Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မွန္ကန္သင္႔ေတာ္တဲ႔ ကာဘုိဟိုက္ဒရိတ္ ကို ေရြးခ်ယ္ စားသံုးေပးမယ္ဆိုရင္ တစ္ေန႔တာအတြက္ လိုအပ္တဲ႔ စြမ္းအင္ ကို ရရွိေစႏိုင္မွာပါ။
ဥေရာပတိုက္သား ေတြ ဘာလို႔ အရပ္ပိုရွည္ေနလဲ။ က်န္းမာ သန္စြမ္းေနလဲဆိုၿပီး ေတြးၾကည္႔ခဲ႔ၾကဖူးလား။ တစ္ခါတေလမွာ အသက္ (၆၀) ေက်ာ္ ဥေရာပတိုက္သား အဘိုးႀကီး၊ အဘြားႀကီး ေတြ က်န္းက်န္းမာမာနဲ႔ အိတ္အေလးႀကီးေတြထမ္းၿပီး ခရီးသြားေနၾကတာ ကိုလည္း ျမင္ဖူးၾကမွာပါ။
သူတို႔ေတြ အဲဒီလို က်န္းမာ သန္စြမ္းေနျခင္းရဲ႕ အေျဖဟာ ဂ်ံဳ စစ္စစ္ နဲ႔ ျပဳလုပ္ထားတဲ႔ ေပါင္မုန္႔ကို ေန႔စဥ္အစားအေသာက္ထဲမွာ ထည္႔သြင္းစားသံုးေပးလို႔ပါပဲတဲ႔။ ဂ်ံဳေပါင္မုန္႔ရဲ႕ က်န္းမာေရး အက်ိဳးေက်းဇူး ေတြကေတာ႔…
၁။ စြမ္းအင္ပိုမိုရရွိမယ္
ေပါင္မုန္႔ ဟာ ကာဘိုဟိုက္ဒရိတ္ တစ္မ်ိဳးပဲ ျဖစ္ပါတယ္။ ဒါေပမယ္႔ ကာဘိုဟိုက္ဒရိတ္ တိုင္းကေတာ႔ ခႏၶာကိုယ္ အတြက္ ဆိုးက်ိဳးျဖစ္ေစတာ မဟုတ္ေသးပါဘူး။ မွန္ကန္သင္႔ေတာ္တဲ႔ ကာဘုိဟိုက္ဒရိတ္ ကို ေရြးခ်ယ္စားသံုးေပးမယ္ဆိုရင္ တစ္ေန႔တာအတြက္ လိုအပ္တဲ႔ စြမ္းအင္ကို ရရွိေစႏိုင္မွာပါ။
WebMD မဂၢဇင္း ရဲ႕အဆိုအရဆိုရင္ ကာဘိုဟိုက္ဒရိတ္ ဟာ ခႏၶာကိုယ္ အတြက္ေတာ႔ ေမာ္ေတာ္ကားတစ္စီး ဓာတ္ဆီလိုအပ္သလိုပဲ လိုအပ္ပါတယ္တဲ႔။ ဒါေၾကာင္႔ ေပါင္မုန္႔စားေပးျခင္းျဖင္႔ ခႏၶာကိုယ္ အတြက္ လိုအပ္တဲ႔ စြမ္းအင္ကို ရရွိေစႏိုင္ပါတယ္။ ဒါေပမယ္႔ ဂ်ံဳမႈန္႕စစ္စစ္နဲ႔ ျပဳလုပ္ထားတဲ႔ ေပါင္မုန္႔ ကို ေရြးခ်ယ္တတ္ဖို႔ေတာ႔ လိုတာေပါ႔။
၂။ က်န္းမာသန္စြမ္းေစမယ္
ႀကီး၊ ငယ္၊ က်ား၊ မ မေရြး ဂ်ံဳမႈန္႔ စစ္စစ္နဲ႔ ျပဳလုပ္ထားတဲ႔ ေပါင္မုန္႔ ကို  ေန႔စဥ္စားသံုးေပးမယ္ဆိုရင္ က်န္းမာေရးအက်ိဳးေက်းဇူးေတြ အမ်ားႀကီးကို ရရွိေစႏိုင္ပါတယ္။ ေလ႔လာမႈေတြအရဆိုရင္ ဂ်ံဳမႈန္႕စစ္စစ္နဲ႔ ျပဳလုပ္ထားတဲ႔ ေပါင္မုန္႔စားျခင္းက ရရွိတဲ႔ ကာဘိုဟိုက္ဒရိတ္ဟာ ႏွလံုးေရာဂါ၊ Type 2 ဆီးခ်ိဳေရာဂါ၊ ေသြးတိုးေရာဂါ၊ အူမႀကီးကင္ဆာ၊ ေလျဖတ္ေလငန္းေရာဂါနဲ႔ အဝလြန္ေရာဂါတို႔ကို ကာကြယ္ေပးႏိုင္ပါတယ္တဲ႔။
ေနာက္ၿပီး တကယ္လို႔ ေပါင္မုန္႔ ကို တစ္ေန႔အနည္းဆံုး (၃) ႀကိမ္ေလာက္ စားေပးႏိုင္မယ္ဆိုရင္ က်န္းမာေရး အက်ိဳးေက်းဇူး အမ်ားစုကို ရရွိပိုင္ဆိုင္ေစႏိုင္ပါတယ္။ အိတ္ထဲမွာ ေပါင္မုန္႔ေလးတစ္ထုပ္ ေဆာင္ထားတတ္တဲ႔ အက်င္႔လုပ္ျခင္းျဖင္႔ က်န္းမာေရးအက်ိဳးေက်းဇူးေတြကို ရယူႏိုင္ပါၿပီေနာ္။
၃။ အသက္ရွည္ေစတယ္
ဟားဗတ္တကၠသိုလ္၊ ျပည္သူ႕က်န္းမာေရး႒ာနက သုေတသီ ေတြဟာ ဂ်ံဳနဲ႔ျပဳလုပ္ထားတဲ႔ ေပါင္မုန္႔ကို အဓိကအစားအစာအျဖစ္ စားသံုးျခင္းနဲ႔ အသက္ရွည္ျခင္းၾကားက ဆက္ႏြယ္မႈကို ရွာေဖြေတြ႕ရွိခဲ႔ပါတယ္။ သူတို႔ဟာ ပါဝင္သူပုဂၢိဳလ္ (၁၀၀၀၀၀) ေက်ာ္ကို ေလ႔လာခဲ႔ၾကၿပီး ဂ်ံဳမႈန္႔နဲ႔ ျပဳလုပ္ထားတဲ႔ ေပါင္မုန္႔ စားသံုးျခင္းဟာ ဘာ ေရာဂါ နဲ႔မဆို ေသဆံုးႏိုုင္ေျခကို (၅) ရာခိုင္ႏႈန္း ေလွ်ာ႔ခ်ေပးၿပီး ႏွလံုးေရာဂါနဲ႔ ေသဆံုးႏိုင္ေျခကိုေတာ႔ (၉) ရာခိုင္ႏႈန္း ေလွ်ာ႔ခ်ေပးပါတယ္တဲ႔။ ဒီေတြ႕ရွိခ်က္ေတြအရေတာ႔ ေပါင္မုန္႔စားသံုးျခင္းဟာ အသက္ရွည္က်န္းမာေရးကို အေထာက္အကူျပဳေနတာဟာ ထင္ရွားပါတယ္။
၄။ ပိုမိုေပ်ာ္ရႊင္ေစတယ္
စိတ္ဓာတ္က်ေနပါသလား။ ဆင္းဒဝစ္ခ်္ တစ္ခုသာ စားလုိက္ပါ။ Psychology Today မဂၢဇင္းရဲ႕အဆိုအရေတာ႔ ကာဘုိဟိုက္ဒရိတ္္ေတြဟာ ဦးေႏွာ က္ထဲက ခံစားခ်က္ ေကာင္းမြန္မႈ ကို လႈံ႕ေဆာ္ေပးတဲ႔ အာရံုခံလႈံ႕ေဆာ္ပစၥည္းေလးေတြျဖစ္တဲ႔ serotonin ေလးေတြကို ပိုမိုထုတ္လႊတ္ေပးေစႏိုင္ပါတယ္။
အဲဒီ serotonin ေလးေတြက ခံစားခ်က္ကို ျမွင္႔တင္ေပးႏိုင္သလို အခ်ိဳမ်ားတဲ႔ အစားအစာေတြကို ေတာင္႔တမႈေတြကိုလည္း ေလ်ာ႔က်ေစႏိုင္ပါတယ္။ ေနာက္ၿပီးေတာ႔ ဒါက ခဲတစ္လံုးနဲ႔ ငွက္ (၂) ေကာင္ထိတဲ႔ အေျခအေနလည္း ျဖစ္ေနပါေသးတယ္။ စိတ္ဖိစီးမႈနဲ႔ ေသာကေတြကို ေလ်ာ႔က်ေစတဲ႔အျပင္ ကိုယ္အေလးခ်ိန္ ကိုလည္း က်ဆင္းေစႏိုင္လို႔ပါ။
၅။ ဝိတ္က်ေစတယ္
ဂ်ံဳမႈန္႔ စစ္စစ္နဲ႔ ျပဳလုပ္ထားတဲ႔ ေပါင္မုန္႔ေတြဟာ အမွ်င္ဓာတ္ အထူးၾကြယ္ဝၿပီး ကိုယ္အေလးခ်ိန္က်ဆင္းေစတဲ႔ အက်ိဳးေက်းဇူး ေတြလည္း ထူးကဲစြာပါဝင္ပါတယ္။ အမွ်င္ဓာတ္ ေတြဟာ ဗိုက္ထဲေရာက္သြားရင္ အစာအိမ္ကို ျပည္႔အင္႔သလို ခံစားရေစတဲ႔အတြက္ ပံုမွန္ထက္ အစားနည္းေစမွာ အမွန္ပါပဲ။ အစားနည္းၿပီဆိုရင္ ခႏၶာကိုယ္ ထဲေရာက္သြားတဲ႔ ကယ္လိုရီလည္း နည္းသြားၿပီေပါ႔။ ေနာက္ၿပီး ကိုယ္အေလးခ်ိန္ကိုလည္း က်ဆင္းေစမွာ အမွန္ပါပဲ။
၆။ ဝမ္းခ်ဳပ္ျခင္းကိုလည္း သက္သာေစတယ္
အထက္ မွာေျပာခဲ႔တဲ႔အတိုင္းပါပဲ။ ဂ်ံဳ ေပါင္မုန္႔ ေတြဟာ အမွ်င္ဓာတ္ၾကြယ္ဝတဲ႔ အစားအစာေတြ ျဖစ္ပါတယ္။ အမွ်င္ဓာတ္ၾကြယ္ဝတဲ႔ အစားအစာ ေတြရဲ႕ အားသာခ်က္တစ္ခုကေတာ႔ အစာေျခစနစ္ လမ္းေၾကာင္းတေလွ်ာက္ကို ရွင္းလင္းေစၿပီး အစာအိမ္ထဲက အစာေဟာင္းေတြကိုလည္း ခႏၶာကိုယ္ ျပင္ပကို လြယ္လင္႔တကူ ေရာက္ရွိေအာင္ ကူညီေပးႏိုင္ပါတယ္။ ဒါေၾကာင္႔ ကိုယ္က အထိုင္မ်ားၿပီး ဝမ္းခ်ဳပ္တတ္တဲ႔သူဆိုရင္ ေပါင္မုန္႔ ကို ေန႔စဥ္အစားအစာထဲမွာ ထည္႔သြင္းစားသံုးေပးသင္႔ပါတယ္။
၇။ အေရျပား နဲ႔ ဆံသား ကို ပိုမိုက်န္းမာေစတယ္
ေပါင္မုန္႔စားျခင္းနဲ႔ အလွအပေရးရာ ဆက္စပ္ေနလိမ္႔မယ္လို႔ ဘယ္သူေတြးမိမလဲ။ တကယ္ေတာ႔ ဆက္စပ္ေနပါတယ္။ ဂ်ံဳေပါင္မုန္႔ေတြမွာ ဗိုက္တာမင္ ဘီနဲ႔ ပရိုတိန္းဓာတ္ေတြလည္း ၾကြယ္ဝစြာ ပါဝင္ေနတဲ႔အတြက္ ဆံသား နဲ႔ အေရျပားက်န္းမာေရး ကိုလည္း ေကာင္းမြန္ေအာင္ အေထာက္အကူျပဳႏိုင္ပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  lwin pyin
#Unicode Version#
မှန်ကန်သင့်တော်တဲ့ ကာဘိုဟိုက်ဒရိတ် ကို ရွေးချယ် စားသုံးပေးမယ်ဆိုရင် တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင် ကို ရရှိစေနိုင်မှာပါ။

ဥရောပတိုက်သား တွေ ဘာလို့ အရပ်ပိုရှည်နေလဲ။ ကျန်းမာ သန်စွမ်းနေလဲဆိုပြီး တွေးကြည့်ခဲ့ကြဖူးလား။ တစ်ခါတလေမှာ အသက် (၆၀) ကျော် ဥရောပတိုက်သား အဘိုးကြီး၊ အဘွားကြီး တွေ ကျန်းကျန်းမာမာနဲ့ အိတ်အလေးကြီးတွေထမ်းပြီး ခရီးသွားနေကြတာ ကိုလည်း မြင်ဖူးကြမှာပါ။

သူတို့တွေ အဲဒီလို ကျန်းမာ သန်စွမ်းနေခြင်းရဲ့ အဖြေဟာ ဂျုံ စစ်စစ် နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို နေ့စဉ်အစားအသောက်ထဲမှာ ထည့်သွင်းစားသုံးပေးလို့ပါပဲတဲ့။ ဂျုံပေါင်မုန့်ရဲ့ ကျန်းမာရေး အကျိုးကျေးဇူး တွေကတော့…
၁။ စွမ်းအင်ပိုမိုရရှိမယ်

ပေါင်မုန့် ဟာ ကာဘိုဟိုက်ဒရိတ် တစ်မျိုးပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကာဘိုဟိုက်ဒရိတ် တိုင်းကတော့ ခန္ဓာကိုယ် အတွက် ဆိုးကျိုးဖြစ်စေတာ မဟုတ်သေးပါဘူး။ မှန်ကန်သင့်တော်တဲ့ ကာဘိုဟိုက်ဒရိတ် ကို ရွေးချယ်စားသုံးပေးမယ်ဆိုရင် တစ်နေ့တာအတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေနိုင်မှာပါ။
WebMD မဂ္ဂဇင်း ရဲ့အဆိုအရဆိုရင် ကာဘိုဟိုက်ဒရိတ် ဟာ ခန္ဓာကိုယ် အတွက်တော့ မော်တော်ကားတစ်စီး ဓာတ်ဆီလိုအပ်သလိုပဲ လိုအပ်ပါတယ်တဲ့။ ဒါကြောင့် ပေါင်မုန့်စားပေးခြင်းဖြင့် ခန္ဓာကိုယ် အတွက် လိုအပ်တဲ့ စွမ်းအင်ကို ရရှိစေနိုင်ပါတယ်။ ဒါပေမယ့် ဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် ကို ရွေးချယ်တတ်ဖို့တော့ လိုတာပေါ့။
၂။ ကျန်းမာသန်စွမ်းစေမယ်

ကြီး၊ ငယ်၊ ကျား၊ မ မရွေး ဂျုံမှုန့် စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် ကို  နေ့စဉ်စားသုံးပေးမယ်ဆိုရင် ကျန်းမာရေးအကျိုးကျေးဇူးတွေ အများကြီးကို ရရှိစေနိုင်ပါတယ်။ လေ့လာမှုတွေအရဆိုရင် ဂျုံမှုန့်စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်စားခြင်းက ရရှိတဲ့ ကာဘိုဟိုက်ဒရိတ်ဟာ နှလုံးရောဂါ၊ Type 2 ဆီးချိုရောဂါ၊ သွေးတိုးရောဂါ၊ အူမကြီးကင်ဆာ၊ လေဖြတ်လေငန်းရောဂါနဲ့ အဝလွန်ရောဂါတို့ကို ကာကွယ်ပေးနိုင်ပါတယ်တဲ့။
နောက်ပြီး တကယ်လို့ ပေါင်မုန့် ကို တစ်နေ့အနည်းဆုံး (၃) ကြိမ်လောက် စားပေးနိုင်မယ်ဆိုရင် ကျန်းမာရေး အကျိုးကျေးဇူး အများစုကို ရရှိပိုင်ဆိုင်စေနိုင်ပါတယ်။ အိတ်ထဲမှာ ပေါင်မုန့်လေးတစ်ထုပ် ဆောင်ထားတတ်တဲ့ အကျင့်လုပ်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးတွေကို ရယူနိုင်ပါပြီနော်။
၃။ အသက်ရှည်စေတယ်

ဟားဗတ်တက္ကသိုလ်၊ ပြည်သူ့ကျန်းမာရေးဋ္ဌာနက သုတေသီ တွေဟာ ဂျုံနဲ့ပြုလုပ်ထားတဲ့ ပေါင်မုန့်ကို အဓိကအစားအစာအဖြစ် စားသုံးခြင်းနဲ့ အသက်ရှည်ခြင်းကြားက ဆက်နွယ်မှုကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။ သူတို့ဟာ ပါဝင်သူပုဂ္ဂိုလ် (၁၀၀၀၀၀) ကျော်ကို လေ့လာခဲ့ကြပြီး ဂျုံမှုန့်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့် စားသုံးခြင်းဟာ ဘာ ရောဂါ နဲ့မဆို သေဆုံးနိုုင်ခြေကို (၅) ရာခိုင်နှုန်း လျှော့ချပေးပြီး နှလုံးရောဂါနဲ့ သေဆုံးနိုင်ခြေကိုတော့ (၉) ရာခိုင်နှုန်း လျှော့ချပေးပါတယ်တဲ့။ ဒီတွေ့ရှိချက်တွေအရတော့ ပေါင်မုန့်စားသုံးခြင်းဟာ အသက်ရှည်ကျန်းမာရေးကို အထောက်အကူပြုနေတာဟာ ထင်ရှားပါတယ်။
၄။ ပိုမိုပျော်ရွှင်စေတယ်

စိတ်ဓာတ်ကျနေပါသလား။ ဆင်းဒဝစ်ချ် တစ်ခုသာ စားလိုက်ပါ။ Psychology Today မဂ္ဂဇင်းရဲ့အဆိုအရတော့ ကာဘိုဟိုက်ဒရိတ်တွေဟာ ဦးနှော က်ထဲက ခံစားချက် ကောင်းမွန်မှု ကို လှုံ့ဆော်ပေးတဲ့ အာရုံခံလှုံ့ဆော်ပစ္စည်းလေးတွေဖြစ်တဲ့ serotonin လေးတွေကို ပိုမိုထုတ်လွှတ်ပေးစေနိုင်ပါတယ်။
အဲဒီ serotonin လေးတွေက ခံစားချက်ကို မြှင့်တင်ပေးနိုင်သလို အချိုများတဲ့ အစားအစာတွေကို တောင့်တမှုတွေကိုလည်း လျော့ကျစေနိုင်ပါတယ်။ နောက်ပြီးတော့ ဒါက ခဲတစ်လုံးနဲ့ ငှက် (၂) ကောင်ထိတဲ့ အခြေအနေလည်း ဖြစ်နေပါသေးတယ်။ စိတ်ဖိစီးမှုနဲ့ သောကတွေကို လျော့ကျစေတဲ့အပြင် ကိုယ်အလေးချိန် ကိုလည်း ကျဆင်းစေနိုင်လို့ပါ။

၅။ ဝိတ်ကျစေတယ်

ဂျုံမှုန့် စစ်စစ်နဲ့ ပြုလုပ်ထားတဲ့ ပေါင်မုန့်တွေဟာ အမျှင်ဓာတ် အထူးကြွယ်ဝပြီး ကိုယ်အလေးချိန်ကျဆင်းစေတဲ့ အကျိုးကျေးဇူး တွေလည်း ထူးကဲစွာပါဝင်ပါတယ်။ အမျှင်ဓာတ် တွေဟာ ဗိုက်ထဲရောက်သွားရင် အစာအိမ်ကို ပြည့်အင့်သလို ခံစားရစေတဲ့အတွက် ပုံမှန်ထက် အစားနည်းစေမှာ အမှန်ပါပဲ။ အစားနည်းပြီဆိုရင် ခန္ဓာကိုယ် ထဲရောက်သွားတဲ့ ကယ်လိုရီလည်း နည်းသွားပြီပေါ့။ နောက်ပြီး ကိုယ်အလေးချိန်ကိုလည်း ကျဆင်းစေမှာ အမှန်ပါပဲ။
၆။ ဝမ်းချုပ်ခြင်းကိုလည်း သက်သာစေတယ်

အထက် မှာပြောခဲ့တဲ့အတိုင်းပါပဲ။ ဂျုံ ပေါင်မုန့် တွေဟာ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ ဖြစ်ပါတယ်။ အမျှင်ဓာတ်ကြွယ်ဝတဲ့ အစားအစာ တွေရဲ့ အားသာချက်တစ်ခုကတော့ အစာခြေစနစ် လမ်းကြောင်းတလျှောက်ကို ရှင်းလင်းစေပြီး အစာအိမ်ထဲက အစာဟောင်းတွေကိုလည်း ခန္ဓာကိုယ် ပြင်ပကို လွယ်လင့်တကူ ရောက်ရှိအောင် ကူညီပေးနိုင်ပါတယ်။ ဒါကြောင့် ကိုယ်က အထိုင်များပြီး ဝမ်းချုပ်တတ်တဲ့သူဆိုရင် ပေါင်မုန့် ကို နေ့စဉ်အစားအစာထဲမှာ ထည့်သွင်းစားသုံးပေးသင့်ပါတယ်။
၇။ အရေပြား နဲ့ ဆံသား ကို ပိုမိုကျန်းမာစေတယ်

ပေါင်မုန့်စားခြင်းနဲ့ အလှအပရေးရာ ဆက်စပ်နေလိမ့်မယ်လို့ ဘယ်သူတွေးမိမလဲ။ တကယ်တော့ ဆက်စပ်နေပါတယ်။ ဂျုံပေါင်မုန့်တွေမှာ ဗိုက်တာမင် ဘီနဲ့ ပရိုတိန်းဓာတ်တွေလည်း ကြွယ်ဝစွာ ပါဝင်နေတဲ့အတွက် ဆံသား နဲ့ အရေပြားကျန်းမာရေး ကိုလည်း ကောင်းမွန်အောင် အထောက်အကူပြုနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  lwin pyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top