Golden City Promotion
×

အူမႀကီး ႏွင့္ အစာေဟာင္းအိမ္ကင္ဆာ အမ်ဳိးသားမ်ားတြင္ အျဖစ္မ်ားေနေၾကာင္း ခြဲစိတ္ စင္ကာပူ အေထြေထြ ေရာဂါကုေဆး႐ုံႀကီးမွ အူလမ္းေၾကာင္း အထူးကုဆရာ၀န္ႀကီး Dr. Mark Wong Te  Ching က Sky Star Hotel တြင္ျပဳလုပ္ေသာ အူလမ္းေၾကာင္းဆိုင္ရာ ေရာဂါမ်ား အေၾကာင္း ႏွင္႔ ေဆးကုသမႈဆိုင္ရာအေၾကာင္း က်န္းမာေရးေဟာေျပာပြဲတြင္ ေျပာၾကားခဲ့သည္။

တစ္ကမၻာလံုးတြင္ အဆိုပါေရာဂါသစ္ ျဖစ္ပြားမႈႏႈန္းမွာ တစ္ႏွစ္လွ်င္ လူ၁၅၀၀ ခန္႔ရွိေနသည္ဟု ၎က ဆိုသည္။

“အူမႀကီးနဲ႔ အစာေဟာင္းအိမ္ကင္ဆာျဖစ္ပြားမႈက မ်ားေသာအားျဖင္႔ အဆင့္ ၂ ကိုေရာက္ၿပီး ေနာက္က်မွ သိၾကတယ္။ ေရာဂါလကၡဏာက ေထြေထြထူထူးမရွိတဲ့အတြက္ ကင္ဆာအဆင့္ႀကီး ေရာက္မွ ေတြ႔ၿပီး ႀကီးထြားလာတယ္ဆိုေတာ့ မျဖစ္ခင္ႀကိဳတင္ၿပီး စမ္းသပ္စစ္ေဆးထားဖုိ႔ အလြန္အေရး ႀကီးပါတယ္” ဟု ၎ကေျပာသည္။

အဆိုပါ ေရာဂါသည္ အမ်ဳိးသားမ်ားတြင္သာမက အမ်ဳိးသမီးမ်ားတြင္လည္း ရင္သားကင္ဆာၿပီးလွ်င္ ဒုတိယျဖစ္ပြားမႈ အမ်ားဆံုးျဖစ္ၿပီး ၁၄ ဒသမ ၁ ရာခိုင္ႏႈန္းရွိေၾကာင္း၊ အထူးသျဖင့္ ေရာဂါ၏ ၉၀ ရာခိုင္ႏႈန္းသည္ အသက္ငါးဆယ္အထက္တြင္ ပို၍ ျဖစ္ပြားေၾကာင္း ၎က ဆိုသည္။

အူမႀကီးႏွင့္ အစာေဟာင္းအိမ္ကင္ဆာ ေရာဂါလကၡဏာမ်ားမွာ ပင္ပန္းႏြမ္းနယ္ျခင္း၊ အသက္ရႈမဝျခင္း၊ ေသြးအားနည္း၍ ျဖဴဖက္ျဖဴေလ်ာ္ျဖစ္ျခင္း၊ ဝမ္းဗိုက္နာျခင္း၊ ဝမ္းဗိုက္တြင္ အလံုးေပၚလာျခင္း၊ ဝမ္းသြားသည့္အေလ့အက်င့္ေျပာင္းလဲျခင္း၊ေသြးႏွင့္ အခြ်ဲမ်ားပါလာျခင္းတို႔ျဖစ္ေပၚသည္။

အဆိုပါ ေရာဂါျဖစ္ပြားပါက ခြဲစိတ္ကုသျခင္းသည္ အေကာင္းဆံုး နည္းလမ္းတစ္ခုျဖစ္ၿပီး ေခ်ာင္းၾကည့္ေပါက္(Laparoscopic Surgery)မွ ခြဲစိတ္ကုသျခင္းသည္ ယခုလက္ရွိအခ်ိန္တြင္ တစ္ကမၻာလံုးလက္ခံေသာ ခြဲစိတ္ကုသမႈျဖစ္ၿပီး ေဘးအႏၱရာယ္ကင္းရွင္းသည္ဟု ၎ကဆိုသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima

#Unicode Version#
အူမကြီး နှင့် အစာဟောင်းအိမ်ကင်ဆာ အမျိုးသားများတွင် အဖြစ်များနေကြောင်း ခွဲစိတ် စင်ကာပူ အထွေထွေ ရောဂါကုဆေးရုံကြီးမှ အူလမ်းကြောင်း အထူးကုဆရာဝန်ကြီး Dr. Mark Wong Te  Ching က Sky Star Hotel တွင်ပြုလုပ်သော အူလမ်းကြောင်းဆိုင်ရာ ရောဂါများ အကြောင်း နှင့် ဆေးကုသမှုဆိုင်ရာအကြောင်း ကျန်းမာရေးဟောပြောပွဲတွင် ပြောကြားခဲ့သည်။

တစ်ကမ္ဘာလုံးတွင် အဆိုပါရောဂါသစ် ဖြစ်ပွားမှုနှုန်းမှာ တစ်နှစ်လျှင် လူ၁၅၀၀ ခန့်ရှိနေသည်ဟု ၎င်းက ဆိုသည်။

“အူမကြီးနဲ့ အစာဟောင်းအိမ်ကင်ဆာဖြစ်ပွားမှုက များသောအားဖြင့် အဆင့် ၂ ကိုရောက်ပြီး နောက်ကျမှ သိကြတယ်။ ရောဂါလက္ခဏာက ထွေထွေထူထူးမရှိတဲ့အတွက် ကင်ဆာအဆင့်ကြီး ရောက်မှ တွေ့ပြီး ကြီးထွားလာတယ်ဆိုတော့ မဖြစ်ခင်ကြိုတင်ပြီး စမ်းသပ်စစ်ဆေးထားဖို့ အလွန်အရေး ကြီးပါတယ်” ဟု ၎င်းကပြောသည်။

အဆိုပါ ရောဂါသည် အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်လည်း ရင်သားကင်ဆာပြီးလျှင် ဒုတိယဖြစ်ပွားမှု အများဆုံးဖြစ်ပြီး ၁၄ ဒသမ ၁ ရာခိုင်နှုန်းရှိကြောင်း၊ အထူးသဖြင့် ရောဂါ၏ ၉၀ ရာခိုင်နှုန်းသည် အသက်ငါးဆယ်အထက်တွင် ပို၍ ဖြစ်ပွားကြောင်း ၎င်းက ဆိုသည်။

အူမကြီးနှင့် အစာဟောင်းအိမ်ကင်ဆာ ရောဂါလက္ခဏာများမှာ ပင်ပန်းနွမ်းနယ်ခြင်း၊ အသက်ရှုမဝခြင်း၊ သွေးအားနည်း၍ ဖြူဖက်ဖြူလျော်ဖြစ်ခြင်း၊ ဝမ်းဗိုက်နာခြင်း၊ ဝမ်းဗိုက်တွင် အလုံးပေါ်လာခြင်း၊ ဝမ်းသွားသည့်အလေ့အကျင့်ပြောင်းလဲခြင်း၊သွေးနှင့် အချွဲများပါလာခြင်းတို့ဖြစ်ပေါ်သည်။

အဆိုပါ ရောဂါဖြစ်ပွားပါက ခွဲစိတ်ကုသခြင်းသည် အကောင်းဆုံး နည်းလမ်းတစ်ခုဖြစ်ပြီး ချောင်းကြည့်ပေါက်(Laparoscopic Surgery)မှ ခွဲစိတ်ကုသခြင်းသည် ယခုလက်ရှိအချိန်တွင် တစ်ကမ္ဘာလုံးလက်ခံသော ခွဲစိတ်ကုသမှုဖြစ်ပြီး ဘေးအန္တရာယ်ကင်းရှင်းသည်ဟု ၎င်းကဆိုသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top