Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မႏၲေလးအျမန္လမ္း မိုင္တိုင္အမွတ္ (၂၃၀) အေက်ာ္ တြင္ ေအာက္တိုဘာ ၂၉ ရက္က လိုက္ထရပ္ယာဥ္တစ္စီး ေနာက္ ဘီးေပါက္ကာ အရွိန္လြန္တိမ္း ေမွာက္ၿပီး ၁၇ ဦးဒဏ္ရာရရွိခဲ့ ေၾကာင္း အျမန္လမ္း ရဲတပ္ဖြဲ႕မွ ရဲအရာရွိတစ္ဦးက ေျပာသည္။

အဆိုပါ လိုက္ထရပ္ယာဥ္ သည္ ေအာက္တိုဘာ ၂၉ ရက္ နံနက္ ၈ နာရီခန္႔က မႏၲေလးမွ ေနျပည္ေတာ္သို႔ ေမာင္းႏွင္လာ စဥ္ မိုင္တိုင္အမွတ္ ၂၃၀/၆ အေက်ာ္တြင္ လမ္းလယ္ကြၽန္းေပၚ သို႔ ေရာက္ရွိကာ တိမ္းေမွာက္ခဲ့ ေၾကာင္း၊ ယာဥ္ေပၚတြင္အမ်ဳိး သားခုနစ္ဦးႏွင့္ အမ်ဳိးသမီး ၁၅ ဦး လိုက္ပါလာေၾကာင္း အျမန္လမ္း ရဲတပ္ဖြဲ႕မွ ရဲအရာရွိ

က ေျပာသည္။

‘‘ကားေပၚမွာပါတဲ့သူေတြ မႏၲေလး ရတနာပံုၿမိဳ႕သစ္ကလာ တဲ့သူေတြပါ။ ေနာက္ဘီးေပါက္ ၿပီး အရွိန္မထိန္းႏိုင္ဘဲ ေမွာက္ တာ’’ဟု ၎က ေျပာသည္။

ယာဥ္ေပၚတြင္ လိုက္ပါလာ သူမ်ားသည္ ရတနာပံုၿမိဳ႕သစ္မွ ေၾကးဘုရားလုပ္ငန္း လုပ္ကိုင္သူ မ်ားျဖစ္ကာ ေနျပည္ေတာ္သို႔ လာေရာက္စဥ္ ယာဥ္မေတာ္တဆ ျဖစ္ပြားခဲ့၍ အမ်ဳိးသမီး ၁၄ ဦးႏွင့္ အမ်ဳိးသားသံုးဦး ထိခိုက္ဒဏ္ရာ ရရွိေၾကာင္း ဘုရားေတာင္ အျမန္ လမ္းရဲတပ္ဖြဲ႕မွ ရဲအရာရွိက ေျပာသည္။

‘‘ထိခိုက္ဒဏ္ရာရတဲ့သူေတြ အကုန္လံုးကို ေနျပည္ေတာ္ ခုတင္ ၁၀၀၀ ေဆး႐ံုကို တင္ေပး ထားတယ္။ စိုးရိမ္ရတဲ့သူေတာ့ မရွိဘူး။ ကားကေတာ့ ရွပ္တန္း က်ဳိးသြားတယ္။ ဆံုး႐ံႈးမႈတန္ဖိုး ငါးသိန္းဖိုးေလာက္ ပ်က္စီးသြား တယ္’’ဟု ၎က ေျပာသည္။

ယာဥ္ေမာင္း ႏိုင္ဦးကုိ ဘုရားေတာင္အျမန္လမ္း ရဲ စခန္းက ယာဥ္မဆင္မျခင္ေမာင္း ႏွင္မႈ ရာဇသတ္ႀကီးပုဒ္မ ၃၃၇/ ၃၃၈ ျဖင့္ အမႈဖြင့္အေရးယူထား သည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ် (၂၃၀) အကျော် တွင် အောက်တိုဘာ ၂၉ ရက်က လိုက်ထရပ်ယာဉ်တစ်စီး နောက် ဘီးပေါက်ကာ အရှိန်လွန်တိမ်း မှောက်ပြီး ၁၇ ဦးဒဏ်ရာရရှိခဲ့ ကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ပြောသည်။


အဆိုပါ လိုက်ထရပ်ယာဉ် သည် အောက်တိုဘာ ၂၉ ရက် နံနက် ၈ နာရီခန့်က မန္တလေးမှ နေပြည်တော်သို့ မောင်းနှင်လာ စဉ် မိုင်တိုင်အမှတ် ၂၃၀/၆ အကျော်တွင် လမ်းလယ်ကျွန်းပေါ် သို့ ရောက်ရှိကာ တိမ်းမှောက်ခဲ့ ကြောင်း၊ ယာဉ်ပေါ်တွင်အမျိုး သားခုနစ်ဦးနှင့် အမျိုးသမီး ၁၅ ဦး လိုက်ပါလာကြောင်း အမြန်လမ်း ရဲတပ်ဖွဲ့မှ ရဲအရာရှိ

က ပြောသည်။

‘‘ကားပေါ်မှာပါတဲ့သူတွေ မန္တလေး ရတနာပုံမြို့သစ်ကလာ တဲ့သူတွေပါ။ နောက်ဘီးပေါက် ပြီး အရှိန်မထိန်းနိုင်ဘဲ မှောက် တာ’’ဟု ၎င်းက ပြောသည်။

ယာဉ်ပေါ်တွင် လိုက်ပါလာ သူများသည် ရတနာပုံမြို့သစ်မှ ကြေးဘုရားလုပ်ငန်း လုပ်ကိုင်သူ များဖြစ်ကာ နေပြည်တော်သို့ လာရောက်စဉ် ယာဉ်မတော်တဆ ဖြစ်ပွားခဲ့၍ အမျိုးသမီး ၁၄ ဦးနှင့် အမျိုးသားသုံးဦး ထိခိုက်ဒဏ်ရာ ရရှိကြောင်း ဘုရားတောင် အမြန် လမ်းရဲတပ်ဖွဲ့မှ ရဲအရာရှိက ပြောသည်။

‘‘ထိခိုက်ဒဏ်ရာရတဲ့သူတွေ အကုန်လုံးကို နေပြည်တော် ခုတင် ၁၀၀၀ ဆေးရုံကို တင်ပေး ထားတယ်။ စိုးရိမ်ရတဲ့သူတော့ မရှိဘူး။ ကားကတော့ ရှပ်တန်း ကျိုးသွားတယ်။ ဆုံးရှုံးမှုတန်ဖိုး ငါးသိန်းဖိုးလောက် ပျက်စီးသွား တယ်’’ဟု ၎င်းက ပြောသည်။

ယာဉ်မောင်း နိုင်ဦးကို ဘုရားတောင်အမြန်လမ်း ရဲ စခန်းက ယာဉ်မဆင်မခြင်မောင်း နှင်မှု ရာဇသတ်ကြီးပုဒ်မ ၃၃၇/ ၃၃၈ ဖြင့် အမှုဖွင့်အရေးယူထား သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top