Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ကံ တရား၏ သေဘာ လကၡဏာကို တိက် မွန္ကန္ ျပည့္စံုစြာ သေဘာေပါက္ရန္ လူတုိင္း လုိအပ္သည္။
ကုသိုလ္ကံ အကုသိုလ္ကံ တုိ႔သည္ ပုဗၺ၊ မုဥၥ၊ အပရ ေစတနာ သံုးတန္ျပည့္၀ အားသန္လွ်င္ အမွန္ပင္ ၾကီးမားေသာ အက်ိဳးတရားကို ေပးၾကစျမဲ ျဖစ္သည္။

သံသရာ ခရီးရွည္ တစ္ေလွ်ာက္ ဒုဂၢတိဘ၀ သုဂတိဘ၀ မ်ိဳးစံုတုိ႔ကို ေပးႏုိင္ေလာက္ေသာ အင္အားရွိၾက သည္။ မိမိဘ၀ သံသရာ ခရီးအတြက္ ကိုယ္တုိင္ ကိုယ့္စိတ္ၾကိဳက္ ျပင္ဆင္ျပဳလုပ္၍ ရေသာ သေဘာျဖစ္သည္။

ကံတရားတို႔ ျဖစ္ေပၚေရး အတြက္ ဒိ႒ိဇုကမၼ ေခၚ အယူေျဖာင့္မွန္မူသည္ အေရးၾကီးလွ၏။ အယူေျဖာင့္မွန္သူသည္ ကံတရား၏ အက်ိဳးေပးမူကို သိျမင္နားလည္ သျဖင့္ မိမိ အတြက္ သံသရာတစ္ေလွ်ာက္ ေကာင္းက်ိဳးေ၀ျဖာ ဘ၀သမၸတၱိျပည့္စံုလာေစေရးအတြက္ ေကာင္းေသာ ကာယကံ ၀စီကံ မေနာကံ တုိ႔ကိုသာ ျပဳ လုပ္ေတာ့မည္ျဖစ္သည္။ သုိ႔ျဖစ္၍ ကုသလကမၼပထ တရား၏ စြမ္းအားေၾကာင့္ လူ႔ျပည္ နတ္ျပည္ သာယာသုခ ခ်မ္းသာေသာ ဘ၀တုိ႔ကို ရရွိၾကမည္မွာ ေသခ်ာလွ၏။

အယူလြဲမွား ေဖာက္ျပန္ေသာ မိစၦာ ဒိ႒ိတုိ႔မွာ မူ ကံ၊ ကံ ၏ အက်ိဳးကို လက္မခံ မယံုၾကည္ၾကသျဖင့္ အၾကံအစည္မွား၊ အေျပာအဆိုမွား၊ အလုပ္အကိုင္မွား၊ မွားျပီးရင္း မွားယြင္းၾကသည္။ ဒုစရုိက္ တရားမ်ား ကိုသာ ျပဳု လုပ္ၾက၍ အပါယ္ဒုဂၢတိ ဘံုမ်ားသို႔ ဥဒဟုိေရာက္ၾကရသည္။

ဆင္းရဲဒုက ၡမ်ိဳးစံု ၾကံဳေတြ႕ၾကရသည္။ ထုိ႔ေၾကာင့္လည္း ျမတ္စြာဘုရားက “ မိစၦာဒိ႒ိ - အယူလြဲမွားမူသည္ အကုသိုလ္တရားတို႔တြင္ အျပစ္အၾကီးဆံုး ျဖစ္သည္” ဟု ေဟာေတာ္မူသည္။ အယူမွားျခင္းသည္ အကုသိုလ္ျဖစ္ပြားျခင္း၏ အဓိက အေၾကာင္းရင္းၾကီး ျဖစ္ေပသည္။

မွတ္ခ်က္။ ။ ျပည္ေထာင္စု ျမန္မာႏုိင္ငံေတာ္ အစိုးရ သာသနာေရး၀န္ၾကီးဌာန ဗုဒၶဘာသာ တရားေတာ္ အေျခခံအဆင့္ စာအုပ္မွ ထုတ္ႏုတ္ေဖာ္ျပထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ဓမၼခ်မ္းသာ

# Unicode Version ျဖင့္ ဖတ္ရန္ #
ကံ တရား၏ သဘော လက္ခဏာကို တိကျ မှန်ကန် ပြည့်စုံစွာ သဘောပေါက်ရန် လူတိုင်း လိုအပ်သည်။
ကုသိုလ်ကံ အကုသိုလ်ကံ တို့သည် ပုဗ္ဗ၊ မုဉ္စ၊ အပရ စေတနာ သုံးတန်ပြည့်၀ အားသန်လျှင် အမှန်ပင် ကြီးမားသော အကျိုးတရားကို ပေးကြစမြဲ ဖြစ်သည်။

သံသရာ ခရီးရှည် တစ်လျှောက် ဒုဂ္ဂတိဘ၀ သုဂတိဘ၀ မျိုးစုံတို့ကို ပေးနိုင်လောက်သော အင်အားရှိကြ သည်။ မိမိဘ၀ သံသရာ ခရီးအတွက် ကိုယ်တိုင် ကိုယ့်စိတ်ကြိုက် ပြင်ဆင်ပြုလုပ်၍ ရသော သဘောဖြစ်သည်။

ကံတရားတို့ ဖြစ်ပေါ်ရေး အတွက် ဒိဋ္ဌိဇုကမ္မ ခေါ် အယူဖြောင့်မှန်မူသည် အရေးကြီးလှ၏။ အယူဖြောင့်မှန်သူသည် ကံတရား၏ အကျိုးပေးမူကို သိမြင်နားလည် သဖြင့် မိမိ အတွက် သံသရာတစ်လျှောက် ကောင်းကျိုးဝေဖြာ ဘဝသမ္ပတ္တိပြည့်စုံလာစေရေးအတွက် ကောင်းသော ကာယကံ ဝစီကံ မနောကံ တို့ကိုသာ ပြု လုပ်တော့မည်ဖြစ်သည်။ သို့ဖြစ်၍ ကုသလကမ္မပထ တရား၏ စွမ်းအားကြောင့် လူ့ပြည် နတ်ပြည် သာယာသုခ ချမ်းသာသော ဘဝတို့ကို ရရှိကြမည်မှာ သေချာလှ၏။

အယူလွဲမှား ဖောက်ပြန်သော မိစ္ဆာ ဒိဋ္ဌိတို့မှာ မူ ကံ၊ ကံ ၏ အကျိုးကို လက်မခံ မယုံကြည်ကြသဖြင့် အကြံအစည်မှား၊ အပြောအဆိုမှား၊ အလုပ်အကိုင်မှား၊ မှားပြီးရင်း မှားယွင်းကြသည်။ ဒုစရိုက် တရားများ ကိုသာ ပြုု လုပ်ကြ၍ အပါယ်ဒုဂ္ဂတိ ဘုံများသို့ ဥဒဟိုရောက်ကြရသည်။

ဆင်းရဲဒုက ္ခမျိုးစုံ ကြုံတွေ့ကြရသည်။ ထို့ကြောင့်လည်း မြတ်စွာဘုရားက “ မိစ္ဆာဒိဋ္ဌိ - အယူလွဲမှားမူသည် အကုသိုလ်တရားတို့တွင် အပြစ်အကြီးဆုံး ဖြစ်သည်” ဟု ဟောတော်မူသည်။ အယူမှားခြင်းသည် အကုသိုလ်ဖြစ်ပွားခြင်း၏ အဓိက အကြောင်းရင်းကြီး ဖြစ်ပေသည်။

မှတ်ချက်။ ။ ပြည်ထောင်စု မြန်မာနိုင်ငံတော် အစိုးရ သာသနာရေးဝန်ကြီးဌာန ဗုဒ္ဓဘာသာ တရားတော် အခြေခံအဆင့် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဓမ္မချမ်းသာ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top