ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ယမန္ေန႔ ေအာက္တိုဘာလ ၁၁ ရက္ေန႔ဟာ ႏိုင္ငံတကာ မိန္းကေလးမ်ားေန႔ ျဖစ္ပါတယ္။

အမ်ိဳးသမီးငယ္ေလးေတြဟာ ခြန္အား၊ တက္ၾကြမႈ နဲ႔ ဆန္းသစ္တီထြင္မႈေတြရဲ႕ ရင္းျမစ္ပါ။ အခုအခ်ိန္မွာ ငယ္ရြယ္ႏုနယ္ေနေသးတဲ႔ မိန္းကေလးေတြဆိုေပမယ္႔ တစ္ခ်ိန္မွာ လူ႔အဖြဲ႔အစည္းတစ္ခုလံုးအတြက္ အေျပာင္းအလဲေတြနဲ႔ ပိုမိုေကာင္းမြန္တဲ႔ အနာဂတ္ေတြအထိ ရရွိဖို႔ တည္ေဆာက္ေပးႏိုင္မယ္႔ သူေတြဆိုရင္လည္း မမွားပါဘူး။

၂၀၁၂ ခုႏွစ္ ကေနစျပီး ေအာက္တိုဘာလ ၁၁ ရက္ေန႔ကို ႏိုင္ငံတကာ မိန္းကေလးမ်ားေန႔ (International Day of the Girl Child ) အျဖစ္ သတ္မွတ္ခဲ႔ၾကတာ ျဖစ္ပါတယ္။ အဆိုပါေန႔ကေတာ႔ မိန္းကေလးငယ္ေလးေတြရဲ႕ စြမ္းေဆာင္ရည္ကို ပိုမို ျမွင္႔တင္ႏိုင္ဖို႔ သာမက မိန္းကေလး ေတြ ရသင္႔ ရထိုက္တဲ႔ အခြင္႔အေရး ေတြကို အျပည္႔ အဝ ရရွိဖို႔အတြက္ ၾကိဳးစား ေနၾကစဥ္အတြင္း ရင္ဆိုင္ေနရတဲ႔ အခက္အခဲေတြနဲ႔ လိုအပ္ခ်က္ေတြကို ရည္ညႊန္း ဂုဏ္ျပဳ ျပီး သတ္မွတ္ထားတဲ႔ ေန႔ေလးပဲ ျဖစ္ပါတယ္။

ကမာၻတစ္ဝန္းမွာဆိုရင္လည္း အၾကမ္းဖက္မႈေတြ၊ လူ႔အခြင္႔အေရး ခ်ိဳးေဖာက္ခံရမႈေတြ၊ နဲ႔ ဆင္းရဲ ဒုကၡၾကံဳေနရတဲ႔ မိန္းကေလးေတြ အမ်ားၾကီး ရွိေနပါေသးတယ္။ ငယ္ရြယ္တဲ႔ မိန္းကေလးေတြအေနနဲ႔ တစ္ခ်ိန္မွာ ပိုမိုေကာင္းမြန္တဲ႔ ၊ ပိုမို တရားမွ်တျပီး လူ႔အခြင္႔အေရးနဲ႔ ျပည္႔စံုေအးခ်မ္းတဲ႔ အနာဂတ္ေတြ ရရွိေစဖို႔ ဆုေတာင္းေပးရင္း ၂၀၁၇ ခုႏွစ္ရဲ႕ ႏိုင္ငံတကာ မိန္းကေလးမ်ားေန႔ကို ရိုးရာေလးမွ ဂုဏ္ျပဳ တင္ဆက္လိုက္ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Zym (ရိုးရာေလး)

# Unicode Veresion #
ဒီနေ့ အောက်တိုဘာလ ၁၁ ရက်နေ့ဟာ နိုင်ငံတကာ မိန်းကလေးများနေ့ ဖြစ်ပါတယ်။

အမျိုးသမီးငယ်လေးတွေဟာ ခွန်အား၊ တက်ကြွမှု နဲ့ ဆန်းသစ်တီထွင်မှုတွေရဲ့ ရင်းမြစ်ပါ။ အခုအချိန်မှာ ငယ်ရွယ်နုနယ်နေသေးတဲ့ မိန်းကလေးတွေဆိုပေမယ့် တစ်ချိန်မှာ လူ့အဖွဲ့အစည်းတစ်ခုလုံးအတွက် အပြောင်းအလဲတွေနဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တွေအထိ ရရှိဖို့ တည်ဆောက်ပေးနိုင်မယ့် သူတွေဆိုရင်လည်း မမှားပါဘူး။

၂၀၁၂ ခုနှစ် ကနေစပြီး အောက်တိုဘာလ ၁၁ ရက်နေ့ကို နိုင်ငံတကာ မိန်းကလေးများနေ့ (International Day of the Girl Child ) အဖြစ် သတ်မှတ်ခဲ့ကြတာ ဖြစ်ပါတယ်။ အဆိုပါနေ့ကတော့ မိန်းကလေးငယ်လေးတွေရဲ့ စွမ်းဆောင်ရည်ကို ပိုမို မြှင့်တင်နိုင်ဖို့ သာမက မိန်းကလေး တွေ ရသင့် ရထိုက်တဲ့ အခွင့်အရေး တွေကို အပြည့် အဝ ရရှိဖို့အတွက် ကြိုးစား နေကြစဉ်အတွင်း ရင်ဆိုင်နေရတဲ့ အခက်အခဲတွေနဲ့ လိုအပ်ချက်တွေကို ရည်ညွှန်း ဂုဏ်ပြု ပြီး သတ်မှတ်ထားတဲ့ နေ့လေးပဲ ဖြစ်ပါတယ်။

ကမ္ဘာတစ်ဝန်းမှာဆိုရင်လည်း အကြမ်းဖက်မှုတွေ၊ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေ၊ နဲ့ ဆင်းရဲ ဒုက္ခကြုံနေရတဲ့ မိန်းကလေးတွေ အများကြီး ရှိနေပါသေးတယ်။ ငယ်ရွယ်တဲ့ မိန်းကလေးတွေအနေနဲ့ တစ်ချိန်မှာ ပိုမိုကောင်းမွန်တဲ့ ၊ ပိုမို တရားမျှတပြီး လူ့အခွင့်အရေးနဲ့ ပြည့်စုံအေးချမ်းတဲ့ အနာဂတ်တွေ ရရှိစေဖို့ ဆုတောင်းပေးရင်း ၂၀၁၇ ခုနှစ်ရဲ့ နိုင်ငံတကာ မိန်းကလေးများနေ့ကို ရိုးရာလေးမှ ဂုဏ်ပြု တင်ဆက်လိုက်ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Zym (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top