Golden City Promotion
×

ႏုိင္ငံတကာ ၾကက္ေျခနီ အဖြဲ႕ႀကီးက အာဖဂန္ နစၥတန္ရွိ ၎တုိ႔၏ အဖြဲ႕ဝင္ ဦးေရကို အေရအတြက္ အမ်ားအျပား ေလွ်ာ့ခ်သြားမည္ဟု ေၾကညာခဲ့သည္။
တိုက္ခုိက္မႈမ်ား ဆက္တိုက္ ႀကံဳခဲ့ရၿပီးေနာက္ ၾကက္ေျခနီ အဖြဲ႕ႀကီးက အာဖဂန္၌ လုပ္ငန္းစဉ္မ်ား ကန္႔သတ္သြားရန္ ဆံုးျဖတ္ခဲ့သည္။ အထူးသျဖင့္ ႏုိင္ငံေျမာက္ပိုင္းတြင္ အကူအညီ လိုအပ္ေနသူမ်ားကို ေထာက္ပံ့ကူညီႏိုင္မႈ မရွိေတာ့သည့္အတြက္ ထိုဆံုးျဖတ္ခ်က္အေပၚ အလြန္ နာက်င္ စိတ္မေကာင္း ျဖစ္မိေၾကာင္း ၾကက္ေျခနီ အဖြဲ႕က ထုတ္ျပန္သည္။

အာဖဂန္ရွိ ၾကက္ေျခနီ႐ံုးဌာန ႏွစ္ခုကို ပိတ္သိမ္းမည္ျဖစ္ၿပီး တတိယ တစ္ခုကိုလည္း ဝန္ထမ္း အေရအတြက္ႏွင့္ တာဝန္ယူ ကို္င္တြယ္သည့္ လုပ္ငန္းပမာဏ ေလွ်ာ့ခ်သြားမည္ဟု သိရသည္။

ႏုိင္ငံတကာ ၾကက္ေျခနီ အဖြဲ႕ႀကီး၏ အာဖဂန္ ဌာနခြဲ အႀကီးအကဲက မိမိတို႔သည္ အာဖဂန္မွ ထြက္ခြာသြားမည္ မဟုတ္ေသာ္လည္း ဝန္ထမ္းမ်ား၏ ေဘးအႏၱရာယ္ ကင္းရွင္းေရးကို ဦးစားေပးကာ လုပ္ငန္းစဉ္မ်ား ကန္႔သတ္ ေလွ်ာ့ခ်ရျခင္းဟု မွတ္ခ်က္ေပးခဲ့သည္။

အာဖဂန္တြင္ တာလီဘန္ စစ္ေသြးႂကြမ်ား၏ ပစ္မွတ္ထား တိုက္ခုိက္ျခင္း ခံရသည့္ေနာက္ အျခားေသာ လူသားခ်င္း စာနာမႈ အေထာက္အပံ့ အဖြဲ႕အစည္း အမ်ားအျပားလည္း ႏုိင္ငံထဲမွ ထြက္ခြာသြားၾကသည္။

ေဖေဖာ္ဝါရီလက ႏုိင္ငံေျမာက္ပိုင္းရွိ ေဂ်ာ့ဇ္ဂ်န္ေဒသတြင္ အမည္မသိ ေသနတ္သမား တစ္စု၏ ပစ္ခတ္မႈေၾကာင့္ ၾကက္ေျခနီ အဖြဲ႕သား ေျခာက္ဦး ေသဆံုးခဲ့သည္။ ၿပီးခဲ့သည့္ လကလည္း မာဇားအီ ရွာရစ္ဖ္တြင္ ၾကက္ေျခနီ အဖြဲ႕၏ ကာယကုထံုး ဆရာမ တစ္ဦးမွာ လူနာတစ္ဦး၏ ပစ္သတ္ျခင္း ခံခဲ့ရသည္။

ဘက္ေပါင္းစံု ေဆြးေႏြးမႈမ်ား အၿပီး၌ ဝန္ထမ္းမ်ား၏ အသက္ေဘးကို အေလးထားကာ ယခုလို လုပ္ငန္းစဉ္မ်ား ကန္႔သတ္ ေလွ်ာ့ခ်ရန္ ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း ၾကက္ေျခနီ အဖြဲ႕က ရွင္းလင္းခဲ့သည္။

လက္ရွိ အခ်ိန္တြင္ အာဖဂန္ေျမာက္ပိုင္း ေဒသအခ်ိဳ႕၌ လူသားခ်င္း စာနာမႈ ကူညီေထာက္ပံ့ေရး လုပ္ငန္းမ်ား ေဆာင္ရြက္ေနသည့္ ေစတနာ့ ဝန္ထမ္း အဖဲြ႕မွာ ၾကက္ေျခနီအသင္း တစ္ခုသာ က်န္ေတာ့ၿပီး က်န္အဖြဲ႕မ်ားမွာ ႐ုပ္သိမ္း ထြက္ခြာသြားၿပီဟု သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
 နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီးက အာဖဂန် နစ္စတန်ရှိ ၎င်းတို့၏ အဖွဲ့ဝင် ဦးရေကို အရေအတွက် အများအပြား လျှော့ချသွားမည်ဟု ကြေညာခဲ့သည်။
တိုက်ခိုက်မှုများ ဆက်တိုက် ကြုံခဲ့ရပြီးနောက် ကြက်ခြေနီ အဖွဲ့ကြီးက အာဖဂန်၌ လုပ်ငန်းစဉ်များ ကန့်သတ်သွားရန် ဆုံးဖြတ်ခဲ့သည်။ အထူးသဖြင့် နိုင်ငံမြောက်ပိုင်းတွင် အကူအညီ လိုအပ်နေသူများကို ထောက်ပံ့ကူညီနိုင်မှု မရှိတော့သည့်အတွက် ထိုဆုံးဖြတ်ချက်အပေါ် အလွန် နာကျင် စိတ်မကောင်း ဖြစ်မိကြောင်း ကြက်ခြေနီ အဖွဲ့က ထုတ်ပြန်သည်။

အာဖဂန်ရှိ ကြက်ခြေနီရုံးဌာန နှစ်ခုကို ပိတ်သိမ်းမည်ဖြစ်ပြီး တတိယ တစ်ခုကိုလည်း ဝန်ထမ်း အရေအတွက်နှင့် တာဝန်ယူ ကိုင်တွယ်သည့် လုပ်ငန်းပမာဏ လျှော့ချသွားမည်ဟု သိရသည်။

နိုင်ငံတကာ ကြက်ခြေနီ အဖွဲ့ကြီး၏ အာဖဂန် ဌာနခွဲ အကြီးအကဲက မိမိတို့သည် အာဖဂန်မှ ထွက်ခွာသွားမည် မဟုတ်သော်လည်း ဝန်ထမ်းများ၏ ဘေးအန္တရာယ် ကင်းရှင်းရေးကို ဦးစားပေးကာ လုပ်ငန်းစဉ်များ ကန့်သတ် လျှော့ချရခြင်းဟု မှတ်ချက်ပေးခဲ့သည်။

အာဖဂန်တွင် တာလီဘန် စစ်သွေးကြွများ၏ ပစ်မှတ်ထား တိုက်ခိုက်ခြင်း ခံရသည့်နောက် အခြားသော လူသားချင်း စာနာမှု အထောက်အပံ့ အဖွဲ့အစည်း အများအပြားလည်း နိုင်ငံထဲမှ ထွက်ခွာသွားကြသည်။

ဖေဖော်ဝါရီလက နိုင်ငံမြောက်ပိုင်းရှိ ဂျော့ဇ်ဂျန်ဒေသတွင် အမည်မသိ သေနတ်သမား တစ်စု၏ ပစ်ခတ်မှုကြောင့် ကြက်ခြေနီ အဖွဲ့သား ခြောက်ဦး သေဆုံးခဲ့သည်။ ပြီးခဲ့သည့် လကလည်း မာဇားအီ ရှာရစ်ဖ်တွင် ကြက်ခြေနီ အဖွဲ့၏ ကာယကုထုံး ဆရာမ တစ်ဦးမှာ လူနာတစ်ဦး၏ ပစ်သတ်ခြင်း ခံခဲ့ရသည်။

ဘက်ပေါင်းစုံ ဆွေးနွေးမှုများ အပြီး၌ ဝန်ထမ်းများ၏ အသက်ဘေးကို အလေးထားကာ ယခုလို လုပ်ငန်းစဉ်များ ကန့်သတ် လျှော့ချရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ကြက်ခြေနီ အဖွဲ့က ရှင်းလင်းခဲ့သည်။

လက်ရှိ အချိန်တွင် အာဖဂန်မြောက်ပိုင်း ဒေသအချို့၌ လူသားချင်း စာနာမှု ကူညီထောက်ပံ့ရေး လုပ်ငန်းများ ဆောင်ရွက်နေသည့် စေတနာ့ ဝန်ထမ်း အဖွဲ့မှာ ကြက်ခြေနီအသင်း တစ်ခုသာ ကျန်တော့ပြီး ကျန်အဖွဲ့များမှာ ရုပ်သိမ်း ထွက်ခွာသွားပြီဟု သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top