ဘရာဇီး နိုင္ငံ မွာ ကုိယ္ဝန္ေဆာင္ အမ်ိဳးသမီး တဦးကို သတ္ျဖတ္ၿပီး ဗိုက္ထဲ ရိွ ကေလး ကို ခုိးယူမႈ ျဖစ္ပြားခဲ့ပါတယ္။
အသက္ ၂၀ အရြယ္ ကိုယ္ဝန္ေဆာင္ အမ်ိဳးသမီး ကို အမ်ဳိးသား၊ အမ်ဳိးသမီး စံုတြဲ က ၿမိဳ႕ျပင္ လူအသြားအလာရွင္းတဲ့ေနရာကို ေသြးေဆာင္ေခၚယူခဲ့ၿပိီး လည္ပင္း ညႇစ္သတ္ကာ ကေလး ခုိးယူမႈ က်ဴးလြန္ခဲ့တာပါ။

အဲဒီ စံုတြဲ ဟာ လူသတ္ၿပီးေနာက္ ေသဆံုးသူ ကိုယ္ဝန္သည္ရဲ႕ ဝမ္းဗိုက္ ကို ႀကံဳသလုိခြဲကာ ကေလးခိုးယူခဲ့ပါတယ္။
အဲဒီ စံုတြဲ ကို ရဲက ဖမ္းဆီးခဲ့ၿပီးေနာက္ ေအာက္တုိဘာ ၂၃ ရက္ေန႔မွာ သူတုိ႔ႏွစ္ဦးဟာ လူသတ္ၿပီး ကေလး ခုိးယူခဲ့တာကို ဝန္ခံ ေျဖာင့္ခ်က္ေပးခဲ့ၾကပါတယ္။
ကေလး လုိခ်င္တာေၾကာင့္ အခုလုိသတ္ၿပီး ခုိးယူခဲ့တာျဖစ္တယ္လုိ႔ ျပစ္မႈက်ဴးလြန္သူ အသက္ ၂၂ ႏွစ္အရြယ္ အမ်ိဳးသမီးက ဝန္ခံခဲ့ပါတယ္။
ျပစ္မႈက်ဴးလြန္ ရာမွာ ပါဝင္တဲ့ အသက္ ၁၈ ႏွစ္အရြယ္ အမ်ဳိးသားကေတာ့ သူ႔ကုိ အမ်ဳိးသမီး က ရီရယ္ ၄၀၀၀ ေပးမယ္ဆိုၿပီး ခုိင္းေစခဲ့တာျဖစ္တယ္လို႔ ထြက္ဆုိခဲ့ပါတယ္။
“ဘုရားသိၾကား မတာပါပဲ။ ဗိုက္ခြဲၿပီး အထဲက ကေလးကို ယူတယ္ဆုိတာ သိပ္ကို အႏၱရာယ္မ်ားပါတယ္။ ခြဲေၾကာင္းက ႀကီးလည္းႀကီးၿပီး နက္လည္းနက္တယ္။ ေမြးခ်ိန္ လည္း မတန္ေသးဘူး။ ဒါေပမယ့္ အခုေတာ့ က်န္းက်န္းမာမာနဲ႔ ေမြးလာခဲ့ၿပီ” လုိ႔ ကေလးငယ္ကို ေစာင့္ေရွာက္ေပးခဲ့သူ ဆရာဝန္တဦးက ေျပာပါတယ္။
ကေလးငယ္ ဟာ ေယာက်ာ္းေလး ျဖစ္ၿပီး ဗုိက္ခြဲခိုးယူစဥ္မွာ ကိုယ္ဝန္ ၈ လဝန္းက်င္သာ ရိွတယ္လုိ႔လညး္ သိရပါတယ္။
ရဲအရာရိွ က ကေလးငယ္ ကို ေတြ႔ရိွခဲ့ၿပီးေနာက္ ေဆး႐ုံ ကို ပို႔ေဆာင္ေပးခဲ့ၿပီး အခုအခါမွာေတာ့ ကေလးငယ္ ဟာ အေဒၚျဖစ္သူ အေစာင့္အေရွာက္နဲ႔ ေဆး႐ုံကေန ဆင္းသြားၿပီလို႔ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Lwinpyin
#Unicode Version#
ဘရာဇီး နိုင်ငံ မှာ ကိုယ်ဝန်ဆောင် အမျိုးသမီး တဦးကို သတ်ဖြတ်ပြီး ဗိုက်ထဲ ရှိ ကလေး ကို ခိုးယူမှု ဖြစ်ပွားခဲ့ပါတယ်။

အသက် ၂၀ အရွယ် ကိုယ်ဝန်ဆောင် အမျိုးသမီး ကို အမျိုးသား၊ အမျိုးသမီး စုံတွဲ က မြို့ပြင် လူအသွားအလာရှင်းတဲ့နေရာကို သွေးဆောင်ခေါ်ယူခဲ့ပြီး လည်ပင်း ညှစ်သတ်ကာ ကလေး ခိုးယူမှု ကျူးလွန်ခဲ့တာပါ။



အဲဒီ စုံတွဲ ဟာ လူသတ်ပြီးနောက် သေဆုံးသူ ကိုယ်ဝန်သည်ရဲ့ ဝမ်းဗိုက် ကို ကြုံသလိုခွဲကာ ကလေးခိုးယူခဲ့ပါတယ်။

အဲဒီ စုံတွဲ ကို ရဲက ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ ၂၃ ရက်နေ့မှာ သူတို့နှစ်ဦးဟာ လူသတ်ပြီး ကလေး ခိုးယူခဲ့တာကို ဝန်ခံ ဖြောင့်ချက်ပေးခဲ့ကြပါတယ်။

ကလေး လိုချင်တာကြောင့် အခုလိုသတ်ပြီး ခိုးယူခဲ့တာဖြစ်တယ်လို့ ပြစ်မှုကျူးလွန်သူ အသက် ၂၂ နှစ်အရွယ် အမျိုးသမီးက ဝန်ခံခဲ့ပါတယ်။

ပြစ်မှုကျူးလွန် ရာမှာ ပါဝင်တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသားကတော့ သူ့ကို အမျိုးသမီး က ရီရယ် ၄၀၀၀ ပေးမယ်ဆိုပြီး ခိုင်းစေခဲ့တာဖြစ်တယ်လို့ ထွက်ဆိုခဲ့ပါတယ်။

“ဘုရားသိကြား မတာပါပဲ။ ဗိုက်ခွဲပြီး အထဲက ကလေးကို ယူတယ်ဆိုတာ သိပ်ကို အန္တရာယ်များပါတယ်။ ခွဲကြောင်းက ကြီးလည်းကြီးပြီး နက်လည်းနက်တယ်။ မွေးချိန် လည်း မတန်သေးဘူး။ ဒါပေမယ့် အခုတော့ ကျန်းကျန်းမာမာနဲ့ မွေးလာခဲ့ပြီ” လို့ ကလေးငယ်ကို စောင့်ရှောက်ပေးခဲ့သူ ဆရာဝန်တဦးက ပြောပါတယ်။

ကလေးငယ် ဟာ ယောကျာ်းလေး ဖြစ်ပြီး ဗိုက်ခွဲခိုးယူစဉ်မှာ ကိုယ်ဝန် ၈ လဝန်းကျင်သာ ရှိတယ်လို့လည်း သိရပါတယ်။

ရဲအရာရှိ က ကလေးငယ် ကို တွေ့ရှိခဲ့ပြီးနောက် ဆေးရုံ ကို ပို့ဆောင်ပေးခဲ့ပြီး အခုအခါမှာတော့ ကလေးငယ် ဟာ အဒေါ်ဖြစ်သူ အစောင့်အရှောက်နဲ့ ဆေးရုံကနေ ဆင်းသွားပြီလို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  Lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top