ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ဒီတစ္ပတ္အားလပ္ရက္မွာ ဖတ္စရာအျဖစ္ 7Day Daily နဲ႔ 7Day News Journal တို႔မွာ ေဆာင္းပါးေတြမျပတ္ ေရးသား ေနတဲ့ ဆရာမင္းသန္းထုိက္(ေဒး ဒရဲ)ရဲ႕ စာအုပ္နဲ႔ ဆရာျမင့္မိုရ္ေဆြ ရဲ႕ စာအုပ္တို႔ကုိေရြးခ်ယ္ထားပါ တယ္။
ယခုရက္ပုိင္းအတြင္း ထြက္ လာတဲ့ စာအုပ္ေတြထဲမွာဆရာ မင္းသန္းထုိက္(ေဒးဒရဲ)ရဲ႕ လွပ ေသာ အနာဂတ္ဆီသုိ႔ နဲ႔ ဆရာ ျမင့္မုိရ္ေဆြရဲ႕ ကတၱီပါဖိနပ္က ေလးေတာင္မွ မႏုိင္ စာအုပ္ေတြ လည္း ပါ၀င္ပါတယ္။ ဒီႏွစ္အုပ္ စလုံးမွာ ပါတဲ့ေဆာင္းပါးအမ်ားစု ကေတာ့ 7Day News Journal နဲ႔ 7Day Daily တို႔မွာေဖာ္ျပၿပီး သားျဖစ္ပါတယ္။ ဒီလုိေဖာ္ျပ ထားတဲ့ ေဆာင္းပါးေတြကုိ တ ေပါင္းတစည္းတည္း စုစည္းၿပီး စာအုပ္အျဖစ္ထုတ္ေ၀လာတာ ပါ။ စာေရးသားရာမွာပဓာနတရား ျဖစ္တဲ့ ေစတနာ ပါတဲ့စာေရးဆရာ ႏွစ္ေယာက္ရဲ႕စာေတြျဖစ္လုိ႔ အား လပ္ရက္မွာ အပန္းလည္းေျပ၊ ဗဟုသုတလည္းရေစခ်င္လုိ႔ ယခု လုိၫႊန္းဆုိရျခင္းပါ။ ဆရာမင္း သန္းထိုက္ရဲ႕ စာအုပ္မွာ ပညာ ေရး၊ ႏုိင္ငံေရး၊ လူငယ္ေရးရာ၊ လယ္ယာစုိက္ပ်ိဳးေရးနဲ႔ အေထြ ေထြဆုိၿပီး က႑မ်ားခြဲကာေဆာင္းပါးစုစုေပါင္း ၃၅ ပုဒ္ ပါ၀င္ပါတယ္။  ေခတ္ကာလနဲ႔ ေလ်ာ္ညီတဲ့ လုိင္စင္ရ ဆူညံသံမ်ား ေဆာင္းပါးမွာ ‘ေဟာ ...သီတင္း ကြၽတ္ပြဲေတာ္ၿပီးေတာ့ လာပါၿပီ၊ တန္ေဆာင္မုန္း တန္ေဆာင္တုိင္။ ဆြမ္းလုံးခ်ပြဲေတာ္အတြက္၊ ပေဒ သာပင္အတြက္ အလွဴခံမ႑ပ္ ေတြ ဖြင့္ၾကျပန္ပါၿပီ။ အခ်ိဳ႕ မ႑ပ္ေတြက တန္ေဆာင္မုန္းလဆန္းကတည္းက အလွဴခံၾက သည္။ ပေဒသာပင္ေတြကုိ သူ႕ ထက္ငါ တန္ဖုိးႀကီးႀကီးသီးႏုိင္ ေအာင္ ၿမိဳ႕ထဲရြာထဲပါလွည့္ၿပီး အလွဴခံၾကသည္။ ဒီေနရာမွာ လည္း အဓိကဇာတ္ေဆာင္ေတြ က အသံခ်ဲ႕စက္မ်ား၊ ေဆာင္း ေဘာက္မ်ား၊ အခ်ိဳ႕က တီး၀ုိင္း ေတြေတာင္ပါလုိက္ေသး၏။ နား ေထာင္ခ်င္ခ်င္ မခ်င္ခ်င္။ မၾကား ခ်င္နားသာပိတ္ထား။ ဘာသာ ေရးသာသနာေရးဟူသည့္ ေခါင္း စဥ္ေအာက္မွာ သူတို႔တရား၀င္ ဆူညံခြင့္လုိင္စင္ရထားသည္။ သက္ႀကီးရြယ္အုိေတြ၊ က်န္းမာ ေရးမေကာင္းသူေတြအတြက္ အ ေတာ္ပင္ ဒုကၡေရာက္ရသည္။ ကုိယ့္အိမ္ကုိယ့္ရာကေန ဘယ္မွ လည္း ထြက္ေျပးလုိ႔မရ။ ဆူညံသံ ေတြက ၿမိဳ႕အႏွံ႕ေနရာတိုင္းမွာ ရွိ ေနသည္’ လုိ႔ေရးထားပါတယ္။

က်န္တစ္အုပ္ျဖစ္တဲ့ ဆရာ ျမင့္မုိရ္ေဆြရဲ႕ စာအုပ္မွာေတာ့ ေဆာင္းပါးစုစုေပါင္း ၂၆ ပုဒ္ပါ ၀င္ၿပီး ကတၱီပါဖိနပ္ကေလး ေတာင္မွ မႏုိင္ ဆုိတဲ့ေတးေရး ဆရာနန္းေတာ္ေရွ႕ဆရာတင္ရဲ႕ စာသားအတိုင္း မ်က္ေမွာက္ ေခတ္ျမန္မာ့လူ႕ေဘာင္မွာ ျမန္မာ အမ်ိဳးသမီး၊ အမ်ိဳးသားေတြေသး ေသးေကြးေကြးျဖစ္လာပုံကုိ‘မ်က္ ႏွာကေခ်ာင္ေခ်ာင္ လူေကာင္က ပိန္ပိန္ေသး၊ အရပ္က ပုပုေလး မ်ားကုိ ေနရာအေတာ္မ်ားမ်ား၌ ေတြ႕ရွိႏုိင္၏။ ေျခသလုံးကေသး ၿပီး ေပါင္လုံးက ၾကေသာင္း၀ါးသာ သာ၊ ရင္အုပ္က ျပားခ်ပ္ခ်ပ္၊ ႂကြက္သားထုတ္ျပစရာ အလြန္ ေခါင္းပါးေသာ ႀကံဳလွီလွီျမန္မာ လူငယ္မ်ားမွာ ၿမိဳ႕ျပေဒသမ်ား တြင္ အမ်ားဆုံးျဖစ္၏။ လမ္းေဘး လက္ဖက္ရည္ဆိုင္ႏွင့္ ဘီယာ ဆုိင္တြင္ အေပါဆုံးျဖစ္၏။ ဆရာ ၿမိဳ႕မၿငိမ္း၏ ‘‘ေဟာဟုိလူ ရင္ ဘတ္သား၊ ႂကြက္သားအဖုအဖု ထုထုၿပီး ခရာခ်င္စရာကြယ္’’ ဟူေသာ အဖြဲ႕အႏြဲ႕ႏွင့္ညီၫြတ္ ေသာ ထုစရာရင္ဘတ္သားမွာ အ လြန္ရွားပါးကုန္၏။ ေရွးအခါက လုိ ေသွ်ာင္တေစာင္းထုံးရမည္ဆုိ လွ်င္ ေခါင္းႀကီးကုိယ္ေသးၿပီး ‘‘မွင္စာေလးကြ’’ ဟု အေခၚခံရမွာ ေသခ်ာလွ၏။ ေရွးျမန္မာႀကီးမ်ား ကဲ့သုိ႔ ထုိးကြင္းထုိးရမည္ဆုိလွ်င္ ေပါင္မွာ အသားရွာမရ၍ တင္ပါး ပိန္ခ်ပ္ခ်ပ္မွ ရွိစုမဲ့စုအသားစုအ ေပၚ ထုိးရကြင္းရမည့္ကိန္းႏွင့္ႀကံဳ ေန၏။ အရပ္အေမာင္း ေထာင္ ေထာင္ေမာင္းေမာင္း ဟူေသာ ေ၀ါဟာရမွာ သုံးစရာေနရာရွားပါး ၿပီး ေပါရာဏဟု ထင္သူေတြရွိ လာ၏။ ႐ုပ္ရွင္မင္းသားမ်ားကုိ ၾကည့္လွ်င္ လြတ္လပ္ေရးမရမီ နယ္ခ်ဲ႕ေခတ္ကာလမွာ ခ်စ္ေဆြ ႀကီး၊ ခင္ေမာင္ရင္၊ ဘတင့္၊ ဘ ျမင့္စသည့္ မင္းသားမ်ားႏွင့္လြတ္ လပ္ေရးရရွိၿပီးေနာက္ အထူး ေက်ာ္ၾကားေသာ ေမာင္တင္ ေမာင္၊ ေက်ာ္ေဆြ၊ ေရႊဘ၊ တင္ ၫြန္႔၊ ထြန္းေ၀၊ ေမာင္ေမာင္တာ၊ ေဇာ္လြင္၊ ျမတ္ေလး၊ ၫြန္႔၀င္း စသည့္ မင္းသားမ်ားအားလုံး သည္ ေပမီေဒါက္မီေယာက်္ားပီ သသူမ်ားျဖစ္ၾက၏။ ေနာင္တြင္ ေပမီေဒါက္မီမ်ား ရွိပါေသာ္လည္း ႏုႏုဖတ္ဖတ္ေတြ ပုိ၍ေခတ္စား လာ၏။ တျဖည္းျဖည္းပုပုေသး ေသး မင္းသားေလးမ်ား၀င္ ေရာက္ေနရာယူလာၾကျပန္၏။ ႐ုပ္ရွင္မင္းသမီးမ်ားမွာလည္း ပိန္ မွ၊ ပုမွ၊ ေသးေသးက်စ္က်စ္မွ ၾကည့္ေကာင္းသည္ဟု အမႊမ္း တင္ၿပီး ေျမေတာင္ေျမႇာက္ခံရသူ မ်ား အလြန္မ်ားျပားလာ၏’ လုိ႔ ေရးထားပါတယ္။

ဆရာမင္းသန္းထုိက္(ေဒး ဒရဲ)ရဲ႕စာအုပ္ကုိ လင္းသစ္ေရာင္ စဥ္စာေပက တန္ဖုိး ၂,၅၀၀ က်ပ္ နဲ႔ထုတ္ေ၀ၿပီး ဆရာျမင့္မုိရ္ေဆြ ရဲ႕ စာအုပ္ကုိေတာ့ ျမန္မာျမင့္ စာေပက တန္ဖုိး ၂,၅၀၀ က်ပ္နဲ႔ ပဲျဖန္႔ခ်ိထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဒီတစ်ပတ်အားလပ်ရက်မှာ ဖတ်စရာအဖြစ် 7Day Daily နဲ့ 7Day News Journal တို့မှာ ဆောင်းပါးတွေမပြတ် ရေးသား နေတဲ့ ဆရာမင်းသန်းထိုက်(ဒေး ဒရဲ)ရဲ့ စာအုပ်နဲ့ ဆရာမြင့်မိုရ်ဆွေ ရဲ့ စာအုပ်တို့ကိုရွေးချယ်ထားပါ တယ်။
ယခုရက်ပိုင်းအတွင်း ထွက် လာတဲ့ စာအုပ်တွေထဲမှာဆရာ မင်းသန်းထိုက်(ဒေးဒရဲ)ရဲ့ လှပ သော အနာဂတ်ဆီသို့ နဲ့ ဆရာ မြင့်မိုရ်ဆွေရဲ့ ကတ္တီပါဖိနပ်က လေးတောင်မှ မနိုင် စာအုပ်တွေ လည်း ပါဝင်ပါတယ်။ ဒီနှစ်အုပ် စလုံးမှာ ပါတဲ့ဆောင်းပါးအများစု ကတော့ 7Day News Journal နဲ့ 7Day Daily တို့မှာဖော်ပြပြီး သားဖြစ်ပါတယ်။ ဒီလိုဖော်ပြ ထားတဲ့ ဆောင်းပါးတွေကို တ ပေါင်းတစည်းတည်း စုစည်းပြီး စာအုပ်အဖြစ်ထုတ်ဝေလာတာ ပါ။ စာရေးသားရာမှာပဓာနတရား ဖြစ်တဲ့ စေတနာ ပါတဲ့စာရေးဆရာ နှစ်ယောက်ရဲ့စာတွေဖြစ်လို့ အား လပ်ရက်မှာ အပန်းလည်းပြေ၊ ဗဟုသုတလည်းရစေချင်လို့ ယခု လိုညွှန်းဆိုရခြင်းပါ။ ဆရာမင်း သန်းထိုက်ရဲ့ စာအုပ်မှာ ပညာ ရေး၊ နိုင်ငံရေး၊ လူငယ်ရေးရာ၊ လယ်ယာစိုက်ပျိုးရေးနဲ့ အထွေ ထွေဆိုပြီး ကဏ္ဍများခွဲကာဆောင်းပါးစုစုပေါင်း ၃၅ ပုဒ် ပါဝင်ပါတယ်။  ခေတ်ကာလနဲ့ လျော်ညီတဲ့ လိုင်စင်ရ ဆူညံသံများ ဆောင်းပါးမှာ ‘ဟော ...သီတင်း ကျွတ်ပွဲတော်ပြီးတော့ လာပါပြီ၊ တန်ဆောင်မုန်း တန်ဆောင်တိုင်။ ဆွမ်းလုံးချပွဲတော်အတွက်၊ ပဒေ သာပင်အတွက် အလှူခံမဏ္ဍပ် တွေ ဖွင့်ကြပြန်ပါပြီ။ အချို့ မဏ္ဍပ်တွေက တန်ဆောင်မုန်းလဆန်းကတည်းက အလှူခံကြ သည်။ ပဒေသာပင်တွေကို သူ့ ထက်ငါ တန်ဖိုးကြီးကြီးသီးနိုင် အောင် မြို့ထဲရွာထဲပါလှည့်ပြီး အလှူခံကြသည်။ ဒီနေရာမှာ လည်း အဓိကဇာတ်ဆောင်တွေ က အသံချဲ့စက်များ၊ ဆောင်း ဘောက်များ၊ အချို့က တီးဝိုင်း တွေတောင်ပါလိုက်သေး၏။ နား ထောင်ချင်ချင် မချင်ချင်။ မကြား ချင်နားသာပိတ်ထား။ ဘာသာ ရေးသာသနာရေးဟူသည့် ခေါင်း စဉ်အောက်မှာ သူတို့တရားဝင် ဆူညံခွင့်လိုင်စင်ရထားသည်။ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာ ရေးမကောင်းသူတွေအတွက် အ တော်ပင် ဒုက္ခရောက်ရသည်။ ကိုယ့်အိမ်ကိုယ့်ရာကနေ ဘယ်မှ လည်း ထွက်ပြေးလို့မရ။ ဆူညံသံ တွေက မြို့အနှံ့နေရာတိုင်းမှာ ရှိ နေသည်’ လို့ရေးထားပါတယ်။

ကျန်တစ်အုပ်ဖြစ်တဲ့ ဆရာ မြင့်မိုရ်ဆွေရဲ့ စာအုပ်မှာတော့ ဆောင်းပါးစုစုပေါင်း ၂၆ ပုဒ်ပါ ဝင်ပြီး ကတ္တီပါဖိနပ်ကလေး တောင်မှ မနိုင် ဆိုတဲ့တေးရေး ဆရာနန်းတော်ရှေ့ဆရာတင်ရဲ့ စာသားအတိုင်း မျက်မှောက် ခေတ်မြန်မာ့လူ့ဘောင်မှာ မြန်မာ အမျိုးသမီး၊ အမျိုးသားတွေသေး သေးကွေးကွေးဖြစ်လာပုံကို‘မျက် နှာကချောင်ချောင် လူကောင်က ပိန်ပိန်သေး၊ အရပ်က ပုပုလေး များကို နေရာအတော်များများ၌ တွေ့ရှိနိုင်၏။ ခြေသလုံးကသေး ပြီး ပေါင်လုံးက ကြသောင်းဝါးသာ သာ၊ ရင်အုပ်က ပြားချပ်ချပ်၊ ကြွက်သားထုတ်ပြစရာ အလွန် ခေါင်းပါးသော ကြုံလှီလှီမြန်မာ လူငယ်များမှာ မြို့ပြဒေသများ တွင် အများဆုံးဖြစ်၏။ လမ်းဘေး လက်ဖက်ရည်ဆိုင်နှင့် ဘီယာ ဆိုင်တွင် အပေါဆုံးဖြစ်၏။ ဆရာ မြို့မငြိမ်း၏ ‘‘ဟောဟိုလူ ရင် ဘတ်သား၊ ကြွက်သားအဖုအဖု ထုထုပြီး ခရာချင်စရာကွယ်’’ ဟူသော အဖွဲ့အနွဲ့နှင့်ညီညွတ် သော ထုစရာရင်ဘတ်သားမှာ အ လွန်ရှားပါးကုန်၏။ ရှေးအခါက လို သျှောင်တစောင်းထုံးရမည်ဆို လျှင် ခေါင်းကြီးကိုယ်သေးပြီး ‘‘မှင်စာလေးကွ’’ ဟု အခေါ်ခံရမှာ သေချာလှ၏။ ရှေးမြန်မာကြီးများ ကဲ့သို့ ထိုးကွင်းထိုးရမည်ဆိုလျှင် ပေါင်မှာ အသားရှာမရ၍ တင်ပါး ပိန်ချပ်ချပ်မှ ရှိစုမဲ့စုအသားစုအ ပေါ် ထိုးရကွင်းရမည့်ကိန်းနှင့်ကြုံ နေ၏။ အရပ်အမောင်း ထောင် ထောင်မောင်းမောင်း ဟူသော ဝေါဟာရမှာ သုံးစရာနေရာရှားပါး ပြီး ပေါရာဏဟု ထင်သူတွေရှိ လာ၏။ ရုပ်ရှင်မင်းသားများကို ကြည့်လျှင် လွတ်လပ်ရေးမရမီ နယ်ချဲ့ခေတ်ကာလမှာ ချစ်ဆွေ ကြီး၊ ခင်မောင်ရင်၊ ဘတင့်၊ ဘ မြင့်စသည့် မင်းသားများနှင့်လွတ် လပ်ရေးရရှိပြီးနောက် အထူး ကျော်ကြားသော မောင်တင် မောင်၊ ကျော်ဆွေ၊ ရွှေဘ၊ တင် ညွန့်၊ ထွန်းဝေ၊ မောင်မောင်တာ၊ ဇော်လွင်၊ မြတ်လေး၊ ညွန့်ဝင်း စသည့် မင်းသားများအားလုံး သည် ပေမီဒေါက်မီယောကျ်ားပီ သသူများဖြစ်ကြ၏။ နောင်တွင် ပေမီဒေါက်မီများ ရှိပါသော်လည်း နုနုဖတ်ဖတ်တွေ ပို၍ခေတ်စား လာ၏။ တဖြည်းဖြည်းပုပုသေး သေး မင်းသားလေးများဝင် ရောက်နေရာယူလာကြပြန်၏။ ရုပ်ရှင်မင်းသမီးများမှာလည်း ပိန် မှ၊ ပုမှ၊ သေးသေးကျစ်ကျစ်မှ ကြည့်ကောင်းသည်ဟု အမွှမ်း တင်ပြီး မြေတောင်မြှောက်ခံရသူ များ အလွန်များပြားလာ၏’ လို့ ရေးထားပါတယ်။

ဆရာမင်းသန်းထိုက်(ဒေး ဒရဲ)ရဲ့စာအုပ်ကို လင်းသစ်ရောင် စဉ်စာပေက တန်ဖိုး ၂,၅၀၀ ကျပ် နဲ့ထုတ်ဝေပြီး ဆရာမြင့်မိုရ်ဆွေ ရဲ့ စာအုပ်ကိုတော့ မြန်မာမြင့် စာပေက တန်ဖိုး ၂,၅၀၀ ကျပ်နဲ့ ပဲဖြန့်ချိထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top