ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ရခိုင္ျပည္နယ္မွာ ဒီရက္ပိုင္းအတြင္း အၾကမ္းဖက္တိုက္ခိုက္မႈေတြ ျဖစ္ေပၚလာႏိုင္တယ္ဆိုတဲ့သတင္းေတြအရ စစ္ေတြအပါအဝင္ ၿမိဳ႕နယ္အႏွံ႔မွာ လံုၿခံဳေရးကို ႏွစ္ဆေလာက္ တိုးျမွင့္ေဆာင္ရြက္ေနတယ္လို႔ ရခိုင္ျပည္နယ္ ရဲတပ္ဖြဲ႔က ေျပာပါတယ္။

ျပည္သူေတြ မထိခိုက္ေအာင္ လံုၿခံဳေရးကို အေလးထားေဆာင္ရြက္ေနတာျဖစ္ေၾကာင္း ရဲမွဴးႀကီးေအာင္ျမတ္မိုး က ေျပာပါတယ္။

"တစ္ဘက္ ဘဂၤလားေဒ့ရွ္ႏိုင္ငံမွာ ထုတ္တဲ့ စာေစာင္ေတြမွာ ေဖာ္ျပခ်က္ေတြအရေသာ္လည္းေကာင္း ဒီ ARSA အၾကမ္းဖက္ အဖြဲ႔အစည္းရဲ႕ ၉ ရက္ေန႔မွာေတာ့ သူူတို႔ အပစ္အခတ္ရပ္စဲတာ ၿပီးသြားၿပီဆိုတဲ့ ေၾကျငာခ်က္ေတြအရေသာ္လည္းေကာင္း ျဖစ္ေပၚေနတဲ့ အျခားအျခားေသာ သတင္းဌာနမ်ား ရရိွတဲ့ သတင္းေတြအရေသာ္လည္းေကာင္း က်ေနာ္တို႔ သတင္းေတာ့ ရထားပါတယ္။ သို႔ေသာ္ သတင္း မွန္၏ မွား၏က သတင္းသည္ သတင္းသာျဖစ္ပါတယ္။ က်ေနာ္တို႔ အေနနဲ႔ကေတာ့ ျပည္သူလူထု မလိုအပ္ပဲနဲ႔ ထိခိုက္ခံစားမႈမျဖစ္ေအာင္ ရဲတပ္ဖြဲ႔အေနနဲ႔ ျပည္တြင္းလံုၿခံဳေရးတာ၀န္ကို ယူထားရတာျဖစ္တဲ့အတြက္ က်ေနာ္တို႔ လံုၿခံဳေရးတာ၀န္ကိုေတာ့ ပိုၿပီးေတာ့ဂရုစိုက္ၿပီး ေဆာင္ရြက္သြားမွာျဖစ္ပါတယ္"

ရခိုင္ျပည္နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴးႀကီးေအာင္ျမတ္မိုးဦးေဆာင္ၿပီး မေန႔ညက စစ္ေတြၿမိဳ႕မွာ လွည့္ကင္းေတြ ေဆာင္ရြက္ခဲ့သလို ယာဥ္အသြားအလာေတြကိုလည္း ပိတ္ဆို႔ရွာေဖြခဲ့ပါတယ္။

ေမာင္ေတာေဒသမွာ ၿပီးခဲ့တဲ့ၾသဂုတ္လ ၂၅ ရက္ေန႔ အၾကမ္းဖက္တိုက္ခိုက္မႈျဖစ္စဥ္ေတြနဲ႔ ပတ္သက္ၿပီး နယ္ေျမ ရွင္းလင္းေရးေတြ ေဆာင္ရြက္ၿပီးခ်ိန္မွာ အၾကမ္းဖက္အဖြဲ႔အစည္းေတြက ျမန္မာျပည္ၿမိဳ႕ႀကီးေတြမွာ ေဖာက္ခြဲမႈေတြ လုပ္မယ္ဆိုတဲ့ သတင္းေတြရခဲ့သလို၊ သံသယျဖစ္ဖြယ္ေဖာက္ခြဲမႈေတြလည္း ျဖစ္ပြားခဲ့တာေၾကာင့္ ရခိုင္ျပည္နယ္ အတြင္းက ေစ်းေတြ၊ ကားဂိတ္ေတြနဲ႔ လူစည္ကားတဲ့ေနရာေတြမွာ လံုၿခံဳေရးေတြခ်ထားတာ ျဖစ္ပါတယ္။

အခုလိုလံုၿခံဳေရးတိုးျမွင့္ေဆာင္ရြက္တာေတြကို ၿပီးခဲ့တဲ့ တစ္လေလာက္ကတည္းက ေဆာင္ရြက္ခဲ့တာျဖစ္ၿပီး ေရွ႕ဆက္ၿပီးေတာ့လည္း လိုအပ္ခ်က္အရ ဆက္လက္ေဆာင္ရြက္သြားမွာျဖစ္တယ္လို႔ ရဲမွဴးႀကီးေအာင္ျမတ္မိုးက ေျပာပါတယ္။

ျပည္သူလူထုအေနနဲ႔လည္း မသကၤာဖြယ္ရာ ထူးျခားမႈတစ္စံုတရာ ေတြ႔ခဲ့မယ္ဆိုရင္ ရဲတပ္ဖြဲ႔ကို အေၾကာင္းၾကားေစ လိုေၾကာင္းလည္း ေျပာပါတယ္။

အမွတ္ (၄) လံုၿခံဳေရး ရဲတပ္ဖြဲ႔မ်ား ကြပ္ကဲေရးမွဴး ရဲမွဴးခ်ဳပ္ျမဝင္း ကလည္း ျဖစ္စဥ္ေတြအေပၚမူတည္ၿပီး လံုၿခံဳေရး လက္ဦးမႈရရိွေအာင္ ေဆာင္ရြက္မယ္လို႔ေျပာပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
ရခိုင်ပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့သတင်းတွေအရ စစ်တွေအပါအဝင် မြို့နယ်အနှံ့မှာ လုံခြုံရေးကို နှစ်ဆလောက် တိုးမြှင့်ဆောင်ရွက်နေတယ်လို့ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့က ပြောပါတယ်။

ပြည်သူတွေ မထိခိုက်အောင် လုံခြုံရေးကို အလေးထားဆောင်ရွက်နေတာဖြစ်ကြောင်း ရဲမှူးကြီးအောင်မြတ်မိုး က ပြောပါတယ်။

"တစ်ဘက် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ထုတ်တဲ့ စာစောင်တွေမှာ ဖော်ပြချက်တွေအရသော်လည်းကောင်း ဒီ ARSA အကြမ်းဖက် အဖွဲ့အစည်းရဲ့ ၉ ရက်နေ့မှာတော့ သူူတို့ အပစ်အခတ်ရပ်စဲတာ ပြီးသွားပြီဆိုတဲ့ ကြေငြာချက်တွေအရသော်လည်းကောင်း ဖြစ်ပေါ်နေတဲ့ အခြားအခြားသော သတင်းဌာနများ ရရှိတဲ့ သတင်းတွေအရသော်လည်းကောင်း ကျနော်တို့ သတင်းတော့ ရထားပါတယ်။ သို့သော် သတင်း မှန်၏ မှား၏က သတင်းသည် သတင်းသာဖြစ်ပါတယ်။ ကျနော်တို့ အနေနဲ့ကတော့ ပြည်သူလူထု မလိုအပ်ပဲနဲ့ ထိခိုက်ခံစားမှုမဖြစ်အောင် ရဲတပ်ဖွဲ့အနေနဲ့ ပြည်တွင်းလုံခြုံရေးတာဝန်ကို ယူထားရတာဖြစ်တဲ့အတွက် ကျနော်တို့ လုံခြုံရေးတာဝန်ကိုတော့ ပိုပြီးတော့ဂရုစိုက်ပြီး ဆောင်ရွက်သွားမှာဖြစ်ပါတယ်"

ရခိုင်ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင်မြတ်မိုးဦးဆောင်ပြီး မနေ့ညက စစ်တွေမြို့မှာ လှည့်ကင်းတွေ ဆောင်ရွက်ခဲ့သလို ယာဉ်အသွားအလာတွေကိုလည်း ပိတ်ဆို့ရှာဖွေခဲ့ပါတယ်။

မောင်တောဒေသမှာ ပြီးခဲ့တဲ့သြဂုတ်လ ၂၅ ရက်နေ့ အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး နယ်မြေ ရှင်းလင်းရေးတွေ ဆောင်ရွက်ပြီးချိန်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေက မြန်မာပြည်မြို့ကြီးတွေမှာ ဖောက်ခွဲမှုတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေရခဲ့သလို၊ သံသယဖြစ်ဖွယ်ဖောက်ခွဲမှုတွေလည်း ဖြစ်ပွားခဲ့တာကြောင့် ရခိုင်ပြည်နယ် အတွင်းက ဈေးတွေ၊ ကားဂိတ်တွေနဲ့ လူစည်ကားတဲ့နေရာတွေမှာ လုံခြုံရေးတွေချထားတာ ဖြစ်ပါတယ်။

အခုလိုလုံခြုံရေးတိုးမြှင့်ဆောင်ရွက်တာတွေကို ပြီးခဲ့တဲ့ တစ်လလောက်ကတည်းက ဆောင်ရွက်ခဲ့တာဖြစ်ပြီး ရှေ့ဆက်ပြီးတော့လည်း လိုအပ်ချက်အရ ဆက်လက်ဆောင်ရွက်သွားမှာဖြစ်တယ်လို့ ရဲမှူးကြီးအောင်မြတ်မိုးက ပြောပါတယ်။

ပြည်သူလူထုအနေနဲ့လည်း မသင်္ကာဖွယ်ရာ ထူးခြားမှုတစ်စုံတရာ တွေ့ခဲ့မယ်ဆိုရင် ရဲတပ်ဖွဲ့ကို အကြောင်းကြားစေ လိုကြောင်းလည်း ပြောပါတယ်။

အမှတ် (၄) လုံခြုံရေး ရဲတပ်ဖွဲ့များ ကွပ်ကဲရေးမှူး ရဲမှူးချုပ်မြဝင်း ကလည်း ဖြစ်စဉ်တွေအပေါ်မူတည်ပြီး လုံခြုံရေး လက်ဦးမှုရရှိအောင် ဆောင်ရွက်မယ်လို့ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top