ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မူႀကိဳတက္တဲ့အ႐ြယ္ထိလည္း မေဖ်ာက္ႏိုင္ေသးဘူးဆုိရင္ေတာ့ ကေလးအ႐ြယ္ေရာက္လာတာနဲ႔အမွ် ျပႆနာတစ္ခု ျဖစ္လာပါေတာ့တယ္။
ငယ္စဥ္ကေလးဘဝတုန္းက လက္စုပ္တတ္တဲ့အက်င့္ ႐ွိခဲ့ဖူးတာကို မွတ္မိမယ္ဆုိရင္ ဒီအက်င့္ဟာ ဘယ္ေလာက္ထိ ျဖတ္ရခက္တယ္ဆုိတာ သိၾကမွာပါေနာ္။ ကေလးပိစိေကြးအရြယ္မွာ လက္စုပ္တာက ျပႆနာတစ္ခုမဟုတ္ေပမဲ့ ဒီအက်င့္ဟာ လမ္းေလွ်ာက္တတ္တဲ့အ႐ြယ္ထိလည္းမေပ်ာက္၊ မူႀကိဳတက္တဲ့အ႐ြယ္ထိလည္း မေဖ်ာက္ႏိုင္ေသးဘူးဆုိရင္ေတာ့ ကေလးအ႐ြယ္ေရာက္လာတာနဲ႔အမွ် ျပႆနာတစ္ခု ျဖစ္လာပါေတာ့တယ္။ လက္စုပ္တဲ့အက်င့္ႀကီးကို ဘယ္လိုေဖ်ာက္ေပးၾကမလဲ။
၁။ ေျပာျပပါ
ကေလးေတြရဲ႕ နားလည္ႏိုင္စြမ္းကို ေလွ်ာ့မတြက္ပါနဲ႔။ လက္စုပ္တဲ့အက်င့္ဟာ ဘယ္လိုေတြ ဆိုးတယ္ဆုိတာကို သူတုိ႔ကို ေျပာျပပါ။ ဆူတာ၊ မာန္မဲတာ မပါဘဲနဲ႔ နားဝင္ေအာင္ေျပာၾကည့္ပါ။
၂။ အျပဳသေဘာဆန္တဲ့ ဆုေပးဒဏ္ေပးစနစ္
ဒီေန႔တစ္ေန႔လံုး လက္မစုပ္ဘဲ ေနႏိုင္ရင္ ကာတြန္းကားလိုက္ျပမယ္တို႔၊ လိုခ်င္တဲ့အ႐ုပ္ ဝယ္ေပးမယ္တုိ႔ စတဲ့နည္းလမ္းေတြနဲ႔ ကေလးေတြကို သိမ္းသြင္းၾကည့္ရင္ အဆင္ေျပႏိုင္ပါတယ္။ ကိုယ့္ဘက္ကလည္း တကယ္လိုက္ေလ်ာေပးဖုိ႔ လိုတာေပါ့။ တစ္ေန႔ ဒါမွမဟုတ္ နာရီသတ္မွတ္ၿပီး သတ္မွတ္ခ်ိန္အတြင္းမွာ လက္မစုပ္ေအာင္ သူတုိ႔ကိုလည္း သတိေပးေနရမွာျဖစ္သလို ကိုယ္ကလည္း ေစာင့္ၾကည့္ေပးေနရပါမယ္။
၃။ ဗီဒီယို
လက္စုပ္တဲ့အက်င့္ေၾကာင့္ လက္ေလးေတြ ဘယ္လိုျဖစ္သြားတယ္ဆိုတာကို YouTube မွာ ဗီဒီယိုေလးေတြ ႐ွိပါတယ္။ အဲ့တာေလးေတြကို သူတုိ႔ကို ျပေပးလိုက္ပါဦး။
၄။ ဖံုးအုပ္ေပးထားပါ
ညအိပ္ခ်ိန္ဆုိရင္ေတာ့ သူတုိ႔ေလးေတြကို လက္မစုပ္ေအာင္ တားျမစ္ဖုိ႔က အေတာ္ခက္တယ္။ လက္ေလးစုပ္ၿပီး အိပ္ရာဝင္ၾကတာကိုး။ သူတုိ႔ကို မအိပ္ခင္မွာ လက္အိတ္ေလးေတြ စြပ္ေပးဖုိ႔ ႀကိဳးစားၾကည့္သင့္ပါတယ္။
၅။ လက္မအကာ
လက္မ စုပ္တတ္တဲ့ ကေလးေတြအတြက္ လက္မကို ကာကြယ္ထားမယ့္ thumb guard ေလးေတြ စြပ္ေပးထားလိုက္ပါ။ ကေလးအသံုးအေဆာင္ပစၥည္းဆုိင္ေတြမွာ ရႏိုင္ပါတယ္။

Source : Mama's Life
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Duwun
#Unicode Version#
မူကြိုတက်တဲ့အရွယ်ထိလည်း မဖျောက်နိုင်သေးဘူးဆိုရင်တော့ ကလေးအရွယ်ရောက်လာတာနဲ့အမျှ ပြဿနာတစ်ခု ဖြစ်လာပါတော့တယ်။
ငယ်စဉ်ကလေးဘဝတုန်းက လက်စုပ်တတ်တဲ့အကျင့် ရှိခဲ့ဖူးတာကို မှတ်မိမယ်ဆိုရင် ဒီအကျင့်ဟာ ဘယ်လောက်ထိ ဖြတ်ရခက်တယ်ဆိုတာ သိကြမှာပါနော်။ ကလေးပိစိကွေးအရွယ်မှာ လက်စုပ်တာက ပြဿနာတစ်ခုမဟုတ်ပေမဲ့ ဒီအကျင့်ဟာ လမ်းလျှောက်တတ်တဲ့အရွယ်ထိလည်းမပျောက်၊ မူကြိုတက်တဲ့အရွယ်ထိလည်း မဖျောက်နိုင်သေးဘူးဆိုရင်တော့ ကလေးအရွယ်ရောက်လာတာနဲ့အမျှ ပြဿနာတစ်ခု ဖြစ်လာပါတော့တယ်။ လက်စုပ်တဲ့အကျင့်ကြီးကို ဘယ်လိုဖျောက်ပေးကြမလဲ။
၁။ ပြောပြပါ
ကလေးတွေရဲ့ နားလည်နိုင်စွမ်းကို လျှော့မတွက်ပါနဲ့။ လက်စုပ်တဲ့အကျင့်ဟာ ဘယ်လိုတွေ ဆိုးတယ်ဆိုတာကို သူတို့ကို ပြောပြပါ။ ဆူတာ၊ မာန်မဲတာ မပါဘဲနဲ့ နားဝင်အောင်ပြောကြည့်ပါ။
၂။ အပြုသဘောဆန်တဲ့ ဆုပေးဒဏ်ပေးစနစ်
ဒီနေ့တစ်နေ့လုံး လက်မစုပ်ဘဲ နေနိုင်ရင် ကာတွန်းကားလိုက်ပြမယ်တို့၊ လိုချင်တဲ့အရုပ် ဝယ်ပေးမယ်တို့ စတဲ့နည်းလမ်းတွေနဲ့ ကလေးတွေကို သိမ်းသွင်းကြည့်ရင် အဆင်ပြေနိုင်ပါတယ်။ ကိုယ့်ဘက်ကလည်း တကယ်လိုက်လျောပေးဖို့ လိုတာပေါ့။ တစ်နေ့ ဒါမှမဟုတ် နာရီသတ်မှတ်ပြီး သတ်မှတ်ချိန်အတွင်းမှာ လက်မစုပ်အောင် သူတို့ကိုလည်း သတိပေးနေရမှာဖြစ်သလို ကိုယ်ကလည်း စောင့်ကြည့်ပေးနေရပါမယ်။
၃။ ဗီဒီယို
လက်စုပ်တဲ့အကျင့်ကြောင့် လက်လေးတွေ ဘယ်လိုဖြစ်သွားတယ်ဆိုတာကို YouTube မှာ ဗီဒီယိုလေးတွေ ရှိပါတယ်။ အဲ့တာလေးတွေကို သူတို့ကို ပြပေးလိုက်ပါဦး။
၄။ ဖုံးအုပ်ပေးထားပါ
ညအိပ်ချိန်ဆိုရင်တော့ သူတို့လေးတွေကို လက်မစုပ်အောင် တားမြစ်ဖို့က အတော်ခက်တယ်။ လက်လေးစုပ်ပြီး အိပ်ရာဝင်ကြတာကိုး။ သူတို့ကို မအိပ်ခင်မှာ လက်အိတ်လေးတွေ စွပ်ပေးဖို့ ကြိုးစားကြည့်သင့်ပါတယ်။
၅။ လက်မအကာ
လက်မ စုပ်တတ်တဲ့ ကလေးတွေအတွက် လက်မကို ကာကွယ်ထားမယ့် thumb guard လေးတွေ စွပ်ပေးထားလိုက်ပါ။ ကလေးအသုံးအဆောင်ပစ္စည်းဆိုင်တွေမှာ ရနိုင်ပါတယ်။

Source : Mama's Life

ဖိုးသူတော် (www.phothutaw.com)
Credit:  Duwun

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top