Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
# Unicode Version ဖြင့် ဖတ်ပါ #
၀က်ခြံဆိုတာ နေပုံထိုင်ပုံနှင့်သာ ဆိုင်တာမဟုတ် ၊ စိတ်ရဲ့ခံစားမှုနဲ့လည်းဆိုင်ပါသေးတယ်။
diet နဲ့ ဝက်ခြံမဆိုင်ဘူးလို့ အရင်ကလေ့လာခဲ့ကြပေမဲ့ ယခုခေတ်လေ့လာချက်တွေအရ များစွာသက်ရောက်မှု ရှိနေပါတယ်။ သကြားမှာ အင်ဆူလင်ဓါတ်ကြွယ်ဝလို့ ဝက်ခြံဖြစ်စေနိုင်စေပါတယ်။ soda ၊ chocolate နဲ့ beer တို့ကိုရှောင်သင့်ပါတယ်။ နွားနို့မှာပါတဲ့ဟော်မုန်းကြောင့်လည်း ဝက်ခြံဖြစ်နိုင်ပါတယ်။ သခွားသီး၊ အခွံမာသီးများများစားပါ။ ကြက်ဥ ၊မှူို ၊အသား ၊ ပင်လယ်စာတွေက အသားပြန်အားဖြည့်စေပါတယ်။ ဗွီတာမင်အေပါတဲ့ မုန်လာဥနီ ၊ ဂေါ်ဖီထုပ် စားပါ။
ဆေးလိပ်သောက်ခြင်းက ဆိုးကျိုးတွေများစွာဖြစ်စေတဲ့အတွက် ဆေးရွက်ကြီးက ဝက်ခြံပျောက်နှေးစေပါတယ်။ သင်ဆေးလိပ်ဖြတ်လိုက်ရင် ပိုကြည့်ကောင်းလာမှာ ဖြစ်သလို အောက်ဆီဂျင်စီးဆင်းမှု များလာမှာ ဖြစ်တဲ့အတွက် ဝက်ခြံပျောက်မြန်စေမှာပါ။
အလှအပအသုံးဆောင်တွေကြောင့်လည်း ဝက်ခြံဖြစ်စေနိုင်ပါတယ်။noncomedogenicပါတဲ့အတွက် ဝက်ခြံပိုပေါက်စေပြီး အရက်နဲ့အဆီဓါတွေက အသားရည်ခြောက်ခြင်း ၊ ယားယံခြင်း တိုကို ဖြစ်စေလွယ်ပါတယ်။သုံးမယ့်အရာမှာ - ရှားစောင်းလတ်ပတ် ၊ retinols နဲ့ peptide 10 တို့ပါဝင်မှ ဝယ်ယူပါရန်။
နေရောင်ခံခရမ် မှာ UV ကာကွယ်တဲ့အရာများမပါရင် အကြိတ်တွေကို လှုံ့ဆော်စေတဲ့အတွက် ဝက်ခြံပိုထွက်စေပါတယ်။
စိတ်ဖိစီးမှုများခြင်းက ဝက်ခြံထွက်စေပါတယ်။ဝက်ခြံအသစ်က စိတ်ဖိစီးမှုကြောင့်မဟုတ်ပေမဲ့ထွက်ရှိပြီးသားဝက်ခြံက စိတ်ဖိစီးမှုကြောင့် ပိုဆိုးတဲ့အခြေနေကို ဖန်တီးပေးပါတယ်။အနာကျက်နှေးစေပြီး ဝက်ခြံပျောက်ခြင်းကို ကြာရှည်စေပါတယ်။
မျက်နှာ ခဏခဏသစ်ခြင်းက ဝက်ခြံမပျောက်စေပါဘူး ။ပွတ်တိုက်ခြင်း ၊ ဝက်ခြံပျောက်မျက်နှာသစ်ခြင်းတို့က ဝက်ခြံကို မဖယ်ရှားပေးနိုင်ပေမဲ့ မျက်နှာသစ်ပြီးချိန်တွင် ရေခြောက်အောင်မသုတ်ဘဲ စိုရုံဖွဖွလေးသုတ်ပေးခြင်းကတော့ မျက်နှာခြောက်သွေ့ခြင်းကို ကာကွယ်ပေးပါတယ်။
သွားတိုက်ဆေးက ဝက်ခြံကို မကာကွယ်ပေးပါ။မုန့်ဖုတ်ဆော်ဒါ ၊ အဆီ ၊ ပရုတ် တို့ပါတဲ့သွားတိုက်ဆေးက အသားရည်ကို ခြောက်သွေ့စေပြီး ယားယံခြင်းနဲ့နီရဲယောင်ခြင်းကို ပို၍ ဖြစ်ပေါ်စေပါတယ်။ benzoyl peroxide-based ပါတဲ့ အရာမှသာ ဝက်ခြံပျောက်စေတာဖြစ်ပါတယ်။
ဝက်ခြံအထဲမှာ ဆဲလ်အသေ ၊ ဘတ်တီးရီးယား တို့ ပါရှိပြိးသားဖြစ်တဲ့အတွက် သင်လက်နဲ့သွားညစ်မယ်ဆိုပါက ပို၍ယောင်ယမ်းပွားများစေနိူင်တဲ့အတွက် ဝက်ခြံညစ်ကိရိယာကိုသာသုံးပါ။ ၎င်းသာမက ရှင်းထုတ်ပြီးသားနေရာကို antiseptic ပြန်သုံးပေးထားပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: mingalarbarmorning
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top