Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေနျပည္ေတာ္ စည္ပင္ဌာနမွဴးႏွစ္ဦး အဂတိလိုက္စားမႈနဲ႔ အဖမ္းခံရ

ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေဈးမ်ားဌာန ဌာနမွဴးတစ္ဦးနဲ႔ သားသတ္႐ံု ဌာနမွဴးတုိ႔ကို အဂတိလိုက္စားမႈ တိုက္ဖ်က္ေရး ဥပေဒပုဒ္မ ၅၆ နဲ႔ အမႈဖြင့္အေရးယူထားၿပီး မႏၲေလးတုိင္းေဒသႀကီး တရားလႊတ္ေတာ္မွာ တရားစြဲဆုိမယ္လို႔ သိရပါတယ္။

ေနျပည္ေတာ္ စည္ပင္သာယာေရးေကာ္မတီ ေဈးမ်ားဌာနမွဴး (ဒုၫႊန္ခ်ဳပ္) ဦးမင္းလြင္စိုးက သားသတ္လိုင္စင္ရရွိသူ ဦးဘိုဘိုဟန္ဆီကေန က်ပ္သိန္း ၂၀ ကို ၂၀၁၇ မတ္လအတြင္း လက္ခံရယူခဲ့ၿပီး သားသတ္ဌာန ဌာနမွဴး ေဒါက္တာခုိင္စိုးလွကလည္း ဦးဘိုဘုိဟန္ဆီကေန က်ပ္သိန္း ၄၀ ကို ယခုႏွစ္ ေမလအတြင္း လက္ခံရယူခဲ့ေၾကာင္း အဂတိ လိုက္စားမႈတိုက္ဖ်က္ေရးေကာ္မရွင္က စစ္ေဆးေပၚေပါက္ခဲ့တာပါ။

သားသတ္ဌာနမွဴး ေဒါက္တာခိုင္စိုးလွက သားသတ္လိုင္စင္ရရွိသူဆီကေန ေငြေတာင္းခံတာကုိ စစ္ေဆးေပၚေပါက္ခဲ့လို႔ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္မွ စစ္ေဆးေရးမွဴး ဦးေအာင္ျမင့္ေဇာ္က တရားလိုျပဳလုပ္တုိင္တန္းခဲ့တာ ျဖစ္ပါတယ္။

‘‘ကြၽန္ေတာ္ကဖြင့္ပဲေပး လိုက္ရတာ။ အဲဒီ တရားခံကိုထိေတာင္ မထိလိုက္ရဘူး။ မႏၲေလးမွာ ဆက္စစ္မယ္လို႔ သိရပါတယ္’’လို႔ ဇမၺဴသီရိၿမိဳ႕နယ္ အမွတ္ (၁) ၿမိဳ႕မရဲစခန္း ဒုရဲမွဴးျမင့္ေအာင္က ေျပာသည္။

ဒါ့အျပင္ ေဈးမ်ားဌာန ဌာနမွဴး ဦးမင္းလြင္စိုးကိုလည္း ဥတၱရသီရိၿမိဳ႕နယ္ ဘုရားကုန္းရဲစခန္းမွာ အမႈဖြင့္အေရးယူထားေၾကာင္း အဆုိပါစခန္းမွ စခန္းမွဴး ဒုရဲမွဴးတင္ေဌးက ေျပာပါတယ္။

ယခုဘ႑ာႏွစ္မွာ ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီက ေဈးခံုစနစ္ကုိ ဖ်က္သိမ္းၿပီး ေျပာင္းလဲလုပ္ကိုင္ဖို႔ ၫႊန္ၾကားခ်က္အေပၚ ေဈးခံုေရာင္းခ်သူေတြက ေဈးခံုေလလံစနစ္နဲ႔ပဲ ျပန္လည္လုပ္ကိုင္ဖုိ႔ ညႇိႏိႈင္းခဲ့ရာမွာ အမႈဖြင့္ခံရသူႏွစ္ဦးကို လာဘ္ေငြေပးခဲ့ရေၾကာင္း တုိင္ ၾကားသူေတြက စြပ္စြဲထားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun
#Unicode Version#
နေပြည်တော် စည်ပင်ဌာနမှူးနှစ်ဦး အဂတိလိုက်စားမှုနဲ့ အဖမ်းခံရ

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာန ဌာနမှူးတစ်ဦးနဲ့ သားသတ်ရုံ ဌာနမှူးတို့ကို အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ အမှုဖွင့်အရေးယူထားပြီး မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်မှာ တရားစွဲဆိုမယ်လို့ သိရပါတယ်။

နေပြည်တော် စည်ပင်သာယာရေးကော်မတီ ဈေးများဌာနမှူး (ဒုညွှန်ချုပ်) ဦးမင်းလွင်စိုးက သားသတ်လိုင်စင်ရရှိသူ ဦးဘိုဘိုဟန်ဆီကနေ ကျပ်သိန်း ၂၀ ကို ၂၀၁၇ မတ်လအတွင်း လက်ခံရယူခဲ့ပြီး သားသတ်ဌာန ဌာနမှူး ဒေါက်တာခိုင်စိုးလှကလည်း ဦးဘိုဘိုဟန်ဆီကနေ ကျပ်သိန်း ၄၀ ကို ယခုနှစ် မေလအတွင်း လက်ခံရယူခဲ့ကြောင်း အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးပေါ်ပေါက်ခဲ့တာပါ။

သားသတ်ဌာနမှူး ဒေါက်တာခိုင်စိုးလှက သားသတ်လိုင်စင်ရရှိသူဆီကနေ ငွေတောင်းခံတာကို စစ်ဆေးပေါ်ပေါက်ခဲ့လို့ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်မှ စစ်ဆေးရေးမှူး ဦးအောင်မြင့်ဇော်က တရားလိုပြုလုပ်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

‘‘ကျွန်တော်ကဖွင့်ပဲပေး လိုက်ရတာ။ အဲဒီ တရားခံကိုထိတောင် မထိလိုက်ရဘူး။ မန္တလေးမှာ ဆက်စစ်မယ်လို့ သိရပါတယ်’’လို့ ဇမ္ဗူသီရိမြို့နယ် အမှတ် (၁) မြို့မရဲစခန်း ဒုရဲမှူးမြင့်အောင်က ပြောသည်။

ဒါ့အပြင် ဈေးများဌာန ဌာနမှူး ဦးမင်းလွင်စိုးကိုလည်း ဥတ္တရသီရိမြို့နယ် ဘုရားကုန်းရဲစခန်းမှာ အမှုဖွင့်အရေးယူထားကြောင်း အဆိုပါစခန်းမှ စခန်းမှူး ဒုရဲမှူးတင်ဌေးက ပြောပါတယ်။

ယခုဘဏ္ဍာနှစ်မှာ နေပြည်တော်စည်ပင်သာယာရေး ကော်မတီက ဈေးခုံစနစ်ကို ဖျက်သိမ်းပြီး ပြောင်းလဲလုပ်ကိုင်ဖို့ ညွှန်ကြားချက်အပေါ် ဈေးခုံရောင်းချသူတွေက ဈေးခုံလေလံစနစ်နဲ့ပဲ ပြန်လည်လုပ်ကိုင်ဖို့ ညှိနှိုင်းခဲ့ရာမှာ အမှုဖွင့်ခံရသူနှစ်ဦးကို လာဘ်ငွေပေးခဲ့ရကြောင်း တိုင် ကြားသူတွေက စွပ်စွဲထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top