Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သင္၏ သြားတိုက္ေဆး တြင္ ေဘးျဖစ္ေစေသာ ပစၥည္း အဆိပ္အေတာက္ မ်ား ပါေနၿပီလား
သြားတိုက္ေဆး တြင္ ကၽြႏ္ုပ္တို႔၏ သြား နွင့္ ခံတြင္း က်န္းမာေရး ကို ေဘးအႏၱရာယ္ ျဖစ္ေစေသာ ပစၥည္းမ်ားပါ၀င္ေနသလား မသိႏိုင္ပါဘူး။ ပံုမွန္အားျဖင့္ ကၽြႏ္ုပ္ တို႔သည္ စတိုးဆိုင္ ရိွ ႀကံဳရာက်ပန္းသြားတိုက္ေဆးတစ္ခုခုကို ပါ၀င္ပစၥည္းေသခ်ာစြာမဖတ္ဘဲ ၀ယ္မိတတ္ၾကသည္။ နာမည္ႀကီးတံဆိပ္ သြားတိုက္ေဆး ျဖစ္ေစ၊ သဘာ၀ သြားတိုက္ေဆး ျဖစ္ေစ ေဘးျဖစ္ေစေသာ ပစၥည္းပါ၀င္ေနမည္မွာ အမွန္ပင္ျဖစ္သည္။
သြားတိုက္ေဆး တြင္ ပါ၀င္ေသာအႏၱရာယ္ရိွပစၥည္းမ်ား
ဆိုဒီယမ္ဖလုိရိုက္ (sodium fluoride) သည္ သြားတိုက္ေဆး တြင္ အဓိကပါ၀င္ပစၥည္းျဖစ္သလို ၾကြက္သတ္ေဆးလည္းျဖစ္သည္။ ၎သည္ သြားတြင္အေပါက္မ်ားမျဖစ္ေအာင္ ကာကြယ္ေပးေသာ သြားဆရာ၀န္ မ်ား အသိအမွတ္ျပဳထားေသာဓာတုပစၥည္းလည္းျဖစ္ သည္။ သုိ႔ေသာ္ သြားတိုက္ေဆး တစ္ေတာင့္တြင္ ပါ၀င္ေသာဆိုဒီယမ္ဖလိုရိုက္ ပမာဏဟာ ကေလးငယ္ေလးတစ္ေယာက္ကို ေသေစႏိုင္တယ္ဆိုတာကို ကၽြႏ္ုပ္တို႔ သတိမျပဳ မိပါဘူး။ ထုိ႔ေၾကာင့္ သြားတိုက္ေဆးကို ကေလးေတြ လက္လွမ္းမီေသာေနရာတြင္မထားဖို ့ အျမဲသတိေပးေနရျခင္း ျဖစ္ပါတယ္။
Sodium Lauryl Sulfate (SLS) ကေတာ့ အႏၱရာယ္ အရိွဆံုး ပါ၀င္ပစၥည္းျဖစ္ပါတယ္။ ၎က သြားတိုက္ေဆးအျမွဳပ္ထြက္ေအာင္ လုပ္ေပးပါတယ္။ SLS ကို ဆီခၽြတ္ေဆး ၊ အင္ဂ်င္ေၾကးခၽြတ္ ေဆး၊ ကားေရေဆးဆပ္ျပာတို႔တြင္ အသံုးျပဳၿပီး ကၽြႏ္ုပ္တို႔၏ က်န္းမာေရးကို ေဘးျဖစ္ေစႏိုင္ပါတယ္။
Triclosan ပိုးသတ္ေဆးကို သြားတိုက္ေဆးေတာ္ေတာ္မ်ားမ်ားတြင္ ေတြ႔ေနရၿပီး တခ်ဳိ႕ေသာ အႏၱရာယ္ ရိွ ဓာတုပစၥည္း မ်ားသည္ Triclosan ႏွင့္တူညီေသာ ပံုစံႏွင့္ ေဖာ္ျမဴလာရိွၾက သည္။ ၎သည္ အေရျပားႏွင့္ထိေတြ ့မိလွ်င္ ေရာင္ရမ္းျပီးေနရခက္ျခင္းကိုျဖစ္ေစႏုိင္သလို ခႏၶာကိုယ္ထဲ ေရာက္သြားပါက ေခၽြးေစး မ်ား ျပန္ျခင္း၊ ေသြးေပါင္က်ျခင္း၊ တက္ျခင္း၊ ကိုမာျဖစ္ျခင္းႏွင့္ အသက္ဆံုးရံႈးျခင္းမ်ား ျဖစ္ႏုိင္ သည္။
Hydrated Silica သည္ သြားျဖဴေစေသာ ပစၥည္းျဖစ္ၿပီး အေပၚယံေၾကြလႊာကို ပ်က္စီးေစႏိုင္ပါတယ္။ ကၽြႏ္ုပ္တို႔အားလံုးသည္ သြားျဖဴတာကို ႏွစ္သက္ေသာေၾကာင့္ သြားျဖဴေစေသာ ကုန္ပစၥည္းမ်ားကို ေရြးခ်ယ္၀ယ္ယူၾကပါတယ္။ ဒါေၾကာင့္လည္း ကုန္ပစၥည္းထုတ္လုပ္သူေတြက သြားတိုက္ ေဆးမ်ားတြင္ Hydrated silica ကို ထည့္ေလ့ရိွပါတယ္။ ဒါေပမဲ့ ဒီလိုဓာတုပစၥည္းမ်ားသည္ ဖန္သားကိုသန္႔စင္ေအာင္ သဲႏွင့္ ပြတ္တိုက္သကဲ့သို႔ ကၽြႏု္ပ္တို႔သြား၏အေပၚယံ ေၾကြလႊာကို ပ်က္စီးေစႏိုင္တာကို မသိၾကပါဘူး။
တာရွည္ခံပစၥည္းမ်ား
ဆိုးေဆးမ်ား
Artificial sweeteners လို ့ေခၚတဲ့ ျပဳလုပ္ထားေသာ အခ်ဳိတု မ်ားကို ကေလး သြားတိုက္ေဆး မ်ား တြင္ အသံုးျပဳသည္။
အႏၱရာယ္ ကင္းေသာ သြားတိုက္ေဆး မ်ားကို ဘယ္လိုေရြးခ်ယ္ မလဲ။
ကေလး
ကေလး သြားတိုက္ေဆး မ်ားသည္ ၂ႏွစ္ႏွင့္အထက္ ကေလးမ်ားအတြက္သာ ျဖစ္သည္။ ဒါဆို အေမမ်ားသည္ ကေလးငယ္မ်ား၏ သြားမ်ားကို ဘယ္လို သန္႔ရွင္း ပးရမလဲဟု ေမးစရာရိွသည္။ ေယဘုယ်အားျဖင့္ သြားတိုက္ေဆးမ်ားသည္ ပါးစပ္သန္႔ရွင္းေရးအတြက္ မလိုအပ္ပါဘူး။ ဒါေပမဲ့ သြားတိုက္ျခင္းကေတာ့ လိုအပ္ပါသည္။ ထုိ႔ေၾကာင့္ ကေလး၏ သြားမ်ားကို ေရႏွင့္ သြားပြတ္တံ (သို႔) လက္ေခ်ာင္းႏွင့္ပြတ္တိုက္ႏိုင္ပါတယ္။ ကေလးအႀကီးမ်ားတြင္ ေရအစား အုန္းဆီကို အသံုးျပဳႏိုင္ပါ သည္။
လူႀကီး
စတိုးဆိုင္ႏွင့္ စူပါမားကတ္ ရိွ သြားတိုက္ေဆး အမ်ဳိးအစား မ်ားသည္ ကၽြႏ္ုပ္တို႔ကို လႊမ္းမိုးထားေပမယ့္ သြားတိုက္ေဆးမ၀ယ္ခင္ သင္၏သြားအေျခအေနကို စစ္ေဆးသင့္သည္။ အဘယ္ေၾကာင့္ဆိုေသာ္ သြားတိုက္ေဆး မ်ားသည္ သြားအေျခအေနေပၚမူတည္၍ ဒီဇိုင္းကြဲျပားေသာေၾကာင့္ ျဖစ္ သည္။ ဥပမာ အသက္ႀကီးသူမ်ားအတြက္ sensodyne သြား တုိက္ေဆးသည္ သင့္ေလ်ာ္သည္။
သြားျဖဴေစေသာ သြားတိုက္ေဆး အေၾကာင္း
ျဖဴေစေသာ သြားတိုက္ေဆး မ်ားသည္ အထက္မွာေဖာ္ျပထားသကဲ့သို႔ သြားမ်ားကို ပ်က္ဆီးေစႏိုင္ေသာေၾကာင့္ အခ်ိန္တိုင္း အသံုးျပဳဖို႔ မလိုအပ္ပါဘူး။ ေဆးလိပ္ ေသာက္ေသာသူ၊ ၀ိုင္ ေသာက္ေသာသူမ်ားသည္ သြား၀ါေလ့ရိွေသာေၾကာင့္ ေတာက္ပေသာအၿပံဳးမ်ားရလိုပါက သြားျဖဴေဆးမ်ားကို သံုးမည့္အစား အ၀ါေရာင္ အစြန္းအထင္းမ်ားကို ဖယ္ရွားသင့္ပါ သည္။
မွန္ကန္စိတ္ခ်ရေသာ သြားတိုက္ေဆးမ်ားသည္ သင္၏ သြား ႏွင့္ခံတြင္းကို သန္႔ရွင္းက်န္းမာလာေအာင္ ကူညီပါလိမ့္မည္။ ထို႔ေၾကာင့္ သင္ေမးခြန္း တစ္ခုခုရိွမယ္ဆိုလွ်င္ ေဆးပညာ အၾကံဥာဏ္မ်ား ရႏိုင္ရန္အတြက္ ဆရာ၀န္ႏွင့္တိုင္ပင္ ေဆြးေႏြးၿပီး သြားကို စစ္ေဆးသင့္ပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  lwin pyin
#Unicode Version#
သင်၏ သွားတိုက်ဆေး တွင် ဘေးဖြစ်စေသော ပစ္စည်း အဆိပ်အတောက် များ ပါနေပြီလား
သွားတိုက်ဆေး တွင် ကျွန်ုပ်တို့၏ သွား နှင့် ခံတွင်း ကျန်းမာရေး ကို ဘေးအန္တရာယ် ဖြစ်စေသော ပစ္စည်းများပါဝင်နေသလား မသိနိုင်ပါဘူး။ ပုံမှန်အားဖြင့် ကျွန်ုပ် တို့သည် စတိုးဆိုင် ရှိ ကြုံရာကျပန်းသွားတိုက်ဆေးတစ်ခုခုကို ပါဝင်ပစ္စည်းသေချာစွာမဖတ်ဘဲ ဝယ်မိတတ်ကြသည်။ နာမည်ကြီးတံဆိပ် သွားတိုက်ဆေး ဖြစ်စေ၊ သဘာ၀ သွားတိုက်ဆေး ဖြစ်စေ ဘေးဖြစ်စေသော ပစ္စည်းပါဝင်နေမည်မှာ အမှန်ပင်ဖြစ်သည်။

သွားတိုက်ဆေး တွင် ပါဝင်သောအန္တရာယ်ရှိပစ္စည်းများ

ဆိုဒီယမ်ဖလိုရိုက် (sodium fluoride) သည် သွားတိုက်ဆေး တွင် အဓိကပါဝင်ပစ္စည်းဖြစ်သလို ကြွက်သတ်ဆေးလည်းဖြစ်သည်။ ၎င်းသည် သွားတွင်အပေါက်များမဖြစ်အောင် ကာကွယ်ပေးသော သွားဆရာဝန် များ အသိအမှတ်ပြုထားသောဓာတုပစ္စည်းလည်းဖြစ် သည်။ သို့သော် သွားတိုက်ဆေး တစ်တောင့်တွင် ပါဝင်သောဆိုဒီယမ်ဖလိုရိုက် ပမာဏဟာ ကလေးငယ်လေးတစ်ယောက်ကို သေစေနိုင်တယ်ဆိုတာကို ကျွန်ုပ်တို့ သတိမပြု မိပါဘူး။ ထို့ကြောင့် သွားတိုက်ဆေးကို ကလေးတွေ လက်လှမ်းမီသောနေရာတွင်မထားဖို့ အမြဲသတိပေးနေရခြင်း ဖြစ်ပါတယ်။

Sodium Lauryl Sulfate (SLS) ကတော့ အန္တရာယ် အရှိဆုံး ပါဝင်ပစ္စည်းဖြစ်ပါတယ်။ ၎င်းက သွားတိုက်ဆေးအမြှုပ်ထွက်အောင် လုပ်ပေးပါတယ်။ SLS ကို ဆီချွတ်ဆေး ၊ အင်ဂျင်ကြေးချွတ် ဆေး၊ ကားရေဆေးဆပ်ပြာတို့တွင် အသုံးပြုပြီး ကျွန်ုပ်တို့၏ ကျန်းမာရေးကို ဘေးဖြစ်စေနိုင်ပါတယ်။

Triclosan ပိုးသတ်ဆေးကို သွားတိုက်ဆေးတော်တော်များများတွင် တွေ့နေရပြီး တချို့သော အန္တရာယ် ရှိ ဓာတုပစ္စည်း များသည် Triclosan နှင့်တူညီသော ပုံစံနှင့် ဖော်မြူလာရှိကြ သည်။ ၎င်းသည် အရေပြားနှင့်ထိတွေ့မိလျှင် ရောင်ရမ်းပြီးနေရခက်ခြင်းကိုဖြစ်စေနိုင်သလို ခန္ဓာကိုယ်ထဲ ရောက်သွားပါက ချွေးစေး များ ပြန်ခြင်း၊ သွေးပေါင်ကျခြင်း၊ တက်ခြင်း၊ ကိုမာဖြစ်ခြင်းနှင့် အသက်ဆုံးရှုံးခြင်းများ ဖြစ်နိုင် သည်။

Hydrated Silica သည် သွားဖြူစေသော ပစ္စည်းဖြစ်ပြီး အပေါ်ယံကြွေလွှာကို ပျက်စီးစေနိုင်ပါတယ်။ ကျွန်ုပ်တို့အားလုံးသည် သွားဖြူတာကို နှစ်သက်သောကြောင့် သွားဖြူစေသော ကုန်ပစ္စည်းများကို ရွေးချယ်ဝယ်ယူကြပါတယ်။ ဒါကြောင့်လည်း ကုန်ပစ္စည်းထုတ်လုပ်သူတွေက သွားတိုက် ဆေးများတွင် Hydrated silica ကို ထည့်လေ့ရှိပါတယ်။ ဒါပေမဲ့ ဒီလိုဓာတုပစ္စည်းများသည် ဖန်သားကိုသန့်စင်အောင် သဲနှင့် ပွတ်တိုက်သကဲ့သို့ ကျွနု်ပ်တို့သွား၏အပေါ်ယံ ကြွေလွှာကို ပျက်စီးစေနိုင်တာကို မသိကြပါဘူး။

တာရှည်ခံပစ္စည်းများ

ဆိုးဆေးများ

Artificial sweeteners လို့ခေါ်တဲ့ ပြုလုပ်ထားသော အချိုတု များကို ကလေး သွားတိုက်ဆေး များ တွင် အသုံးပြုသည်။

အန္တရာယ် ကင်းသော သွားတိုက်ဆေး များကို ဘယ်လိုရွေးချယ် မလဲ။

ကလေး

ကလေး သွားတိုက်ဆေး များသည် ၂နှစ်နှင့်အထက် ကလေးများအတွက်သာ ဖြစ်သည်။ ဒါဆို အမေများသည် ကလေးငယ်များ၏ သွားများကို ဘယ်လို သန့်ရှင်း ပးရမလဲဟု မေးစရာရှိသည်။ ယေဘုယျအားဖြင့် သွားတိုက်ဆေးများသည် ပါးစပ်သန့်ရှင်းရေးအတွက် မလိုအပ်ပါဘူး။ ဒါပေမဲ့ သွားတိုက်ခြင်းကတော့ လိုအပ်ပါသည်။ ထို့ကြောင့် ကလေး၏ သွားများကို ရေနှင့် သွားပွတ်တံ (သို့) လက်ချောင်းနှင့်ပွတ်တိုက်နိုင်ပါတယ်။ ကလေးအကြီးများတွင် ရေအစား အုန်းဆီကို အသုံးပြုနိုင်ပါ သည်။

လူကြီး

စတိုးဆိုင်နှင့် စူပါမားကတ် ရှိ သွားတိုက်ဆေး အမျိုးအစား များသည် ကျွန်ုပ်တို့ကို လွှမ်းမိုးထားပေမယ့် သွားတိုက်ဆေးမဝယ်ခင် သင်၏သွားအခြေအနေကို စစ်ဆေးသင့်သည်။ အဘယ်ကြောင့်ဆိုသော် သွားတိုက်ဆေး များသည် သွားအခြေအနေပေါ်မူတည်၍ ဒီဇိုင်းကွဲပြားသောကြောင့် ဖြစ် သည်။ ဥပမာ အသက်ကြီးသူများအတွက် sensodyne သွား တိုက်ဆေးသည် သင့်လျော်သည်။

သွားဖြူစေသော သွားတိုက်ဆေး အကြောင်း

ဖြူစေသော သွားတိုက်ဆေး များသည် အထက်မှာဖော်ပြထားသကဲ့သို့ သွားများကို ပျက်ဆီးစေနိုင်သောကြောင့် အချိန်တိုင်း အသုံးပြုဖို့ မလိုအပ်ပါဘူး။ ဆေးလိပ် သောက်သောသူ၊ ဝိုင် သောက်သောသူများသည် သွားဝါလေ့ရှိသောကြောင့် တောက်ပသောအပြုံးများရလိုပါက သွားဖြူဆေးများကို သုံးမည့်အစား အဝါရောင် အစွန်းအထင်းများကို ဖယ်ရှားသင့်ပါ သည်။

မှန်ကန်စိတ်ချရသော သွားတိုက်ဆေးများသည် သင်၏ သွား နှင့်ခံတွင်းကို သန့်ရှင်းကျန်းမာလာအောင် ကူညီပါလိမ့်မည်။ ထို့ကြောင့် သင်မေးခွန်း တစ်ခုခုရှိမယ်ဆိုလျှင် ဆေးပညာ အကြံဉာဏ်များ ရနိုင်ရန်အတွက် ဆရာဝန်နှင့်တိုင်ပင် ဆွေးနွေးပြီး သွားကို စစ်ဆေးသင့်ပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  lwin pyin

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top