Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

အားကစားလိုက္စားသူေတြဟာ ကာယေလ့က်င့္ခန္းလုပ္သူေတြနဲ႔ယွဥ္ရင္ အသက္ႀကီးလာတဲ့အခ်ိန္မွာ ပိုက်န္းမာေနႏိုင္တယ္လို႔ BMJ Open ေဆးပညာစာေစာင္က ေဖာ္ျပပါတယ္။ ငယ္႐ြယ္စဥ္အခ်ိန္မွာ ဝါသနာပါတဲ့ အားကစားနည္းကို ႐ွာေတြ႕ခဲ့ၿပီး မၾကာခဏ ကစားသင့္ပါတယ္။ ကိုယ္ႏွစ္သက္တဲ့ အားကစားကို မၾကာခဏကစားေပးျခင္းဟာ အသက္ ၇၀ ေက်ာ္၊ ၈၀ ေက်ာ္ အခ်ိန္ေတြမွာပါ ဖ်တ္လတ္ေနႏုိင္မယ့္ ေသာ့ခ်က္တစ္ခု ျဖစ္ႏုိင္ပါတယ္။

သက္လတ္ပိုင္းကေန သက္ႀကီးပိုင္းကို ကူးေျပာင္းခ်ိန္ေတြမွာ ဘဝရဲ႕ အေျပာင္းအလဲေတြ ျဖစ္လာပါတယ္။ အၿငိမ္းစားယူျခင္း သို႔မဟုတ္ ဒဏ္ရာရျခင္းတို႔ဟာ ဘဝရဲ႕အဓိကက်တဲ့ေျပာင္းလဲမႈေတြျဖစ္ေစၿပီး ကိုယ္ခႏၶာလႈပ္ရွားမႈလည္း ေလ်ာ့နည္းသြားပါတယ္။ ေန႔စဥ္လႈပ္႐ွားေနက် ပမာဏထက္ ကိုယ္လက္လႈပ္ရွားမွႈ သိသိသာသာ ေလ်ာ့နည္းသြားတဲ့အခ်ိန္လည္း ျဖစ္ပါတယ္။

ကိုယ္လက္လႈပ္႐ွားမႈ႐ွိၿပီး ဖ်တ္ဖ်တ္လတ္လတ္ေနထိုင္ျခင္းဟာ စိတ္ကိုေရာ လူကိုပါ က်န္းမာေစပါတယ္။ အသက္အရြယ္အိုမင္းလာခ်ိန္မွာေတာင္ အကူအညီမပါဘဲ လႈပ္ရွားႏိုင္ပါတယ္။

University College London က ေက်ာင္းသားတစ္စုဟာ အမ်ိဳးသား ၃၅၀၀ နီးပါးထံက ႏွစ္ေပါင္း ၂၀ ၾကာ ရယူစုေဆာင္းခဲ့တဲ့ အခ်က္အလက္ေတြကို အေျခခံကာ ေလ့လာရာမွာ သက္လတ္ပိုင္းအရြယ္အတြင္း ရုပ္ပိုင္းဆုိင္ရာ တက္ၾကြစြာေနထိုင္သူေတြဟာ ထိုင္ခံုမွာထုိင္ၿပီးအလုပ္လုပ္သူေတြနဲ႔ယွဥ္ရင္ အသက္အ႐ြယ္ရလာခ်ိန္မွာ သံုးဆ ပိုၿပီး တက္ၾကြစြာ ေနႏိုင္တာကို ေတြ႔ခဲ့ရပါတယ္။

ေလ့လာမႈျပဳလုပ္ခဲ့တဲ့ သက္လတ္ပိုင္းအမ်ိဳးသား ၅၀ % ဟာ အားကစားလုပ္ျခင္း သို႔မဟုတ္ ပံုမွန္ေလ့က်င့္ခန္းလုပ္ျခင္းတုိ႔ကို မၾကာခဏျပဳလုပ္သူေတြျဖစ္တာကို ႏွစ္ ၂၀ ၾကာ ျပဳလုပ္ခဲ့တဲ့ ေလ့လာမႈရဲ႕အခ်က္အလက္ေတြအရ သိရပါတယ္။ ကိုယ္ကာယလႈပ္ရွားမႈေတြမွာေတာ့ လမ္းေလွ်ာက္ျခင္းဟာ လူေတြျပဳလုပ္ေလ့အရွိဆံုးနဲ႔ ျပဳလုပ္မႈအနည္းဆံုးအရာ ျဖစ္ပါတယ္။

Source : Time

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version ျဖင့္ ဖတ္ရန္ #

အားကစားလိုက်စားသူတွေဟာ ကာယလေ့ကျင့်ခန်းလုပ်သူတွေနဲ့ယှဉ်ရင် အသက်ကြီးလာတဲ့အချိန်မှာ ပိုကျန်းမာနေနိုင်တယ်လို့ BMJ Open ဆေးပညာစာစောင်က ဖော်ပြပါတယ်။ ငယ်ရွယ်စဉ်အချိန်မှာ ဝါသနာပါတဲ့ အားကစားနည်းကို ရှာတွေ့ခဲ့ပြီး မကြာခဏ ကစားသင့်ပါတယ်။ ကိုယ်နှစ်သက်တဲ့ အားကစားကို မကြာခဏကစားပေးခြင်းဟာ အသက် ၇၀ ကျော်၊ ၈၀ ကျော် အချိန်တွေမှာပါ ဖျတ်လတ်နေနိုင်မယ့် သော့ချက်တစ်ခု ဖြစ်နိုင်ပါတယ်။

သက်လတ်ပိုင်းကနေ သက်ကြီးပိုင်းကို ကူးပြောင်းချိန်တွေမှာ ဘဝရဲ့ အပြောင်းအလဲတွေ ဖြစ်လာပါတယ်။ အငြိမ်းစားယူခြင်း သို့မဟုတ် ဒဏ်ရာရခြင်းတို့ဟာ ဘဝရဲ့အဓိကကျတဲ့ပြောင်းလဲမှုတွေဖြစ်စေပြီး ကိုယ်ခန္ဓာလှုပ်ရှားမှုလည်း လျော့နည်းသွားပါတယ်။ နေ့စဉ်လှုပ်ရှားနေကျ ပမာဏထက် ကိုယ်လက်လှုပ်ရှားမှှု သိသိသာသာ လျော့နည်းသွားတဲ့အချိန်လည်း ဖြစ်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှုရှိပြီး ဖျတ်ဖျတ်လတ်လတ်နေထိုင်ခြင်းဟာ စိတ်ကိုရော လူကိုပါ ကျန်းမာစေပါတယ်။ အသက်အရွယ်အိုမင်းလာချိန်မှာတောင် အကူအညီမပါဘဲ လှုပ်ရှားနိုင်ပါတယ်။

University College London က ကျောင်းသားတစ်စုဟာ အမျိုးသား ၃၅၀၀ နီးပါးထံက နှစ်ပေါင်း ၂၀ ကြာ ရယူစုဆောင်းခဲ့တဲ့ အချက်အလက်တွေကို အခြေခံကာ လေ့လာရာမှာ သက်လတ်ပိုင်းအရွယ်အတွင်း ရုပ်ပိုင်းဆိုင်ရာ တက်ကြွစွာနေထိုင်သူတွေဟာ ထိုင်ခုံမှာထိုင်ပြီးအလုပ်လုပ်သူတွေနဲ့ယှဉ်ရင် အသက်အရွယ်ရလာချိန်မှာ သုံးဆ ပိုပြီး တက်ကြွစွာ နေနိုင်တာကို တွေ့ခဲ့ရပါတယ်။

လေ့လာမှုပြုလုပ်ခဲ့တဲ့ သက်လတ်ပိုင်းအမျိုးသား ၅၀ % ဟာ အားကစားလုပ်ခြင်း သို့မဟုတ် ပုံမှန်လေ့ကျင့်ခန်းလုပ်ခြင်းတို့ကို မကြာခဏပြုလုပ်သူတွေဖြစ်တာကို နှစ် ၂၀ ကြာ ပြုလုပ်ခဲ့တဲ့ လေ့လာမှုရဲ့အချက်အလက်တွေအရ သိရပါတယ်။ ကိုယ်ကာယလှုပ်ရှားမှုတွေမှာတော့ လမ်းလျှောက်ခြင်းဟာ လူတွေပြုလုပ်လေ့အရှိဆုံးနဲ့ ပြုလုပ်မှုအနည်းဆုံးအရာ ဖြစ်ပါတယ်။

Source : Time

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top