Golden City Promotion
×



ဒီေန႔ရဲ႕ ဗီဒီယိုအၫႊန္းက႑မွာေတာ့ အခ်စ္ဒရာမာ ဇာတ္ကားေလးကို ၫႊန္းေပးလိုက္ပါတယ္။


ေက်ာ္စိုးပိုင္နဲ႔ မိုးကလ်ာတို႔က ခ်စ္သူေတြပါ။ ေက်ာ္စိုးပိုင္က  ေကတီဗီတစ္ခုမွာ မန္ေနဂ်ာ ရာထူးနဲ႔ အလုပ္လုပ္တာပါ။ မိုးကလ်ာကေတာ့ ကုမၸဏီဝန္ထမ္းပါ။ ေကတီဗီဆိုရင္ လူေတြက အျမင္ေစာင္းတတ္ၾကတာေၾကာင့္ ေက်ာ္စိုးပိုင္က မိုးကလ်ာကို ကုမၸဏီတစ္ခုမွာ အလုပ္လုပ္တယ္လို႔ပဲ လိမ္ထားခဲ့ပါတယ္။

ေက်ာ္စိုးပိုင္ အလုပ္လုပ္တဲ့ဆိုင္က စည္းကမ္းႀကီးပါတယ္။ သန္႔လည္းသန္႔ပါတယ္။ ေကာင္မေလးေတြကိုလည္း အၿမဲတမ္းဆံုးမေလ့ရွိပါတယ္။ အဲဒါေၾကာင့္ ေက်ာ္စိုးပိုင္ကို သူ႕ဆိုင္က အလုပ္သမားေတြက အရမ္းခ်စ္ၾကပါ တယ္။ ေက်ာ္စိုးပိုင္ကလည္း ေကတီဗီမွာအလုပ္လုပ္တဲ့ ေကာင္မေလးေတြဆိုၿပီး ႏွိမ္ၿပီးမဆက္ဆံပါဘူး။ အၿမဲတမ္း ညီမေတြလုိသေဘာထားၿပီး သူတို႔အိမ္ေတြရဲ႕အခက္အခဲေတြကိုလည္း အၿမဲတမ္းေမးေလ့ရွိပါတယ္။

မိုးကလ်ာ ေခၚလိုက္တိုင္း ေက်ာ္စိုးပိုင္က မအားတာမ်ားပါတယ္။ အဲဒါေၾကာင့္ မိုးကလ်ာ ခဏခဏ စိတ္ေကာက္ ရပါတယ္။  မိုးကလ်ာခ်ိန္းတဲ့အခ်ိန္ေတြက ညေနပိုင္းေတြမ်ားတာေၾကာင့္  ေက်ာ္စိုးပိုင္ အလုပ္တကယ္႐ႈပ္တဲ့အခ်ိန္နဲ႔ အၿမဲတိုးပါတယ္။ အဲဒါေၾကာင့္ သူတို႔ႏွစ္ေယာက္က တစ္ပတ္ကို တစ္ခါေတြ႕ဖို႕ေတာင္ မလြယ္ပါဘူး။ အဲဒီလိုနဲ႔ တစ္ရက္မွာေတာ့ မိုးကလ်ာက သူတို႔ႏွစ္ေယာက္ ဘယ္ေတာ့လက္ထပ္ၾကမလဲဆိုတာ ေက်ာ္စိုးပိုင္ကို ေမးခဲ့ပါတယ္။ ေက်ာ္စိုးပိုင္ကေတာ့ မိုးကလ်ာကို တင့္ေတာင့္တင့္တယ္ လက္ထပ္ခ်င္တာေၾကာင့္ တစ္ႏွစ္ေလာက္အခ်ိန္ယူဦးမယ္လို႔ေျပာခဲ့ပါတယ္။ အခ်ိန္အတိအက်နဲ႔ေျပာတာျဖစ္တဲ့အတြက္ မိုးကလ်ာလည္း စိတ္ေက်နပ္သြားခဲ့ပါတယ္။

ေက်ာ္စိုးပိုင္တို႔ အလုပ္ထဲမွာ အလုပ္ႀကိဳးစားတဲ့ေကာင္မေလးတစ္ေယာက္ရွိပါတယ္။ အဲဒီေကာင္မေလးနာမည္က သက္တန္႔ကဗ်ာပါ။ သက္တန္႔ကဗ်ာက က်န္းမာေရးမေကာင္းတဲ့ အေမအိုႀကီးကို လုပ္ေကၽြးေနတာပါ။ ေနာက္ၿပီး သူကဆုိင္မွာ လုပ္အားအေကာင္းဆံုးသူတစ္ေယာက္ပါ။အဲဒါေၾကာင့္ ေက်ာ္စိုးပိုင္တို႕ကအၿမဲတမ္း သူ႔ကို ခ်ီးက်ဴးေလ့ရွိပါတယ္။ သက္တန္႔ကဗ်ာကလည္း ေက်ာ္စိုးပိုင္အေပၚမွာ အစ္ကိုတစ္ေယာက္လို အရမ္းအားကိုးပါ တယ္။ ဒါေပမဲ့ တစ္ရက္မွာေတာ့ သက္တန္႔ကဗ်ာအလုပ္ကို အခ်ိန္မီေရာက္မလာခဲ့ပါဘူး။ သူနဲ႔အတူ တူေနတဲ့ အခန္းေဖာ္ေကာင္မေလးကိုေမးတဲ့အခ်ိန္မွာေတာ့ အမ်ိဳးသားတစ္ေယာက္နဲ႔ထြက္သြားတယ္ဆိုတာသိခဲ့ရပါ တယ္။အဲဒါေၾကာင့္ လုိက္ရွာတဲ့အခ်ိန္မွာေတာ့ တည္းခိုခန္းတစ္ခုကေနထြက္လာတဲ့ သက္တန္႔ကဗ်ာကို ေတြ႔ခဲ့ပါတယ္။ သူတို႔စည္းကမ္းအရ သက္တန္႔ကဗ်ာကိုအလုပ္ထုတ္ဖို႔ေျပာခဲ့ေပမယ့္ သူ႔အေမေဆးဖိုးလိုတာေၾကာင့္ လုပ္ရတာျဖစ္ၿပီးေနာက္မလုပ္ေတာ့ပါဘူးလုိ႔ အာမခံတာေၾကာင့္ အလုပ္ေတာ့မထုတ္ျဖစ္ခဲ့ပါဘူး။

အဲဒီလိုနဲ႔တစ္ရက္မွာေတာ့ ေက်ာ္စိုးပိုင္တို႔ဆိုင္မွာ မိုးကလ်ာတို႔သူငယ္ခ်င္းေတြ သီခ်င္းလာဆိုရင္း ေက်ာ္စိုးပိုင္ ေကတီဗီမွာ အလုပ္လုပ္တာကို သိသြားခဲ့ပါ တယ္။ အဲဒီလုိသိသြားတဲ့အခ်ိန္ သူတို႔ႏွစ္ေယာက္ဇာတ္လမ္း ဘာေတြ ဆက္ျဖစ္လာမလဲဆိုတာကို ေတာ့ Power 9 ထုတ္လုပ္ေရးကေန ျဖန္႔ခ်ိထားတဲ့ ဂ်ာႀကီးဆိုတဲ့ဇာတ္ကားမွာ ဆက္လက္႐ႈစားေပးပါ။

ဒီဇာတ္ကားမွာ ေက်ာ္စုိးပိုင္အျဖစ္ လူမင္းနဲ႔ မိုးကလ်ာအျဖစ္ ယုသႏၲာတင္တို႔ကပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဒီေရလိႈင္းရဲ႕ဇာတ္လမ္း၊ ဇာတ္ၫႊန္းကို ဒါ႐ိုက္တာ တင္ေအာင္ေက်ာ္ ႐ိုက္ကူးပံုေဖာ္ထားပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ဒီနေ့ရဲ့ ဗီဒီယိုအညွှန်းကဏ္ဍမှာတော့ အချစ်ဒရာမာ ဇာတ်ကားလေးကို ညွှန်းပေးလိုက်ပါတယ်။


ကျော်စိုးပိုင်နဲ့ မိုးကလျာတို့က ချစ်သူတွေပါ။ ကျော်စိုးပိုင်က  ကေတီဗီတစ်ခုမှာ မန်နေဂျာ ရာထူးနဲ့ အလုပ်လုပ်တာပါ။ မိုးကလျာကတော့ ကုမ္ပဏီဝန်ထမ်းပါ။ ကေတီဗီဆိုရင် လူတွေက အမြင်စောင်းတတ်ကြတာကြောင့် ကျော်စိုးပိုင်က မိုးကလျာကို ကုမ္ပဏီတစ်ခုမှာ အလုပ်လုပ်တယ်လို့ပဲ လိမ်ထားခဲ့ပါတယ်။

ကျော်စိုးပိုင် အလုပ်လုပ်တဲ့ဆိုင်က စည်းကမ်းကြီးပါတယ်။ သန့်လည်းသန့်ပါတယ်။ ကောင်မလေးတွေကိုလည်း အမြဲတမ်းဆုံးမလေ့ရှိပါတယ်။ အဲဒါကြောင့် ကျော်စိုးပိုင်ကို သူ့ဆိုင်က အလုပ်သမားတွေက အရမ်းချစ်ကြပါ တယ်။ ကျော်စိုးပိုင်ကလည်း ကေတီဗီမှာအလုပ်လုပ်တဲ့ ကောင်မလေးတွေဆိုပြီး နှိမ်ပြီးမဆက်ဆံပါဘူး။ အမြဲတမ်း ညီမတွေလိုသဘောထားပြီး သူတို့အိမ်တွေရဲ့အခက်အခဲတွေကိုလည်း အမြဲတမ်းမေးလေ့ရှိပါတယ်။

မိုးကလျာ ခေါ်လိုက်တိုင်း ကျော်စိုးပိုင်က မအားတာများပါတယ်။ အဲဒါကြောင့် မိုးကလျာ ခဏခဏ စိတ်ကောက် ရပါတယ်။  မိုးကလျာချိန်းတဲ့အချိန်တွေက ညနေပိုင်းတွေများတာကြောင့်  ကျော်စိုးပိုင် အလုပ်တကယ်ရှုပ်တဲ့အချိန်နဲ့ အမြဲတိုးပါတယ်။ အဲဒါကြောင့် သူတို့နှစ်ယောက်က တစ်ပတ်ကို တစ်ခါတွေ့ဖို့တောင် မလွယ်ပါဘူး။ အဲဒီလိုနဲ့ တစ်ရက်မှာတော့ မိုးကလျာက သူတို့နှစ်ယောက် ဘယ်တော့လက်ထပ်ကြမလဲဆိုတာ ကျော်စိုးပိုင်ကို မေးခဲ့ပါတယ်။ ကျော်စိုးပိုင်ကတော့ မိုးကလျာကို တင့်တောင့်တင့်တယ် လက်ထပ်ချင်တာကြောင့် တစ်နှစ်လောက်အချိန်ယူဦးမယ်လို့ပြောခဲ့ပါတယ်။ အချိန်အတိအကျနဲ့ပြောတာဖြစ်တဲ့အတွက် မိုးကလျာလည်း စိတ်ကျေနပ်သွားခဲ့ပါတယ်။

ကျော်စိုးပိုင်တို့ အလုပ်ထဲမှာ အလုပ်ကြိုးစားတဲ့ကောင်မလေးတစ်ယောက်ရှိပါတယ်။ အဲဒီကောင်မလေးနာမည်က သက်တန့်ကဗျာပါ။ သက်တန့်ကဗျာက ကျန်းမာရေးမကောင်းတဲ့ အမေအိုကြီးကို လုပ်ကျွေးနေတာပါ။ နောက်ပြီး သူကဆိုင်မှာ လုပ်အားအကောင်းဆုံးသူတစ်ယောက်ပါ။အဲဒါကြောင့် ကျော်စိုးပိုင်တို့ကအမြဲတမ်း သူ့ကို ချီးကျူးလေ့ရှိပါတယ်။ သက်တန့်ကဗျာကလည်း ကျော်စိုးပိုင်အပေါ်မှာ အစ်ကိုတစ်ယောက်လို အရမ်းအားကိုးပါ တယ်။ ဒါပေမဲ့ တစ်ရက်မှာတော့ သက်တန့်ကဗျာအလုပ်ကို အချိန်မီရောက်မလာခဲ့ပါဘူး။ သူနဲ့အတူ တူနေတဲ့ အခန်းဖော်ကောင်မလေးကိုမေးတဲ့အချိန်မှာတော့ အမျိုးသားတစ်ယောက်နဲ့ထွက်သွားတယ်ဆိုတာသိခဲ့ရပါ တယ်။အဲဒါကြောင့် လိုက်ရှာတဲ့အချိန်မှာတော့ တည်းခိုခန်းတစ်ခုကနေထွက်လာတဲ့ သက်တန့်ကဗျာကို တွေ့ခဲ့ပါတယ်။ သူတို့စည်းကမ်းအရ သက်တန့်ကဗျာကိုအလုပ်ထုတ်ဖို့ပြောခဲ့ပေမယ့် သူ့အမေဆေးဖိုးလိုတာကြောင့် လုပ်ရတာဖြစ်ပြီးနောက်မလုပ်တော့ပါဘူးလို့ အာမခံတာကြောင့် အလုပ်တော့မထုတ်ဖြစ်ခဲ့ပါဘူး။

အဲဒီလိုနဲ့တစ်ရက်မှာတော့ ကျော်စိုးပိုင်တို့ဆိုင်မှာ မိုးကလျာတို့သူငယ်ချင်းတွေ သီချင်းလာဆိုရင်း ကျော်စိုးပိုင် ကေတီဗီမှာ အလုပ်လုပ်တာကို သိသွားခဲ့ပါ တယ်။ အဲဒီလိုသိသွားတဲ့အချိန် သူတို့နှစ်ယောက်ဇာတ်လမ်း ဘာတွေ ဆက်ဖြစ်လာမလဲဆိုတာကို တော့ Power 9 ထုတ်လုပ်ရေးကနေ ဖြန့်ချိထားတဲ့ ဂျာကြီးဆိုတဲ့ဇာတ်ကားမှာ ဆက်လက်ရှုစားပေးပါ။

ဒီဇာတ်ကားမှာ ကျော်စိုးပိုင်အဖြစ် လူမင်းနဲ့ မိုးကလျာအဖြစ် ယုသန္တာတင်တို့ကပါဝင်သရုပ်ဆောင်ထားပြီး ဒီရေလှိုင်းရဲ့ဇာတ်လမ်း၊ ဇာတ်ညွှန်းကို ဒါရိုက်တာ တင်အောင်ကျော် ရိုက်ကူးပုံဖော်ထားပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top