ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

(၁)
တစ္ေန႔က ဆရာေတာ္တစ္ပါး ႏွင့္ အိမ္တစ္အိမ္သို႔ သြားျဖစ္ခဲ့ သည္။ ထိုအိမ္တြင္ အသက္(၇ဝ)ခန္႔ ဒကာႀကီးႏွင့္ ဒကာမႀကီးတို႔ ရိွသည္။ သူတို႔ႏွစ္ဦးလံုးသည္ အသက္အရြယ္ အိုမင္းေနေသာ္လည္း တစ္ဦးကို တစ္ဦး ၾကည့္ေသာအၾကည့္၊ ေျပာ ေသာစကားမ်ားက ဆယ္ေက်ာ္ သက္ေလးမ်ားလို ႏူးည့ံသိမ္ေမြ႕ေန ဆဲပင္ ျဖစ္သည္။ တစ္ဦးကိုတစ္ဦး ၾကင္ၾကင္နာနာ အမူအရာျဖင့္ ေျပာဆုိ ဆက္ဆံေနၾကသည္။ တစ္ဦးေပၚ တစ္ဦး နားလည္မႈအျပည့္ျဖင့္ ဘဝ လက္တြဲေဖာ္ ပီသေနၾကသူမ်ား ျဖစ္ လိမ့္မည္ဟု ေတြးမိခဲ့သည္။ သူတို႔ ႏွစ္ဦးသည္ ဆရာေတာ္ကို ေတြ႕သည္ ႏွင့္ ''သားသား''ဟု ေခၚသည္။ ဆရာေတာ္ကလည္း ပါးပါး၊ မားမား ဟု ေခၚသည္။ အျမင္အရ တစ္မ်ဳိး ထူးဆန္းေနခဲ့သည္။ ၿပဳံးခ်င္စရာ တစ္မ်ဳိးဟု သေဘာထားမိ၍ ၿပဳံးခဲ့ မိေသးသည္။ ေနာက္ပိုင္းတြင္ သိလာ ရသည္မွာ သူတို႔အေခၚအေဝၚ အေျပာအဆိုမ်ားမွာ ေနာက္ေၾကာင္း ကင္းသည္။ အျခားကြယ္ဝွက္ထား ေသာ အဓိပၸာယ္မ်ား မရိွ။ သူတို႔ ႏွစ္ဦးက ဆရာေတာ့္အေပၚမွာ တကယ့္သားအရင္းလို သားသားဟု ေခၚခ်င္သည္။ ထို႔အျပင္ ဆရာေတာ္ က ေခၚေသာအခါတြင္လည္း ပါးပါး၊ မားမားေခၚမွ သေဘာက်သည္ဟု ဆိုသည္။

(၂)
ဘုန္းႀကီးေလာကတြင္ အခ်င္း ခ်င္းၾကားမွာ ေျပာေနၾကသည္မ်ား ရိွသည္။ ''ဒီကိုယ္ေတာ္က ဘုန္းကံ ႀကီးမွာေပါ့၊ ဒကာမႀကီးေတြ ေတြ႕ရင္ ေမေမ ေမေမ၊ မယ္ေတာ္ႀကီး မယ္ေတာ္ႀကီးလို႔ ေျပာတာကိုး'' ဟု ဆိုတတ္ၾကသည္။ အခ်ဳိ႕ကေတာ့ ပိုၿပီး ရင္းႏွီးခ်င္လို႔၊ ရင္းႏွီးမႈပိုရမွ ဆက္ဆံေရးႏွင့္ အျခားလုပ္ငန္းကိစၥ မ်ား အဆင္ေျပႏုိင္တယ္လို႔ ယံုၾကည္ သည့္အတြက္ ဒကာ၊ ဒကာမမ်ား အႀကဳိက္ ေခၚေဝၚသံုးႏႈန္းေလ့ရိွၾက သည္။ အခ်ဳိ႕ကေတာ့ ဘာရည္ရြယ္ ခ်က္၊ ဘာအေၾကာင္းတရားမွမရိွဘဲ အေမတစ္ေယာက္လို ခ်စ္ခင္မိ သျဖင့္ မာမား၊ မယ္ေတာ္ႀကီး စသည္ ေခၚၾကသည္။ အစ္မစသည္ ေခၚေဝၚ ေျပာဆုိၾကသည္။ အခ်ဳိ႕ကေတာ့ ဒကာ၊ဒကာမမ်ားကို ဒကာ၊ဒကာမ အသံုးအႏႈန္းမွလြဲ၍ အျခားအေခၚ အေဝၚျဖင့္ ေခၚေဝၚေျပာဆိုၾကသည္ ကိုမႏွစ္သက္ၾကေပ။ ရယူလိုမႈကို အေျခမခံဘဲ ေမတၱာတရားေၾကာင့္ အရင္းႏွီးဆံုး အေခၚအေဝၚ အေျပာ အဆိုမ်ား သံုးႏႈန္းျခင္းသည္ ဘုရား အလိုေတာ္ႏွင့္ မကိုက္ညီဟု စာေရး သူေတာ့ မယူဆပါ။

(၃)
ျမတ္စြာဘုရား တရားေတာ္ မ်ားတြင္ ယဥ္ေက်းသူတို႔၏ အသံုး အႏႈန္းဟူေသာ ေဟာၾကားခ်က္မ်ား ကို ေတြ႕ရသည္။ ဘုရားရွင္က ဖခင္ အရြယ္ကို (ေဖေဖ၊ ပါပါး)၊ မိခင္ အရြယ္ကို (ေမေမ၊ မာမား)၊ အစ္မ အရြယ္ကို အစ္မ၊ ညီမအရြယ္ကို ညီမ စသျဖင့္ ေခၚေဝၚေျပာဆိုျခင္း သည္ ယဥ္ေက်းသူတို႔၏ စကား၊ ၿမဳိ႕ႀကီးသူတို႔စကားဟု ညႊန္ျပထား သည္။ စာေရးသူ သိသေလာက္ဆို ရလွ်င္ လူဒကာ၊ ဒကာမမ်ားကို ''ဒကာႀကီး၊ ဒကာမႀကီး''ဟု ေခၚေဝၚ ေျပာဆိုျခင္းသည္ ဘုရားအလိုအရ သတ္မွတ္ထားျခင္းမဟုတ္ဘဲ ျမန္မာ့ ယဥ္ေက်းမႈသက္သက္သာ ျဖစ္ သည္။

(၄)
စာသင္သားဘဝက ဆရာ ေတာ္ႀကီးတစ္ပါးကို ႐ႈတ္ခ်ခဲ့ဖူးသည္။ ထုိဆရာေတာ္သည္ သူေဌးႀကီးမ်ား ေက်ာင္းလာလွ်င္ 'သူေဌးႀကီး'၊ ဗိုလ္ခ်ဳပ္ႀကီးမ်ား ေက်ာင္းလာလွ်င္ 'ဗိုလ္ခ်ဳပ္ႀကီး' စသည္ျဖင့္ ေခၚေဝၚ သံုးႏႈန္းတတ္သည္။ အမွန္စဥ္းစား ၾကည့္လွ်င္ ျမတ္စြာဘုရားနည္း အတုိင္း သံုးႏႈန္းေခၚေဝၚ ေျပာဆို ေနျခင္းပင္ ျဖစ္ပါသည္။ အဘယ့္ ေၾကာင့္ဆုိေသာ္ ျမတ္စြာဘုရားရွင္ ႏွင့္ သူေဌးမ်ား၊ ဘုရင္မင္းမ်ားႏွင့္ စကားေျပာခန္းမ်ားကို ေလ့လာၾကည့္ ပါက ျမတ္စြာဘုရားရွင္သည္ သူေဌး ႀကီးႏွင့္ေတြ႕ပါက 'သူေဌးႀကီး၊ သူၾ<ြကယ္ႀကီး(ေသ႒ိ)'၊ ရွင္ဘုရင္မ်ား ႏွင့္ စကားေျပာဆုိရာတြင္ 'ျမတ္ ေသာမင္းႀကီး၊ မင္းျမတ္ (မဟာ ရာဇ)' စသည္ျဖင့္ ေျပာဆိုသည္ ကိုသာ ေတြ႕ရသည္။ သို႔အတြက္ ေၾကာင့္ ျမတ္စြာဘုရားရွင္သည္ နား ေထာင္သူ နားဝင္ခ်ဳိေစမည့္ အေခၚ အေဝၚ အသံုးအႏႈန္းကို သေဘာ က်က် သံုးႏႈန္းေလ့ရိွသည္ဟု ဆုိႏုိင္ မည္ဟု ယူဆမိသည္။

(၅)
ျမတ္စြာဘုရားရွင္ႏွင့္ စပ္လ်ဥ္း ၍ အမ်ားၾကားဖူးသည့္ အျဖစ္ အပ်က္တစ္ခု ရိွသည္။ နကုလပိတာ၊ နကုလမာတာဟူေသာ လင္မယား ႏွစ္ေယာက္အေၾကာင္း ျဖစ္သည္။ သူတို႔ႏွစ္ဦးသည္ ျမတ္စြာဘုရားရွင္ အေပၚတြင္ မိမိ၏ သားအရင္းကဲ့သို႔ ခ်စ္ခင္ၾကင္နာၾကသူမ်ား ျဖစ္သည္။ ျမတ္စြာဘုရားကလည္း သူတို႔၏ ခ်စ္ျခင္းကို လက္ခံသည့္အေန အထား ေတြ႕ရသည္။
စာထဲတြင္ နကုလပိတာ၊ နာကုလမာတာဆိုသည္မွာ နာမည္ (just name) မွ်သာ ျဖစ္ေနေသာ္ လည္း စာေရးသူက ေဝါဟာရ အဓိပၸာယ္ကိုလုိက္ၿပီး စဥ္းစားမိ သည္။ န=မဟုတ္+ကုလ=အမ်ဳိး+ ပိတာ=အေဖ၊ န=မဟုတ္+ကုလ= အမ်ဳိး+မာတာ=အေမ။ ဟု အဓိပၸာယ္ အသီးသီးထြက္ရာ ''အမ်ဳိးမေတာ္ ေသာ အေဖႏွင့္ အမ်ဳိးမေတာ္ေသာ အေမ'' ဟု အဓိပၸာယ္ရေလသည္။ အမွန္အားျဖင့္လည္း ထိုလင္မယား ႏွစ္ေယာက္သည္ ဘုရားရွင္ႏွင့္ အမ်ဳိးမေတာ္စပ္သူမ်ား ျဖစ္သည္။ သို႔ရာတြင္ မိဘအရင္းအျခာမ်ားလို သံေယာဇဥ္ႀကီးမားသူမ်ား ျဖစ္ေလ သည္။

(၆)
အထက္ပါ ဇာတ္လမ္းႏွင့္ဆင္ တူေသာ ဇာတ္လမ္းတစ္ပုဒ္လည္း ရိွပါေသးသည္။ လင္မယား ႏွစ္ေယာက္သည္ ျမတ္စြာဘုရားကို ေတြ႕သည္ႏွင့္ ''ခ်စ္သားေလး၊ မိဘေတြကို မလုပ္ေကြၽးဘဲနဲ႔ ဘယ္ ေတြသြားေနတာလဲ'' ဟု ဆုိသည္။ ထို႔အျပင္''အိမ္မွာ အေမလည္း ရိွေန တယ္၊ လာ လုိက္ခဲ့ အေမ့ကို သြား ေတြ႕လိုက္ဦး'' ဟု ဆိုသည္။ အိမ္ ေရာက္ေသာအခါ သူ႕သားသမီးတို႔ကို လည္း ''သားတို႔ သမီးတို႔လာၾက၊ မင္းတို႔ အစ္ကိုလာၿပီ ရိွခိုးၾက'' ဟု ဆုိျပန္သည္။
ျမတ္စြာဘုရားရွင္ကလည္း ထို လင္မယားတို႔၏ခ်စ္ျခင္းေမတၱာကို အသိအမွတ္ျပဳေတာ္မူခဲ့သည္။ ျမတ္စြာဘုရားရွင္သည္ သူ႔ထံသို႔ ဆြမ္းစားလာပင့္ပါက ထိုလင္မယား အိမ္သို႔ သြားခုိင္းၿပီး အခြင့္ေတာင္း ခုိင္းေလ့ရိွသည္။ ဆြမ္းဖိတ္သူမရိွ ေသာေန႔တုိင္း ျမတ္စြာဘုရားသည္ ထိုလင္မယားအိမ္သို႔ သြားေရာက္ၿပီး ဆြမ္းဘုဥ္းေပးေတာ္မူခဲ့သည္။

(၇)
ထိုဇာတ္လမ္းမ်ားတြင္ ျမတ္စြာ ဘုရားရွင္က အလိုလို ျဖစ္ေပၚလာ တတ္ေသာ ခ်စ္ျခင္းေမတၱာ အေၾကာင္းကို ထုတ္ေဖာ္ေဟာၾကား ခဲ့သည္။ ခ်စ္ျခင္း ေမတၱာသည္ (၁) ေရွးဘဝမ်ားက အတူတကြ ေပါင္းသင္းေနထိုင္ခဲ့ဖူးျခင္း၊ (၂) ပစၥဳပၸန္ဘဝတြင္ အက်ဳိးစီးပြား အျပန္ အလွန္ ျဖစ္ထြန္းႏုိင္ျခင္းဟူေသာ အေၾကာင္းႏွစ္ခ်က္ေၾကာင့္ ျဖစ္ေပၚ လာတတ္ေၾကာင္း မိန္႔ေတာ္မူခဲ့သည္။ ထိုအခ်က္ႏွစ္ခ်က္ရိွလွ်င္ ျမင္ကာမွ် ႏွင့္ ခ်စ္ျခင္းေမတၱာမ်ား ျဖစ္တတ္ ေၾကာင္း ေဟာၾကားခဲ့သည္။

(၈)
အေခၚအေဝၚမ်ားက ေျပာျပ ေသာ အဓိပၸာယ္မ်ားအေၾကာင္းကို စဥ္းစားရင္း အေခၚအေဝၚမ်ား၏ အေရးပါမႈမ်ားကိုပါ တစ္ပါတည္း စဥ္းစားမိခဲ့သည္။ လူ႔ေလာကတြင္ ေနေနရသည့္ လူတို႔သည္ အစစ အရာရာ စိတ္ခ်မ္းေျမ႕ေစဖို႔အတြက္ ေျပာဆိုဆက္ဆံရာတြင္ ပထမဦးစြာ အေခၚအေဝၚမ်ား ယဥ္ေက်းသိမ္ေမြ႕ ေနသင့္သည္။ တစ္နည္းအားျဖင့္ ေမတၱာသံပါေသာ အေခၚအေဝၚ ေလးမ်ားကို အသားက်ေအာင္ ေလ့က်င့္ေခၚေဝၚသင့္ပါသည္။ မည္မွ် ႏူးညံ့ေသာ အေခၚအေဝၚပင္ျဖစ္ေစ ကာမူ အေခၚအေဝၚမ်ား၏ ေနာက္ တြင္ ႐ိုးသားမႈတစ္ခု ရိွဖို႔ေတာ့ အထူးလိုအပ္လွျပန္သည္။ ႐ိုးသားမႈ ေနာက္ခံထားျခင္းမရိွေသာ အေခၚ အေဝၚမ်ားသည္ ဓားသြားေပၚက ပ်ားရည္စက္ေလးမ်ားသဖြယ္ ေၾကာက္စဖြယ္ေကာင္းေနပါလိမ့္မည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အရွင္ကုသလသာမိ(အတည္မဲ့)

# Unicode Version #
(၁)
တစ်နေ့က ဆရာတော်တစ်ပါး နှင့် အိမ်တစ်အိမ်သို့ သွားဖြစ်ခဲ့ သည်။ ထိုအိမ်တွင် အသက်(၇ဝ)ခန့် ဒကာကြီးနှင့် ဒကာမကြီးတို့ ရှိသည်။ သူတို့နှစ်ဦးလုံးသည် အသက်အရွယ် အိုမင်းနေသော်လည်း တစ်ဦးကို တစ်ဦး ကြည့်သောအကြည့်၊ ပြော သောစကားများက ဆယ်ကျော် သက်လေးများလို နူးညံ့သိမ်မွေ့နေ ဆဲပင် ဖြစ်သည်။ တစ်ဦးကိုတစ်ဦး ကြင်ကြင်နာနာ အမူအရာဖြင့် ပြောဆို ဆက်ဆံနေကြသည်။ တစ်ဦးပေါ် တစ်ဦး နားလည်မှုအပြည့်ဖြင့် ဘဝ လက်တွဲဖော် ပီသနေကြသူများ ဖြစ် လိမ့်မည်ဟု တွေးမိခဲ့သည်။ သူတို့ နှစ်ဦးသည် ဆရာတော်ကို တွေ့သည် နှင့် ''သားသား''ဟု ခေါ်သည်။ ဆရာတော်ကလည်း ပါးပါး၊ မားမား ဟု ခေါ်သည်။ အမြင်အရ တစ်မျိုး ထူးဆန်းနေခဲ့သည်။ ပြုံးချင်စရာ တစ်မျိုးဟု သဘောထားမိ၍ ပြုံးခဲ့ မိသေးသည်။ နောက်ပိုင်းတွင် သိလာ ရသည်မှာ သူတို့အခေါ်အဝေါ် အပြောအဆိုများမှာ နောက်ကြောင်း ကင်းသည်။ အခြားကွယ်ဝှက်ထား သော အဓိပ္ပာယ်များ မရှိ။ သူတို့ နှစ်ဦးက ဆရာတော့်အပေါ်မှာ တကယ့်သားအရင်းလို သားသားဟု ခေါ်ချင်သည်။ ထို့အပြင် ဆရာတော် က ခေါ်သောအခါတွင်လည်း ပါးပါး၊ မားမားခေါ်မှ သဘောကျသည်ဟု ဆိုသည်။

(၂)
ဘုန်းကြီးလောကတွင် အချင်း ချင်းကြားမှာ ပြောနေကြသည်များ ရှိသည်။ ''ဒီကိုယ်တော်က ဘုန်းကံ ကြီးမှာပေါ့၊ ဒကာမကြီးတွေ တွေ့ရင် မေမေ မေမေ၊ မယ်တော်ကြီး မယ်တော်ကြီးလို့ ပြောတာကိုး'' ဟု ဆိုတတ်ကြသည်။ အချို့ကတော့ ပိုပြီး ရင်းနှီးချင်လို့၊ ရင်းနှီးမှုပိုရမှ ဆက်ဆံရေးနှင့် အခြားလုပ်ငန်းကိစ္စ များ အဆင်ပြေနိုင်တယ်လို့ ယုံကြည် သည့်အတွက် ဒကာ၊ ဒကာမများ အကြိုက် ခေါ်ဝေါ်သုံးနှုန်းလေ့ရှိကြ သည်။ အချို့ကတော့ ဘာရည်ရွယ် ချက်၊ ဘာအကြောင်းတရားမှမရှိဘဲ အမေတစ်ယောက်လို ချစ်ခင်မိ သဖြင့် မာမား၊ မယ်တော်ကြီး စသည် ခေါ်ကြသည်။ အစ်မစသည် ခေါ်ဝေါ် ပြောဆိုကြသည်။ အချို့ကတော့ ဒကာ၊ဒကာမများကို ဒကာ၊ဒကာမ အသုံးအနှုန်းမှလွဲ၍ အခြားအခေါ် အဝေါ်ဖြင့် ခေါ်ဝေါ်ပြောဆိုကြသည် ကိုမနှစ်သက်ကြပေ။ ရယူလိုမှုကို အခြေမခံဘဲ မေတ္တာတရားကြောင့် အရင်းနှီးဆုံး အခေါ်အဝေါ် အပြော အဆိုများ သုံးနှုန်းခြင်းသည် ဘုရား အလိုတော်နှင့် မကိုက်ညီဟု စာရေး သူတော့ မယူဆပါ။

(၃)
မြတ်စွာဘုရား တရားတော် များတွင် ယဉ်ကျေးသူတို့၏ အသုံး အနှုန်းဟူသော ဟောကြားချက်များ ကို တွေ့ရသည်။ ဘုရားရှင်က ဖခင် အရွယ်ကို (ဖေဖေ၊ ပါပါး)၊ မိခင် အရွယ်ကို (မေမေ၊ မာမား)၊ အစ်မ အရွယ်ကို အစ်မ၊ ညီမအရွယ်ကို ညီမ စသဖြင့် ခေါ်ဝေါ်ပြောဆိုခြင်း သည် ယဉ်ကျေးသူတို့၏ စကား၊ မြို့ကြီးသူတို့စကားဟု ညွှန်ပြထား သည်။ စာရေးသူ သိသလောက်ဆို ရလျှင် လူဒကာ၊ ဒကာမများကို ''ဒကာကြီး၊ ဒကာမကြီး''ဟု ခေါ်ဝေါ် ပြောဆိုခြင်းသည် ဘုရားအလိုအရ သတ်မှတ်ထားခြင်းမဟုတ်ဘဲ မြန်မာ့ ယဉ်ကျေးမှုသက်သက်သာ ဖြစ် သည်။

(၄)
စာသင်သားဘဝက ဆရာ တော်ကြီးတစ်ပါးကို ရှုတ်ချခဲ့ဖူးသည်။ ထိုဆရာတော်သည် သူဌေးကြီးများ ကျောင်းလာလျှင် 'သူဌေးကြီး'၊ ဗိုလ်ချုပ်ကြီးများ ကျောင်းလာလျှင် 'ဗိုလ်ချုပ်ကြီး' စသည်ဖြင့် ခေါ်ဝေါ် သုံးနှုန်းတတ်သည်။ အမှန်စဉ်းစား ကြည့်လျှင် မြတ်စွာဘုရားနည်း အတိုင်း သုံးနှုန်းခေါ်ဝေါ် ပြောဆို နေခြင်းပင် ဖြစ်ပါသည်။ အဘယ့် ကြောင့်ဆိုသော် မြတ်စွာဘုရားရှင် နှင့် သူဌေးများ၊ ဘုရင်မင်းများနှင့် စကားပြောခန်းများကို လေ့လာကြည့် ပါက မြတ်စွာဘုရားရှင်သည် သူဌေး ကြီးနှင့်တွေ့ပါက 'သူဌေးကြီး၊ သူြ<ွကယ်ကြီး(သေဋ္ဌိ)'၊ ရှင်ဘုရင်များ နှင့် စကားပြောဆိုရာတွင် 'မြတ် သောမင်းကြီး၊ မင်းမြတ် (မဟာ ရာဇ)' စသည်ဖြင့် ပြောဆိုသည် ကိုသာ တွေ့ရသည်။ သို့အတွက် ကြောင့် မြတ်စွာဘုရားရှင်သည် နား ထောင်သူ နားဝင်ချိုစေမည့် အခေါ် အဝေါ် အသုံးအနှုန်းကို သဘော ကျကျ သုံးနှုန်းလေ့ရှိသည်ဟု ဆိုနိုင် မည်ဟု ယူဆမိသည်။

(၅)
မြတ်စွာဘုရားရှင်နှင့် စပ်လျဉ်း ၍ အများကြားဖူးသည့် အဖြစ် အပျက်တစ်ခု ရှိသည်။ နကုလပိတာ၊ နကုလမာတာဟူသော လင်မယား နှစ်ယောက်အကြောင်း ဖြစ်သည်။ သူတို့နှစ်ဦးသည် မြတ်စွာဘုရားရှင် အပေါ်တွင် မိမိ၏ သားအရင်းကဲ့သို့ ချစ်ခင်ကြင်နာကြသူများ ဖြစ်သည်။ မြတ်စွာဘုရားကလည်း သူတို့၏ ချစ်ခြင်းကို လက်ခံသည့်အနေ အထား တွေ့ရသည်။
စာထဲတွင် နကုလပိတာ၊ နာကုလမာတာဆိုသည်မှာ နာမည် (just name) မျှသာ ဖြစ်နေသော် လည်း စာရေးသူက ဝေါဟာရ အဓိပ္ပာယ်ကိုလိုက်ပြီး စဉ်းစားမိ သည်။ န=မဟုတ်+ကုလ=အမျိုး+ ပိတာ=အဖေ၊ န=မဟုတ်+ကုလ= အမျိုး+မာတာ=အမေ။ ဟု အဓိပ္ပာယ် အသီးသီးထွက်ရာ ''အမျိုးမတော် သော အဖေနှင့် အမျိုးမတော်သော အမေ'' ဟု အဓိပ္ပာယ်ရလေသည်။ အမှန်အားဖြင့်လည်း ထိုလင်မယား နှစ်ယောက်သည် ဘုရားရှင်နှင့် အမျိုးမတော်စပ်သူများ ဖြစ်သည်။ သို့ရာတွင် မိဘအရင်းအခြာများလို သံယောဇဉ်ကြီးမားသူများ ဖြစ်လေ သည်။

(၆)
အထက်ပါ ဇာတ်လမ်းနှင့်ဆင် တူသော ဇာတ်လမ်းတစ်ပုဒ်လည်း ရှိပါသေးသည်။ လင်မယား နှစ်ယောက်သည် မြတ်စွာဘုရားကို တွေ့သည်နှင့် ''ချစ်သားလေး၊ မိဘတွေကို မလုပ်ကျွေးဘဲနဲ့ ဘယ် တွေသွားနေတာလဲ'' ဟု ဆိုသည်။ ထို့အပြင်''အိမ်မှာ အမေလည်း ရှိနေ တယ်၊ လာ လိုက်ခဲ့ အမေ့ကို သွား တွေ့လိုက်ဦး'' ဟု ဆိုသည်။ အိမ် ရောက်သောအခါ သူ့သားသမီးတို့ကို လည်း ''သားတို့ သမီးတို့လာကြ၊ မင်းတို့ အစ်ကိုလာပြီ ရှိခိုးကြ'' ဟု ဆိုပြန်သည်။
မြတ်စွာဘုရားရှင်ကလည်း ထို လင်မယားတို့၏ချစ်ခြင်းမေတ္တာကို အသိအမှတ်ပြုတော်မူခဲ့သည်။ မြတ်စွာဘုရားရှင်သည် သူ့ထံသို့ ဆွမ်းစားလာပင့်ပါက ထိုလင်မယား အိမ်သို့ သွားခိုင်းပြီး အခွင့်တောင်း ခိုင်းလေ့ရှိသည်။ ဆွမ်းဖိတ်သူမရှိ သောနေ့တိုင်း မြတ်စွာဘုရားသည် ထိုလင်မယားအိမ်သို့ သွားရောက်ပြီး ဆွမ်းဘုဉ်းပေးတော်မူခဲ့သည်။

(၇)
ထိုဇာတ်လမ်းများတွင် မြတ်စွာ ဘုရားရှင်က အလိုလို ဖြစ်ပေါ်လာ တတ်သော ချစ်ခြင်းမေတ္တာ အကြောင်းကို ထုတ်ဖော်ဟောကြား ခဲ့သည်။ ချစ်ခြင်း မေတ္တာသည် (၁) ရှေးဘဝများက အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ဖူးခြင်း၊ (၂) ပစ္စုပ္ပန်ဘဝတွင် အကျိုးစီးပွား အပြန် အလှန် ဖြစ်ထွန်းနိုင်ခြင်းဟူသော အကြောင်းနှစ်ချက်ကြောင့် ဖြစ်ပေါ် လာတတ်ကြောင်း မိန့်တော်မူခဲ့သည်။ ထိုအချက်နှစ်ချက်ရှိလျှင် မြင်ကာမျှ နှင့် ချစ်ခြင်းမေတ္တာများ ဖြစ်တတ် ကြောင်း ဟောကြားခဲ့သည်။

(၈)
အခေါ်အဝေါ်များက ပြောပြ သော အဓိပ္ပာယ်များအကြောင်းကို စဉ်းစားရင်း အခေါ်အဝေါ်များ၏ အရေးပါမှုများကိုပါ တစ်ပါတည်း စဉ်းစားမိခဲ့သည်။ လူ့လောကတွင် နေနေရသည့် လူတို့သည် အစစ အရာရာ စိတ်ချမ်းမြေ့စေဖို့အတွက် ပြောဆိုဆက်ဆံရာတွင် ပထမဦးစွာ အခေါ်အဝေါ်များ ယဉ်ကျေးသိမ်မွေ့ နေသင့်သည်။ တစ်နည်းအားဖြင့် မေတ္တာသံပါသော အခေါ်အဝေါ် လေးများကို အသားကျအောင် လေ့ကျင့်ခေါ်ဝေါ်သင့်ပါသည်။ မည်မျှ နူးညံ့သော အခေါ်အဝေါ်ပင်ဖြစ်စေ ကာမူ အခေါ်အဝေါ်များ၏ နောက် တွင် ရိုးသားမှုတစ်ခု ရှိဖို့တော့ အထူးလိုအပ်လှပြန်သည်။ ရိုးသားမှု နောက်ခံထားခြင်းမရှိသော အခေါ် အဝေါ်များသည် ဓားသွားပေါ်က ပျားရည်စက်လေးများသဖွယ် ကြောက်စဖွယ်ကောင်းနေပါလိမ့်မည်။

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင်ကုသလသာမိ(အတည်မဲ့)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top