ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ တပ္ကုန္းၿမိဳ႕နယ္၊ ေျမာက္ၿမိဳက္ေက်းရြာအုပ္စု၊ ဒဟတ္ကုန္းေက်းရြာမွ အမ်ိဳးသမီးတစ္ဦး ေအာက္တိုဘာလ (၉)ရက္ေန႔က တပ္ကုန္းၿမိဳ႕နယ္ ကုတင္ (၁၀၀)ျပည္သူ႔ေဆးရံုတြင္ ရင္ခ်င္းဆက္ အမႊာညီအစ္မအား ေမြးဖြားခဲ့ေၾကာင္း သိရသည္။

အသက္ (၃၆)ႏွစ္အရြယ္ ကိုယ္ဝန္ေဆာင္အမ်ဳိးသမီး မျဖဴသည္ တပ္ကုန္းၿမိဳ႕နယ္ ကုတင္ (၁၀၀) ျပည္သူ႔ေဆး႐ံုႀကီးသို႔ အေရးေပၚ ေရာက္ရွိလာခဲ႔သျဖင့္ စမ္းသပ္စစ္ေဆးရာ ကေလးေျခေထာက္ (၄)ေခ်ာင္း စမ္းသပ္ေတြ႔ရွိ၍ ေဆး႐ံုအုပ္ႀကီး ေဒါက္တာထြန္းထြန္း ၊ ေမ႔ေဆးအထူးကု ေဒါက္တာဆန္းစုစုၾကည္ ၊ ကေလးအထူးကု ေဒါက္တာရဲေက်ာ္သူ ၊ ခြဲစိတ္ခန္း သူနာျပဳဆရာမမ်ားျဖင့္ အေရးေပၚ ခြဲစိတ္ေမြးဖြား ခဲ႔ရျခင္းျဖစ္ေၾကာင္း သိရသည္။

လမေစ့ေသာ္လည္း ကိုယ္အေလးခ်ိန္ (၇)ေပါင္ေက်ာ္ရွိေသာ ရင္ခ်င္းဆက္အမႊာညီအစ္မအား ေကာင္းမြန္စြာ ေမြးဖြားႏိုင္ခဲ႔ၿပီး ကေလးမ်ားႏွင့္ မိခင္ျဖစ္သူမွာ က်န္းမာေရးေကာင္းမြန္ေၾကာင္း သိရသည္။

ရင္ခ်င္းဆက္အမႊာမွာ လမေစ႔၊ ေပါင္မျပည့္သျဖင့္ လိုအပ္ေသာ ေဆးကုသေစာင့္ေရွာက္မႈ ပိုမိုေဆာင္ရြက္ေပးႏိုင္ေရးအတြက္ ဥတၱရသီရိကေလးအထူးကုေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ ကုသ ေဆာင္ရြက္လ်က္ရွိေၾကာင္း သိရသည္။

သတင္း - နန္းဟြမ္ခမ္း
ဓါတ္ပုံ - ကိုသိန္းသန္းေအာင္
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  thithtoolwin

#Unicode Version#
နေပြည်တော်ကောင်စီနယ်မြေ၊ တပ်ကုန်းမြို့နယ်၊ မြောက်မြိုက်ကျေးရွာအုပ်စု၊ ဒဟတ်ကုန်းကျေးရွာမှ အမျိုးသမီးတစ်ဦး အောက်တိုဘာလ (၉)ရက်နေ့က တပ်ကုန်းမြို့နယ် ကုတင် (၁၀၀)ပြည်သူ့ဆေးရုံတွင် ရင်ချင်းဆက် အမွှာညီအစ်မအား မွေးဖွားခဲ့ကြောင်း သိရသည်။

အသက် (၃၆)နှစ်အရွယ် ကိုယ်ဝန်ဆောင်အမျိုးသမီး မဖြူသည် တပ်ကုန်းမြို့နယ် ကုတင် (၁၀၀) ပြည်သူ့ဆေးရုံကြီးသို့ အရေးပေါ် ရောက်ရှိလာခဲ့သဖြင့် စမ်းသပ်စစ်ဆေးရာ ကလေးခြေထောက် (၄)ချောင်း စမ်းသပ်တွေ့ရှိ၍ ဆေးရုံအုပ်ကြီး ဒေါက်တာထွန်းထွန်း ၊ မေ့ဆေးအထူးကု ဒေါက်တာဆန်းစုစုကြည် ၊ ကလေးအထူးကု ဒေါက်တာရဲကျော်သူ ၊ ခွဲစိတ်ခန်း သူနာပြုဆရာမများဖြင့် အရေးပေါ် ခွဲစိတ်မွေးဖွား ခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

လမစေ့သော်လည်း ကိုယ်အလေးချိန် (၇)ပေါင်ကျော်ရှိသော ရင်ချင်းဆက်အမွှာညီအစ်မအား ကောင်းမွန်စွာ မွေးဖွားနိုင်ခဲ့ပြီး ကလေးများနှင့် မိခင်ဖြစ်သူမှာ ကျန်းမာရေးကောင်းမွန်ကြောင်း သိရသည်။

ရင်ချင်းဆက်အမွှာမှာ လမစေ့၊ ပေါင်မပြည့်သဖြင့် လိုအပ်သော ဆေးကုသစောင့်ရှောက်မှု ပိုမိုဆောင်ရွက်ပေးနိုင်ရေးအတွက် ဥတ္တရသီရိကလေးအထူးကုဆေးရုံကြီးသို့ ပို့ဆောင် ကုသ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သတင်း - နန်းဟွမ်ခမ်း
ဓါတ်ပုံ - ကိုသိန်းသန်းအောင်

ဖိုးသူတော် (www.phothutaw.com)
Credit:  thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top