Golden City Promotion
×



Credit: Thithtoolwin
#Unicode Version#
သုတေသနအသစ်တစ်ခုက ပခုံးနာတယ်ဆိုတာ ပြင်ပကိုက်လက် လှုပ်ရှားမှုကြောင့် ဒဏ်ဖြစ်ပြီး နာတာ ဖြစ်နိုင်သလို နှလုံးရောဂါဖြစ်နိုင်ခြေ များတဲ့ အချက်တချို့ကြောင့် နာတာ လည်း ဖြစ်နိုင်တယ်လို့ သတိပေးခဲ့ပါ တယ်။ ယင်းသုတေသနကို အမေရိကန် University of Utah မှ သုတေသီတွေက လုပ်ဆောင်ခဲ့တာ ဖြစ်ပြီး ၎င်းင်းတို့က တစ်စုံတစ် ယောက်က ပခုံးကြွက်သားတွေ နာနေပြီဆိုရင် ဒါဟာ နှလုံးရောဂါဖြစ် စေနိုင်တဲ့ ပြဿနာတွေကို ဂရုစိုက်ဖို့ အချက်ပြမှုတစ်ခုဖြစ်နိုင်တယ်လို့ အကြံပြု ထားပါတယ်။

သုတေသန အတွက် ကျွမ်းကျင်လုပ်သား ၁၂၂၆ ဦးရဲ့ အချက်အလက်တွေကို စာရင်း လုပ်ခဲ့ပါတယ်။ ရလဒ်တွေအရ နှလုံး ရောဂါဖြစ်နိုင်ခြေများတဲ့ အချက်တွေ ဖြစ်တဲ့ သွေးတိုး၊ ဆီးချိုသွေးချိုရောဂါ နဲ့ သွေးတွင်း အဆီများတဲ့ ပါဝင်သူ တွေက ပခုံးနာတာပိုပြီး ကြုံရလေ့ရှိ တာ တွေ့ရပါတယ်။ ဒါ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေအများဆုံး အချက် တွေရှိနေတဲ့သူတွေက နှလုံးရောဂါ ပိုဖြစ်စေနိုင်တဲ့ အချက်တစ်ခုမှ မရှိသူ တွေထက် ပခုံးနာတာ ကြုံရနိုင်ခြေ ၄.၆ ဆ ပိုများတာ တွေ့ရပါတယ်။

ထိုသူတွေက ပခုံးနာပြီးနောက် ဆက်တွဲလက္ခဏာဖြစ်တဲ့ ပခုံးကြွက် သားထိန်း အရွက်ပြဿနာဖြစ်နိုင် ခြေ ၆ ဆနီးပါး ပိုများတာ တွေ့ရပါ တယ်။ ယင်းသုတေသနကို Occupational and Enviromental Medicine ဂျာနယ်မှာ ပုံနှိပ်ဖော်ပြခဲ့ ပါတယ်။ သုတေသန ခေါင်းဆောင် ပါမောက္ခKurt Hegmann က ပြင်းပြင်း ထန်ထန် လှုပ်ရှားမှုတွေက ပခုံးကြွက်သားတွေ နာစေတဲ့ပြဿနာ လို့ အလွယ်တကူ တွေးကြပေမဲ့ အဲဒီ အချက်က ပခုံးနာစေတဲ့ မူရင်း အကြောင်းအရင်းဖြစ် ချင်မှဖြစ်မှာပါ။ ထပ်ခါထပ်ခါ ဖြစ်ပွားတဲ့ ပခုံးနာကျင် မှုတွေမှာ နှလုံးသွေးကြောရောဂါ ဖြစ်ပွားစေနိုင်တဲ့ အချက်တွေက လှုပ်ရှားမှုကြောင့်ဖြစ်ပွားတဲ့ ပခုံးနာ ကျင်စေတဲ့ အကြောင်းထက်ပိုပြီး အရေးပါပါတယ်။ ဒါကြောင့် သွေး တိုးရောဂါနဲ့ အခြားနှလုံးသွေးကြောရောဂါဖြစ်စေနိုင်တဲ့ အကြောင်း အရင်းတွေကို ထိန်းချုပ်ခြင်းအားဖြင့် ပခုံးနာကျင်မှုကို တစ်ဖက်တစ်လမ်း က သက်သာစေနိုင်တယ်လို့ အကြံပြု ထားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top