိပ္အေတာက္ျဖစ္ျခင္းကို ကာကြယ္ေပးႏိုင္ပါတယ္။အေရျပားေပၚက မလိုလားအပ္တဲ့ ဘက္တီးရီးယားေပါက္ဖြားမႈျဖစ္စဥ္ေတြကိုပါ ေလ်ာ့က်ေစပါတယ္။

2.ပ်ားရည္နဲ႕ ကိုယ္အေလးခ်ိန္

အကယ္၍မ်ား သင္ဟာ ဝိတ္တက္လာလြန္းလို႕ ဆရာဝန္ရဲ႕ အၾကံဥာဏ္ရယူမယ္ဆို အခ်ိဳဓာတ္ပါတဲ့ အစားအစာေတြကို တားျမစ္မွာျဖစ္ပါတယ္။ဒါေပမယ့္ ဒီထဲမွာ ပ်ားရည္ေတာ့မပါ,ပါဘူး။ခ်ိဳတာျခင္းတူေပမယ့္ ပ်ားရည္ဟာ သၾကားကို အေျခခံတာမဟုတ္လို႕ သင့္ရဲ႕ ဇီဝကမၼျဖစ္စဥ္ကို တိုးတက္ေကာင္းမြန္ေစမွာျဖစ္ျပီး အေလးခ်ိန္ကို ေလ်ာ့က်ေစမွာျဖစ္ပါတယ္။

3.ကိုလက္စထေရာ ေလ်ာ့က်ျခင္း

ပ်ားရည္မွာ ကိုလက္စထေရာ လံုးဝပါဝင္ျခင္းမရွိပါဘူး။ဗီတာဗင္ေပါင္းစပ္မႈနဲ႕ ဖြဲ႕စည္းထားတဲ့ ပ်ားရည္ဟာ ကိုလက္စေထာလ္ ျဖစ္တည္မႈအဆင့္ကို နိမ့္က်ေစပါတယ္။ေန႕တိုင္း ပ်ားရည္ကို သံုးေဆာင္ေပးမယ္ဆိုရင္ေတာ့ ခႏၶာကိုယ္မွာရွိတဲ့ မလိုအပ္တဲ့အဆီပိုနဲ႕ ေကာလက္စထေရာပမာဏကို သိသိသာသာေလ်ာ့က်သြားေစမွာျဖစ္ပါတယ္။

4.ႏွလံုးက်န္းမာေရး

ရွာေဖြေတြ႕ရွိခ်က္မ်ားအရ ပ်ားရည္ဟာ Antioxidant မ်ား ပါဝင္မႈေၾကာင့္ ႏွလံုးေသြးေၾကာျခင္းကို ကာကြယ္ေပးမွာျဖစ္ပါတယ္။ေသြးေၾကာက်ဥ္းေရာဂါ၊မွတ္ဥာဏ္ေလ်ာ့ရဲျခင္းနဲ႕ ေခါင္းကိုက္ေဝဒနာေတြအတြက္ အေျခအေနကို မူတည္ျပီး ေသာက္သံုးမယ္ဆိုရင္လည္း သက္သာေပ်ာက္ကင္းႏိုင္ပါတယ္။ဒီလိုေရာဂါေတြမျဖစ္ေအာင္လည္း တေန႔ကို ပ်ားရည္ ထမင္းစားဇြန္ တစ္ဇြန္းေသာက္သံုးျပီး ကာကြယ္တားဆီးႏိုင္ပါတယ္။

5.မွတ္ဥာဏ္ေကာင္းမြန္ေစဖို႕

အျခားေတြ႔ရွိခ်က္မ်ားအရဆိုရင္လည္း ပ်ားရည္ဟာ စိတ္ဖိဆီးမႈကို ေလ်ာ့က်ေစႏိုင္ျပီး မွတ္ဥာဏ္သိုေလွာင္မႈပိုင္းက ကလပ္စည္းေတြရဲ႕ ပ်က္စီးျခင္းကိုတားဆီးေပးျပီး မွတ္ဥာဏ္ကိုတိုးတက္ေစပါတယ္။ကယ္လ္ဆီယမ္ဓာတ္ပါဝင္တဲ့ ပ်ားရည္ဟာ ေလ့လာသင္ယူႏိုင္စြမ္းကို တိုးတက္ေစတဲ့အျပင္ ဦးေႏွာက္ရဲ႕ အခန္းက႑တိုင္းကို လုပ္ေဆာင္ခ်က္ပိုတိုးျမင့္ေစမွာပဲျဖစ္ပါတယ္။

6.အိပ္ေမာက်ေစျခင္း

ပ်ားရည္မွာ ပါဝင္တဲ့အခ်ိဳဓာတ္ဟာ ေသြးတြင္း အင္ဆူလင္ပမာဏကို တိုးတက္ေစျပီး ဆီရုိတိုနင္ ဓာတ္ကို ထုတ္လႊတ္ေပးတဲ့အတြက္ အိပ္ေမာက်တဲ့ျဖစ္စဥ္ကို အခ်ိန္တိုအတြင္းစြမ္းေဆာင္ေပးႏိုင္တာျဖစ္ပါတယ္။ဆီရုိတိုနင္က မီလာတိုနင္ ဓာတ္ကို ပံုေျပာင္းေဖာ္ျပီး ေဟာ္မုန္းကို ျမင့္မားလာေစတဲ့အတြက္ အိပ္ေမာက်ျခင္းနဲ႕ အိပ္ေရးဝျခင္းကို ျဖစ္ေပၚေစတာပဲျဖစ္ပါတယ္။

7.အစာအိမ္ အူလမ္းေၾကာင္းနဲ႕ အစာေခ်စနစ္

ပ်ားရည္တစ္ဇြန္းကို အစာမရွိခင္ မနက္ေစာေစာမွာ ေသာက္သံုးေပးမယ္ဆိုရင္ အူလမ္းေၾကာင္းကို ရွင္းလင္းေပးမွာျဖစ္ျပီး အစာအိမ္ရဲ႕ အစာေခ်စနစ္ကို အားေကာင္းေစမွာျဖစ္ပါတယ္။ပံုမွန္ေသာက္သံုးေပးမယ္ဆိုရင္ အစာအိမ္အနာေပါက္ျခင္း၊အူလမ္းေၾကာင္း အခြ်ဲလႊတ္ထုတ္မႈနည္းျခင္းနဲ႕ အေစ့အဆံေၾကာင့္ျဖစ္တဲ့ အစာအိမ္ေရာဂါေတြကိုပါ သက္သာေပ်ာက္ကင္းေစပါတယ္။

8.အာရုံေၾကာမ်ား အနားေပးျခင္း

အာရုံေၾကာေၾကာင့္ျဖစ္တဲ့ စိတ္ဖိဆီးမႈ၊အေၾကာတက္၊အျမင္ေဝဝါးျခင္းေတြကို ေလ်ာ့က်ေစပါတယ္။ဂလူးကို႕စ္ ပါဝင္တဲ့ပ်ားရည္ဟာ အာရုံေၾကာက်န္းမာေရးအတြက္ မရွိမျဖစ္လိုအပ္တဲ့ အာဟာရတခုျဖစ္ပါတယ္။ရုပ္ပိုင္းဆိုင္ရာလန္းဆန္းမႈ၊အာရုံေၾကာအားေကာင္းျခင္းနဲ႕ ေသြးေလေလ်ွာက္ပတ္ျခင္းေတြကို ပ်ားရည္က စြမ္းေဆာင္ေပးမွာျဖစ္ပါတယ္။

ပ်ားရည္နဲ႕ ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴကို ပ်ားရည္စိမ္ျပီး ေန႕စဥ္စားသံုးေပးမယ္ဆိုရင္ေတာ့ ေရာဂါေဝဒနာ ေတာ္ေတာ္မ်ားမ်ားကို သက္သာေစမွာျဖစ္ပါတယ္။ႏွလံုး၊ေသြးတိုး၊ဆီးခ်ိဳနဲ႔ အစာအိမ္ကို ေကာင္းမြန္ေစျပီး အရြယ္တင္ႏုပ်ိဳေစမွာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: cantwait2say

# Unicode Version ျဖင့္ ဖတ္ပါ #

သဘာဝလက်ဆောင်တွေက လူသားတွေအတွက် အဘက်ဘက်က အကျိုးပြုသလို ပျားရည်ကို တရက် တဇွန်းသောက်သုံးပေးမယ်ဆိုရင် လူသားတွေအတွက် အကျိုးပြုမှု ၈ ခုကိုရရှိစေမှာဖြစ်ပါတယ်။ပျားရည်ဟာ  သူ့ချိုမြမှုအပြင် သူ့ရဲ့ လက်ဆောင်မွန်တွေများစွာက လူသားတွေပေးစွမ်းနိုင်တဲ့အတွက် ပျားရည်ရဲ့ အကျိုးပြုမှု ၈ ခုကို ရွေးခြယ်ဖော်ပြပေးလိုက်ပါတယ်။

1.ပျားရည်နဲ့ အရေပြားကျန်းမာရေး

ပျားရည်ဟာ အကောင်းမွန်ဆုံး antioxidant ဖြစ်ပြီး သာမာန်အရေပြားရောဂါအတွက်ရော အမျိုးမျိုးသော ခန္ဓာကိုယ်က အဆိပ်အတောက်ဖြစ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။အရေပြားပေါ်က မလိုလားအပ်တဲ့ ဘက်တီးရီးယားပေါက်ဖွားမှုဖြစ်စဉ်တွေကိုပါ လျော့ကျစေပါတယ်။

2.ပျားရည်နဲ့ ကိုယ်အလေးချိန်

အကယ်၍များ သင်ဟာ ဝိတ်တက်လာလွန်းလို့ ဆရာဝန်ရဲ့ အကြံဉာဏ်ရယူမယ်ဆို အချိုဓာတ်ပါတဲ့ အစားအစာတွေကို တားမြစ်မှာဖြစ်ပါတယ်။ဒါပေမယ့် ဒီထဲမှာ ပျားရည်တော့မပါ,ပါဘူး။ချိုတာခြင်းတူပေမယ့် ပျားရည်ဟာ သကြားကို အခြေခံတာမဟုတ်လို့ သင့်ရဲ့ ဇီဝကမ္မဖြစ်စဉ်ကို တိုးတက်ကောင်းမွန်စေမှာဖြစ်ပြီး အလေးချိန်ကို လျော့ကျစေမှာဖြစ်ပါတယ်။

3.ကိုလက်စထရော လျော့ကျခြင်း

ပျားရည်မှာ ကိုလက်စထရော လုံးဝပါဝင်ခြင်းမရှိပါဘူး။ဗီတာဗင်ပေါင်းစပ်မှုနဲ့ ဖွဲ့စည်းထားတဲ့ ပျားရည်ဟာ ကိုလက်စထောလ် ဖြစ်တည်မှုအဆင့်ကို နိမ့်ကျစေပါတယ်။နေ့တိုင်း ပျားရည်ကို သုံးဆောင်ပေးမယ်ဆိုရင်တော့ ခန္ဓာကိုယ်မှာရှိတဲ့ မလိုအပ်တဲ့အဆီပိုနဲ့ ကောလက်စထရောပမာဏကို သိသိသာသာလျော့ကျသွားစေမှာဖြစ်ပါတယ်။

4.နှလုံးကျန်းမာရေး

ရှာဖွေတွေ့ရှိချက်များအရ ပျားရည်ဟာ Antioxidant များ ပါဝင်မှုကြောင့် နှလုံးသွေးကြောခြင်းကို ကာကွယ်ပေးမှာဖြစ်ပါတယ်။သွေးကြောကျဉ်းရောဂါ၊မှတ်ဉာဏ်လျော့ရဲခြင်းနဲ့ ခေါင်းကိုက်ဝေဒနာတွေအတွက် အခြေအနေကို မူတည်ပြီး သောက်သုံးမယ်ဆိုရင်လည်း သက်သာပျောက်ကင်းနိုင်ပါတယ်။ဒီလိုရောဂါတွေမဖြစ်အောင်လည်း တနေ့ကို ပျားရည် ထမင်းစားဇွန် တစ်ဇွန်းသောက်သုံးပြီး ကာကွယ်တားဆီးနိုင်ပါတယ်။

5.မှတ်ဉာဏ်ကောင်းမွန်စေဖို့

အခြားတွေ့ရှိချက်များအရဆိုရင်လည်း ပျားရည်ဟာ စိတ်ဖိဆီးမှုကို လျော့ကျစေနိုင်ပြီး မှတ်ဉာဏ်သိုလှောင်မှုပိုင်းက ကလပ်စည်းတွေရဲ့ ပျက်စီးခြင်းကိုတားဆီးပေးပြီး မှတ်ဉာဏ်ကိုတိုးတက်စေပါတယ်။ကယ်လ်ဆီယမ်ဓာတ်ပါဝင်တဲ့ ပျားရည်ဟာ လေ့လာသင်ယူနိုင်စွမ်းကို တိုးတက်စေတဲ့အပြင် ဦးနှောက်ရဲ့ အခန်းကဏ္ဍတိုင်းကို လုပ်ဆောင်ချက်ပိုတိုးမြင့်စေမှာပဲဖြစ်ပါတယ်။

6.အိပ်မောကျစေခြင်း

ပျားရည်မှာ ပါဝင်တဲ့အချိုဓာတ်ဟာ သွေးတွင်း အင်ဆူလင်ပမာဏကို တိုးတက်စေပြီး ဆီရိုတိုနင် ဓာတ်ကို ထုတ်လွှတ်ပေးတဲ့အတွက် အိပ်မောကျတဲ့ဖြစ်စဉ်ကို အချိန်တိုအတွင်းစွမ်းဆောင်ပေးနိုင်တာဖြစ်ပါတယ်။ဆီရိုတိုနင်က မီလာတိုနင် ဓာတ်ကို ပုံပြောင်းဖော်ပြီး ဟော်မုန်းကို မြင့်မားလာစေတဲ့အတွက် အိပ်မောကျခြင်းနဲ့ အိပ်ရေးဝခြင်းကို ဖြစ်ပေါ်စေတာပဲဖြစ်ပါတယ်။

7.အစာအိမ် အူလမ်းကြောင်းနဲ့ အစာချေစနစ်

ပျားရည်တစ်ဇွန်းကို အစာမရှိခင် မနက်စောစောမှာ သောက်သုံးပေးမယ်ဆိုရင် အူလမ်းကြောင်းကို ရှင်းလင်းပေးမှာဖြစ်ပြီး အစာအိမ်ရဲ့ အစာချေစနစ်ကို အားကောင်းစေမှာဖြစ်ပါတယ်။ပုံမှန်သောက်သုံးပေးမယ်ဆိုရင် အစာအိမ်အနာပေါက်ခြင်း၊အူလမ်းကြောင်း အချွဲလွှတ်ထုတ်မှုနည်းခြင်းနဲ့ အစေ့အဆံကြောင့်ဖြစ်တဲ့ အစာအိမ်ရောဂါတွေကိုပါ သက်သာပျောက်ကင်းစေပါတယ်။

8.အာရုံကြောများ အနားပေးခြင်း

အာရုံကြောကြောင့်ဖြစ်တဲ့ စိတ်ဖိဆီးမှု၊အကြောတက်၊အမြင်ဝေဝါးခြင်းတွေကို လျော့ကျစေပါတယ်။ဂလူးကို့စ် ပါဝင်တဲ့ပျားရည်ဟာ အာရုံကြောကျန်းမာရေးအတွက် မရှိမဖြစ်လိုအပ်တဲ့ အာဟာရတခုဖြစ်ပါတယ်။ရုပ်ပိုင်းဆိုင်ရာလန်းဆန်းမှု၊အာရုံကြောအားကောင်းခြင်းနဲ့ သွေးလေလျှောက်ပတ်ခြင်းတွေကို ပျားရည်က စွမ်းဆောင်ပေးမှာဖြစ်ပါတယ်။

ပျားရည်နဲ့ ကြက်သွန်ဖြူ

ကြက်သွန်ဖြူကို ပျားရည်စိမ်ပြီး နေ့စဉ်စားသုံးပေးမယ်ဆိုရင်တော့ ရောဂါဝေဒနာ တော်တော်များများကို သက်သာစေမှာဖြစ်ပါတယ်။နှလုံး၊သွေးတိုး၊ဆီးချိုနဲ့ အစာအိမ်ကို ကောင်းမွန်စေပြီး အရွယ်တင်နုပျိုစေမှာဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top