Golden City Promotion
×

အုန္းဆီက ဆံေကသာအတြက္ မ်ားစြာအက်ိဳးေက်းဇဴးရွိတယ္ဆိုတာ စာဖတ္သူတို႔ သိၿပီးသားျဖစ္မွာပါေနာ္။ ဆံပင္ပါးလို႔ ဆံပင္ခဏခဏ ကၽြတ္ေနလို႔ ဆံပင္ေတြ ျဖဴေနလို႔ စိတ္ညစ္ေနသူေတြအတြက္ အုန္းဆီကို အသံုျပဳေပးသင့္ပါတယ္။ အုန္းဆီဟာ ဆံေကသာကို အေကာင္းဆံုး အားျဖည့္ေပးႏိုင္တဲ့ သဘာ၀ေဆးတစ္လက္ျဖစ္ပါတယ္။ အုန္းဆီမွာ ပါ၀င္တဲ့ အဟာရဓာတ္ေတြဟာ ဆံပင္ထဲကို စိမ့္၀င္ႏိုင္စြမ္းရွိၿပီး ဆံပင္အျမစ္ေလးေတြကို ခိုင္မာေစပါတယ္။

ဆံေကသာနဲ႔ ပတ္သတ္တ့ဲ ျပႆနာအမ်ိဳးမ်ိဳးကိုလည္း ကုသေပးႏိုင္ပါတယ္။

ဆံပင္ျဖဴျခင္း

အုန္းဆီဟာ ဦးေရျပားကိုအားျဖည့္ေပးၿပီး ဆံပင္ေပါက္တဲ့အျမစ္ေလးေတြကို ကာကြယ္ေပးပါတယ္။ ဆံပင္ျဖဴရတာဟာ ဆံပင္ေပါက္တဲ့ အျမစ္ေလးေတြကေန ဆံပင္အေရာင္ကၽြတ္လာတာကေန စတင္တာပါ။ ဒါ့ေၾကာင့္ အုန္းဆီကို ေခါင္းမေလွ်ာ္ခင္လိမးေပးၿပီး ဆံပင္ျဖဴတာကို ႀကိဳတင္ကာကြယ္လို႔ရပါတယ္။

ဆံပင္ကၽြတ္ျခင္း

အုန္းဆီမွာ က်န္းမာတဲ့ အဆီဓာတ္နဲ႔ ဗီတာမင္ဓာတ္ေတြပါ၀င္လို႔ ဦးေရျပားကို သန္႔စင္ေပးၿပီး ဆံပင္အျမစ္ေလးေတါကို သန္စြမ္းခိုင္မာေစပါတယ္။

အုန္းဆီကို ညအိပ္ယာမ၀င္ခင္ လိမ္းေပးၿပီး ဦးေရျပားထဲ စိမ့္၀င္သြားေအာင္ ႏွိပ္နယ္ေပးပါ။ ၿပီးရင္ ညလံုးေပါက္ထားပါ။ အုန္းဆီအခဲဆိုရင္ ခြက္အေသးထဲ အုန္းဆီအခဲထည့္ ခြက္အႀကီးထဲ ေရေႏြးထည့္ၿပီး အရည္ေပ်ာ္ေအာင္လုပ္ရမွာျဖစ္ပါတယ္။ ၿပီးမွ ဦးေရျပားေပၚ လိမ္းေပးရမွာပါ။

ဒီလိုမွမဟုတ္ရင္လည္း အုန္းဆီကို ဆံပင္အရင္းကေန အဖ်ားထိလိမ္းေပး၊ ဦးေရျပားေပၚမွာလည္းလိမ္းေပးၿပီး ခဏေလာက္ ႏိွပ္ေပးပါ။ ၿပီးရင္ ၁၅ မိနစ္ကေနမိနစ္ ၃၀ ထိထားေပးပါ။ အဲဒီေနာက္ ေခါင္းေလွ်ာ္ခ်ေပးပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mystylemyanmar

#Unicode Version#
အုန်းဆီက ဆံကေသာအတွက် များစွာအကျိုးကျေးဇူးရှိတယ်ဆိုတာ စာဖတ်သူတို့ သိပြီးသားဖြစ်မှာပါနော်။ ဆံပင်ပါးလို့ ဆံပင်ခဏခဏ ကျွတ်နေလို့ ဆံပင်တွေ ဖြူနေလို့ စိတ်ညစ်နေသူတွေအတွက် အုန်းဆီကို အသုံပြုပေးသင့်ပါတယ်။ အုန်းဆီဟာ ဆံကေသာကို အကောင်းဆုံး အားဖြည့်ပေးနိုင်တဲ့ သဘာဝဆေးတစ်လက်ဖြစ်ပါတယ်။ အုန်းဆီမှာ ပါဝင်တဲ့ အဟာရဓာတ်တွေဟာ ဆံပင်ထဲကို စိမ့်ဝင်နိုင်စွမ်းရှိပြီး ဆံပင်အမြစ်လေးတွေကို ခိုင်မာစေပါတယ်။

ဆံကေသာနဲ့ ပတ်သတ်တဲ့ ပြဿနာအမျိုးမျိုးကိုလည်း ကုသပေးနိုင်ပါတယ်။

ဆံပင်ဖြူခြင်း

အုန်းဆီဟာ ဦးရေပြားကိုအားဖြည့်ပေးပြီး ဆံပင်ပေါက်တဲ့အမြစ်လေးတွေကို ကာကွယ်ပေးပါတယ်။ ဆံပင်ဖြူရတာဟာ ဆံပင်ပေါက်တဲ့ အမြစ်လေးတွေကနေ ဆံပင်အရောင်ကျွတ်လာတာကနေ စတင်တာပါ။ ဒါ့ကြောင့် အုန်းဆီကို ခေါင်းမလျှော်ခင်လိမးပေးပြီး ဆံပင်ဖြူတာကို ကြိုတင်ကာကွယ်လို့ရပါတယ်။

ဆံပင်ကျွတ်ခြင်း

အုန်းဆီမှာ ကျန်းမာတဲ့ အဆီဓာတ်နဲ့ ဗီတာမင်ဓာတ်တွေပါဝင်လို့ ဦးရေပြားကို သန့်စင်ပေးပြီး ဆံပင်အမြစ်လေးတေါကို သန်စွမ်းခိုင်မာစေပါတယ်။

အုန်းဆီကို ညအိပ်ယာမဝင်ခင် လိမ်းပေးပြီး ဦးရေပြားထဲ စိမ့်ဝင်သွားအောင် နှိပ်နယ်ပေးပါ။ ပြီးရင် ညလုံးပေါက်ထားပါ။ အုန်းဆီအခဲဆိုရင် ခွက်အသေးထဲ အုန်းဆီအခဲထည့် ခွက်အကြီးထဲ ရေနွေးထည့်ပြီး အရည်ပျော်အောင်လုပ်ရမှာဖြစ်ပါတယ်။ ပြီးမှ ဦးရေပြားပေါ် လိမ်းပေးရမှာပါ။

ဒီလိုမှမဟုတ်ရင်လည်း အုန်းဆီကို ဆံပင်အရင်းကနေ အဖျားထိလိမ်းပေး၊ ဦးရေပြားပေါ်မှာလည်းလိမ်းပေးပြီး ခဏလောက် နှိပ်ပေးပါ။ ပြီးရင် ၁၅ မိနစ်ကနေမိနစ် ၃၀ ထိထားပေးပါ။ အဲဒီနောက် ခေါင်းလျှော်ချပေးပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top