Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ပါ #

က်န္းမာေရး မေကာင္းလို႔ ေငြကုန္လူပန္း ျဖစ္ေနၾကတဲ့ လူနာေတြအတြက္ စိတ္မသက္မသာျဖစ္မိလုိ႔ က်န္းမာျခင္းရဲ႕ အေၾကာင္းတရားေတြျဖစ္တဲ့ ကံ၊စိတ္၊ဥတု၊ အာဟာရ အေၾကာင္းကို စာတစ္ပုဒ္ေရးဖို႔ စိတ္ကူးမိပါတယ္။ ျမန္မာတိုင္းရင္း ေဆးပညာနဲ႔ ပတ္သက္ျပီးကၽြန္မမွာ ဗဟုသုတအေျခခံ မရွိတဲ့အတြက္ ကၽြန္မေလ့လာမွတ္သားထားတဲ့ အေနာက္တိုင္း ေဆးပညာအယူအဆနဲ႔ လူေနမွဳဘ၀ အေတြးအျမင္အခ်ိဳ႕ကို ဆက္စပ္ျပီး ေဆြးေႏြးတင္ျပ သြားပါမယ္။

နံပါတ္တစ္ အေရးၾကီးဆံုးအေၾကာင္းကေတာ့ ကံပဲျဖစ္ပါတယ္။ ကံေၾကာင့္ လူေတြက်န္းမာၾကတယ္၊ အနာေရာဂါ ထူေျပာၾကတယ္။ ကံဆိုတဲ့ေနရာမွာ အတိတ္ဘ၀ကျပဳခဲ့တဲ့ကံ၊ ယခုဘ၀ျပဳခဲ့တဲ့ကံ ႏွစ္မ်ိဳးလံုးနဲ႔ ဆိုင္ပါတယ္။ အရင္ဘ၀က သီလမလံုတဲ့လူ၊ သူတစ္ပါးကို ညွင္းပန္းႏွိပ္စက္ခဲ့တဲ့လူေတြဟာ အနာေရာဂါထူေျပာတတ္တယ္ ဆိုတာကို ကံ၊ကံ၏ အက်ိဳးကို ယံုၾကည္သူတိုင္း လက္ခံၾကပါလိမ့္မယ္။ ဘယ္သူမျပဳ မိမိမွဳဆိုသလို အရင္ဘ၀က မေကာင္းခဲ့လို႔ ဒီဘ၀မက်န္းမမာ ျဖစ္ေနရသူေတြ ေနာင္ဘ၀ေကာင္းေအာင္ သီလေစာင့္ဖို႔လို ပါတယ္။ သီလစင္ၾကယ္ရင္၊ ၀ိပသနာ ဘာ၀နာပြားနိဳင္ရင္ ယခုဘ၀ခံစားေနရတဲ့ ေ၀ဒနာအခ်ိဳ႕ကို သက္သာေစနိဳင္ပါတယ္။ အရင္ဘ၀က သီလအားေကာင္းခဲ့လို႔ က်န္းမာေနသူေတြကလည္း က်န္းမာေရးနဲ႔ ညီညြတ္ေအာင္ ေနထိုင္ျပဳမူ ဖို႔လိုအပ္ပါတယ္။ အခ်ိန္မွန္အိပ္၊ မွ်တတဲ့ အာဟာရကို အခ်ိန္မွန္စား၊ ေလ့က်င့္ခန္း ပံုမွန္လုပ္ျပီး၊ ကိုယ္အေလးခ်ိန္ ထိန္းရပါမယ္။ ေဆးလိပ္ေသာက္တာေရွာင္ရမယ္။ အရက္အလြန္အကၽြံေသာက္ျခင္းကို ေရွာင္ရမယ္။ အတိတ္ကံ ေကာင္းပါလွ်က္၊ ဒီဘ၀ျပဳတဲ့ကံ မေကာင္းရင္၊ ဆင္ဆင္ျခင္ျခင္မေနရင္ ေရာဂါထူပါလိမ့္မယ္။

ဒုတိယ အေရးၾကီးဆံုးအေၾကာင္းက စိတ္ပါ။ ကိုယ္က်န္းမာေရးနဲ႔ စိတ္က်န္းမာေရးဟာ တိုက္ရိုက္ကို ဆက္စပ္ေန ပါတယ္။ ယခုအျဖစ္မ်ားေနတဲ့ ႏွလံုးေရာဂါ၊ ဆီးခ်ိဳ၊ေသြးတိုး၊ ေလျဖတ္ေရာဂါနဲ႔ ကင္ဆာေရာဂါေတြဟာ အစားအေသာက္၊ လူေနမွဳစနစ္နဲ႔ စိတ္ဖိစီးမွဳ မ်ားလို႔ ျဖစ္ရတဲ့ေရာဂါေတြ ျဖစ္ပါတယ္။ မေလးရွားမွာ အလုပ္လုပ္ေနၾကတဲ့ အသက္ႏွစ္ဆယ္ သံုးဆယ္အရြယ္အခ်ိဳ႕ေတြ ေသြးတိုးရွိၾကတယ္။ ေဆြမ်ိဳးမိသားစုရဲ႕ အၾကင္နာ ေမတၱာေတြနဲ႔ ကင္းကြာေနရျပီး၊ အဆင္မေျပတာ မေက်နပ္စရာေတြကို ေန႔စဥ္ရင္ဆိုင္ေနရတဲ့ စိတ္ဖိစီးမွဳ ဒဏ္ေတြေၾကာင့္ ငယ္ငယ္ရြယ္ရြယ္နဲ႕ ေရာဂါရၾကတယ္။ လူေနမွဳစနစ္ ကေမာက္ကမ နိဳင္လွျပီး၊ စိတ္ဖိစီးမွဳေတြ သိပ္မ်ားၾကတဲ့ ျမန္မာျပည္ကလူေတြ ေရာဂါဘယ ထူေျပာၾကတယ္။ ေဆးကုစရာ ပိုက္ဆံမရွိလို႔ အသက္တိုၾကတယ္။ အာဖရိကန္ နိဳင္ငံေတြျပီးရင္ ျမန္မာျပည္ရဲ႕ ပ်မ္းမွ်လူ႕သက္တမ္းဟာ ကမၻာမွာအနိမ့္ဆံုး ျဖစ္ေနပါတယ္။

ေခတ္စနစ္ကို ျပင္နိဳင္တဲ့ အရည္အခ်င္း မရွိေလေတာ့၊ ဆႏၵနဲ႕ ဘ၀ သီးျခားျဖစ္ေနရတဲ့ အေျခအေနမွာ ကၽြန္မတို႔ စိတ္ခ်မ္းသာ ကိုယ္က်န္းမာေအာင္ ဘယ္လိုေနၾကမလဲဆိုတာကို အေျဖရွာျပီး ေနတတ္ေအာင္ ေနၾကရံုပဲ ရွိပါတယ္။ သီလစင္ၾကယ္စြာနဲ႔ အျပစ္ကင္းေအာင္ေနရင္ အတိုင္းအတာတစ္ခုေလာက္ စိတ္ခ်မ္းသာမွဳ ရနိဳင္ပါတယ္။ အျပစ္မလုပ္ တဲ့သူဟာ အျပစ္ဒဏ္ခံရမွာကို ပူပန္ေနစရာမလိုတဲ့အတြက္ မိမိကိုယ္ကို ယံုၾကည္မွဳရွိေနပါတယ္။ မိမိရဲ႕ သီလစင္ၾကယ္မွဳကို ဆင္ျခင္မိတိုင္းလဲ စိတ္ခ်မ္းသာစရာ ျဖစ္ေနပါတယ္။ ေမတၱာပြားျခင္း၊ ဗုဒၵႏုႆတိပြားျခင္းနဲ႔ သတိပဌာန္ က်င့္စဥ္ေတြဟာလည္း စိတ္ကိုၾကည္လင္ သန္႔ရွင္းေစပါတယ္။ စိတ္ခ်မ္းသာေနရင္ အိပ္ေပ်ာ္စား၀င္ျပီး၊ ကိုယ္ခံအားေကာင္းေစ ပါတယ္။ ျမတ္စြာဘုရား ဆံုးမေတာ္မူခဲ့တဲ့အတိုင္း မေကာင္းမွဳေရွာင္၊ ေကာင္းမွဳေဆာင္၊ ျဖဴစင္စိတ္ကိုထားနိဳင္ရင္ က်န္းမာေပ်ာ္ရႊင္စြာ ေနနိဳင္ပါတယ္။

က်န္းမာေစတဲ့ ေနာက္အေၾကာင္းတစ္ခုက ရာသီဥတု ျဖစ္ပါတယ္။ ကၽြန္မတို႔ ရထားတဲ့ ရုပ္ခႏၶာၾကီးက အပူအေအး စတဲ့အေျပာင္းအလဲေတြေၾကာင့္ ေဖာက္ျပန္ပ်က္စီးတတ္တဲ့ သေဘာရွိပါတယ္။ ေဖာက္ျပန္တတ္တဲ့ ရုပ္ခႏၶာၾကီး ေရာဂါမျဖစ္ေအာင္ ဆင္ျခင္ေနထိုင္တတ္ဖို႔ လိုပါတယ္။ ပူေသာရာသီ၊ ေအးေသာရာသီအလိုက္ လိုက္ေလ်ာညီေထြ ျဖစ္ေအာင္ ေနၾကရပါမယ္။

ေနာက္ဆံုးျဖစ္တဲ့ က်န္းမာျခင္းအေၾကာင္းကေတာ့ အာဟာရ ျဖစ္ပါတယ္။ အစဥ္မျပတ္ ျဖစ္ပ်က္ေျပာင္းလဲေနတဲ့ ရုပ္သေဘာ နာမ္သေဘာေတြကို ေန႔စဥ္စားေနတဲ့ အာဟာရက ေထာက္ပံ့ေပးထားပါတယ္။ အာဟာရမွ်တေနရင္ ကိုယ္စိတ္ႏွစ္ပါး က်န္းမာေစပါတယ္။ အာဟာရမွ်တတယ္ ဆိုတဲ့ေနရာမမွာ လိုအပ္တာထက္ ပိုမစားဖို႔လဲ အေရးၾကီးပါတယ္။ ဆင္းရဲတဲ့လူေတြ အာဟာရမလံုေလာက္လို႔ အသက္တိုၾကသလို၊ စားနိဳင္ေသာက္နိဳင္ တဲ့သူေတြကလည္း အစားက်ဴးလို႔ ေရာဂါထူၾကပါတယ္။ တခ်ိဳ႕က အလုပ္မ်ားလို႔ ၾကံဳသလိုစားရင္း ေရာဂါရၾကပါတယ္။

အာဟာရခ်ိဳ႕တဲ့လို႔ ျဖစ္ရတဲ့ေရာဂါေတြကို ကာကြယ္နိဳင္ဖို႔အတြက္ ဆင္းရဲမြဲေတျခင္းက လြတ္ေျမာက္ေရးကို ထိထိေရာက္ေရာက္ ေဆာင္ရြက္ရမွာ ျဖစ္ပါတယ္။ အထူးသျဖင့္ ကိုယ္၀န္ေဆာင္မိခင္ေတြ နိဳ႔တိုက္မိခင္ေတြ အာဟာရ လံုေလာက္ဖို႔လိုပါတယ္။ မိခင္နဲ႔ ကေလးသူငယ္ေတြ အာဟာရလံုေလာက္မွ အနာဂတ္မွာ က်န္းမာၾကံ႕ခိုင္ျပီး၊ ဥာဏ္ရည္ေကာင္းတဲ့ လူ႔အရင္းအျမစ္ေတြ တိုးပြားလာမွာျဖစ္ပါတယ္။ ေန႔စဥ္အာဟာရ စားသံုးတဲ့အခါမွာ မနက္စာဟာ အလြန္အေရးၾကီး ပါတယ္။ အလုပ္သမား၊ ၀န္ထမ္း၊ေက်ာင္းသားနဲ႔ အိမ္ရွင္မေတြအားလံုး မနက္စာေကာင္းေကာင္း စားျပီးမွ တစ္ေန႔တာအလုပ္ကို ေဆာင္ရြက္သင့္ပါတယ္။ မနက္စာေကာင္းေကာင္းစားျပီးရင္ ေန႔လည္စားကို ပံုမွန္စာသံုးပါ။ ကိုယ္အေလးခ်ိန္ ေလွ်ာ့ဖို႔လိုတဲ့သူေတြက ညေနစာကို ေလွ်ာ့စားသင့္ပါတယ္။ ၀ိတ္က်ေအာင္ မၾကာခဏ ဥပုဓ္ေစာင့္နိဳင္ရင္ သိပ္ေကာင္းပါတယ္။အ၀လြန္ျခင္းေၾကာင့္ ကင္ဆာေရာဂါ၊ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါ၊ ဆီးခ်ိဳ၊ေသြးတိုး၊ အသည္းအဆီဖံုးျခင္းနဲ႔ ေက်ာက္ကပ္ေရာဂါေတြ ျဖစ္နိဳင္ပါတယ္။

အ၀လြန္ျခင္းနဲ႔ နာတာရွည္ေရာဂါေတြကို ကာကြယ္ဖို႔ ဆီေလွ်ာ့စားရမယ္။ အခ်ိဳေလွ်ာ႔စားရမယ္။ အငံနဲ႔ အခ်ိဳ႕မွဳန္႔ကို ေရွာင္ရမယ္။ ပိုးသတ္ေဆးသံုးတဲ့ ဟင္းရြက္သီးႏွံေတြ၊ ၾကာရွည္ခံေအာင္ ျပဳလုပ္ထားတဲ့ အစားအစာေတြဟာလည္း ကင္ဆာျဖစ္ေရာဂါ ျဖစ္ေစနိဳင္ပါတယ္။ ကိုယ္တိုင္စိုက္ပ်ိဳးစားဖို႔ မျဖစ္နိဳင္ေတာ့ စားသမွ်ေတြ ေရာဂါမရေအာင္ တရားအမွတ္နဲ႔ စားရမလိုျဖစ္ေနပါတယ္။ ေဒါက္တာ မင္းတင္မြန္ေရးတဲ့ စာအုပ္မွာ ေတာ္ကူးဆရာေတာ္ ဘုရားက မိန္႔ေတာ္မူထားပါတယ္။ တရားအမွတ္နဲ႔စားရင္ ဘယ္စားစရာမဆို တည့္တယ္လို႔ ဆိုပါတယ္။ ေရာဂါရမွာ ေၾကာက္တဲ့ သူေတြ စားရင္စားတယ္၊ ၀ါးတယ္၊ မ်ိဳခ်တယ္စသျဖင့္ အမွတ္သတိနဲ႔စားပါလို႔ပဲ အၾကံျပဳခ်င္ပါတယ္။ (ကၽြန္မကိုယ္တိုင္ေတာ့ အဲဒီလိုမက်င့္နိဳင္ေသးပါ။)

အစားအေသာက္ကေန ရတဲ့ေရာဂါအႏၱရာယ္ေတြကို ေလွ်ာ့ခ်နိဳင္ဖို႔အတြက္ စားသံုးကုန္ ထုတ္လုပ္သူေတြ၊ စားစရာ ေရာင္းတဲ့သူေတြကို ပညာေပးစည္းရံုးဖို႔လို ပါတယ္။ စားေသာက္ကုန္ ထုတ္လုပ္ေရာင္းခ်မွဳနဲ႔ ပတ္သက္တဲ့ ဥပေဒစည္းကမ္းေတြကို တိတိက်က်လိုက္နာေအာင္ ထိထိေရာက္ေရာက္ အေရးယူတာေတြလည္း ရွိရပါမယ္။ ၀ယ္ယူစားသံုးသူေတြရဲ႕ ေကာင္းက်ိဳးကို ငွဲ႕ညွာတတ္တဲ့ အက်င့္သီလေကာင္းေတြ ေမြးျမဴလာေအာင္ ေလ့က်င့္ ေပးရပါမယ္။ စားသံုးသူေတြ ဘာျဖစ္ျဖစ္၊ ငါပိုက္ဆံရဖို႔၊ အျမတ္မ်ားမ်ားရဖို႔အဓိကလို႔ မေတြးဘဲ၊ သူလည္းခ်မ္းသာ ကိုယ္လည္းရႊင္လန္း ၀မ္းေျမာက္ရေအာင္ ႏွစ္ဦးႏွစ္ဖက္ အက်ိဳးကို စဥ္းစားသင့္လွပါတယ္။ စားသံုးကုန္ ထုတ္လုပ္ေရာင္းခ်သူမ်ား ကိုယ္ခ်င္းစာစိတ္ကေလးထားလုိက္တာနဲ႔ ဆိုးရြားလွတဲ့ ကင္ဆာေရာဂါ အႏၱရာယ္ကို ငါးဆယ္ရာခိုင္နွဳန္းမက ေလွ်ာ့ခ်နိဳင္ပါတယ္။ နိုင္ငံသားေတြ က်န္းမာဖို႔၊ တိုင္းျပည္တျပည္ ဖြံ႔ျဖိဳးတိုးတက္ဖို႔ စားသံုးကုန္ စိုက္ပ်ိဳးထုတ္လုပ္ ေရာင္းခ်သူေတြရဲ႕ အခန္းက႑ဟာ သိပ္ကိုအေရးၾကီးပါတယ္။

ကံ၊စိတ္၊ဥတု၊ အာဟာရဆိုတဲ့ က်န္းမာေစတဲ့ အေၾကာင္းေတြထဲမွာ ကံ( ကိုယ္တိုင္ျပဳေသာကံ)ဟာ နံပါတ္တစ္ေနရာ မွာျဖစ္ပါတယ္။ က်န္းမာျခင္းကို မိမိကိုယ္တိုင္ ျပဳျပင္ဖန္တီးယူရမွာပါ။ ေဆးရံုေဆးခန္းကို အားကိုးမေနပဲ ကိုယ့္အားကိုယ္ကိုး၊ ကိုယ္တာ၀န္ ကိုယ္ယူျပီး၊ က်န္းမာေရးကို ကိုယ္တိုင္ေစာင့္ေရွာက္ ကာကြယ္ၾကဖို႔ တို္က္တြန္းခ်င္ပါတယ္။ ကိုယ္တိုင္က်န္းမာေအာင္ ေနထိုင္ရင္း၊ သူတပါးက်န္းမာေရး ထိခိုက္ေစမဲ့ အျပဳအမူေတြကိုလည္း ေရွာင္ၾကဥ္ေစခ်င္ပါတယ္။ လူတိုင္းကိုယ္စီ က်င့္၀တ္သီလေတြ ေစာင့္ထိန္းၾကရင္၊ ကိုယ္ခ်င္းစာစိတ္ရွိၾကရင္ျဖင့္ က်န္းမားျခင္းဆုလဒ္ၾကီးကို လူတိုင္းနီးပါး ပိုင္ဆိုင္ရပါလိမ့္မယ္။ က်န္းမာေပ်ာ္ရႊင္ၾကပါေစ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: စံပယ္ျဖဴ

# Unicode Version ျဖင့္ ဖတ္ပါ #

ကျန်းမာရေး မကောင်းလို့ ငွေကုန်လူပန်း ဖြစ်နေကြတဲ့ လူနာတွေအတွက် စိတ်မသက်မသာဖြစ်မိလို့ ကျန်းမာခြင်းရဲ့ အကြောင်းတရားတွေဖြစ်တဲ့ ကံ၊စိတ်၊ဥတု၊ အာဟာရ အကြောင်းကို စာတစ်ပုဒ်ရေးဖို့ စိတ်ကူးမိပါတယ်။ မြန်မာတိုင်းရင်း ဆေးပညာနဲ့ ပတ်သက်ပြီးကျွန်မမှာ ဗဟုသုတအခြေခံ မရှိတဲ့အတွက် ကျွန်မလေ့လာမှတ်သားထားတဲ့ အနောက်တိုင်း ဆေးပညာအယူအဆနဲ့ လူနေမှုဘ၀ အတွေးအမြင်အချို့ကို ဆက်စပ်ပြီး ဆွေးနွေးတင်ပြ သွားပါမယ်။

နံပါတ်တစ် အရေးကြီးဆုံးအကြောင်းကတော့ ကံပဲဖြစ်ပါတယ်။ ကံကြောင့် လူတွေကျန်းမာကြတယ်၊ အနာရောဂါ ထူပြောကြတယ်။ ကံဆိုတဲ့နေရာမှာ အတိတ်ဘဝကပြုခဲ့တဲ့ကံ၊ ယခုဘဝပြုခဲ့တဲ့ကံ နှစ်မျိုးလုံးနဲ့ ဆိုင်ပါတယ်။ အရင်ဘဝက သီလမလုံတဲ့လူ၊ သူတစ်ပါးကို ညှင်းပန်းနှိပ်စက်ခဲ့တဲ့လူတွေဟာ အနာရောဂါထူပြောတတ်တယ် ဆိုတာကို ကံ၊ကံ၏ အကျိုးကို ယုံကြည်သူတိုင်း လက်ခံကြပါလိမ့်မယ်။ ဘယ်သူမပြု မိမိမှုဆိုသလို အရင်ဘဝက မကောင်းခဲ့လို့ ဒီဘဝမကျန်းမမာ ဖြစ်နေရသူတွေ နောင်ဘဝကောင်းအောင် သီလစောင့်ဖို့လို ပါတယ်။ သီလစင်ကြယ်ရင်၊ ဝိပသနာ ဘာဝနာပွားနိုင်ရင် ယခုဘဝခံစားနေရတဲ့ ဝေဒနာအချို့ကို သက်သာစေနိုင်ပါတယ်။ အရင်ဘဝက သီလအားကောင်းခဲ့လို့ ကျန်းမာနေသူတွေကလည်း ကျန်းမာရေးနဲ့ ညီညွတ်အောင် နေထိုင်ပြုမူ ဖို့လိုအပ်ပါတယ်။ အချိန်မှန်အိပ်၊ မျှတတဲ့ အာဟာရကို အချိန်မှန်စား၊ လေ့ကျင့်ခန်း ပုံမှန်လုပ်ပြီး၊ ကိုယ်အလေးချိန် ထိန်းရပါမယ်။ ဆေးလိပ်သောက်တာရှောင်ရမယ်။ အရက်အလွန်အကျွံသောက်ခြင်းကို ရှောင်ရမယ်။ အတိတ်ကံ ကောင်းပါလျှက်၊ ဒီဘဝပြုတဲ့ကံ မကောင်းရင်၊ ဆင်ဆင်ခြင်ခြင်မနေရင် ရောဂါထူပါလိမ့်မယ်။

ဒုတိယ အရေးကြီးဆုံးအကြောင်းက စိတ်ပါ။ ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ တိုက်ရိုက်ကို ဆက်စပ်နေ ပါတယ်။ ယခုအဖြစ်များနေတဲ့ နှလုံးရောဂါ၊ ဆီးချို၊သွေးတိုး၊ လေဖြတ်ရောဂါနဲ့ ကင်ဆာရောဂါတွေဟာ အစားအသောက်၊ လူနေမှုစနစ်နဲ့ စိတ်ဖိစီးမှု များလို့ ဖြစ်ရတဲ့ရောဂါတွေ ဖြစ်ပါတယ်။ မလေးရှားမှာ အလုပ်လုပ်နေကြတဲ့ အသက်နှစ်ဆယ် သုံးဆယ်အရွယ်အချို့တွေ သွေးတိုးရှိကြတယ်။ ဆွေမျိုးမိသားစုရဲ့ အကြင်နာ မေတ္တာတွေနဲ့ ကင်းကွာနေရပြီး၊ အဆင်မပြေတာ မကျေနပ်စရာတွေကို နေ့စဉ်ရင်ဆိုင်နေရတဲ့ စိတ်ဖိစီးမှု ဒဏ်တွေကြောင့် ငယ်ငယ်ရွယ်ရွယ်နဲ့ ရောဂါရကြတယ်။ လူနေမှုစနစ် ကမောက်ကမ နိုင်လှပြီး၊ စိတ်ဖိစီးမှုတွေ သိပ်များကြတဲ့ မြန်မာပြည်ကလူတွေ ရောဂါဘယ ထူပြောကြတယ်။ ဆေးကုစရာ ပိုက်ဆံမရှိလို့ အသက်တိုကြတယ်။ အာဖရိကန် နိုင်ငံတွေပြီးရင် မြန်မာပြည်ရဲ့ ပျမ်းမျှလူ့သက်တမ်းဟာ ကမ္ဘာမှာအနိမ့်ဆုံး ဖြစ်နေပါတယ်။

ခေတ်စနစ်ကို ပြင်နိုင်တဲ့ အရည်အချင်း မရှိလေတော့၊ ဆန္ဒနဲ့ ဘ၀ သီးခြားဖြစ်နေရတဲ့ အခြေအနေမှာ ကျွန်မတို့ စိတ်ချမ်းသာ ကိုယ်ကျန်းမာအောင် ဘယ်လိုနေကြမလဲဆိုတာကို အဖြေရှာပြီး နေတတ်အောင် နေကြရုံပဲ ရှိပါတယ်။ သီလစင်ကြယ်စွာနဲ့ အပြစ်ကင်းအောင်နေရင် အတိုင်းအတာတစ်ခုလောက် စိတ်ချမ်းသာမှု ရနိုင်ပါတယ်။ အပြစ်မလုပ် တဲ့သူဟာ အပြစ်ဒဏ်ခံရမှာကို ပူပန်နေစရာမလိုတဲ့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိနေပါတယ်။ မိမိရဲ့ သီလစင်ကြယ်မှုကို ဆင်ခြင်မိတိုင်းလဲ စိတ်ချမ်းသာစရာ ဖြစ်နေပါတယ်။ မေတ္တာပွားခြင်း၊ ဗုဒ္ဒနုဿတိပွားခြင်းနဲ့ သတိပဌာန် ကျင့်စဉ်တွေဟာလည်း စိတ်ကိုကြည်လင် သန့်ရှင်းစေပါတယ်။ စိတ်ချမ်းသာနေရင် အိပ်ပျော်စားဝင်ပြီး၊ ကိုယ်ခံအားကောင်းစေ ပါတယ်။ မြတ်စွာဘုရား ဆုံးမတော်မူခဲ့တဲ့အတိုင်း မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူစင်စိတ်ကိုထားနိုင်ရင် ကျန်းမာပျော်ရွှင်စွာ နေနိုင်ပါတယ်။

ကျန်းမာစေတဲ့ နောက်အကြောင်းတစ်ခုက ရာသီဥတု ဖြစ်ပါတယ်။ ကျွန်မတို့ ရထားတဲ့ ရုပ်ခန္ဓာကြီးက အပူအအေး စတဲ့အပြောင်းအလဲတွေကြောင့် ဖောက်ပြန်ပျက်စီးတတ်တဲ့ သဘောရှိပါတယ်။ ဖောက်ပြန်တတ်တဲ့ ရုပ်ခန္ဓာကြီး ရောဂါမဖြစ်အောင် ဆင်ခြင်နေထိုင်တတ်ဖို့ လိုပါတယ်။ ပူသောရာသီ၊ အေးသောရာသီအလိုက် လိုက်လျောညီထွေ ဖြစ်အောင် နေကြရပါမယ်။

နောက်ဆုံးဖြစ်တဲ့ ကျန်းမာခြင်းအကြောင်းကတော့ အာဟာရ ဖြစ်ပါတယ်။ အစဉ်မပြတ် ဖြစ်ပျက်ပြောင်းလဲနေတဲ့ ရုပ်သဘော နာမ်သဘောတွေကို နေ့စဉ်စားနေတဲ့ အာဟာရက ထောက်ပံ့ပေးထားပါတယ်။ အာဟာရမျှတနေရင် ကိုယ်စိတ်နှစ်ပါး ကျန်းမာစေပါတယ်။ အာဟာရမျှတတယ် ဆိုတဲ့နေရာမမှာ လိုအပ်တာထက် ပိုမစားဖို့လဲ အရေးကြီးပါတယ်။ ဆင်းရဲတဲ့လူတွေ အာဟာရမလုံလောက်လို့ အသက်တိုကြသလို၊ စားနိုင်သောက်နိုင် တဲ့သူတွေကလည်း အစားကျူးလို့ ရောဂါထူကြပါတယ်။ တချို့က အလုပ်များလို့ ကြုံသလိုစားရင်း ရောဂါရကြပါတယ်။

အာဟာရချို့တဲ့လို့ ဖြစ်ရတဲ့ရောဂါတွေကို ကာကွယ်နိုင်ဖို့အတွက် ဆင်းရဲမွဲတေခြင်းက လွတ်မြောက်ရေးကို ထိထိရောက်ရောက် ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေ နို့တိုက်မိခင်တွေ အာဟာရ လုံလောက်ဖို့လိုပါတယ်။ မိခင်နဲ့ ကလေးသူငယ်တွေ အာဟာရလုံလောက်မှ အနာဂတ်မှာ ကျန်းမာကြံ့ခိုင်ပြီး၊ ဉာဏ်ရည်ကောင်းတဲ့ လူ့အရင်းအမြစ်တွေ တိုးပွားလာမှာဖြစ်ပါတယ်။ နေ့စဉ်အာဟာရ စားသုံးတဲ့အခါမှာ မနက်စာဟာ အလွန်အရေးကြီး ပါတယ်။ အလုပ်သမား၊ ဝန်ထမ်း၊ကျောင်းသားနဲ့ အိမ်ရှင်မတွေအားလုံး မနက်စာကောင်းကောင်း စားပြီးမှ တစ်နေ့တာအလုပ်ကို ဆောင်ရွက်သင့်ပါတယ်။ မနက်စာကောင်းကောင်းစားပြီးရင် နေ့လည်စားကို ပုံမှန်စာသုံးပါ။ ကိုယ်အလေးချိန် လျှော့ဖို့လိုတဲ့သူတွေက ညနေစာကို လျှော့စားသင့်ပါတယ်။ ဝိတ်ကျအောင် မကြာခဏ ဥပုဓ်စောင့်နိုင်ရင် သိပ်ကောင်းပါတယ်။အဝလွန်ခြင်းကြောင့် ကင်ဆာရောဂါ၊ နှလုံးသွေးကြောကျဉ်းရောဂါ၊ ဆီးချို၊သွေးတိုး၊ အသည်းအဆီဖုံးခြင်းနဲ့ ကျောက်ကပ်ရောဂါတွေ ဖြစ်နိုင်ပါတယ်။

အဝလွန်ခြင်းနဲ့ နာတာရှည်ရောဂါတွေကို ကာကွယ်ဖို့ ဆီလျှော့စားရမယ်။ အချိုလျှော့စားရမယ်။ အငံနဲ့ အချို့မှုန့်ကို ရှောင်ရမယ်။ ပိုးသတ်ဆေးသုံးတဲ့ ဟင်းရွက်သီးနှံတွေ၊ ကြာရှည်ခံအောင် ပြုလုပ်ထားတဲ့ အစားအစာတွေဟာလည်း ကင်ဆာဖြစ်ရောဂါ ဖြစ်စေနိုင်ပါတယ်။ ကိုယ်တိုင်စိုက်ပျိုးစားဖို့ မဖြစ်နိုင်တော့ စားသမျှတွေ ရောဂါမရအောင် တရားအမှတ်နဲ့ စားရမလိုဖြစ်နေပါတယ်။ ဒေါက်တာ မင်းတင်မွန်ရေးတဲ့ စာအုပ်မှာ တော်ကူးဆရာတော် ဘုရားက မိန့်တော်မူထားပါတယ်။ တရားအမှတ်နဲ့စားရင် ဘယ်စားစရာမဆို တည့်တယ်လို့ ဆိုပါတယ်။ ရောဂါရမှာ ကြောက်တဲ့ သူတွေ စားရင်စားတယ်၊ ဝါးတယ်၊ မျိုချတယ်စသဖြင့် အမှတ်သတိနဲ့စားပါလို့ပဲ အကြံပြုချင်ပါတယ်။ (ကျွန်မကိုယ်တိုင်တော့ အဲဒီလိုမကျင့်နိုင်သေးပါ။)

အစားအသောက်ကနေ ရတဲ့ရောဂါအန္တရာယ်တွေကို လျှော့ချနိုင်ဖို့အတွက် စားသုံးကုန် ထုတ်လုပ်သူတွေ၊ စားစရာ ရောင်းတဲ့သူတွေကို ပညာပေးစည်းရုံးဖို့လို ပါတယ်။ စားသောက်ကုန် ထုတ်လုပ်ရောင်းချမှုနဲ့ ပတ်သက်တဲ့ ဥပဒေစည်းကမ်းတွေကို တိတိကျကျလိုက်နာအောင် ထိထိရောက်ရောက် အရေးယူတာတွေလည်း ရှိရပါမယ်။ ဝယ်ယူစားသုံးသူတွေရဲ့ ကောင်းကျိုးကို ငှဲ့ညှာတတ်တဲ့ အကျင့်သီလကောင်းတွေ မွေးမြူလာအောင် လေ့ကျင့် ပေးရပါမယ်။ စားသုံးသူတွေ ဘာဖြစ်ဖြစ်၊ ငါပိုက်ဆံရဖို့၊ အမြတ်များများရဖို့အဓိကလို့ မတွေးဘဲ၊ သူလည်းချမ်းသာ ကိုယ်လည်းရွှင်လန်း ဝမ်းမြောက်ရအောင် နှစ်ဦးနှစ်ဖက် အကျိုးကို စဉ်းစားသင့်လှပါတယ်။ စားသုံးကုန် ထုတ်လုပ်ရောင်းချသူများ ကိုယ်ချင်းစာစိတ်ကလေးထားလိုက်တာနဲ့ ဆိုးရွားလှတဲ့ ကင်ဆာရောဂါ အန္တရာယ်ကို ငါးဆယ်ရာခိုင်နှုန်းမက လျှော့ချနိုင်ပါတယ်။ နိုင်ငံသားတွေ ကျန်းမာဖို့၊ တိုင်းပြည်တပြည် ဖွံ့ဖြိုးတိုးတက်ဖို့ စားသုံးကုန် စိုက်ပျိုးထုတ်လုပ် ရောင်းချသူတွေရဲ့ အခန်းကဏ္ဍဟာ သိပ်ကိုအရေးကြီးပါတယ်။

ကံ၊စိတ်၊ဥတု၊ အာဟာရဆိုတဲ့ ကျန်းမာစေတဲ့ အကြောင်းတွေထဲမှာ ကံ( ကိုယ်တိုင်ပြုသောကံ)ဟာ နံပါတ်တစ်နေရာ မှာဖြစ်ပါတယ်။ ကျန်းမာခြင်းကို မိမိကိုယ်တိုင် ပြုပြင်ဖန်တီးယူရမှာပါ။ ဆေးရုံဆေးခန်းကို အားကိုးမနေပဲ ကိုယ့်အားကိုယ်ကိုး၊ ကိုယ်တာဝန် ကိုယ်ယူပြီး၊ ကျန်းမာရေးကို ကိုယ်တိုင်စောင့်ရှောက် ကာကွယ်ကြဖို့ တိုက်တွန်းချင်ပါတယ်။ ကိုယ်တိုင်ကျန်းမာအောင် နေထိုင်ရင်း၊ သူတပါးကျန်းမာရေး ထိခိုက်စေမဲ့ အပြုအမူတွေကိုလည်း ရှောင်ကြဉ်စေချင်ပါတယ်။ လူတိုင်းကိုယ်စီ ကျင့်ဝတ်သီလတွေ စောင့်ထိန်းကြရင်၊ ကိုယ်ချင်းစာစိတ်ရှိကြရင်ဖြင့် ကျန်းမားခြင်းဆုလဒ်ကြီးကို လူတိုင်းနီးပါး ပိုင်ဆိုင်ရပါလိမ့်မယ်။ ကျန်းမာပျော်ရွှင်ကြပါစေ။

ဖိုးသူတော် (www.phothutaw.com)
Credit: စံပယ်ဖြူ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top