Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

အရပ္စကားတစ္ခုရွိပါတယ္။ကာမပုိင္ေယာက်ၤားရွိတဲ့ အမ်ဳိးသမီးကုိ ကုိယ္ထိကာယ လြန္က်ဴးမိလ်ွင္ ဒု-သ-န-ေသာထုိက္လိမ့္မယ္ ဆုိတဲ့စကားရပ္ေလးတစ္ခုပါ။ ထုိဒု-သ-န-ေသာ ဆုိတဲ့ စကားလုံး ေလးခုျဖစ္ေပၚလာပုံဟာဒီလုိပါ။

တကယ္ေတာ့(ဒု၊သ၊န၊ေသာ)ဆုိတဲ့စကားလုံး
ေလးခုဟာသူေဌးသားေလးဦးရဲ့လူဘဝရေနခုိက္ ေငြေၾကးခ်မ္းသာမွဳ အရွိန္အဝါကုိ မေကာင္းတဲ့အကုသုိလ္ေနရာမွာ အသုံးခ်ျပီး ေသလြန္တဲ့အခါ ေလာဟကုမၻီငရဲက်ေရာက္ျပီး ဆင္းရဲဒုကၡမ်ဳိးစုံခံစားရင္း ပင္ပန္းၾကီးစြာ ေအာ္ဟစ္ျမည္တမ္းလုိက္တဲ့အသံမ်ားျဖစ္ပါတယ္။ဒီ ဒု-သ-န-ေသာျဖစ္ေပၚလာပုံအတိတ္ အေၾကာင္းကုိ ျပန္ၾကည့္ရင္ အင္မတန္မွ ေၾကာက္စရာေကာင္း၊အင္မတန္မွ ထိတ္လန္႔ဖြယ္ရာျဖစ္ျပီး သံေဝဂယူ
စရာျဖစ္ပါတယ္။ ဒီအေၾကာင္းကုိ ေကာသလမင္းၾကီးအား အေၾကာင္းျပဳျပီး ျမတ္စြာဘုရားရွင္က ေဟာၾကားေတာ္မူျခင္းျဖစ္ပါတယ္။

သာဝတၳိျပည့္ရွင္ ဘုရင္ေကာသလမင္းသည္ တစ္ခုေသာ ပြဲသဘင္ေန႔၌ ပု႑ရိကအမည္ရွိတဲ့ ဆင္ျဖဴေတာ္ကုိစီးျပီး ေနျပည္ေတာ္ကုိ လွည့္လည္ပါတယ္။
အဲဒီအခါမွာ အိမ္တစ္အိမ္၏ ျပတင္းေပါက္မွေန၍ မိမိအားလွမ္းေမ်ွာ္ ၾကည့္ရွဳေနေသာ မိန္းမတစ္ေယာက္ကုိ ျမင္လွ်င္ အလြန္တက္မက္တဲ့ စိတ္ျဖစ္လာတဲ့အတြက္ ျမိဳ႔ေတာ္ကိုဆက္လက္လွည့္လည္ျခင္း မျပဳနုိင္ေတာ့ဘဲ နန္းေတာ္သုိ႔ ျပန္လာခဲ့ရပါတယ္။

နန္းေတာ္သုိ႔ေရာက္တဲ့အခါ ယုံၾကည္စိတ္ခ်ရတဲ့ မင္းလုလင္ တစ္ေယာက္ကုိေခၚ၍ ထုိမိန္းမသည္ ကာမပုိင္လင္ရွိသူျဖစ္သေလာ၊ မရွိသူျဖစ္သေလာဟူေသာ အေၾကာင္းကုိ စုံစမ္းရန္ ေစလႊတ္လုိက္ပါတယ္။

မင္းလုလင္၏ စုံစမ္းခ်က္အရ ကာမပုိင္ လင္ရွိသူျဖစ္ေၾကာင္း သိရွိရလ်ွင္ ထုိမိန္းမ၏ ေယာက်ၤားကုိေခၚေစျပီး မိမိအနီး၌ အျမဲခစားရန္ မင္းလုလင္အျဖစ္ တာဝန္ေပးခဲ့ပါတယ္။

ဒါေပမယ့္ မင္းလုလင္ဟာ မင္းမွဴထမ္း လုပ္ရမွာကုိ စိတ္မပါေသာ္လည္း ဘုရင္ရဲ့ အမိန္႔ကုိ မျငင္းပယ္ဝံ့တာေၾကာင့္ တထိတ္ထိတ္ တလန္႔လန္႔နဲ႔ နန္းေတာ္တြင္း၌ ခစားေနရတာပါ။

ေကာသလမင္းၾကီး၏ အၾကံကုိလည္း တစ္စြန္းတစ္စ ရိပ္မိေနတာေၾကာင့္ တာဝန္ဝတၱရား ပ်က္ကြက္ျခင္း မရွိေစရန္ အထူးဂရုစုိက္ျပီး ေဆာင္ရြတ္ေပးပါတယ္။

ေကာသလမင္းၾကီးသည္ တစ္လ ႏွစ္လခန္႔ၾကာသည့္တုိင္ေအာင္ ထုိမင္းလုလင္အေပၚ၌ အျပစ္ရွာလုိ႔မရတဲ့ေနာက္ဆုံး ထုိမင္းလုလင္ကုိေခၚကာ ေနျပည္ေတာ္ကေန တစ္ယူဇနာေလာက္ေဝးတဲ့ ေရအုိင္သုိ႔သြားေစ၍ အရုဏဝတီမည္တဲ့ ေျမနီမွဳန္႔ႏွင့္ ကုမုျဒာ ၾကာပန္းတုိ႔ကုိ ယူေဆာင္ရန္ေစခုိင္းလုိက္ပါတယ္။ညေန မိမိ ေရးခ်ဳိးရန္အမီ ျပန္ေရာက္မလာပါက အျပစ္ဒဏ္ေပးမည္ဟူ၍လည္းမိန္႔ၾကားလုိက္ပါတယ္။

ထုိမင္းလုလင္လည္း ဘုရင္၏ အမိန္႔ကုိ ၾကားတဲ့အခါ အလြန္ထိတ္လန္႔တဲ့အတြက္ အိမ္ကုိခ်က္ခ်င္းျပန္ျပီး ထမင္းထုပ္ကုိယူကာ အပူတျပင္းထြက္ခြာသြားပါတယ္။
ေရအုိင္သုိ႔ေရာက္လ်ွင္ ခဏတာ အနားယူျပီး အရုဏဝတီေျမမွဳန္႔ႏွင့္ ကုမုျဒာၾကာပန္းတုိ႔ကုိ ယူေဆာင္ကာ ေနျပည္ေတာ္သုိ႔ျပန္ခဲ့ပါတယ္။
ျမဳိ့တံခါးဝေရာက္ေတာ့ ေနမဝင္ေသးေသာ္လည္း တံခါးပိတ္ထားျပီး ျဖစ္သည္ကုိေတြ႔ေတာ့ မင္းၾကီး၏ အထူးတမန္ေတာ္ျဖစ္၍ တံခါးဖြင့္ေပးရန္ေတာင္းဆုိေသာ္လည္း မင္းၾကီးက မည္သူမ်ွ ဖြင့္မေပးရန္ အမိန္႔ထုတ္ထားေၾကာင္း တံခါးမွဴးက ျပန္ေျပာပါတယ္။ ထုိမင္းလုလင္ဟာ မိမိအခ်ိန္မီ ျပန္၍ေရာက္လာေၾကာင္းကုိ တံခါးမွဴးကုိသက္ေသထား၍ ေျမမွဳန္႔ႏွင့္ၾကာပန္းတုိ႔ကုိ ထားခဲ့ျပီး ျမိဳ႔ျပင္ရွိေက်ာင္းတစ္ေက်ာင္း မွာသြားအိပ္ပါတယ္။ မင္းျပစ္မင္းဒဏ္သင့္၍ ခ်စ္လွစြာေသာဇနီးႏွင့္ကြဲကြာရေတာ့မည္အျဖစ္ကုိလည္း ေတြးျပီး ပူပန္ေနတာေၾကာင့္ေကာင္းစြာမအိပ္နုိင္ပဲျဖစ္ေနပါတယ္ ။

ေကာသလမင္းၾကီးကေတာ့ ေနာက္တစ္ေန႔မွာ မင္းလုလင္ကုိသတ္ျပီး သူမိန္းမကုိ အပုိင္သိမ္းယူရမယ့္အျဖစ္ကုိေတြးျပီး အိပ္မေပ်ာ္ပဲျဖစ္ေနျပန္ပါတယ္။ ညသန္းေခါင္းခ်ိန္ေရာက္ေတာ့ နန္းေတာ္၏ အျပင္မွ ဒု၊သ၊န၊ေသာ ဟူေသာ အသံၾကီးေလးခုကုိထူးဆန္းစြာေပၚထြက္လာတာကုိ ၾကားရေတာ့ ထိတ္လန္႔တုန္လွဳပ္သြားပါတယ္။ အဲဒီတစ္ညလုံးလည္း အိပ္မေပ်ာ္နုိင္ရွာေတာ့ပဲ နံနက္မုိးလင္းလ်င္ လင္းခ်င္း ပုေရာဟိတ္ပုဏၰားကုိေခၚ၍ အေၾကာင္းစုံကုိေျပာျပပါတယ္။ ပုေရာဟိတ္ပုဏၰားၾကီးက မင္းၾကီးၾကားလုိက္တဲ့အသံတုိ႔ကုိ ေကာင္းစြာ အနက္အဓိပၸါယ္ကုိေဖာ္နုိင္စြမ္း မရွိပါဘူး။ဒါေပမယ့္အထင္ေသးမည္ဆုိတာေၾကာင့္ ရမ္းသမ္းျပီး အဓိပၸါယ္ျပန္လုိက္ပါတယ္။

ဘယ္လုိျပန္လုိက္သလဲလုိ႔ဆုိေတာ့ အရွင္မင္းၾကီးၾကားလုိက္တဲ့ အသံက အရမ္းကုိေၾကာက္စရာေကာင္းလွေၾကာင္း အသက္အႏၱရာယ္ပင္ထိခိုက္နုိင္ေၾကာင္း ျဖစ္ပါတယ္လုိ႔ ေလ်ွာက္ထားပါတယ္။ အဲဒီေတာ့မင္းၾကီးလည္း အလြန္ေၾကာက္လန္႔တာေၾကာင့္ အဲဒီအႏၱရာယ္ကုိ တားဆီးနုိင္မည့္ ယၾတာကုိအျမန္စီစဥ္ခုိင္းပါတယ္။

ပုေရာဟိတ္ပုဏၰားၾကီးက မင္းၾကီး၏ အမိန္႔ျဖင့္ သတၱဝါတုိ႔ကုိသတ္၍ (သဗၺသတ)မည္ေသာယဇ္ပူေဇာ္မွဳကုိျပဳလုပ္ရန္ ဆင္၊ျမင္း၊က်ြဲ၊ႏြား၊ အစရွိေသာ တိရိစၦာန္ အမ်ဳိးမ်ဳိးႏွင့္ သတုိ႔သား သတုိ႔သမီးမ်ားကုိ တစ္မ်ဳိးလ်ွင္ တစ္ရာစီ ရရွိေအာင္ ဖမ္းဆီးေစပါတယ္။

သားသမီး ေဆြမ်ဳိးမ်ားဖမ္းဆီးျခင္းခံရေသာ ျမဳိ့သူျမဳိ့သားမ်ားလည္း ဟစ္ေအာ္ငုိေၾကြးၾက၊တစ္ခ်ဳိ႔လည္းေတာထဲသုိ႔ေျပးပုန္းၾကနဲ႔ သာဝတၳိျမဳိ့ၾကီးမွာ ကမာၻပ်က္သည့္အလားျဖစ္ေနပါေတာ့တယ္။

ထုိအျဖစ္ပ်က္ေတြကုိ မလႅိကာမိဖုရားၾကီးၾကားေတာ့ ေကာသလမင္းၾကီးကုိ ပုဏၰားရဲ့ စကားကုိမယုံၾကည္သင့္ေၾကာင္း၊ျမတ္စြာဘုရားရွင္ကုိသာ အေၾကာင္းအက်ဳိးသိေအာင္ေလ်ွာက္ထားေမးျမန္းသင့္ေၾကာင္း ေလ်ွာက္ထားပါတယ္။

ေကာသလမင္းၾကီးလည္း မလႅိကာမိဖုရားၾကီးကိုေခၚကာ ျမတ္စြာဘုရား သီတင္းသုံးေတာ္မူတဲ့ ေဇတဝန္ေက်ာင္းသုိ႔သြားျပီး အေၾကာင္းစုံကုိျမတ္စြာဘုရားအားေလ်ွာက္ထားပါတယ္။

ဒီအခါမွာ ျမတ္စြာဘုရားရွင္က "ဒကာေတာ္မင္းၾကီး မေၾကာက္ပါလင့္၊
ဘာအႏၱရာယ္မွမရွိပါ"ဟုမိန္႔ၾကားျပီး ဒု၊သ၊န၊ေသာ ဟူေသာ အသံၾကီးေလးခု
အေၾကာင္းကုိ အနက္အဓိပၸါယ္ေပၚလြင္ေအာင္ေဟာေတာ္မူပါတယ္။
ထုိ ဒု၊သ၊န၊ေသာ ဟူေသာ အသံၾကီးေလးခုမွာ ေလာဟကုမၻီငရဲ၌က်ခံေနရတဲ့ ငရဲသားေလးဦးတုိ႔က အသီးသီး ေအာ္ဟစ္လုိက္သည့္အသံမ်ားျဖစ္ေၾကာင္း၊ထုိငရဲသားေလးဦးမွာ ေရွးဘဝက သူေဌးမ်ားျဖစ္ၾကေၾကာင္း၊ မိမိတို႔ပုိင္ဆုိင္တဲ့ ေငြမ်ားကုိ အက်ဳိးရွိေအာင္အသုံးမခ်ဘဲ ကာမပုိင္ေယာက်ၤားရွိတဲ့မိန္းမ၊ကာမပုိင္ေယာက်ၤားမရွိတဲ့ မိန္းမ စတဲ့ မိန္းမမ်ားကုိေငြျဖင့္ျဖားေယာင္းျပီး ေသာက္စားမူးရစ္ ျပီး မွားယြင္းစြာ ေဖာက္ျပန္ခဲ့ၾကေၾကာင္း၊
ထုိမေကာင္းမွဳမ်ားေၾကာင့္ ေသလြန္သည့္အခါ ေလာဟကုမၻီငရဲသုိ႔က်ေရာက္ျပီး ဆင္းရဲဒုကၡမ်ားခံစားရ၍ ေနာင္တတရားရရွိေၾကာင္း ထုတ္ေဖာ္ေျပာၾကားတဲ့စကားသာျဖစ္ေၾကာင္း၊ သူတုိ႔ေျပာလုိတဲ့ စကားကုိ အျပည့္အဝဆုံးေအာင္မေျပာနုိင္ရွာပဲ အစ တစ္လုံးစီ သာေျပာဆုိနုိင္ျပီး  ေအာက္သုိ႔ျပန္ျပီးနစ္ျမဳပ္သြားၾကေၾကာင္း၊ ငရဲသားေလးဦးတုိ႔အနက္ ပထမဆုံးတစ္ဦးမွာ "ဒုဇၨီဝိတ မဇီဝိမွ" သူေဌးသားဘဝက မေကာင္းေသာ အသက္ေမြးမွဳျပဳခဲ့မိျခင္းကုိ ျပန္လည္ေျပာဆုိလုိေသာ္လည္း ေရွ့ဆုံး(ဒု)ဆုိတဲ့စကားတစ္လုံးကုိသာေျပာနုိင္ျပီး ေအာက္သုိ႔ျပန္လည္နစ္ျမဳပ္သြားေၾကာင္း၊ ဒုတိယငရဲသားက "သ႒ိဝႆသဟႆနိ" ႏွစ္ေပါင္းေျခာက္ေသာင္း တုိင္ေအာင္ ငရဲ၌ က်ခံရပုံကုိ ညည္းညဴေျပာဆုိျခင္း သာျဖစ္ေၾကာင္း ထုိသုိ႔ေျပာဆုိေသာ္လည္း စကားဆုံးေအာင္မေျပာနုိင္ပဲ(သ)တစ္လုံးထဲသာေျပာဆုိျပီး ေအာက္သုိ႔နစ္ျမဳပ္သြားေၾကာင္း၊ တတိယ ငရဲသားက "နတၳအေႏၱာ ကုေတာအေႏၱာ" ငရဲဒုကၡ၏ အဆုံးအဆ မထင္ပုံကုိညည္းညူလုိေသာ္လည္း(န)တစ္လုံးသာညည္းညဴနုိင္ျခင္းသာျဖစ္ေၾကာင္း၊
စတုတၳငရဲသားအေနနဲ႔ က်ြန္နဳ္ပ္သည္ ေနာင္ဘဝတြင္ ေကာင္းေသာ အလုပ္ကုိသာအားထုတ္မည္ဟူေသာ အဓိပၸါယ္ျဖင့္ ေသာဟံနဴန ဣေတာ ဂႏာၱြ စေသာ ဂါထာကုိ ရြတ္ဆုိလ်က္(ေသာ)ဟူေသာ အစ တစ္လုံးသာေျပာဆုိနုိင္ျပီး အဆုံသတ္သြားေၾကာင္းေဟာေတာ္မူပါတယ္။

ဒု’
ဆိုတဲ့စကားလံုးရဲ႕ အျပည့္အစံုက
“ ဒုဇၨီ၀ိတ မဇီ၀ိမွိ၊ ေယသေႏၲ န ဒဒမွေသ။ ၀ိဇၨမာေနသု ေဘာေဂသု၊ ဒီပံ နာကမွ အတၱေနာ” ျဖစ္ပါတယ္။ ဒီဂါထာရဲ႕အဓိပၸါယ္က..
“ ငါတို႔ဟာ မေကာင္းတဲ့အသက္ေမြးျခင္းနဲ႔ အသက္ေမြးခဲ့ၾကတယ္။စည္းစိမ္ဥစၥာမ်ား ထင္ရွားရွိရက္နဲ႔ မေပးလွဴခဲ့ၾကရဘူး။ ငါတို႔မွီခိုအားကိုးရာတစ္ခုျဖစ္တဲ့ ကုသိုလ္ေကာင္းမႈကို မျပဳခဲ့ၾကရဘူး”။

‘သ’
ဆိုတဲ့စကားလံုးရဲ႕အျပည့္အစံုက
သ႒ိ၀ႆ သဟႆ နိ၊ ပရိပုဏၰာနိ သဗၺေသာ။ နိရေယ ပစၥမာနာနံ၊ ကဒါ အေႏၲာ ဘ၀ိႆ တိ။ ဒီဂါထာရဲ႕ အဓိပၸါယ္က..
“ငါတုိ႔ဟာ ေလာဟကုမၻီငရဲမွာ အႏွစ္ေျခာက္ေသာင္း ခံခဲ့ရၿပီးၿပီ၊ ဘယ္အခါမွ အဆံုးနိူင္ပါ့မလဲ”။

‘န’
စကားလံုးရဲ႕အျပည့္အစံုက
“နတၳိ အေႏၲာ ကုေတာ အေႏၲာ၊ န အေႏၲာ ပဋိဒိႆ တိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယွဥၥ မာရိသာ” ျဖစ္ပါတယ္။ ဒီဂါထာရဲ႕အဓိပၸါယ္က..
“ ငါတို႔အား အဆံုးအပိုင္းအျခားမရွိ၊ ငရဲရဲ႕အဆံုးဟာ ဘယ္မွာရွိေတာ့မလဲ၊ ငရဲခံရတဲ့ အပိုင္းအျခားက မထင္ရွား။ ငါတို႔ လူျဖစ္ခဲ့စဥ္က မေကာင္းမႈကို ျပဳခဲ့မိၿပီ”။

‘ေသာ’ စကားလံုးရဲ႕အဓိပၸါယ္က..
“ေသာဟံ ႏူန ဣေတာဂႏ႖ာ၊ ေယာနႎ လဒၶါန မာႏုသႎ။ ၀ဒညဴ သီလသမၸေႏၷာ၊ ကာဟာမိ ကုသလံ ဗဟုံ”
ျဖစ္ပါတယ္။ အဓိပၸါယ္က..
ငါဟာ ဒီငရဲမွ လြတ္ၿပီး လူ႔ဘ၀ကို ရတဲ့အခါ အလွဴခံပုဂၢိဳလ္တို႔ရဲ႕စကားကို သိနားလည္ကာ သီလျပည့္စံုစြာနဲ႔ ကုသုိလ္ ေကာင္းမႈတို႔ကို မ်ားစြာ ျပဳလုပ္ေတာ့မယ္”။

ဒါဟာ ဒု သ န ေသာ ဆိုတဲ့စကားလံုးရဲ႕ အဓိပၸါယ္အက်ယ္ျဖစ္ပါတယ္။
(ဓမၼပဒအ႒ကထာ၊ဗာလ၀ဂ္၊ အညတရပုရိသ၀တၳဳ)
ျမတ္စြာဘုရားရဲ့ (ဒု၊သ၊န၊ေသာ) ဟူေသာ အဓိပၸါယ္ကုိနားၾကားျပီးတဲ့အခါမွာေတာ့ ေကာသလမင္းၾကီး အင္မတန္ေၾကာက္လန္႔တုန္လွဳပ္သြားျပီး ေနာက္ေနာင္ သူတစ္ပါး မယားမ်ားအား ျပစ္မွားျခင္းမွ လုံးဝ ေရွာင္ၾကဥ္ပါေတာ့မည္ဟုဆုံျဖတ္ခ်က္ခ်မွတ္ျပီး ၊ ထုိအခုိက္တန္႔မွာပင္ ၾကာပန္းသြားယူေသာ မင္းလုလင္လည္း ျမတ္စြာဘုရားရွင္ထံကုိ ေရာက္လာေတာ့ ကာယကံရွင္မ်ား စုံညီေနခ်ိန္တြင္ ျမတ္စြာဘုရားရွင္က ထပ္မံျပီး
"အိပ္မေပ်ာ္ဘဲ နုိးၾကားေနသူအား ညတာသည္ရွည္၏"
"ခရီးပန္းသူအား တစ္ယူဇနာခရီးသည္ ရွည္လ်ား၏"
"တရားကုိမသိေသာ လူမိုက္တုိ႔အား သံသရာသည္ ရွည္ၾကာလွေပ၏" ဟူေသာ တရားေဒသနာေတာ္ ကုိေဟာၾကားေတာ္မူပါတယ္။ တရားအဆုံးမွာ မင္းလုလင္သည္ ေသာတာပန္အျဖစ္သုိ႔ေရာက္ရုံမွ်မက မင္းျပစ္မင္းဒဏ္မွလည္းကင္းလြတ္သြားပါတယ္ ေကာသလမင္းၾကီးလည္းယဇ္ပူေဇာ္ရန္ဖမ္းဆီးထားေသာ သတၱဝါအားလုံးကုိခ်က္ခ်င္း လႊတ္ေပးရန္ အမိန္႔ေပးလုိက္ပါတယ္။

အသက္ေဘးမွ လြတ္ကင္းသြားတဲ့ သူမ်ားလည္း မလႅိကာမိဖုရားၾကီးကုိ ေက်းဇူးတင္၍ မဆုံးနုိင္ေအာင္ရွိ ေနပါေတာ့တယ္။ ဒီေဒသနာေတာ္အရ (ဒု၊သ၊န၊ေသာ)ဆုိတဲ့ အျပစ္သည္ အင္မတန္ပင္ေၾကာက္မက္
ဖြယ္ရာ၊သံေဝဂယူဖြယ္ရာပင္ျဖစ္ပါတယ္။အားလုံးေသာ သူမ်ားလည္း သူေဌးသားေလးဦးရဲ့ အျဖစ္ဆုိးနဲ႔ မၾကဳံေအာင္ ကုိယ္က်င့္သီလကုိ ေစာင့္ထိန္းၾကပါလုိ႔ အသိေပးႏွဳိးေဆာ္ လုိက္ရပါသည္။
အားလုံးကုိယ္စိတ္ႏွစ္ပါး က်န္းမာခ်မ္းသာၾကပါေစ။

အရွင္ဝိမလဝံသ (နာလႏၵာတကၠသုိလ္ အိႏၵိယနုိင္ငံ)။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မင္းလွသားေလး

# Unicode Version ျဖင့္ ဖတ္ပါ #
အရပ်စကားတစ်ခုရှိပါတယ်။ကာမပိုင်ယောင်္ကျားရှိတဲ့ အမျိုးသမီးကို ကိုယ်ထိကာယ လွန်ကျူးမိလျှင် ဒု-သ-န-သောထိုက်လိမ့်မယ် ဆိုတဲ့စကားရပ်လေးတစ်ခုပါ။ ထိုဒု-သ-န-သော ဆိုတဲ့ စကားလုံး လေးခုဖြစ်ပေါ်လာပုံဟာဒီလိုပါ။

တကယ်တော့(ဒု၊သ၊န၊သော)ဆိုတဲ့စကားလုံး
လေးခုဟာသူဌေးသားလေးဦးရဲ့လူဘဝရနေခိုက် ငွေကြေးချမ်းသာမှု အရှိန်အဝါကို မကောင်းတဲ့အကုသိုလ်နေရာမှာ အသုံးချပြီး သေလွန်တဲ့အခါ လောဟကုမ္ဘီငရဲကျရောက်ပြီး ဆင်းရဲဒုက္ခမျိုးစုံခံစားရင်း ပင်ပန်းကြီးစွာ အော်ဟစ်မြည်တမ်းလိုက်တဲ့အသံများဖြစ်ပါတယ်။ဒီ ဒု-သ-န-သောဖြစ်ပေါ်လာပုံအတိတ် အကြောင်းကို ပြန်ကြည့်ရင် အင်မတန်မှ ကြောက်စရာကောင်း၊အင်မတန်မှ ထိတ်လန့်ဖွယ်ရာဖြစ်ပြီး သံဝေဂယူ
စရာဖြစ်ပါတယ်။ ဒီအကြောင်းကို ကောသလမင်းကြီးအား အကြောင်းပြုပြီး မြတ်စွာဘုရားရှင်က ဟောကြားတော်မူခြင်းဖြစ်ပါတယ်။

သာဝတ္ထိပြည့်ရှင် ဘုရင်ကောသလမင်းသည် တစ်ခုသော ပွဲသဘင်နေ့၌ ပုဏ္ဍရိကအမည်ရှိတဲ့ ဆင်ဖြူတော်ကိုစီးပြီး နေပြည်တော်ကို လှည့်လည်ပါတယ်။
အဲဒီအခါမှာ အိမ်တစ်အိမ်၏ ပြတင်းပေါက်မှနေ၍ မိမိအားလှမ်းမျှော် ကြည့်ရှုနေသော မိန်းမတစ်ယောက်ကို မြင်လျှင် အလွန်တက်မက်တဲ့ စိတ်ဖြစ်လာတဲ့အတွက် မြို့တော်ကိုဆက်လက်လှည့်လည်ခြင်း မပြုနိုင်တော့ဘဲ နန်းတော်သို့ ပြန်လာခဲ့ရပါတယ်။

နန်းတော်သို့ရောက်တဲ့အခါ ယုံကြည်စိတ်ချရတဲ့ မင်းလုလင် တစ်ယောက်ကိုခေါ်၍ ထိုမိန်းမသည် ကာမပိုင်လင်ရှိသူဖြစ်သလော၊ မရှိသူဖြစ်သလောဟူသော အကြောင်းကို စုံစမ်းရန် စေလွှတ်လိုက်ပါတယ်။

မင်းလုလင်၏ စုံစမ်းချက်အရ ကာမပိုင် လင်ရှိသူဖြစ်ကြောင်း သိရှိရလျှင် ထိုမိန်းမ၏ ယောင်္ကျားကိုခေါ်စေပြီး မိမိအနီး၌ အမြဲခစားရန် မင်းလုလင်အဖြစ် တာဝန်ပေးခဲ့ပါတယ်။

ဒါပေမယ့် မင်းလုလင်ဟာ မင်းမှူထမ်း လုပ်ရမှာကို စိတ်မပါသော်လည်း ဘုရင်ရဲ့ အမိန့်ကို မငြင်းပယ်ဝံ့တာကြောင့် တထိတ်ထိတ် တလန့်လန့်နဲ့ နန်းတော်တွင်း၌ ခစားနေရတာပါ။

ကောသလမင်းကြီး၏ အကြံကိုလည်း တစ်စွန်းတစ်စ ရိပ်မိနေတာကြောင့် တာဝန်ဝတ္တရား ပျက်ကွက်ခြင်း မရှိစေရန် အထူးဂရုစိုက်ပြီး ဆောင်ရွတ်ပေးပါတယ်။

ကောသလမင်းကြီးသည် တစ်လ နှစ်လခန့်ကြာသည့်တိုင်အောင် ထိုမင်းလုလင်အပေါ်၌ အပြစ်ရှာလို့မရတဲ့နောက်ဆုံး ထိုမင်းလုလင်ကိုခေါ်ကာ နေပြည်တော်ကနေ တစ်ယူဇနာလောက်ဝေးတဲ့ ရေအိုင်သို့သွားစေ၍ အရုဏဝတီမည်တဲ့ မြေနီမှုန့်နှင့် ကုမုဒြာ ကြာပန်းတို့ကို ယူဆောင်ရန်စေခိုင်းလိုက်ပါတယ်။ညနေ မိမိ ရေးချိုးရန်အမီ ပြန်ရောက်မလာပါက အပြစ်ဒဏ်ပေးမည်ဟူ၍လည်းမိန့်ကြားလိုက်ပါတယ်။

ထိုမင်းလုလင်လည်း ဘုရင်၏ အမိန့်ကို ကြားတဲ့အခါ အလွန်ထိတ်လန့်တဲ့အတွက် အိမ်ကိုချက်ချင်းပြန်ပြီး ထမင်းထုပ်ကိုယူကာ အပူတပြင်းထွက်ခွာသွားပါတယ်။
ရေအိုင်သို့ရောက်လျှင် ခဏတာ အနားယူပြီး အရုဏဝတီမြေမှုန့်နှင့် ကုမုဒြာကြာပန်းတို့ကို ယူဆောင်ကာ နေပြည်တော်သို့ပြန်ခဲ့ပါတယ်။
မြို့တံခါးဝရောက်တော့ နေမဝင်သေးသော်လည်း တံခါးပိတ်ထားပြီး ဖြစ်သည်ကိုတွေ့တော့ မင်းကြီး၏ အထူးတမန်တော်ဖြစ်၍ တံခါးဖွင့်ပေးရန်တောင်းဆိုသော်လည်း မင်းကြီးက မည်သူမျှ ဖွင့်မပေးရန် အမိန့်ထုတ်ထားကြောင်း တံခါးမှူးက ပြန်ပြောပါတယ်။ ထိုမင်းလုလင်ဟာ မိမိအချိန်မီ ပြန်၍ရောက်လာကြောင်းကို တံခါးမှူးကိုသက်သေထား၍ မြေမှုန့်နှင့်ကြာပန်းတို့ကို ထားခဲ့ပြီး မြို့ပြင်ရှိကျောင်းတစ်ကျောင်း မှာသွားအိပ်ပါတယ်။ မင်းပြစ်မင်းဒဏ်သင့်၍ ချစ်လှစွာသောဇနီးနှင့်ကွဲကွာရတော့မည်အဖြစ်ကိုလည်း တွေးပြီး ပူပန်နေတာကြောင့်ကောင်းစွာမအိပ်နိုင်ပဲဖြစ်နေပါတယ် ။

ကောသလမင်းကြီးကတော့ နောက်တစ်နေ့မှာ မင်းလုလင်ကိုသတ်ပြီး သူမိန်းမကို အပိုင်သိမ်းယူရမယ့်အဖြစ်ကိုတွေးပြီး အိပ်မပျော်ပဲဖြစ်နေပြန်ပါတယ်။ ညသန်းခေါင်းချိန်ရောက်တော့ နန်းတော်၏ အပြင်မှ ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုကိုထူးဆန်းစွာပေါ်ထွက်လာတာကို ကြားရတော့ ထိတ်လန့်တုန်လှုပ်သွားပါတယ်။ အဲဒီတစ်ညလုံးလည်း အိပ်မပျော်နိုင်ရှာတော့ပဲ နံနက်မိုးလင်းလျင် လင်းချင်း ပုရောဟိတ်ပုဏ္ဏားကိုခေါ်၍ အကြောင်းစုံကိုပြောပြပါတယ်။ ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီးကြားလိုက်တဲ့အသံတို့ကို ကောင်းစွာ အနက်အဓိပ္ပါယ်ကိုဖော်နိုင်စွမ်း မရှိပါဘူး။ဒါပေမယ့်အထင်သေးမည်ဆိုတာကြောင့် ရမ်းသမ်းပြီး အဓိပ္ပါယ်ပြန်လိုက်ပါတယ်။

ဘယ်လိုပြန်လိုက်သလဲလို့ဆိုတော့ အရှင်မင်းကြီးကြားလိုက်တဲ့ အသံက အရမ်းကိုကြောက်စရာကောင်းလှကြောင်း အသက်အန္တရာယ်ပင်ထိခိုက်နိုင်ကြောင်း ဖြစ်ပါတယ်လို့ လျှောက်ထားပါတယ်။ အဲဒီတော့မင်းကြီးလည်း အလွန်ကြောက်လန့်တာကြောင့် အဲဒီအန္တရာယ်ကို တားဆီးနိုင်မည့် ယတြာကိုအမြန်စီစဉ်ခိုင်းပါတယ်။

ပုရောဟိတ်ပုဏ္ဏားကြီးက မင်းကြီး၏ အမိန့်ဖြင့် သတ္တဝါတို့ကိုသတ်၍ (သဗ္ဗသတ)မည်သောယဇ်ပူဇော်မှုကိုပြုလုပ်ရန် ဆင်၊မြင်း၊ကျွဲ၊နွား၊ အစရှိသော တိရိစ္ဆာန် အမျိုးမျိုးနှင့် သတို့သား သတို့သမီးများကို တစ်မျိုးလျှင် တစ်ရာစီ ရရှိအောင် ဖမ်းဆီးစေပါတယ်။

သားသမီး ဆွေမျိုးများဖမ်းဆီးခြင်းခံရသော မြို့သူမြို့သားများလည်း ဟစ်အော်ငိုကြွေးကြ၊တစ်ချို့လည်းတောထဲသို့ပြေးပုန်းကြနဲ့ သာဝတ္ထိမြို့ကြီးမှာ ကမ္ဘာပျက်သည့်အလားဖြစ်နေပါတော့တယ်။

ထိုအဖြစ်ပျက်တွေကို မလ္လိကာမိဖုရားကြီးကြားတော့ ကောသလမင်းကြီးကို ပုဏ္ဏားရဲ့ စကားကိုမယုံကြည်သင့်ကြောင်း၊မြတ်စွာဘုရားရှင်ကိုသာ အကြောင်းအကျိုးသိအောင်လျှောက်ထားမေးမြန်းသင့်ကြောင်း လျှောက်ထားပါတယ်။

ကောသလမင်းကြီးလည်း မလ္လိကာမိဖုရားကြီးကိုခေါ်ကာ မြတ်စွာဘုရား သီတင်းသုံးတော်မူတဲ့ ဇေတဝန်ကျောင်းသို့သွားပြီး အကြောင်းစုံကိုမြတ်စွာဘုရားအားလျှောက်ထားပါတယ်။

ဒီအခါမှာ မြတ်စွာဘုရားရှင်က "ဒကာတော်မင်းကြီး မကြောက်ပါလင့်၊
ဘာအန္တရာယ်မှမရှိပါ"ဟုမိန့်ကြားပြီး ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခု
အကြောင်းကို အနက်အဓိပ္ပါယ်ပေါ်လွင်အောင်ဟောတော်မူပါတယ်။
ထို ဒု၊သ၊န၊သော ဟူသော အသံကြီးလေးခုမှာ လောဟကုမ္ဘီငရဲ၌ကျခံနေရတဲ့ ငရဲသားလေးဦးတို့က အသီးသီး အော်ဟစ်လိုက်သည့်အသံများဖြစ်ကြောင်း၊ထိုငရဲသားလေးဦးမှာ ရှေးဘဝက သူဌေးများဖြစ်ကြကြောင်း၊ မိမိတို့ပိုင်ဆိုင်တဲ့ ငွေများကို အကျိုးရှိအောင်အသုံးမချဘဲ ကာမပိုင်ယောင်္ကျားရှိတဲ့မိန်းမ၊ကာမပိုင်ယောင်္ကျားမရှိတဲ့ မိန်းမ စတဲ့ မိန်းမများကိုငွေဖြင့်ဖြားယောင်းပြီး သောက်စားမူးရစ် ပြီး မှားယွင်းစွာ ဖောက်ပြန်ခဲ့ကြကြောင်း၊
ထိုမကောင်းမှုများကြောင့် သေလွန်သည့်အခါ လောဟကုမ္ဘီငရဲသို့ကျရောက်ပြီး ဆင်းရဲဒုက္ခများခံစားရ၍ နောင်တတရားရရှိကြောင်း ထုတ်ဖော်ပြောကြားတဲ့စကားသာဖြစ်ကြောင်း၊ သူတို့ပြောလိုတဲ့ စကားကို အပြည့်အဝဆုံးအောင်မပြောနိုင်ရှာပဲ အစ တစ်လုံးစီ သာပြောဆိုနိုင်ပြီး  အောက်သို့ပြန်ပြီးနစ်မြုပ်သွားကြကြောင်း၊ ငရဲသားလေးဦးတို့အနက် ပထမဆုံးတစ်ဦးမှာ "ဒုဇ္ဇီဝိတ မဇီဝိမှ" သူဌေးသားဘဝက မကောင်းသော အသက်မွေးမှုပြုခဲ့မိခြင်းကို ပြန်လည်ပြောဆိုလိုသော်လည်း ရှေ့ဆုံး(ဒု)ဆိုတဲ့စကားတစ်လုံးကိုသာပြောနိုင်ပြီး အောက်သို့ပြန်လည်နစ်မြုပ်သွားကြောင်း၊ ဒုတိယငရဲသားက "သဋ္ဌိဝဿသဟဿနိ" နှစ်ပေါင်းခြောက်သောင်း တိုင်အောင် ငရဲ၌ ကျခံရပုံကို ညည်းညူပြောဆိုခြင်း သာဖြစ်ကြောင်း ထိုသို့ပြောဆိုသော်လည်း စကားဆုံးအောင်မပြောနိုင်ပဲ(သ)တစ်လုံးထဲသာပြောဆိုပြီး အောက်သို့နစ်မြုပ်သွားကြောင်း၊ တတိယ ငရဲသားက "နတ္ထအန္တော ကုတောအန္တော" ငရဲဒုက္ခ၏ အဆုံးအဆ မထင်ပုံကိုညည်းညူလိုသော်လည်း(န)တစ်လုံးသာညည်းညူနိုင်ခြင်းသာဖြစ်ကြောင်း၊
စတုတ္ထငရဲသားအနေနဲ့ ကျွန်နု်ပ်သည် နောင်ဘဝတွင် ကောင်းသော အလုပ်ကိုသာအားထုတ်မည်ဟူသော အဓိပ္ပါယ်ဖြင့် သောဟံနူန ဣတော ဂန္တာွ စသော ဂါထာကို ရွတ်ဆိုလျက်(သော)ဟူသော အစ တစ်လုံးသာပြောဆိုနိုင်ပြီး အဆုံသတ်သွားကြောင်းဟောတော်မူပါတယ်။

ဒု’
ဆိုတဲ့စကားလုံးရဲ့ အပြည့်အစုံက
“ ဒုဇ္ဇီဝိတ မဇီဝိမှိ၊ ယေသန္တေ န ဒဒမှသေ။ ဝိဇ္ဇမာနေသု ဘောဂေသု၊ ဒီပံ နာကမှ အတ္တနော” ဖြစ်ပါတယ်။ ဒီဂါထာရဲ့အဓိပ္ပါယ်က..
“ ငါတို့ဟာ မကောင်းတဲ့အသက်မွေးခြင်းနဲ့ အသက်မွေးခဲ့ကြတယ်။စည်းစိမ်ဥစ္စာများ ထင်ရှားရှိရက်နဲ့ မပေးလှူခဲ့ကြရဘူး။ ငါတို့မှီခိုအားကိုးရာတစ်ခုဖြစ်တဲ့ ကုသိုလ်ကောင်းမှုကို မပြုခဲ့ကြရဘူး”။

‘သ’
ဆိုတဲ့စကားလုံးရဲ့အပြည့်အစုံက
သဋ္ဌိဝဿ သဟဿ နိ၊ ပရိပုဏ္ဏာနိ သဗ္ဗသော။ နိရယေ ပစ္စမာနာနံ၊ ကဒါ အန္တော ဘဝိဿ တိ။ ဒီဂါထာရဲ့ အဓိပ္ပါယ်က..
“ငါတို့ဟာ လောဟကုမ္ဘီငရဲမှာ အနှစ်ခြောက်သောင်း ခံခဲ့ရပြီးပြီ၊ ဘယ်အခါမှ အဆုံးနိူင်ပါ့မလဲ”။

‘န’
စကားလုံးရဲ့အပြည့်အစုံက
“နတ္ထိ အန္တော ကုတော အန္တော၊ န အန္တော ပဋိဒိဿ တိ။ တဒါ ဟိ ပကတံ ပါပံ၊ မမ တုယှဉ္စ မာရိသာ” ဖြစ်ပါတယ်။ ဒီဂါထာရဲ့အဓိပ္ပါယ်က..
“ ငါတို့အား အဆုံးအပိုင်းအခြားမရှိ၊ ငရဲရဲ့အဆုံးဟာ ဘယ်မှာရှိတော့မလဲ၊ ငရဲခံရတဲ့ အပိုင်းအခြားက မထင်ရှား။ ငါတို့ လူဖြစ်ခဲ့စဉ်က မကောင်းမှုကို ပြုခဲ့မိပြီ”။

‘သော’ စကားလုံးရဲ့အဓိပ္ပါယ်က..
“သောဟံ နူန ဣတောဂန္တွာ၊ ယောနိံ လဒ္ဓါန မာနုသိံ။ ဝဒညူ သီလသမ္ပန္နော၊ ကာဟာမိ ကုသလံ ဗဟုံ”
ဖြစ်ပါတယ်။ အဓိပ္ပါယ်က..
ငါဟာ ဒီငရဲမှ လွတ်ပြီး လူ့ဘဝကို ရတဲ့အခါ အလှူခံပုဂ္ဂိုလ်တို့ရဲ့စကားကို သိနားလည်ကာ သီလပြည့်စုံစွာနဲ့ ကုသိုလ် ကောင်းမှုတို့ကို များစွာ ပြုလုပ်တော့မယ်”။

ဒါဟာ ဒု သ န သော ဆိုတဲ့စကားလုံးရဲ့ အဓိပ္ပါယ်အကျယ်ဖြစ်ပါတယ်။
(ဓမ္မပဒအဋ္ဌကထာ၊ဗာလဝဂ်၊ အညတရပုရိသဝတ္ထု)
မြတ်စွာဘုရားရဲ့ (ဒု၊သ၊န၊သော) ဟူသော အဓိပ္ပါယ်ကိုနားကြားပြီးတဲ့အခါမှာတော့ ကောသလမင်းကြီး အင်မတန်ကြောက်လန့်တုန်လှုပ်သွားပြီး နောက်နောင် သူတစ်ပါး မယားများအား ပြစ်မှားခြင်းမှ လုံးဝ ရှောင်ကြဉ်ပါတော့မည်ဟုဆုံဖြတ်ချက်ချမှတ်ပြီး ၊ ထိုအခိုက်တန့်မှာပင် ကြာပန်းသွားယူသော မင်းလုလင်လည်း မြတ်စွာဘုရားရှင်ထံကို ရောက်လာတော့ ကာယကံရှင်များ စုံညီနေချိန်တွင် မြတ်စွာဘုရားရှင်က ထပ်မံပြီး
"အိပ်မပျော်ဘဲ နိုးကြားနေသူအား ညတာသည်ရှည်၏"
"ခရီးပန်းသူအား တစ်ယူဇနာခရီးသည် ရှည်လျား၏"
"တရားကိုမသိသော လူမိုက်တို့အား သံသရာသည် ရှည်ကြာလှပေ၏" ဟူသော တရားဒေသနာတော် ကိုဟောကြားတော်မူပါတယ်။ တရားအဆုံးမှာ မင်းလုလင်သည် သောတာပန်အဖြစ်သို့ရောက်ရုံမျှမက မင်းပြစ်မင်းဒဏ်မှလည်းကင်းလွတ်သွားပါတယ် ကောသလမင်းကြီးလည်းယဇ်ပူဇော်ရန်ဖမ်းဆီးထားသော သတ္တဝါအားလုံးကိုချက်ချင်း လွှတ်ပေးရန် အမိန့်ပေးလိုက်ပါတယ်။

အသက်ဘေးမှ လွတ်ကင်းသွားတဲ့ သူများလည်း မလ္လိကာမိဖုရားကြီးကို ကျေးဇူးတင်၍ မဆုံးနိုင်အောင်ရှိ နေပါတော့တယ်။ ဒီဒေသနာတော်အရ (ဒု၊သ၊န၊သော)ဆိုတဲ့ အပြစ်သည် အင်မတန်ပင်ကြောက်မက်
ဖွယ်ရာ၊သံဝေဂယူဖွယ်ရာပင်ဖြစ်ပါတယ်။အားလုံးသော သူများလည်း သူဌေးသားလေးဦးရဲ့ အဖြစ်ဆိုးနဲ့ မကြုံအောင် ကိုယ်ကျင့်သီလကို စောင့်ထိန်းကြပါလို့ အသိပေးနှိုးဆော် လိုက်ရပါသည်။
အားလုံးကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာကြပါစေ။

အရှင်ဝိမလဝံသ (နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)။

ဖိုးသူတော် (www.phothutaw.com)
Credit: မင်းလှသားလေး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top