Golden City Promotion
×

“အခုလို  အခ်ိန္ေတြဆို အေဖ့ ကို ပို သတိရတယ္၊ အေဖ သာရွိရင္သမီး တို႔ သားအမိ ေတြ ဒီလိုျဖစ္မွာမဟုတ္ဘူး၊ သူတို႔ သားအဖ နွစ္ ေယာက္စလံုးကိုသတ္ပစ္ခ်င္တယ္˘လို႔  မသဇင္ေအး(အမည္လႊဲ) က ႏွစ္လသား အရြယ္ သားငယ္ ကို ရင္ဘတ္မွာ ေထြးပိုက္ရင္း အံႀကိတ္ၿပီး ေျပာလိုက္ပါတယ္။
အသက္ ၁၇ ႏွစ္အရြယ္ သားသည္  မိခင္ ေလးဟာ တစ္ခ်က္တစ္ခ်က္မွာ ႐ိႈက္တက္လာတဲ့ ပင့္သက္ ေတြနဲ႔အတူ ပါးေပၚ စီးက်လာတဲ ့ မ်က္ရည္ ေတြကို လက္တစ္ဖက္နဲ႔ ဖယ္ရွားပစ္ေနပါတယ္။
“သမီးက မီးတြင္း ထဲမွာ ဖ်ားတာ ရက္ရွည္ သြားေတာ့ ႏို႔လည္ သြားတယ္၊ အခု သားသားကို ႏို႔တိုက္လို႔ မရေတာ့ ဘူး” လို႔  သူက ေျပာပါတယ္။
အျဖဴစိမ္း၊လြယ္အိတ္ တစ္လံုးနဲ႔ သနပ္ခါးပါးကြက္က်ားကြက္ကာ ေက်ာင္း ကိုသြားေလ့ရွိတဲ့ အ႒မတန္း ေက်ာင္းသူေလးဟာ ၂၀၁၆ ခုႏွစ္ ေအာက္တိုဘာလက သူ႕ဘဝ အခ်ိဳးအေကြ႕ကံၾကမၼာ ကို ရင္ဆိုင္တိုးမိခဲ့ပါတယ္။
လွည္းကူးၿမိဳ ႕နဲ႔ ခုနစ္မိုင္ေလာက္ေဝးတဲ့ သပိတ္ကုန္း အိမ္ရာ မွာ မသဇင္ေအး နဲ႔  မိခင္ ျဖစ္ သူတို႔ ေနထိုင္ၾကပါတယ္။ ဖခင္ျဖစ္သူကေတာ့ သူအသက္ ၁၄   ႏွစ္ေလာက္ မွာ ကြယ္လြန္ခဲ့ပါၿပီ။
မိခင္ ျဖစ္သူ က ဝမ္းေရးအတြက္ ေမာ္လၿမိဳင္၊ ဘားအံစတဲ့ ေနရာေတြနဲ႔  ကူးခ်ည္သန္းခ်ည္ ကုန္ေရာင္းကုန္ဝယ္လုပ္ပါတယ္။   အဲသည္လို  လုပ္ငန္းကိစၥနဲ႔ ခရီးသြားတဲ့အခါတိုင္းမွာ သမီး ျဖစ္သူ မသဇင္ေအး ကိုု တစ္အိမ္ေက်ာ္ က ဆယ္အိမ္မွဴး ဦးလွစိုး ရဲ႕အိမ္မွာ အပ္ထား ေလ့ရွိပါတယ္။
မတရားခံရ
တစ္ေန႔မွာေတာ့ အဲသည္အိမ္မွာ မသဇင္ ေအး တီဗ ၾကည့္ေနတုန္း အိမ္ပိုင္ရွင္ ဆယ္အိမ္မွဴး ရဲ႕သားစိုးသူရက သူ႕လက္ကို  အတင္းဆြဲကာ အခန္း ထဲေခၚၿပီး အလိုမတူဘဲ အဓမၼျပဳက်င့္ ခံလိုက္ရပါတယ္။
“သမီး ပါးစပ္ကို  ပိတ္တယ္၊လက္ေတြ ကိုလဲ ခ်ဳပ္တယ္၊ သမီး ေျခေထာက္ နဲ႔ သူ႕ကို ကန္တယ္၊ ဒါေပမဲ့  မရဘူး၊ အဲဒီလိုလုပ္ၿပီးေတာ့ သူက သမီးကို ေျပာတယ္၊ နင္ ဘယ္သူ႕မွ ေလွ်ာက္မေျပာနဲ႔ ၊ ေျပာရင္ နင္တို႔ တစ္ မိသားစုလံုး ကို ရြာ ျပင္ထုတ္ပစ္မယ္”လို႔  ဆယ္အိမ္မွဴး ရဲ႕ သားျဖစ္သူ စိုးသူရ က သူ႕အေပၚ  ၿခိမ္းေျခာက္ေျပာဆိုခဲ့ပံု ကို ရွင္းျပပါတယ္။
အဓမၼ ျပဳက်င့္ခံခဲ့ရစဥ္က မသဇင္ေအး ဟာ  အသက္  ၁၅ ႏွစ္ေက်ာ္ေက်ာ္သာ ရွိပါ ေသးတယ္။ အဲသည္လို ျပဳလုပ္ခဲ့ၿပီး  တစ္လအၾကာ မွာပဲ စိုးသူရ ရဲ႕ အေဖ ဆယ္အိမ္မွဴး ဆိုသူက ထပ္မံျပဳက်င့္ပါေတာ့တယ္။ အဲသည္လို ျပဳက်င့္ၿပီးေနာက္မွာေတာ့ မသဇင္ေအး ဟာ အဲသည္အိမ္ကို  ဝင္ထြက္သြားလာဖို႔ မရဲေတာ့ပါဘူး။
ဆယ္အိမ္မွဴး ဦးလွစိုးက အဲသည္လိုျပဳ က်င့္ၿပီးတဲ့ ေနာက္မွာ  ဘယ္သူ႕မွ မေျပာရဘူး ဆိုကာ ေက်ာင္းသြားတိုင္း မုန္႔ဖိုး ၁၀ဝ၀ က်ိတ္ ေပးခဲ့ပါတယ္။ ေက်ာင္းပံုမွန္တက္ေနတဲ့ မသဇင္ေအး ဟာ ကိုယ္ဝန္ ေဆာင္ထားရတာကို သူေရာ မိခင္ ျဖစ္သူပါ မရိပ္မိခဲ့ပါဘူး။
ကိုယ္ဝန္ ငါးလေက်ာ္မွ ပတ္ဝန္းက်င္ က ဝိုင္းေျပာၾကလို႔ စစ္ေဆးၾကည့္ခဲ့ပါတယ္။
‘ ဆီးစစ္တံ ဝယ္ရ မွာ ရွက္ေနတာ၊ ေနာက္မွ အဲဒီ ဆယ္အိမ္မွဴး အိမ္မွာ အဝင္အထြက္ အၿမဲရွိေနတဲ့ စႏၵာျမင့္ ကို ဝယ္ခိုင္းရတယ္”လို႔  မသဇင္ေအး ရဲ႕ မိခင္ ေဒၚရီရီေအးက ေျပာပါတယ္။ ကိုယ္ဝန္ ရွိေၾကာင္း သိတဲ့အခ်ိန္မွာ စႏၵာျမင့္ဆို သူက မသဇင္ေအး တို႔အိမ္ကိုလာၿပီး  ကိုယ္ဝန္ ဖ်က္ခ်ခ်င္ရင္ ဖ်က္ခ်ဖို႔   ဆရာမႀကီး ေခၚေပး မယ္ဆိုတဲ့ အေၾကာင္း  ေျပာဆိုခဲ့ပါတယ္။
စိတ္ကူးမရွိ
ေဒၚရီရီေအး က ဖ်က္ခ်ဖို႔  စိတ္ကူးမရွိ ေၾကာင္း ျပန္လည္ျငင္းဆိုခဲ့ပါတယ္။ “အဲဒီေန႔က သူက လာေျပာတယ္၊ ေအး ရီ နင့္သ မီး  လင္ေကာင္မေပၚဘူးဆို ရင္ေျပာ၊ ကိုယ္ဝန္ ဖ်က္ခ်မယ္ ဆိုရင္ေျပာ၊   ငါ ဆရာမႀကီး ေခၚေပးမယ္၊ သူလုပ္တတ္ တယ္ဆိုၿပီး   ေျပာလာတယ္၊ အႀကီးလဲ တုန္တုန္ယင္ယင္နဲ႔ပဲ မဖ်က္ခ်ႏိုင္ဘူး၊ ငါတိုင္မယ္၊ ငါတရားစြဲခ်င္တယ္ဆိုၿပီး ျပန္ေျပာခဲ့တယ္”လို႔ ေဒၚရီရီေအး က ေျပာပါတယ္။
အဲသည္ လိုေျပာၿပီး ေနာက္ေန႔ မနက္ပိုင္းမွာ မသဇင္ေအး တို႔ သားအမိေတြကို ဆယ္အိမ္မွဴးအိမ္ကေခၚၿပီး သက္ဆိုင္ရာကို တိုင္ၾကားျခင္း မျပဳလုပ္ဖို႔၊ သူ႕သားနဲ႔ မဂၤလာ ဆြမ္းေကြ်း ျပဳလုပ္ေပးမယ္ဆိုတာ ေျပာၾကားခဲ့တယ္လို႔ ဆို ပါတယ္။
မဂၤလာဆြမ္းေကြ်းျပဳလုပ္တဲ့ေန႔မွာပဲ စိုးသူရက ရန္ကုန္ကို အလုပ္သြားလုပ္မယ္ဆိုၿပီး ထြက္သြားခဲ့ပါတယ္။ မသြားခင္မွာလည္း စိုးသူရက ပိုက္ဆံ ၁၅,ဝ၀ဝ မသဇင္ေအးကိုေပးၿပီး   နင့္ဘာသာေမြးခ်င္ေမြး၊ မေမြးခ်င္ေနလို႔ ဆိုၿပီး ေျပာဆိုခဲ့ပါတယ္။
ေနာက္ပိုင္းမွာ ေဒၚရီရီေအး က ေက်းရြာ ဥကၠ႒ ကို သြားေရာက္တိုင္ၾကားခဲ့တဲ့အတြက္ တစ္လကို က်ပ္ ၇၀,ဝ၀ဝ နဲ႔ သံုးလေထာက္ပံ့ေငြ ရရွိခဲ့ပါတယ္။ အဲသည့္ေနာက္ မီးဖြားခါနီး အခ်ိန္မွာေတာ့ မဲေဆာက္သြားၿပီဆိုၿပီး ပိုက္ဆံ ေထာက္ပံ့တာေတြ မရွိေတာ့ပါဘူး။
ေဒၚရီရီေအး တို႔ မိသားစု ဟာ သည့္မတိုင္ခင္တုန္းက မိသားစု စကားဝိုင္း၊ စီးပြားေရးအားလံုးက အဆင္ေျပပါတယ္။
အမႈဖြင့္
‘မီးဖြား စရိတ္လဲ မေထာက္ဘူး၊ အန္တီ တို႔သြားတိုင္တဲ့အခါက်ေတာ့ ဖေအျဖစ္သူကလဲ မေပးဘူး၊ သူနဲ႔မဆိုင္ဘူး၊ သူ႕ သားနဲ႔ပဲဆိုင္ တယ္ေျပာတယ္၊ အႀကီး ဆင္းရဲတယ္၊ ဒါေပမဲ့ ေဈးေရာင္းစားတယ္၊ အခုဆို သူ ကိုယ္ဝန္ စရွိ ကတည္းက ေဈးမေရာင္းလိုက္ရတာ၊ မနက္ဆိုရင္ ေတာတိုး မာလာဖူးေတြ ခ်ိဳးစား၊  ဆန္၊ ဆီႏို႔မႈန္႔ဖိုးဒါေတြကို အန္တီျမင့္ကပဲ ကူညီေပး ထားရတယ္˘လို႔ ေဒၚရီရီေအးက ေျပာပါတယ္။
အဲသည္ေနာက္မွာ ေဒၚရီရီေအးက  လွည္းကူးၿမိဳ႕မ ရဲစခန္း ကို ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး ဧၿပီ ၂၁ ရက္ေန႔က တစ္ႀကိမ္၊ ၂၈ ရက္ေန႔က တစ္ႀကိမ္ သားအဖႏွစ္ ေယာက္စလံုးကို သြားေရာက္တိုင္ၾကားခဲ့ေပမဲ့ ကာမရယူၿပီး လိမ္လည္မႈ ပုဒ္မ ၄၁၇ နဲ႔ သာ အမႈဖြင့္ ေပးခဲ့ပါတယ္။
အဲသည္ေနရာက ဆယ္အိမ္မွဴး တစ္ေယာက္ကိုေခၚၿပီး တိုင္ၾကားတဲ့ အခုလ ၁၀ ရက္ေန႔မွာမွ ပုဒ္မ ၃၇၆ မုဒိမ္းမႈနဲ႔ ေျပာင္းလဲအမႈဖြင့္ေပးခဲ့ပါတယ္။
ဖခင္ျဖစ္သူ သာ ပါဝင္ၿပီး သား ျဖစ္သူမပါဝင္ေၾကာင္း မႈခင္းသတင္းဂ်ာနယ္အ ခ်ိဳ႕မွာ ေရးသားေဖာ္ျပခဲ့ၾကပါတယ္။ ဒါ့အ ျပင္ က်ဴးလြန္သူ  ဆယ္အိမ္မွဴး ဦးလွစိုး ကိုလည္း ဖမ္းဆီးၿပီးျဖစ္ ေၾကာင္း ေရးသား ေဖာ္ျပခဲ့ၾကပါတယ္။
သပိတ္ကုန္းအိမ္ရာမွာ  ဆယ္အိမ္မွဴး တစ္ဦးျဖစ္တဲ့ ဦးစိန္ဝိုင္းက “ရဲစခန္းက ေနာက္ဆံုး တစ္ေခါက္က်မွ ၃၇၆ နဲ႔ အမႈကို ဖြင့္ေပးတာ”လို႔ သူျမင္ေတြ႕ရတာကို ေျပာျပပါတယ္။
ဦးစိန္ဝိုင္းက လက္ရွိမွာ မသဇင္ေအးတို႔ မိ သားစုကို လိုက္ပါကူညီေဆာင္ရြက္ေပးေနသူတစ္ဦးျဖစ္ပါတယ္။
စိုးသူရ ကလည္း မဲေဆာက္သြားမယ္ဆိုၿပီး ေပ်ာက္ဆံုးသြားကတည္းက သတင္းမၾကားရ ဘူးလို႔ ဆိုပါတယ္။
ျဖစ္စဥ္နဲ႔ပတ္သက္ၿပီး အမႈဖြင့္တိုင္ ၾကား ထားတဲ့ လွည္းကူးၿမိဳ႕မရဲစခန္းကို သြားေရာက္ ေမးျမန္းခဲ့ရာမွာေတာ့ ေျဖ ၾကားဖို႔မရွိေသးဘူး ဆိုၿပီး ျငင္းဆိုခဲ့ပါ တယ္။
ေထာင္ဒဏ္၊ ေငြဒဏ္
သားအဖႏွစ္ေယာက္စလံုးကို လက္ရွိ စြဲဆိုထားတဲ့ မုဒိမ္းမႈ ပုဒ္ မ ၃၇၆ အရဆိုရင္ ေထာင္ဒဏ္ အႏွစ္ ၂၀ နဲ႔ ေငြဒဏ္ ႏွစ္ရပ္ စလံုးကို ခ်မွတ္ႏိုင္တယ္လို႔ တရားလႊတ္ေတာ္ေရွ႕ေန ဦးခင္ေဇာ္က ေျပာပါတယ္။
ကာမလိမ္လည္ရယူမႈပုဒ္မ ၄၁၇ ဟာ ဆိုရင္ ေထာင္ဒဏ္သံုးႏွစ္ျဖစ္ေစ (သို႔ မဟုတ္) ေငြဒဏ္ျဖစ္ေစ (သို႔မဟုတ္) ေထာင္ဒဏ္ေရာ ေငြဒဏ္ေရာ ဒဏ္ႏွစ္မ်ိဳးလံုးျဖစ္ေစခ်မွတ္ႏိုင္တယ္လို႔ သိရပါတယ္။
အခုဆိုရင္ မသဇင္ေအးတို႔ မိသားစု ဟာ စားဝတ္ေနေရးအတြက္ အခက္အခဲေတြနဲ႔ ၾကံဳေတြ႕ေနရပါတယ္။
သူတို႔ေနထိုင္ရာအိမ္က ဆယ္အိမ္မွဴး အိမ္နဲ႔နီးေနတဲ့အတြက္ ေျပာင္းေရႊ႕ေနထိုင္ခဲ့ၾကပါတယ္။
တစ္ခါတစ္ရံမွာ ေစာင္းေျမာင္းဆဲဆိုတာခံရတဲ့အေျခအေနမ်ိဳးေတြ၊ သီခ်င္းဆို ေလခြ်န္တဲ့အျပဳအမူေတြကို ၾကံဳေတြ႕ေနရတာေၾကာင့္ သူတို႔အေနနဲ႔ အဲသည္ေနရာမွာလည္း ေနထိုင္ခ်င္တဲ့စိတ္မရွိေတာ့ဘူး လို႔ ဆိုပါတယ္။
‘စခန္း ကို အမႈ သြားဖြင့္ေတာ့ ပတ္ဝန္းက်င္ က ေျပာၾကတာေပါ့၊ ပိုက္ဆံ တစ္ ေထာင္တစ္ေထာင္ယူၿပီးေတာ့ မွိန္းေနတယ္ေပါ့၊ အခုမွ ပိုက္ဆံမ ရေတာ့မွ လာတိုင္တယ္ေပါ့၊ တခ်ိဳ႕ ေတြကေတာ့ အန္တီ နားထဲတိုက္႐ိုက္မေရာက္ ေပမဲ့ တခ်ိဳ႕က ေတာ့ တစ္ေယာက္နား တစ္ေယာက္ပါလာတာေပါ့၊ ဒီအမႈကိစၥေတြ ၿပီးသြားရင္ေတာ့ အိမ္ေရာင္းၿပီး အေၾကြးဆပ္ၿပီး သားအမိေတြ ေမာ္လၿမိဳင္ျပန္ေတာ့မယ္လို႔ စိတ္ကူးထားတယ္” လို႔ ေဒၚရီရီေအး က ေျပာပါ တယ္။
အခုဆိုရင္ ေဒၚရီရီေအးရဲ႕ ေျမးေလးဟာ ႏွစ္လသားအရြယ္ရွိေနပါၿပီ။
ဒါေပမဲ့ သူ႕ေျမးကလည္း ဆယ္အိမ္မွဴး နဲ႔ရ တာလား၊ သားျဖစ္သူနဲ႔ ရတာလားဆိုတာ သူတို႔မသိၾကပါဘူး။
ပတ္ဝန္းက ကဲ့ရဲ႕တာေတြ၊ ႏွာေခါင္း႐ံႈ႕တာေတြေၾကာင့္ ေဒၚရီရီေအး ကေတာ့ သမီးငယ္ နဲ႔ ေျမးကိုေခၚကာ ေမာ္လၿမိဳင္ကို အေျပးျပန္ခ်င္ ေနပါၿပီ။
အခုခ်ိန္အထိ တရား႐ံုးကို အမႈလႊဲအပ္မေပးေသးတာလဲလို႔ ေဒၚရီရီေအး အႀကိမ္ႀကိမ္ သြားေရာက္ေမးျမန္းေပမဲ့ အေၾကာင္းမထူး ေသးပါဘူး။ ေဒၚရီရီေအး ရင္ထဲမွာေတာ့ အမႈမွန္ေပၚပါ့မလားဆိုတဲ့ သံသယေတြက အျပည့္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  search myanmar

#Unicode Version#


“အခုလို  အချိန်တွေဆို အဖေ့ ကို ပို သတိရတယ်၊ အဖေ သာရှိရင်သမီး တို့ သားအမိ တွေ ဒီလိုဖြစ်မှာမဟုတ်ဘူး၊ သူတို့ သားအဖ နှစ် ယောက်စလုံးကိုသတ်ပစ်ချင်တယ်˘လို့  မသဇင်အေး(အမည်လွှဲ) က နှစ်လသား အရွယ် သားငယ် ကို ရင်ဘတ်မှာ ထွေးပိုက်ရင်း အံကြိတ်ပြီး ပြောလိုက်ပါတယ်။
အသက် ၁၇ နှစ်အရွယ် သားသည်  မိခင် လေးဟာ တစ်ချက်တစ်ချက်မှာ ရှိုက်တက်လာတဲ့ ပင့်သက် တွေနဲ့အတူ ပါးပေါ် စီးကျလာတဲ့ မျက်ရည် တွေကို လက်တစ်ဖက်နဲ့ ဖယ်ရှားပစ်နေပါတယ်။
“သမီးက မီးတွင်း ထဲမှာ ဖျားတာ ရက်ရှည် သွားတော့ နို့လည် သွားတယ်၊ အခု သားသားကို နို့တိုက်လို့ မရတော့ ဘူး” လို့  သူက ပြောပါတယ်။
အဖြူစိမ်း၊လွယ်အိတ် တစ်လုံးနဲ့ သနပ်ခါးပါးကွက်ကျားကွက်ကာ ကျောင်း ကိုသွားလေ့ရှိတဲ့ အဋ္ဌမတန်း ကျောင်းသူလေးဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလက သူ့ဘဝ အချိုးအကွေ့ကံကြမ္မာ ကို ရင်ဆိုင်တိုးမိခဲ့ပါတယ်။
လှည်းကူးမြို့နဲ့ ခုနစ်မိုင်လောက်ဝေးတဲ့ သပိတ်ကုန်း အိမ်ရာ မှာ မသဇင်အေး နဲ့  မိခင် ဖြစ် သူတို့ နေထိုင်ကြပါတယ်။ ဖခင်ဖြစ်သူကတော့ သူအသက် ၁၄   နှစ်လောက် မှာ ကွယ်လွန်ခဲ့ပါပြီ။
မိခင် ဖြစ်သူ က ဝမ်းရေးအတွက် မော်လမြိုင်၊ ဘားအံစတဲ့ နေရာတွေနဲ့  ကူးချည်သန်းချည် ကုန်ရောင်းကုန်ဝယ်လုပ်ပါတယ်။   အဲသည်လို  လုပ်ငန်းကိစ္စနဲ့ ခရီးသွားတဲ့အခါတိုင်းမှာ သမီး ဖြစ်သူ မသဇင်အေး ကိုု တစ်အိမ်ကျော် က ဆယ်အိမ်မှူး ဦးလှစိုး ရဲ့အိမ်မှာ အပ်ထား လေ့ရှိပါတယ်။
မတရားခံရ
တစ်နေ့မှာတော့ အဲသည်အိမ်မှာ မသဇင် အေး တီဗ ကြည့်နေတုန်း အိမ်ပိုင်ရှင် ဆယ်အိမ်မှူး ရဲ့သားစိုးသူရက သူ့လက်ကို  အတင်းဆွဲကာ အခန်း ထဲခေါ်ပြီး အလိုမတူဘဲ အဓမ္မပြုကျင့် ခံလိုက်ရပါတယ်။
“သမီး ပါးစပ်ကို  ပိတ်တယ်၊လက်တွေ ကိုလဲ ချုပ်တယ်၊ သမီး ခြေထောက် နဲ့ သူ့ကို ကန်တယ်၊ ဒါပေမဲ့  မရဘူး၊ အဲဒီလိုလုပ်ပြီးတော့ သူက သမီးကို ပြောတယ်၊ နင် ဘယ်သူ့မှ လျှောက်မပြောနဲ့ ၊ ပြောရင် နင်တို့ တစ် မိသားစုလုံး ကို ရွာ ပြင်ထုတ်ပစ်မယ်”လို့  ဆယ်အိမ်မှူး ရဲ့ သားဖြစ်သူ စိုးသူရ က သူ့အပေါ်  ခြိမ်းခြောက်ပြောဆိုခဲ့ပုံ ကို ရှင်းပြပါတယ်။
အဓမ္မ ပြုကျင့်ခံခဲ့ရစဉ်က မသဇင်အေး ဟာ  အသက်  ၁၅ နှစ်ကျော်ကျော်သာ ရှိပါ သေးတယ်။ အဲသည်လို ပြုလုပ်ခဲ့ပြီး  တစ်လအကြာ မှာပဲ စိုးသူရ ရဲ့ အဖေ ဆယ်အိမ်မှူး ဆိုသူက ထပ်မံပြုကျင့်ပါတော့တယ်။ အဲသည်လို ပြုကျင့်ပြီးနောက်မှာတော့ မသဇင်အေး ဟာ အဲသည်အိမ်ကို  ဝင်ထွက်သွားလာဖို့ မရဲတော့ပါဘူး။
ဆယ်အိမ်မှူး ဦးလှစိုးက အဲသည်လိုပြု ကျင့်ပြီးတဲ့ နောက်မှာ  ဘယ်သူ့မှ မပြောရဘူး ဆိုကာ ကျောင်းသွားတိုင်း မုန့်ဖိုး ၁၀ဝ၀ ကျိတ် ပေးခဲ့ပါတယ်။ ကျောင်းပုံမှန်တက်နေတဲ့ မသဇင်အေး ဟာ ကိုယ်ဝန် ဆောင်ထားရတာကို သူရော မိခင် ဖြစ်သူပါ မရိပ်မိခဲ့ပါဘူး။
ကိုယ်ဝန် ငါးလကျော်မှ ပတ်ဝန်းကျင် က ဝိုင်းပြောကြလို့ စစ်ဆေးကြည့်ခဲ့ပါတယ်။
‘ ဆီးစစ်တံ ဝယ်ရ မှာ ရှက်နေတာ၊ နောက်မှ အဲဒီ ဆယ်အိမ်မှူး အိမ်မှာ အဝင်အထွက် အမြဲရှိနေတဲ့ စန္ဒာမြင့် ကို ဝယ်ခိုင်းရတယ်”လို့  မသဇင်အေး ရဲ့ မိခင် ဒေါ်ရီရီအေးက ပြောပါတယ်။ ကိုယ်ဝန် ရှိကြောင်း သိတဲ့အချိန်မှာ စန္ဒာမြင့်ဆို သူက မသဇင်အေး တို့အိမ်ကိုလာပြီး  ကိုယ်ဝန် ဖျက်ချချင်ရင် ဖျက်ချဖို့   ဆရာမကြီး ခေါ်ပေး မယ်ဆိုတဲ့ အကြောင်း  ပြောဆိုခဲ့ပါတယ်။
စိတ်ကူးမရှိ
ဒေါ်ရီရီအေး က ဖျက်ချဖို့  စိတ်ကူးမရှိ ကြောင်း ပြန်လည်ငြင်းဆိုခဲ့ပါတယ်။ “အဲဒီနေ့က သူက လာပြောတယ်၊ အေး ရီ နင့်သ မီး  လင်ကောင်မပေါ်ဘူးဆို ရင်ပြော၊ ကိုယ်ဝန် ဖျက်ချမယ် ဆိုရင်ပြော၊   ငါ ဆရာမကြီး ခေါ်ပေးမယ်၊ သူလုပ်တတ် တယ်ဆိုပြီး   ပြောလာတယ်၊ အကြီးလဲ တုန်တုန်ယင်ယင်နဲ့ပဲ မဖျက်ချနိုင်ဘူး၊ ငါတိုင်မယ်၊ ငါတရားစွဲချင်တယ်ဆိုပြီး ပြန်ပြောခဲ့တယ်”လို့ ဒေါ်ရီရီအေး က ပြောပါတယ်။
အဲသည် လိုပြောပြီး နောက်နေ့ မနက်ပိုင်းမှာ မသဇင်အေး တို့ သားအမိတွေကို ဆယ်အိမ်မှူးအိမ်ကခေါ်ပြီး သက်ဆိုင်ရာကို တိုင်ကြားခြင်း မပြုလုပ်ဖို့၊ သူ့သားနဲ့ မင်္ဂလာ ဆွမ်းကျွေး ပြုလုပ်ပေးမယ်ဆိုတာ ပြောကြားခဲ့တယ်လို့ ဆို ပါတယ်။
မင်္ဂလာဆွမ်းကျွေးပြုလုပ်တဲ့နေ့မှာပဲ စိုးသူရက ရန်ကုန်ကို အလုပ်သွားလုပ်မယ်ဆိုပြီး ထွက်သွားခဲ့ပါတယ်။ မသွားခင်မှာလည်း စိုးသူရက ပိုက်ဆံ ၁၅,ဝဝဝ မသဇင်အေးကိုပေးပြီး   နင့်ဘာသာမွေးချင်မွေး၊ မမွေးချင်နေလို့ ဆိုပြီး ပြောဆိုခဲ့ပါတယ်။
နောက်ပိုင်းမှာ ဒေါ်ရီရီအေး က ကျေးရွာ ဥက္ကဋ္ဌ ကို သွားရောက်တိုင်ကြားခဲ့တဲ့အတွက် တစ်လကို ကျပ် ၇၀,ဝဝဝ နဲ့ သုံးလထောက်ပံ့ငွေ ရရှိခဲ့ပါတယ်။ အဲသည့်နောက် မီးဖွားခါနီး အချိန်မှာတော့ မဲဆောက်သွားပြီဆိုပြီး ပိုက်ဆံ ထောက်ပံ့တာတွေ မရှိတော့ပါဘူး။
ဒေါ်ရီရီအေး တို့ မိသားစု ဟာ သည့်မတိုင်ခင်တုန်းက မိသားစု စကားဝိုင်း၊ စီးပွားရေးအားလုံးက အဆင်ပြေပါတယ်။
အမှုဖွင့်
‘မီးဖွား စရိတ်လဲ မထောက်ဘူး၊ အန်တီ တို့သွားတိုင်တဲ့အခါကျတော့ ဖအေဖြစ်သူကလဲ မပေးဘူး၊ သူနဲ့မဆိုင်ဘူး၊ သူ့ သားနဲ့ပဲဆိုင် တယ်ပြောတယ်၊ အကြီး ဆင်းရဲတယ်၊ ဒါပေမဲ့ ဈေးရောင်းစားတယ်၊ အခုဆို သူ ကိုယ်ဝန် စရှိ ကတည်းက ဈေးမရောင်းလိုက်ရတာ၊ မနက်ဆိုရင် တောတိုး မာလာဖူးတွေ ချိုးစား၊  ဆန်၊ ဆီနို့မှုန့်ဖိုးဒါတွေကို အန်တီမြင့်ကပဲ ကူညီပေး ထားရတယ်˘လို့ ဒေါ်ရီရီအေးက ပြောပါတယ်။
အဲသည်နောက်မှာ ဒေါ်ရီရီအေးက  လှည်းကူးမြို့မ ရဲစခန်း ကို ဖြစ်စဉ်နဲ့ပတ်သက်ပြီး ဧပြီ ၂၁ ရက်နေ့က တစ်ကြိမ်၊ ၂၈ ရက်နေ့က တစ်ကြိမ် သားအဖနှစ် ယောက်စလုံးကို သွားရောက်တိုင်ကြားခဲ့ပေမဲ့ ကာမရယူပြီး လိမ်လည်မှု ပုဒ်မ ၄၁၇ နဲ့ သာ အမှုဖွင့် ပေးခဲ့ပါတယ်။
အဲသည်နေရာက ဆယ်အိမ်မှူး တစ်ယောက်ကိုခေါ်ပြီး တိုင်ကြားတဲ့ အခုလ ၁၀ ရက်နေ့မှာမှ ပုဒ်မ ၃၇၆ မုဒိမ်းမှုနဲ့ ပြောင်းလဲအမှုဖွင့်ပေးခဲ့ပါတယ်။
ဖခင်ဖြစ်သူ သာ ပါဝင်ပြီး သား ဖြစ်သူမပါဝင်ကြောင်း မှုခင်းသတင်းဂျာနယ်အ ချို့မှာ ရေးသားဖော်ပြခဲ့ကြပါတယ်။ ဒါ့အ ပြင် ကျူးလွန်သူ  ဆယ်အိမ်မှူး ဦးလှစိုး ကိုလည်း ဖမ်းဆီးပြီးဖြစ် ကြောင်း ရေးသား ဖော်ပြခဲ့ကြပါတယ်။
သပိတ်ကုန်းအိမ်ရာမှာ  ဆယ်အိမ်မှူး တစ်ဦးဖြစ်တဲ့ ဦးစိန်ဝိုင်းက “ရဲစခန်းက နောက်ဆုံး တစ်ခေါက်ကျမှ ၃၇၆ နဲ့ အမှုကို ဖွင့်ပေးတာ”လို့ သူမြင်တွေ့ရတာကို ပြောပြပါတယ်။
ဦးစိန်ဝိုင်းက လက်ရှိမှာ မသဇင်အေးတို့ မိ သားစုကို လိုက်ပါကူညီဆောင်ရွက်ပေးနေသူတစ်ဦးဖြစ်ပါတယ်။
စိုးသူရ ကလည်း မဲဆောက်သွားမယ်ဆိုပြီး ပျောက်ဆုံးသွားကတည်းက သတင်းမကြားရ ဘူးလို့ ဆိုပါတယ်။
ဖြစ်စဉ်နဲ့ပတ်သက်ပြီး အမှုဖွင့်တိုင် ကြား ထားတဲ့ လှည်းကူးမြို့မရဲစခန်းကို သွားရောက် မေးမြန်းခဲ့ရာမှာတော့ ဖြေ ကြားဖို့မရှိသေးဘူး ဆိုပြီး ငြင်းဆိုခဲ့ပါ တယ်။
ထောင်ဒဏ်၊ ငွေဒဏ်
သားအဖနှစ်ယောက်စလုံးကို လက်ရှိ စွဲဆိုထားတဲ့ မုဒိမ်းမှု ပုဒ် မ ၃၇၆ အရဆိုရင် ထောင်ဒဏ် အနှစ် ၂၀ နဲ့ ငွေဒဏ် နှစ်ရပ် စလုံးကို ချမှတ်နိုင်တယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးခင်ဇော်က ပြောပါတယ်။
ကာမလိမ်လည်ရယူမှုပုဒ်မ ၄၁၇ ဟာ ဆိုရင် ထောင်ဒဏ်သုံးနှစ်ဖြစ်စေ (သို့ မဟုတ်) ငွေဒဏ်ဖြစ်စေ (သို့မဟုတ်) ထောင်ဒဏ်ရော ငွေဒဏ်ရော ဒဏ်နှစ်မျိုးလုံးဖြစ်စေချမှတ်နိုင်တယ်လို့ သိရပါတယ်။
အခုဆိုရင် မသဇင်အေးတို့ မိသားစု ဟာ စားဝတ်နေရေးအတွက် အခက်အခဲတွေနဲ့ ကြုံတွေ့နေရပါတယ်။
သူတို့နေထိုင်ရာအိမ်က ဆယ်အိမ်မှူး အိမ်နဲ့နီးနေတဲ့အတွက် ပြောင်းရွှေ့နေထိုင်ခဲ့ကြပါတယ်။
တစ်ခါတစ်ရံမှာ စောင်းမြောင်းဆဲဆိုတာခံရတဲ့အခြေအနေမျိုးတွေ၊ သီချင်းဆို လေချွန်တဲ့အပြုအမူတွေကို ကြုံတွေ့နေရတာကြောင့် သူတို့အနေနဲ့ အဲသည်နေရာမှာလည်း နေထိုင်ချင်တဲ့စိတ်မရှိတော့ဘူး လို့ ဆိုပါတယ်။
‘စခန်း ကို အမှု သွားဖွင့်တော့ ပတ်ဝန်းကျင် က ပြောကြတာပေါ့၊ ပိုက်ဆံ တစ် ထောင်တစ်ထောင်ယူပြီးတော့ မှိန်းနေတယ်ပေါ့၊ အခုမှ ပိုက်ဆံမ ရတော့မှ လာတိုင်တယ်ပေါ့၊ တချို့ တွေကတော့ အန်တီ နားထဲတိုက်ရိုက်မရောက် ပေမဲ့ တချို့က တော့ တစ်ယောက်နား တစ်ယောက်ပါလာတာပေါ့၊ ဒီအမှုကိစ္စတွေ ပြီးသွားရင်တော့ အိမ်ရောင်းပြီး အကြွေးဆပ်ပြီး သားအမိတွေ မော်လမြိုင်ပြန်တော့မယ်လို့ စိတ်ကူးထားတယ်” လို့ ဒေါ်ရီရီအေး က ပြောပါ တယ်။
အခုဆိုရင် ဒေါ်ရီရီအေးရဲ့ မြေးလေးဟာ နှစ်လသားအရွယ်ရှိနေပါပြီ။
ဒါပေမဲ့ သူ့မြေးကလည်း ဆယ်အိမ်မှူး နဲ့ရ တာလား၊ သားဖြစ်သူနဲ့ ရတာလားဆိုတာ သူတို့မသိကြပါဘူး။
ပတ်ဝန်းက ကဲ့ရဲ့တာတွေ၊ နှာခေါင်းရှုံ့တာတွေကြောင့် ဒေါ်ရီရီအေး ကတော့ သမီးငယ် နဲ့ မြေးကိုခေါ်ကာ မော်လမြိုင်ကို အပြေးပြန်ချင် နေပါပြီ။
အခုချိန်အထိ တရားရုံးကို အမှုလွှဲအပ်မပေးသေးတာလဲလို့ ဒေါ်ရီရီအေး အကြိမ်ကြိမ် သွားရောက်မေးမြန်းပေမဲ့ အကြောင်းမထူး သေးပါဘူး။ ဒေါ်ရီရီအေး ရင်ထဲမှာတော့ အမှုမှန်ပေါ်ပါ့မလားဆိုတဲ့ သံသယတွေက အပြည့်ပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:  search myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top