Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ထမင္းေပါင္းအိုး နဲ႔ေပါင္းတာပါ …အရမ္းလြယ္ပါတယ္
ငါးသေလာက္ ကို လိုသလိုတံုး။ေဆးေၾကာသန့္စင္ျပီးရင္ ဆား ဆနြင္း ငံျပာရည္ သၾကား  ထည့္ ေရွာက္သီးကိုအရည္ညွစ္ျပီးထည့္ နယ္ျပီးနွပ္ထားပါ။ေပါင္းမမယ့္ အိုး ထဲမွာ ဇပလင္ ကိုအေနေတာ္ျဖတ္ထည့္ျပီး ဒါးျပားရိုက္ျပီးခင္းပါတယ္။
ခရမ္းခ်ဥ္သီး ငါးလံုးကိုလည္း ေလးစိတ္ စိတ္ျပီးခင္း အဲ ့အေပၚကေနမွ ငါးေတြကိုေနရာခ်။ေရ နည္းနည္းထည့္ျပီး ေပါင္းပါတယ္ ေရ ခမ္းရင္ ေတာ့ ငါးျမဳတ္ရံု ထည့္ေပးပါတယ္ ။ေရထည့္တဲ ့အခါ ငါးအေပၚကိုေလာင္းမထည့္ပါနဲ ့ ..ေဘးကေန ညင္ညင္သာသာေလာင္းထည့္ေပးပါ
ေလးၾကိမ္ေလာက္ထည့္ျပီးေရခမ္းရင္အရိုးလည္း
နူးေလာက္ပါျပီ။ ၾကက္သြန္ဥ ေလးေတြထည့္ ..ေရထပ္ထည့္ျပီး ဆူေအာင္တည္..။အရိုး နူးမနူးလည္းစစ္ပါ ။အရိုးနူးေလာက္ျပီဆိုရင္ ဒယ္အိုး တအိုးထဲမွာဆီကိုဆူေနေအာင္တည္..ျငဳပ္သီးေလးေတာင့္ေလာက္ကို ညက္ေအာင္ေထာင္းျပီး ဆီသတ္ ။ ဆီသတ္ ရင္ ေရ ေလးနည္းနည္းထည့္ျပီးသတ္ပါ ။ျငဳပ္သီးလည္းမတူးသလို အရသာ လည္းပိုေကာင္းပါတယ္။
ျပီးရင္အေအးခံျပီး ငါးသေလာက္ အိုး ထဲထည့္ပါ။ ေရခမ္းျပိးဆီျပန္လာရင္ အရသာရွိရွိသံုးေဆာင္ နိုင္ပါျပီ။
ျကာခ်ိန္ (2) နာရီမွ (4)နာရီအတြင္းျဖစ္ပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Lwinpyin
#Unicode Version#
 ထမင်းပေါင်းအိုး နဲ့ပေါင်းတာပါ …အရမ်းလွယ်ပါတယ်
ငါးသလောက် ကို လိုသလိုတုံး။ဆေးကြောသန့်စင်ပြီးရင် ဆား ဆနွင်း ငံပြာရည် သကြား  ထည့် ရှောက်သီးကိုအရည်ညှစ်ပြီးထည့် နယ်ပြီးနှပ်ထားပါ။ပေါင်းမမယ့် အိုး ထဲမှာ ဇပလင် ကိုအနေတော်ဖြတ်ထည့်ပြီး ဒါးပြားရိုက်ပြီးခင်းပါတယ်။
ခရမ်းချဉ်သီး ငါးလုံးကိုလည်း လေးစိတ် စိတ်ပြီးခင်း အဲ့အပေါ်ကနေမှ ငါးတွေကိုနေရာချ။ရေ နည်းနည်းထည့်ပြီး ပေါင်းပါတယ် ရေ ခမ်းရင် တော့ ငါးမြုတ်ရုံ ထည့်ပေးပါတယ် ။ရေထည့်တဲ့အခါ ငါးအပေါ်ကိုလောင်းမထည့်ပါနဲ့ ..ဘေးကနေ ညင်ညင်သာသာလောင်းထည့်ပေးပါ
လေးကြိမ်လောက်ထည့်ပြီးရေခမ်းရင်အရိုးလည်း
နူးလောက်ပါပြီ။ ကြက်သွန်ဥ လေးတွေထည့် ..ရေထပ်ထည့်ပြီး ဆူအောင်တည်..။အရိုး နူးမနူးလည်းစစ်ပါ ။အရိုးနူးလောက်ပြီဆိုရင် ဒယ်အိုး တအိုးထဲမှာဆီကိုဆူနေအောင်တည်..ငြုပ်သီးလေးတောင့်လောက်ကို ညက်အောင်ထောင်းပြီး ဆီသတ် ။ ဆီသတ် ရင် ရေ လေးနည်းနည်းထည့်ပြီးသတ်ပါ ။ငြုပ်သီးလည်းမတူးသလို အရသာ လည်းပိုကောင်းပါတယ်။
ပြီးရင်အအေးခံပြီး ငါးသလောက် အိုး ထဲထည့်ပါ။ ရေခမ်းပြိးဆီပြန်လာရင် အရသာရှိရှိသုံးဆောင် နိုင်ပါပြီ။
ကြာချိန် (2) နာရီမှ (4)နာရီအတွင်းဖြစ်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit:Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top