Golden City Promotion
×

၁၉၉၆ မွ ၉၈ အတြင္း ဘတ္စ္ကားမ်ားအပ္ႏွံမႈ စတင္လက္ခံေနၿပီဲျဖစ္သည္။ (ဓာတ္ပံု − နစ္ကီ)

၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ ေမာ္ဒယ္ဘတ္စ္ကားမ်ားအပ္ႏွံမႈ ကို စတင္လက္ခံေနၿပီး ယခုလအ တြင္း အဆိုပါကားမ်ားေနရာ၌ ကားအသစ္မ်ားျဖင့္ အစားထိုး မည္ဟု ရန္ကုန္တိုင္းေဒသႀကီး သယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္ကြပ္ကဲမႈ အာဏာပိုင္အဖဲြ႕ (YRTA) အတြင္းေရးမွဴး ေဒါက္ တာေမာင္ေအာင္က ေျပာၾကားသည္။

အဆုိပါဘတ္စ္ကားမ်ား၏ စာရင္း အခ်က္အလက္ ေကာက္ယူထားၿပီး အပ္ႏွံမႈကိုလည္း ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႕ အစည္းအေ၀း ဆံုးျဖတ္ခ်က္ျဖင့္ လက္ခံေနသည္ဟု ေဒါက္တာေမာင္ေအာင္က ဆိုသည္။

‘‘စာရင္းရွိသေလာက္ဆိုရင္ အဲဒီေမာ္ဒယ္သံုးခုမွာ ဘတ္စ္ကား စီးေရက ၄၀၀ ေလာက္ရွိတယ္။ အကုန္လံုးကို ကားအသစ္ေတြနဲ႔ လဲသြားဖို႔အတြက္ အဆင္သင့္ျဖစ္ေနပါၿပီ။ အပ္တဲ့ကားေတြက CNG နဲ႔ GPS ေတြကိုပါ အပ္သြား ၾကရမွာျဖစ္ပါတယ္’’ဟု ၎ကဆို သည္။

 ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖဲြ႕သည္ မတ္လကစ၍ ယင္းေမာ္ဒယ္ကားမ်ားကို အပ္ႏွံ ေစခ့ဲသည္။ ၁၉၉၅ ေမာ္ဒယ္ ေအာက္ဘတ္စ္ကားမ်ားကို ေျပး ဆဲြခြင့္ရပ္ဆုိင္းၿပီးေနာက္ ၁၉၉၆ မွ ၁၉၉၈ အထိ ေမာ္ဒယ္ဘတ္စ္ကားမ်ားကို ဒုတိယအႀကိမ္ အပ္ႏွံေစခဲ့ျခင္းျဖစ္သည္။

ထိုသို႔ အပ္ႏွံေသာ ဘတ္စ္ ကားမ်ားအတြက္ အစိုးရက အိမ္ စီးကား စလစ္မ်ား ထုတ္ေပး ျခင္းျဖင့္ ယာဥ္ပိုင္ရွင္မ်ား နစ္နာ မႈမရွိေအာင္ ေဆာင္ရြက္ေပးမည္ ဟု ရန္ကုန္တိုင္းေဒသႀကီး အစိုးရ အဖဲြ႕က သတင္းထုတ္ျပန္ထားသည္။

အဆုိပါ ၁၉၉၆ မွ ၁၉၉၈ အထိ ေမာ္ဒယ္ဘတ္စ္ကားမ်ားကို စာရင္းေကာက္ခံထားၿပီး အပ္ႏွံ ခြင့္ျပဳသည့္အစီအစဥ္ႏွင့္ ပတ္ သက္၍ တရား၀င္စာထုတ္၍ ေၾကညာျခင္းမရွိေသးေၾကာင္း ယာဥ္ပိုင္ရွင္အခ်ိဳ႕က ေျပာသည္။

‘‘အပ္ခြင့္ေပးမယ္လို႔ေတာ့ ေျပာထားတာရွိတယ္။ ဒီလဆန္း ပိုင္းမွာက ပိတ္ရက္ေတြခံေန ေတာ့ တရား၀င္စာထြက္တာ မေတြ႕ရေသးဘူး။ ႐ံုးဖြင့္ရက္က်မွ ယာဥ္ပိုင္ရွင္ေတြကို အစည္းအ ေ၀းေခၚၿပီး တရား၀င္ေျပာမယ္ ထင္ပါတယ္။ အပ္ခြင့္ေပးရင္ ယာဥ္ပိုင္ရွင္ေတြအတြက္ ၀မ္း သာစရာေပါ့။ အဲဒီယာဥ္ေတြက ေတာ္ေတာ္စုတ္ေနၿပီဆုိေတာ့ ေျပးဆဲြရတာလည္း သိပ္အလုပ္မ ျဖစ္ေတာ့ဘူး။ ေတာ္ေတာ္မ်ား မ်ားက အပ္ခ်င္ေနၾကၿပီ’’ဟု YBS (၂၁) ယာဥ္လိုင္းေျပးဆဲြေနသည့္ Power Eleven အမ်ားပိုင္ဘတ္စ္ ကားကုမၸဏီ မန္ေနဂ်င္းဒါ႐ိုက္ တာ ကုိတ႐ုတ္ေလးက ဆုိသည္။

 ရန္ကုန္တိုင္းေဒသႀကီး အစိုးရႏွင့္ OMNI FOCUS ကုမၸဏီတို႔သည္ တ႐ုတ္ႏုိင္ငံမွ ဘတ္စ္ကားစီးေရႏွစ္ေထာင္၀ယ္ ယူထားၿပီး လက္ရွိအခ်ိန္အထိ အစီးေရတစ္ေထာင္ခန္႔သည္ လမ္းေၾကာင္းေပၚ ေျပးဆဲြႏုိင္ျခင္းမရွိေသးေသာေၾကာင့္ အပ္ႏွံမည့္ဘတ္စ္ကားမ်ားေနရာတြင္ အစားထိုးရန္ အလံုအေလာက္ရွိသည္ဟု YRTA မွ တာ၀န္ရွိသူက ဆုိသည္။

ထို႔အျပင္ YRTA သည္ လက္ရွိ ေျပးဆဲြေနေသာ ဘတ္စ္ကားမ်ားကို ေအာက္တိုဘာ ၁၅ ရက္ ေနာက္ဆံုးထား၍ GPS တပ္ဆင္ရန္ ၫႊန္ၾကားထားသည္။

လက္ရွိအခ်ိန္အထိ GPS တပ္ဆင္ထားသည့္ ဘတ္စ္ကား စီးေရ သံုးေထာင္ခန္႔ရွိၿပီး အစီးေရ ၈၀၀ ခန္႔ မတပ္ဆင္ရေသး ေၾကာင္း ေဒါက္တာေမာင္ေအာင္ က ဆုိသည္။

အဆိုပါဘတ္စ္ကားမ်ားအ ေနျဖင့္ သတ္မွတ္ရက္အထိ တပ္ ဆင္ထားျခင္းမရွိပါက ယာဥ္လိုင္း ေျပးဆဲြမႈ ရပ္ဆုိင္းမည္ဟု ၎က ေျပာသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
၁၉၉၆ မှ ၉၈ အတွင်း ဘတ်စ်ကားများအပ်နှံမှု စတင်လက်ခံနေပြီဲဖြစ်သည်။ (ဓာတ်ပုံ − နစ်ကီ)

၁၉၉၆၊ ၁၉၉၇၊ ၁၉၉၈ မော်ဒယ်ဘတ်စ်ကားများအပ်နှံမှု ကို စတင်လက်ခံနေပြီး ယခုလအ တွင်း အဆိုပါကားများနေရာ၌ ကားအသစ်များဖြင့် အစားထိုး မည်ဟု ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ (YRTA) အတွင်းရေးမှူး ဒေါက် တာမောင်အောင်က ပြောကြားသည်။

အဆိုပါဘတ်စ်ကားများ၏ စာရင်း အချက်အလက် ကောက်ယူထားပြီး အပ်နှံမှုကိုလည်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေး ဆုံးဖြတ်ချက်ဖြင့် လက်ခံနေသည်ဟု ဒေါက်တာမောင်အောင်က ဆိုသည်။

‘‘စာရင်းရှိသလောက်ဆိုရင် အဲဒီမော်ဒယ်သုံးခုမှာ ဘတ်စ်ကား စီးရေက ၄၀၀ လောက်ရှိတယ်။ အကုန်လုံးကို ကားအသစ်တွေနဲ့ လဲသွားဖို့အတွက် အဆင်သင့်ဖြစ်နေပါပြီ။ အပ်တဲ့ကားတွေက CNG နဲ့ GPS တွေကိုပါ အပ်သွား ကြရမှာဖြစ်ပါတယ်’’ဟု ၎င်းကဆို သည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့သည် မတ်လကစ၍ ယင်းမော်ဒယ်ကားများကို အပ်နှံ စေခဲ့သည်။ ၁၉၉၅ မော်ဒယ် အောက်ဘတ်စ်ကားများကို ပြေး ဆွဲခွင့်ရပ်ဆိုင်းပြီးနောက် ၁၉၉၆ မှ ၁၉၉၈ အထိ မော်ဒယ်ဘတ်စ်ကားများကို ဒုတိယအကြိမ် အပ်နှံစေခဲ့ခြင်းဖြစ်သည်။

ထိုသို့ အပ်နှံသော ဘတ်စ် ကားများအတွက် အစိုးရက အိမ် စီးကား စလစ်များ ထုတ်ပေး ခြင်းဖြင့် ယာဉ်ပိုင်ရှင်များ နစ်နာ မှုမရှိအောင် ဆောင်ရွက်ပေးမည် ဟု ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

အဆိုပါ ၁၉၉၆ မှ ၁၉၉၈ အထိ မော်ဒယ်ဘတ်စ်ကားများကို စာရင်းကောက်ခံထားပြီး အပ်နှံ ခွင့်ပြုသည့်အစီအစဉ်နှင့် ပတ် သက်၍ တရားဝင်စာထုတ်၍ ကြေညာခြင်းမရှိသေးကြောင်း ယာဉ်ပိုင်ရှင်အချို့က ပြောသည်။

‘‘အပ်ခွင့်ပေးမယ်လို့တော့ ပြောထားတာရှိတယ်။ ဒီလဆန်း ပိုင်းမှာက ပိတ်ရက်တွေခံနေ တော့ တရားဝင်စာထွက်တာ မတွေ့ရသေးဘူး။ ရုံးဖွင့်ရက်ကျမှ ယာဉ်ပိုင်ရှင်တွေကို အစည်းအ ဝေးခေါ်ပြီး တရားဝင်ပြောမယ် ထင်ပါတယ်။ အပ်ခွင့်ပေးရင် ယာဉ်ပိုင်ရှင်တွေအတွက် ဝမ်း သာစရာပေါ့။ အဲဒီယာဉ်တွေက တော်တော်စုတ်နေပြီဆိုတော့ ပြေးဆွဲရတာလည်း သိပ်အလုပ်မ ဖြစ်တော့ဘူး။ တော်တော်များ များက အပ်ချင်နေကြပြီ’’ဟု YBS (၂၁) ယာဉ်လိုင်းပြေးဆွဲနေသည့် Power Eleven အများပိုင်ဘတ်စ် ကားကုမ္ပဏီ မန်နေဂျင်းဒါရိုက် တာ ကိုတရုတ်လေးက ဆိုသည်။

 ရန်ကုန်တိုင်းဒေသကြီး အစိုးရနှင့် OMNI FOCUS ကုမ္ပဏီတို့သည် တရုတ်နိုင်ငံမှ ဘတ်စ်ကားစီးရေနှစ်ထောင်ဝယ် ယူထားပြီး လက်ရှိအချိန်အထိ အစီးရေတစ်ထောင်ခန့်သည် လမ်းကြောင်းပေါ် ပြေးဆွဲနိုင်ခြင်းမရှိသေးသောကြောင့် အပ်နှံမည့်ဘတ်စ်ကားများနေရာတွင် အစားထိုးရန် အလုံအလောက်ရှိသည်ဟု YRTA မှ တာဝန်ရှိသူက ဆိုသည်။

ထို့အပြင် YRTA သည် လက်ရှိ ပြေးဆွဲနေသော ဘတ်စ်ကားများကို အောက်တိုဘာ ၁၅ ရက် နောက်ဆုံးထား၍ GPS တပ်ဆင်ရန် ညွှန်ကြားထားသည်။

လက်ရှိအချိန်အထိ GPS တပ်ဆင်ထားသည့် ဘတ်စ်ကား စီးရေ သုံးထောင်ခန့်ရှိပြီး အစီးရေ ၈၀၀ ခန့် မတပ်ဆင်ရသေး ကြောင်း ဒေါက်တာမောင်အောင် က ဆိုသည်။

အဆိုပါဘတ်စ်ကားများအ နေဖြင့် သတ်မှတ်ရက်အထိ တပ် ဆင်ထားခြင်းမရှိပါက ယာဉ်လိုင်း ပြေးဆွဲမှု ရပ်ဆိုင်းမည်ဟု ၎င်းက ပြောသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top