Golden City Promotion
×

မူလတန္း၊ အလယ္တန္းနဲ႔ အထက္တန္းၿပ ဆရာ၊ ဆရာမသစ္ ေသာင္းနဲ႔ ခ်ီၿပီး ခန႔္ဖို႔အတြက္ ပညာေရးဝန္ႀကီးဌာနက ျပင္ဆင္ေနပါတယ္။

တနိုင္ငံလုံးက အေျခခံပညာအဆင့္ ေက်ာင္းေတြမွာ ဒီဘာသာရပ္ဆိုင္ရာ ဆရာ၊ ဆရာမေတြကို အခုႏွစ္အတြင္း အၿပီး ခန႔္အပ္ဖို႔ ရွိေနတာလည္း ျဖစ္ပါတယ္။

တိုင္းနယ္ ျပည္နယ္ေတြက အေျခခံပညာအဆင့္ ေက်ာင္းေတြမွာ ဘာသာရပ္ဆိုင္ရာ သင္ၾကားေရး လိုအပ္ခ်က္ေၾကာင့္ ဆရာ၊ ဆရာမ အင္အားတိုးျမႇင့္ ခန႔္အပ္ဖို႔ ပညာေရး ဝန္ႀကီးဌာနက စီမံခ်က္ခ် လုပ္ေဆာင္တာ ျဖစ္ပါတယ္။

တနိုင္ငံလုံးမွာ ရွိတဲ့ ၿမိဳ႕နယ္ေပါင္း (၃၃၀) ေက်ာ္က မူလတန္း အလယ္တန္းနဲ႔ အထက္တန္း အဆင့္ ေက်ာင္းေတြမွာ ဘာသာရပ္ဆိုင္ရာ သင္ၾကားေရး လိုအပ္ခ်က္အေပၚ မူတည္ၿပီး ဆရာ ဆရာမေတြ ခန႔္အပ္ဖို႔ ရွိေနပါတယ္။

ေလာေလာဆယ္ အေျခခံပညာ ဦးစီးဌာနေအာက္ မူလတန္း အလယ္တန္း နဲ႔ အထက္တန္းအဆင့္ ေက်ာင္းေတြမွာ ဆရာ၊ ဆရာမ အင္အား (၃)သိန္းခြဲေက်ာ္ (၄)သိန္းနီးပါးရွိပါတယ္။

အခုထပ္မံ ခန႔္အပ္မယ့္ ဆရာ၊ ဆရာမ အင္အားကေတာ့ အနည္းဆုံး ႏွစ္ေသာင္းေက်ာ္ ရွိနိုင္တယ္ လို႔ ပညာေရးဝန္ႀကီးဌာန ဒုတိယဝန္ႀကီးက ေျပာထားပါတယ္။

အသစ္ခန႔္မယ့္ ဆရာ၊ ဆရာမေနရာ အတြက္လည္း ေလၽွာက္ထားသူေတြဟာ အနည္းဆုံး တကၠသိုလ္ဘြဲ႕ရ ၿပီး သတ္မွတ္ထားတဲ့ ေက်ာင္းဂရိတ္တင္ အမွတ္ ျပည့္မီသူေတြ ျဖစ္ရမယ္လို႔ အရည္အခ်င္း သတ္မွတ္ထားတယ္ ဆိုၿပီး အေျခခံပညာ ဦးစီးဌာနက ေခတၱညႊန္ၾကားေရးမွူးခ်ဳပ္ ေဒါက္တာ ေအာင္နိုင္စိုးက ေျပာပါတယ္။

အခုလို ေသာင္းနဲ႔ ခ်ီၿပီး ဆရာ ဆရာမ အင္အား ျဖည့္တင္းေပးဖို႔ ျပင္ေနေပမယ့္ ေက်ာင္းေတြမွာ ဆရာ ဆရာမဦးေရဟာ ေက်ာင္းသား အခ်ိဳးအစားထက္ နည္းေနတာလို ဆရာ ဆရာမ လိုအပ္ခ်က္ေတြကို ျပည့္မီေအာင္ ျဖည့္တင္းေပးနိုင္ဖို႔ ကေတာ့ လိုေနဦးမွာလို႔ သုံးသပ္တာေတြ ကလည္း ရွိေနဆဲ ျဖစ္ပါတယ္။

ဒါ့အျပင္ ၿမိဳ႕ေပၚမွာထက္ ေက်းလက္ နယ္ေတြမွာ တာဝန္သူ ထမ္းေဆာင္သူ နည္းပါးေနတဲ့ ျပႆနာေတြအျပင္ ဆရာ ဆရာမေတြအတြက္ သင့္တင့္တဲ့ ပညာေရး မြမ္းမံသင္တန္းေတြ ေပးဖို႔ရာမွာလည္း လိုအပ္ခ်က္ေတြ ရွိေနေသးတယ္ ဆိုၿပီး ဆရာ၊ ဆရာမေတြ ဘက္က ေျပာဆိုေနၾကပါတယ္။

BBC Burmese
http://www.bbc.com/burmese
ဖိုးသူေတာ္ (www.phothutaw.com)
Credit: thithtoolwin

#Unicode Version#
မူလတန်း၊ အလယ်တန်းနဲ့ အထက်တန်းပြ ဆရာ၊ ဆရာမသစ် သောင်းနဲ့ ချီပြီး ခန့်ဖို့အတွက် ပညာရေးဝန်ကြီးဌာနက ပြင်ဆင်နေပါတယ်။

တနိုင်ငံလုံးက အခြေခံပညာအဆင့် ကျောင်းတွေမှာ ဒီဘာသာရပ်ဆိုင်ရာ ဆရာ၊ ဆရာမတွေကို အခုနှစ်အတွင်း အပြီး ခန့်အပ်ဖို့ ရှိနေတာလည်း ဖြစ်ပါတယ်။

တိုင်းနယ် ပြည်နယ်တွေက အခြေခံပညာအဆင့် ကျောင်းတွေမှာ ဘာသာရပ်ဆိုင်ရာ သင်ကြားရေး လိုအပ်ချက်ကြောင့် ဆရာ၊ ဆရာမ အင်အားတိုးမြှင့် ခန့်အပ်ဖို့ ပညာရေး ဝန်ကြီးဌာနက စီမံချက်ချ လုပ်ဆောင်တာ ဖြစ်ပါတယ်။

တနိုင်ငံလုံးမှာ ရှိတဲ့ မြို့နယ်ပေါင်း (၃၃၀) ကျော်က မူလတန်း အလယ်တန်းနဲ့ အထက်တန်း အဆင့် ကျောင်းတွေမှာ ဘာသာရပ်ဆိုင်ရာ သင်ကြားရေး လိုအပ်ချက်အပေါ် မူတည်ပြီး ဆရာ ဆရာမတွေ ခန့်အပ်ဖို့ ရှိနေပါတယ်။

လောလောဆယ် အခြေခံပညာ ဦးစီးဌာနအောက် မူလတန်း အလယ်တန်း နဲ့ အထက်တန်းအဆင့် ကျောင်းတွေမှာ ဆရာ၊ ဆရာမ အင်အား (၃)သိန်းခွဲကျော် (၄)သိန်းနီးပါးရှိပါတယ်။

အခုထပ်မံ ခန့်အပ်မယ့် ဆရာ၊ ဆရာမ အင်အားကတော့ အနည်းဆုံး နှစ်သောင်းကျော် ရှိနိုင်တယ် လို့ ပညာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက ပြောထားပါတယ်။

အသစ်ခန့်မယ့် ဆရာ၊ ဆရာမနေရာ အတွက်လည်း လျှောက်ထားသူတွေဟာ အနည်းဆုံး တက္ကသိုလ်ဘွဲ့ရ ပြီး သတ်မှတ်ထားတဲ့ ကျောင်းဂရိတ်တင် အမှတ် ပြည့်မီသူတွေ ဖြစ်ရမယ်လို့ အရည်အချင်း သတ်မှတ်ထားတယ် ဆိုပြီး အခြေခံပညာ ဦးစီးဌာနက ခေတ္တညွှန်ကြားရေးမှူးချုပ် ဒေါက်တာ အောင်နိုင်စိုးက ပြောပါတယ်။

အခုလို သောင်းနဲ့ ချီပြီး ဆရာ ဆရာမ အင်အား ဖြည့်တင်းပေးဖို့ ပြင်နေပေမယ့် ကျောင်းတွေမှာ ဆရာ ဆရာမဦးရေဟာ ကျောင်းသား အချိုးအစားထက် နည်းနေတာလို ဆရာ ဆရာမ လိုအပ်ချက်တွေကို ပြည့်မီအောင် ဖြည့်တင်းပေးနိုင်ဖို့ ကတော့ လိုနေဦးမှာလို့ သုံးသပ်တာတွေ ကလည်း ရှိနေဆဲ ဖြစ်ပါတယ်။

ဒါ့အပြင် မြို့ပေါ်မှာထက် ကျေးလက် နယ်တွေမှာ တာဝန်သူ ထမ်းဆောင်သူ နည်းပါးနေတဲ့ ပြဿနာတွေအပြင် ဆရာ ဆရာမတွေအတွက် သင့်တင့်တဲ့ ပညာရေး မွမ်းမံသင်တန်းတွေ ပေးဖို့ရာမှာလည်း လိုအပ်ချက်တွေ ရှိနေသေးတယ် ဆိုပြီး ဆရာ၊ ဆရာမတွေ ဘက်က ပြောဆိုနေကြပါတယ်။

BBC Burmese
http://www.bbc.com/burmese

ဖိုးသူတော် (www.phothutaw.com)
Credit: thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top