Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

တစ္ခုခုကို တဟတ္ဟတ္နဲ႔ သေဘာက် ရယ္ေမာျခင္းသည္ လမ္းေလွ်ာက္ ေလ့က်င့္ခန္း လုပ္သေလာက္နီးနီး ကယ္လိုရီ ေလာင္ကြ်မ္းေစနိုင္စြမ္း ရိွ၏။

မၾကာမၾကာ တခစ္ခစ္ ရယ္ေမာတတ္သူတို႔၏ ၾကြက္သားမ်ားသည္ မၾကာမၾကာ ကံ်ဳ႕ခ်ည္ ဆန္႔ခ်ည္ျဖစ္ကာ က်န္းမာေရးလႈပ္ရွားသည့္ အလား ျဖစ္သြားသျဖင့္ ကယ္လိုရီ ေလာင္ကြ်မ္းျခင္း ျဖစ္သည္ဟု သိပၸံပညာရွင္မ်ားက ဆိုလိုက္သည္။ တခစ္ခစ္ ရယ္ေမာျခင္းေၾကာင့္ ကယ္လိုရီ ေလာင္ကြ်မ္းနႈန္းသည္ တစ္နာရီလွ်င္ (၁၀) ကယ္လိုရီခန္႔ ရိွေၾကာင္း သိရသည္။

ရယ္ေမာျခင္းနွင့္ ကယ္လိုရီ ေလာင္ကြ်မ္းျခင္း ဆက္စပ္မႈကို ျဗိတိန္မွ ေဒါက္တာ ဟယ္လင္ပီလ္ခ်ာနွင့္ အဖဲြ႔က ျပဳလုပ္ထားျခင္း ျဖစ္သည္။ ျပင္းျပင္းထန္ထန္ ရယ္ေမာေလ ကယ္လိုရီ ေလာင္ကြ်မ္းနႈန္းလည္း ပိုမ်ားေလ ျဖစ္ေၾကာင္း ေဒါက္တာဟယ္လင္က ဆိုသည္။

ဗိုက္ေတြပါနာ၊ အူေတြပါတက္ေအာင္ ရယ္ေမာပါက ခနၶာကိုယ္ ကေန တစ္နာရီလွ်င္ (၁၂၀) ကယ္လိုရီေလာက္ထိ ေလာင္ကြ်မ္းသြားသည္။ ထိုနႈန္းသည္ ပံုမွန္ေလာက္ လမ္းေလွ်ာက္ျခင္းေၾကာင့္ ေလာင္ကြ်မ္းေသာ ကယ္လိုရီပမာဏနွင့္ ညီမွ်သည္။

ဗိုက္ေအာင့္ေလာက္ေအာင္ မဟုတ္ေသာ္လည္း အားရပါးရ ရယ္ေမာျခင္းသည္လည္း တစ္နာရီလွ်င္ ကယ္လိုရီ (၁၀၀) နႈန္းေလာက္ထိ ေလာင္ကြ်မ္းေစသည္။ တခစ္ခစ္ ရယ္ေမာျခင္းသည္ကား တစ္နာရီလွ်င္ (၂၀) ကယ္လိုရီေလာက္ ေလာင္ကြ်မ္းေစသည္။

ရယ္ေမာျခင္းသည္ ဗိုက္ၾကြက္သားမ်ားကို ညွစ္ေပးရာလည္း ေရာက္သျဖင့္ ထိုင္ေနရင္း ဗိုက္ၾကြက္သားမ်ား က်စ္လ်စ္ သန္မာေစသည့္ အကိ်ဳးကိုရသည္။ တီဗီၾကည့္လွ်င္ ဟာသကား မ်ားမ်ားၾကည့္ပါက ထိုင္ေနရင္း ဗိုက္ၾကြက္သား က်စ္လ်စ္သည့္ အကိ်ဳးကိုပါ ရရိွေစသည္ဟု ေဒါက္တာ ဟယ္လင္က အၾကံျပဳသည္။

ရယ္ေမာျခင္းသည္ ေသြးစီးဆင္းမႈကိုလည္း ေကာင္းမြန္ေစသည္။ နွလံုးေသြး ညွစ္အားကိုလည္း ေကာင္းမြန္ေစျပီး နွလံုးက်န္းမာေအာင္ ကူေပးရာ ေရာက္သည္။ တစ္ျပိဳင္တည္းမွာပင္ ကယ္လိုရီ ေလာင္ကြ်မ္းမႈလည္း မ်ားျပားသျဖင့္ လူသည္ က်စ္လ်စ္က်န္းမာသည့္ အကိ်ဳးကို ရရိွေစသည္ဟု ေဒါက္တာဟယ္လင္က ဆိုလိုက္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lutawlupyaw
#Unicode Version#
တစ်ခုခုကို တဟတ်ဟတ်နဲ့ သဘောကျ ရယ်မောခြင်းသည် လမ်းလျှောက် လေ့ကျင့်ခန်း လုပ်သလောက်နီးနီး ကယ်လိုရီ လောင်ကျွမ်းစေနိုင်စွမ်း ရှိ၏။

မကြာမကြာ တခစ်ခစ် ရယ်မောတတ်သူတို့၏ ကြွက်သားများသည် မကြာမကြာ ကံျု့ချည် ဆန့်ချည်ဖြစ်ကာ ကျန်းမာရေးလှုပ်ရှားသည့် အလား ဖြစ်သွားသဖြင့် ကယ်လိုရီ လောင်ကျွမ်းခြင်း ဖြစ်သည်ဟု သိပ္ပံပညာရှင်များက ဆိုလိုက်သည်။ တခစ်ခစ် ရယ်မောခြင်းကြောင့် ကယ်လိုရီ လောင်ကျွမ်းနှုန်းသည် တစ်နာရီလျှင် (၁၀) ကယ်လိုရီခန့် ရှိကြောင်း သိရသည်။

ရယ်မောခြင်းနှင့် ကယ်လိုရီ လောင်ကျွမ်းခြင်း ဆက်စပ်မှုကို ဗြိတိန်မှ ဒေါက်တာ ဟယ်လင်ပီလ်ချာနှင့် အဖွဲ့က ပြုလုပ်ထားခြင်း ဖြစ်သည်။ ပြင်းပြင်းထန်ထန် ရယ်မောလေ ကယ်လိုရီ လောင်ကျွမ်းနှုန်းလည်း ပိုများလေ ဖြစ်ကြောင်း ဒေါက်တာဟယ်လင်က ဆိုသည်။

ဗိုက်တွေပါနာ၊ အူတွေပါတက်အောင် ရယ်မောပါက ခန္ဓာကိုယ် ကနေ တစ်နာရီလျှင် (၁၂၀) ကယ်လိုရီလောက်ထိ လောင်ကျွမ်းသွားသည်။ ထိုနှုန်းသည် ပုံမှန်လောက် လမ်းလျှောက်ခြင်းကြောင့် လောင်ကျွမ်းသော ကယ်လိုရီပမာဏနှင့် ညီမျှသည်။

ဗိုက်အောင့်လောက်အောင် မဟုတ်သော်လည်း အားရပါးရ ရယ်မောခြင်းသည်လည်း တစ်နာရီလျှင် ကယ်လိုရီ (၁၀၀) နှုန်းလောက်ထိ လောင်ကျွမ်းစေသည်။ တခစ်ခစ် ရယ်မောခြင်းသည်ကား တစ်နာရီလျှင် (၂၀) ကယ်လိုရီလောက် လောင်ကျွမ်းစေသည်။

ရယ်မောခြင်းသည် ဗိုက်ကြွက်သားများကို ညှစ်ပေးရာလည်း ရောက်သဖြင့် ထိုင်နေရင်း ဗိုက်ကြွက်သားများ ကျစ်လျစ် သန်မာစေသည့် အကျိုးကိုရသည်။ တီဗီကြည့်လျှင် ဟာသကား များများကြည့်ပါက ထိုင်နေရင်း ဗိုက်ကြွက်သား ကျစ်လျစ်သည့် အကျိုးကိုပါ ရရှိစေသည်ဟု ဒေါက်တာ ဟယ်လင်က အကြံပြုသည်။

ရယ်မောခြင်းသည် သွေးစီးဆင်းမှုကိုလည်း ကောင်းမွန်စေသည်။ နှလုံးသွေး ညှစ်အားကိုလည်း ကောင်းမွန်စေပြီး နှလုံးကျန်းမာအောင် ကူပေးရာ ရောက်သည်။ တစ်ပြိုင်တည်းမှာပင် ကယ်လိုရီ လောင်ကျွမ်းမှုလည်း များပြားသဖြင့် လူသည် ကျစ်လျစ်ကျန်းမာသည့် အကျိုးကို ရရှိစေသည်ဟု ဒေါက်တာဟယ်လင်က ဆိုလိုက်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: lutawlupyaw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top