Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

၂၀၄၈ မွ ျပန္လည္ပို႔ေဆာင္ျခင္း ခံလုိက္ရတယ္လို႔ ကုိယ့္ကုိယ္ကုိ အတည္ျပဳေျပာၾကားခဲ့ၿပီး ၂၀၁၈ မွာ ကမာၻေျမကုိ ၿဂိဳလ္သားေတြ ၀င္တုိက္မယ္လို႔ သတိေပးေနတဲ့လူတစ္ဦးဟာ ဖမ္းဆီးခံလုိက္ရၿပီ ျဖစ္ပါတယ္။

၀ုိင္ယိုမင္း၊ ကက္စပါ မွာရွိတဲ့ ရဲအရာရွိမ်ားက ၀ုိင္ယိုမင္ အလယ္ပုိင္းမွ ဘရိုင္ယန္ဂၽြန္ဆင္ ဆိုသူကုိ အမ်ားျပည္သူ နိစၥဓူ၀လုပ္ငန္းေဆာင္တာမ်ား ပ်က္ျပားေအာင္ ေႏွာင့္ယွက္မႈျဖင့္ ဖမ္းဆီးလုိက္ၿပီ ျဖစ္ပါတယ္။

ကက္စပါ ရဲတပ္ဖြဲ႕က အဆိုပါအမ်ိဳးသားဟာ ရဲစခန္းကုိ ည ၁၀ နာရီ ၃၀ အခ်ိန္မွာ ၀င္ေရာက္လာၿပီး သူ႕ကုိယ္ကုိ ၂၀၄၈ မွ အခ်ိန္ခရီးသြား ျဖစ္ေၾကာင္း မိတ္ဆက္ေပးခဲ့တယ္လို႔ ဆိုပါတယ္။အဆိုပါမ်ိဳးသားက လာမယ့္ငါးႏွစ္အတြင္း ၿဂိဳလ္သားေတြ ကမာၻေျမကို ေရာက္လာေတာ့မွာ ျဖစ္တာေၾကာင့္ ျမန္ႏုိင္သမွ်ျမန္ျမန္ ေနရပ္ကိုစြန္႔ခြာေစလိုေၾကာင္း ေျပာၾကားခဲ့ပါတယ္။သူက သူ႕အေနနဲ႔ ေခ်ယန္နီ မွ အေနာက္ေျမာက္
မုိင္ ၁၇၀ အကြာမွာရွိတဲ့ ကက္စပါ ရဲ႕ ၿမိဳ႕ေတာ္၀န္နဲ႔ ေတြ႕ပါရေစလို႔လည္း ေတာင္းဆိုခဲ့ပါတယ္။

ရဲတပ္ဖြဲ႕က အဆိုပါအမ်ိဳးသားဟာ သူသာလွ်င္ အခ်ိန္ခရီးသြားႏုိင္သူ ျဖစ္ေၾကာင္း၊ သူ႕ခႏၶာကိုယ္ထဲကို ၿဂိဳလ္သားမ်ားက အရက္မ်ား ေလာင္းထည့္ခဲ့ၾကေၾကာင္း ေျပာၾကားခဲ့တယ္လို႔ဆိုပါတယ္။

ကနဦးက ၂၀၁၈ ကုိ ျပန္ပုိ႔ဖို႔ ၿဂိဳလ္သားေတြ စီစဥ္ခဲ့ၾကေပမယ့္ မွားယြင္းစြာပဲ ၂၀၁၇ ကုိ ျပန္ေရာက္လာျခင္းျဖစ္ေၾကာင္း ဆိုပါတယ္။

ရဲတပ္ဖြဲ႕ကေတာ့ အယံုအၾကည္မရွိဘဲ သူ႕ကုိခ်က္ျခင္းဖမ္းဆီးလုိက္ၿပီး နာထရြန္နာေကာင္တီနယ္ အက်ဥ္းေထာင္ကုိ ပို႔ေဆာင္လုိက္တယ္လို႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thomas (Opnion Leaders Media)

# Unicode Version #
၂၀၄၈ မှ ပြန်လည်ပို့ဆောင်ခြင်း ခံလိုက်ရတယ်လို့ ကိုယ့်ကိုယ်ကို အတည်ပြုပြောကြားခဲ့ပြီး ၂၀၁၈ မှာ ကမ္ဘာမြေကို ဂြိုလ်သားတွေ ဝင်တိုက်မယ်လို့ သတိပေးနေတဲ့လူတစ်ဦးဟာ ဖမ်းဆီးခံလိုက်ရပြီ ဖြစ်ပါတယ်။

ဝိုင်ယိုမင်း၊ ကက်စပါ မှာရှိတဲ့ ရဲအရာရှိများက ဝိုင်ယိုမင် အလယ်ပိုင်းမှ ဘရိုင်ယန်ဂျွန်ဆင် ဆိုသူကို အများပြည်သူ နိစ္စဓူဝလုပ်ငန်းဆောင်တာများ ပျက်ပြားအောင် နှောင့်ယှက်မှုဖြင့် ဖမ်းဆီးလိုက်ပြီ ဖြစ်ပါတယ်။

ကက်စပါ ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားဟာ ရဲစခန်းကို ည ၁၀ နာရီ ၃၀ အချိန်မှာ ဝင်ရောက်လာပြီး သူ့ကိုယ်ကို ၂၀၄၈ မှ အချိန်ခရီးသွား ဖြစ်ကြောင်း မိတ်ဆက်ပေးခဲ့တယ်လို့ ဆိုပါတယ်။အဆိုပါမျိုးသားက လာမယ့်ငါးနှစ်အတွင်း ဂြိုလ်သားတွေ ကမ္ဘာမြေကို ရောက်လာတော့မှာ ဖြစ်တာကြောင့် မြန်နိုင်သမျှမြန်မြန် နေရပ်ကိုစွန့်ခွာစေလိုကြောင်း ပြောကြားခဲ့ပါတယ်။သူက သူ့အနေနဲ့ ချေယန်နီ မှ အနောက်မြောက်
မိုင် ၁၇၀ အကွာမှာရှိတဲ့ ကက်စပါ ရဲ့ မြို့တော်ဝန်နဲ့ တွေ့ပါရစေလို့လည်း တောင်းဆိုခဲ့ပါတယ်။

ရဲတပ်ဖွဲ့က အဆိုပါအမျိုးသားဟာ သူသာလျှင် အချိန်ခရီးသွားနိုင်သူ ဖြစ်ကြောင်း၊ သူ့ခန္ဓာကိုယ်ထဲကို ဂြိုလ်သားများက အရက်များ လောင်းထည့်ခဲ့ကြကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ကနဦးက ၂၀၁၈ ကို ပြန်ပို့ဖို့ ဂြိုလ်သားတွေ စီစဉ်ခဲ့ကြပေမယ့် မှားယွင်းစွာပဲ ၂၀၁၇ ကို ပြန်ရောက်လာခြင်းဖြစ်ကြောင်း ဆိုပါတယ်။

ရဲတပ်ဖွဲ့ကတော့ အယုံအကြည်မရှိဘဲ သူ့ကိုချက်ခြင်းဖမ်းဆီးလိုက်ပြီး နာထရွန်နာကောင်တီနယ် အကျဉ်းထောင်ကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Thomas (Opnion Leaders Media)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top