Golden City Promotion
×

သစ္သီးဝလံ၊ ဟင္းသီးဟင္း႐ြက္ေတြကို ေန႔စဥ္စားသံုးဖုိ႔အတြက္ က်န္းမာေရးနဲ႔အာဟာရ ပညာ႐ွင္ေတြက အၿမဲတမ္း တုိက္တြန္းေလ့႐ွိတယ္ေလ။ ဝိတ္ခ်ခ်င္တဲ့ ညီမေလးတုိ႔ကေတာ့ ထမင္း၊ ေခါက္ဆြဲ၊ ဆီေၾကာ္စာေတြကိုေ႐ွာင္ၿပီး သစ္သီးေတြကို မ်ားမ်ားစားဖို႔ စဥ္းစားမိၾကမွာပါပဲ။ တစ္ခ်က္ ျပန္စဥ္းစားရမွာကေတာ့ သစ္သီးစားတိုင္း ဝိတ္က်သလား ဆုိတဲ့ ေမးခြန္းျဖစ္ပါတယ္။ သစ္သီးစားတိုင္း ဝိတ္က်တယ္ဆုိတာ ဟုတ္ပါ့မလား။

ဝိတ္ခ်ဖို႔အတြက္ သစ္သီးေတြကိုပဲ စားေနလို႔ မျဖစ္ပါဘူး။ ထမင္းေလွ်ာ့စားၿပီး သစ္သီးမ်ားမ်ားစားမယ္ဆိုရင္ ဝိတ္က်သြားမယ္ဆုိတာေတာ့ မွန္ပါတယ္။ ဒါကလည္း သစ္သီးအမ်ိဳးအစားေပၚ မူတည္ၿပီးမွ ယတိျပတ္ ေျပာရမယ့္စကားပါေနာ္။

သစ္သီးေတြမွာ အမ်ိဳးအစားအလုိက္ အာဟာရဓာတ္ေတြ ပါဝင္ေနၾကပါတယ္။ ဗီတာမင္နဲ႔ သတၱဳဓာတ္ေတြ၊ အမွ်င္ဓာတ္ေတြ ပါဝင္ေနတာေၾကာင့္ က်န္းမာေရးကို အေထာက္အကူျဖစ္ေစပါတယ္။ ေရာဂါကာကြယ္ေပးတဲ့ အုပ္စုဝင္ အစားအစာျဖစ္ပါတယ္။ သစ္သီးဝလံနဲ႔ ဟင္းသီးဟင္း႐ြက္ေတြကို ေန႔စဥ္စားသံုးေပးျခင္းက လူကိုက်န္းမာေစပါလိမ့္မယ္။ ဒါေပမဲ့ ဝိတ္က်ဖုိ႔အတြက္ သစ္သီးေတြကိုပဲ ေ႐ြးခ်ယ္မယ္ဆိုရင္ေတာ့ လြဲမွားတဲ့စိတ္ကူးလို႔ မဒီက ေျပာခ်င္တယ္။ သစ္သီးေတြခ်ည္း စား႐ံုနဲ႔ လူက အာဟာရဓာတ္လံုလံုေလာက္ေလာက္မရဘူးေလ။

တခ်ိဳ႕သစ္သီးေတြက ကယ္လိုရီပမာဏ မ်ားျပားစြာ ပါဝင္ေနတာေၾကာင့္ ဝိတ္ခ်ေနသူေတြအတြက္ ထင္သေလာက္ အက်ိဳးသက္ေရာက္မႈ မ႐ွိပါဘူး။ အထူးသျဖင့္ သစ္သီးေျခာက္ေတြဆုိရင္ ကယ္လိုရီပါ၀င္မႈ အရမ္းမ်ားပါတယ္။ သစ္သီးအေနနဲ႔ဆုိရင္ေတာ့ ေထာပတ္သီးက ကယ္လိုရီပါဝင္မႈ အမ်ားဆံုးျဖစ္ၿပီး အုန္းသီး၊ ငွက္ေပ်ာသီး၊ သရက္သီးတို႔ဟာ ကယ္လိုရီမ်ားတဲ့ သစ္သီးေတြ ျဖစ္ၾကပါတယ္။ တကယ္လို႔ ဝိတ္တက္ခ်င္တယ္ဆုိရင္ ဒီအသီးေတြကို smoothie အေနနဲ႔ လုပ္ေသာက္ၾကည့္ပါလို႔ အၾကံေပးလိုက္ပါတယ္ေနာ္။

Source : Smoothiegains
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သစ်သီးဝလံ၊ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးဖို့အတွက် ကျန်းမာရေးနဲ့အာဟာရ ပညာရှင်တွေက အမြဲတမ်း တိုက်တွန်းလေ့ရှိတယ်လေ။ ဝိတ်ချချင်တဲ့ ညီမလေးတို့ကတော့ ထမင်း၊ ခေါက်ဆွဲ၊ ဆီကြော်စာတွေကိုရှောင်ပြီး သစ်သီးတွေကို များများစားဖို့ စဉ်းစားမိကြမှာပါပဲ။ တစ်ချက် ပြန်စဉ်းစားရမှာကတော့ သစ်သီးစားတိုင်း ဝိတ်ကျသလား ဆိုတဲ့ မေးခွန်းဖြစ်ပါတယ်။ သစ်သီးစားတိုင်း ဝိတ်ကျတယ်ဆိုတာ ဟုတ်ပါ့မလား။

ဝိတ်ချဖို့အတွက် သစ်သီးတွေကိုပဲ စားနေလို့ မဖြစ်ပါဘူး။ ထမင်းလျှော့စားပြီး သစ်သီးများများစားမယ်ဆိုရင် ဝိတ်ကျသွားမယ်ဆိုတာတော့ မှန်ပါတယ်။ ဒါကလည်း သစ်သီးအမျိုးအစားပေါ် မူတည်ပြီးမှ ယတိပြတ် ပြောရမယ့်စကားပါနော်။

သစ်သီးတွေမှာ အမျိုးအစားအလိုက် အာဟာရဓာတ်တွေ ပါဝင်နေကြပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တွေ၊ အမျှင်ဓာတ်တွေ ပါဝင်နေတာကြောင့် ကျန်းမာရေးကို အထောက်အကူဖြစ်စေပါတယ်။ ရောဂါကာကွယ်ပေးတဲ့ အုပ်စုဝင် အစားအစာဖြစ်ပါတယ်။ သစ်သီးဝလံနဲ့ ဟင်းသီးဟင်းရွက်တွေကို နေ့စဉ်စားသုံးပေးခြင်းက လူကိုကျန်းမာစေပါလိမ့်မယ်။ ဒါပေမဲ့ ဝိတ်ကျဖို့အတွက် သစ်သီးတွေကိုပဲ ရွေးချယ်မယ်ဆိုရင်တော့ လွဲမှားတဲ့စိတ်ကူးလို့ မဒီက ပြောချင်တယ်။ သစ်သီးတွေချည်း စားရုံနဲ့ လူက အာဟာရဓာတ်လုံလုံလောက်လောက်မရဘူးလေ။

တချို့သစ်သီးတွေက ကယ်လိုရီပမာဏ များပြားစွာ ပါဝင်နေတာကြောင့် ဝိတ်ချနေသူတွေအတွက် ထင်သလောက် အကျိုးသက်ရောက်မှု မရှိပါဘူး။ အထူးသဖြင့် သစ်သီးခြောက်တွေဆိုရင် ကယ်လိုရီပါဝင်မှု အရမ်းများပါတယ်။ သစ်သီးအနေနဲ့ဆိုရင်တော့ ထောပတ်သီးက ကယ်လိုရီပါဝင်မှု အများဆုံးဖြစ်ပြီး အုန်းသီး၊ ငှက်ပျောသီး၊ သရက်သီးတို့ဟာ ကယ်လိုရီများတဲ့ သစ်သီးတွေ ဖြစ်ကြပါတယ်။ တကယ်လို့ ဝိတ်တက်ချင်တယ်ဆိုရင် ဒီအသီးတွေကို smoothie အနေနဲ့ လုပ်သောက်ကြည့်ပါလို့ အကြံပေးလိုက်ပါတယ်နော်။

Source : Smoothiegains

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top