ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အခုဆိုရင္ေတာ့ သီတင္းကြ်တ္အားလပ္ရက္ေလးကေန လည္ၾကပတ္ၾကတာက ျပန္ေရာက္လာၾကျပီလို႔ ထင္ပါတယ္။ ဒါေပမယ့္ နယ္ေတြဘက္ ဘုရားဖူးသြားတာတို႔ ပူျပင္းတဲ့ေဒသေတြဘက္ကေန ျပန္လာတဲ့သူေတြကေတာ့ က်ိန္းေသေပါက္ ေနေလာင္ခံလာရမွာ အေသအခ်ာပါပဲ။ ဒီေတာ့ ဒီေနေလာင္ဒဏ္ေတြကေန ပံုမွန္ျပန္ျဖစ္ေအာင္ဘယ္လိုျပဳမူေနထိုင္ရမလဲ ေဝမွ်ေပးပါရေစ။

၁။ ေအးျမေျခာက္ေသြ႔တဲ့ အ၀တ္စသန္႔သန္႔ေလးနဲ႔ အေရျပားကို မၾကာခဏလိုက္တို႔ပြတ္တိုက္ေပးပါ။ Wet Tissueဆိုလည္း ရပါတယ္။ ေန႔တိုင္းလုပ္ရမွာပါ။ ေရေအးေအးေလးနဲ႔ ေရခ်ိဳးေပးပါ။ ျပီးရင္ ေရကိုအကုန္ပြတ္တိုက္လိုက္တာမ်ိဳးမလုပ္ပဲ အသားေပၚမွာ နည္းနည္းတင္က်န္ေနပါေစ။ ျပီးရင္ အစိုဓာတ္ထိန္းခရင္မ္တစ္ခုခုလိမ္းထားပါ။ သနပ္ခါးပါးပါးေလးလိမ္းထားလည္း ရပါတယ္။ ဒါက အေရျပားေျခာက္ေသြ႕မႈကို သက္သာေစပါလိမ့္မယ္။

၂။ ရွားေစာင္းလက္ပတ္ပါဝင္တဲ့ ကရင္မ္/gel ၊ ဒါမွမဟုတ္ ရွားေစာင္းလက္ပတ္အစစ္နဲ႔ ေနေလာင္ထားတဲ့ေနရာေတြမွာ အသားထဲစိမ့္ဝင္ေအာင္ ပြတ္တိုက္ေပးပါ။ ရွားေစာင္းလက္ပတ္ဟာ အသားအရည္ကို ေအးျမၾကည္လင္ေစတဲ့အစြမ္းရွိပါတယ္။ ဓာတုပစၥည္းပါဝင္မႈနညး္တဲ့ ၊ သဘာဝနဲ႔အနီးစပ္ဆံုး ရွားေစာင္းလက္ပတ္ခရင္မ္ေတြ လိမ္းထားႏိုင္ပါတယ္။

၃။ ေနေလာင္တဲ့ေနရာေတြက ယားစပ္စပ္ေတြျဖစ္လာျပီး နီရဲေယာင္ယမ္းလာတာမ်ိဳး နာက်င္တာမ်ိဳးျဖစ္မယ္ဆိုရင္ မေပါ့ပါနဲ႔။ နီးစပ္ရာေဆးခန္းမွာ ျပသျပီး ေသခ်ာကုသမႈခံယူဖို႔လိုပါတယ္။

၄။ ေရမ်ားမ်ားေသာက္ပါ။ ဒါကေတာ့ အေရးအၾကီးဆံုးအခ်က္ပါ။ ေနေလာင္တာဟာ ခႏၶာကိုယ္အတြင္းဘက္ကိုပါ ေျခာက္ေသြ႔ေစတတ္တာေၾကာင့္ ေရမ်ားမ်ားေသာက္သံုးေပးဖို႔လုိအပ္ပါလိမ့္မယ္။

၅။ အရည္ၾကည္ဖုေလးေတြထလာရင္ လံုးဝလက္နဲ႔သြားမဆိတ္ပါနဲ႔။ ဒါက ဒဏ္ရာေတြကို ပိုဆိုးသြားႏိုင္ပါတယ္။ ေသခ်ာကုသျပီး ပိုးမ၀င္ေစေအာင္ဂရုစိုက္ပါ။ ေနမေကာင္းတာ ေခါင္းမူးတာ မအီမသာျဖစ္တာမ်ိဳးဆိုရင္ ေဆးခန္းခ်က္ျခင္းျပပါ။

၆။ ေနေလာင္ဒဏ္အရွင္းေပ်ာက္သည္အထိ စိတ္ရွည္လက္ရွည္ဂရုစိုက္ပါ။ အ၀တ္အစားေတြကိုလည္း ပြပြေခ်ာင္ေခ်ာင္နဲ႔ ေပါ့ေပါ့ပါးပါးျဖစ္ေစမယ့္အ၀တ္မ်ိဳးကိုသာ ေရြးခ်ယ္၀တ္ဆင္ပါ။ အေရာင္ႏုေလးကို ပိုေရြးခ်ယ္သင့္ပါတယ္။

Ref: American Academy of Dermatology: Treating Sunburn

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia(ရိုးရာေလး)

# Unicode Version #
အခုဆိုရင်တော့ သီတင်းကျွတ်အားလပ်ရက်လေးကနေ လည်ကြပတ်ကြတာက ပြန်ရောက်လာကြပြီလို့ ထင်ပါတယ်။ ဒါပေမယ့် နယ်တွေဘက် ဘုရားဖူးသွားတာတို့ ပူပြင်းတဲ့ဒေသတွေဘက်ကနေ ပြန်လာတဲ့သူတွေကတော့ ကျိန်းသေပေါက် နေလောင်ခံလာရမှာ အသေအချာပါပဲ။ ဒီတော့ ဒီနေလောင်ဒဏ်တွေကနေ ပုံမှန်ပြန်ဖြစ်အောင်ဘယ်လိုပြုမူနေထိုင်ရမလဲ ဝေမျှပေးပါရစေ။

၁။ အေးမြခြောက်သွေ့တဲ့ အဝတ်စသန့်သန့်လေးနဲ့ အရေပြားကို မကြာခဏလိုက်တို့ပွတ်တိုက်ပေးပါ။ Wet Tissueဆိုလည်း ရပါတယ်။ နေ့တိုင်းလုပ်ရမှာပါ။ ရေအေးအေးလေးနဲ့ ရေချိုးပေးပါ။ ပြီးရင် ရေကိုအကုန်ပွတ်တိုက်လိုက်တာမျိုးမလုပ်ပဲ အသားပေါ်မှာ နည်းနည်းတင်ကျန်နေပါစေ။ ပြီးရင် အစိုဓာတ်ထိန်းခရင်မ်တစ်ခုခုလိမ်းထားပါ။ သနပ်ခါးပါးပါးလေးလိမ်းထားလည်း ရပါတယ်။ ဒါက အရေပြားခြောက်သွေ့မှုကို သက်သာစေပါလိမ့်မယ်။

၂။ ရှားစောင်းလက်ပတ်ပါဝင်တဲ့ ကရင်မ်/gel ၊ ဒါမှမဟုတ် ရှားစောင်းလက်ပတ်အစစ်နဲ့ နေလောင်ထားတဲ့နေရာတွေမှာ အသားထဲစိမ့်ဝင်အောင် ပွတ်တိုက်ပေးပါ။ ရှားစောင်းလက်ပတ်ဟာ အသားအရည်ကို အေးမြကြည်လင်စေတဲ့အစွမ်းရှိပါတယ်။ ဓာတုပစ္စည်းပါဝင်မှုနည်းတဲ့ ၊ သဘာဝနဲ့အနီးစပ်ဆုံး ရှားစောင်းလက်ပတ်ခရင်မ်တွေ လိမ်းထားနိုင်ပါတယ်။

၃။ နေလောင်တဲ့နေရာတွေက ယားစပ်စပ်တွေဖြစ်လာပြီး နီရဲယောင်ယမ်းလာတာမျိုး နာကျင်တာမျိုးဖြစ်မယ်ဆိုရင် မပေါ့ပါနဲ့။ နီးစပ်ရာဆေးခန်းမှာ ပြသပြီး သေချာကုသမှုခံယူဖို့လိုပါတယ်။

၄။ ရေများများသောက်ပါ။ ဒါကတော့ အရေးအကြီးဆုံးအချက်ပါ။ နေလောင်တာဟာ ခန္ဓာကိုယ်အတွင်းဘက်ကိုပါ ခြောက်သွေ့စေတတ်တာကြောင့် ရေများများသောက်သုံးပေးဖို့လိုအပ်ပါလိမ့်မယ်။

၅။ အရည်ကြည်ဖုလေးတွေထလာရင် လုံးဝလက်နဲ့သွားမဆိတ်ပါနဲ့။ ဒါက ဒဏ်ရာတွေကို ပိုဆိုးသွားနိုင်ပါတယ်။ သေချာကုသပြီး ပိုးမဝင်စေအောင်ဂရုစိုက်ပါ။ နေမကောင်းတာ ခေါင်းမူးတာ မအီမသာဖြစ်တာမျိုးဆိုရင် ဆေးခန်းချက်ခြင်းပြပါ။

၆။ နေလောင်ဒဏ်အရှင်းပျောက်သည်အထိ စိတ်ရှည်လက်ရှည်ဂရုစိုက်ပါ။ အဝတ်အစားတွေကိုလည်း ပွပွချောင်ချောင်နဲ့ ပေါ့ပေါ့ပါးပါးဖြစ်စေမယ့်အဝတ်မျိုးကိုသာ ရွေးချယ်ဝတ်ဆင်ပါ။ အရောင်နုလေးကို ပိုရွေးချယ်သင့်ပါတယ်။

Ref: American Academy of Dermatology: Treating Sunburn

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia(ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top