ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကိုယ့္ခ်စ္သူေကာင္ေလးနဲ႔ ခ်ိန္းေတြ႔တဲ့အခါ ကိုယ့္ဖက္ရွင္က တစ္ဖက္လူရဲ႕ စိတ္ထဲ ၀ိုး လို႔ ျဖစ္သြားေစခ်င္တယ္ဟုတ္။ ကိုယ့္ေကာင္ေလးကို ဆြဲေဆာင္မႈရွိေစဖုိ႔အတြက္ ခါးတုိ၊ ေပါင္ျပတ္၊ ဟိုေဖာ္ဒီေဖာ္ေတြ လုပ္ေနစရာမလိုပါဘူး။ ဒီလိုမ်ိဳးမွ ဆြဲေဆာင္မႈရွိတာ မဟုတ္ပါဘူး။ စတိုင္လ္လည္းက်မယ္၊ ျမင္သူတုိင္းလည္း သေဘာက်ေစမယ့္ ဖက္ရွင္မ်ိဳး ျဖစ္ဖုိ႔ဆိုရင္ေတာ့ ဒီအခ်က္ေလးေတြ သိထားရင္ ရပါၿပီ။

၁။ခါးအတုိင္းဟာ အမ်ိဳးသမီးဖက္ရွင္မွာ အေရးပါပါတယ္။

ေလ့လာေတြ႔ရွိခ်က္ေတြအရေတာ့ သင့္ခႏၶာကိုယ္အခ်ိဳးအစား ဘယ္ေလာက္ရွိရွိ၊ ခါးဆုိဒ္ ဘယ္ေလာက္ရွိရွိ သင့္ရဲ႕ခါးဟာ အမ်ိဳးသားေတြကို ဆြဲေဆာင္ေနဆဲပါပဲ။ ဒါကိုျမင္လိုက္လို႔ ခါးေဖာ္ျပီး ၀တ္ရမယ္လို႔ မဆုိလိုပါဘူး။ ခါးဆုိဒ္ကြက္တိ၊ ကိုယ္က်ပ္အက်ၤ ီေလးေတြေလာက္ဆုိရပါတယ္။ ခုလို ေျပာလိုက္လို႔ ဆုိက္နည္းနည္းႀကီးတဲ့ ဂ်က္ကတ္ေတြ၊ ဆြယ္တာပြပြေတြ မ၀တ္ရေတာ့ဘူးလို႔ မဆိုလိုပါဘူး။ ဒီလို၀တ္ျပီးလို႔ အေပၚက ခါးပတ္ ထပ္ပိတ္လိုက္တာမ်ိဳဳးကလည္း သင့္ခါးအလွကို ျမင္ေတြ႔ေစတာပဲ မဟုတ္လား။

၂။ကိုယ္နဲ႔ လိုက္ဖက္တာေတြကို သီးသန္႔ ေရြးခ်ယ္ထားပါ။

မိန္းကေလးေတြအေနနဲ႔ သိပ္ေဖာ္လြန္းေနရင္လည္း တစ္ဖက္လူက စိတ္ပ်က္သြားမယ္ဆုိတာ သတိရပါ။ အာရံုစိုက္တာ ခံရရင္ေတာင္ မွားယြင္းတဲ့ အာရံုစိုက္ျခင္းပဲ ျဖစ္ပါလိမ့္မယ္။ ဒီေတာ့ ကိုယ္နဲ႔ တကယ္ လိုက္ဖက္တဲ့ ေဘာင္းဘီမ်ိဳး၊ အက်ပ္ဆုိလည္း အက်ပ္၊ အက်ၤ ီဆုိရင္လည္း ကိုယ့္အခ်ိဳးအစား၊ အရိုးအဆစ္ စတာေတြနဲ႔ သင့္ေတာ္တဲ့ ဖက္ရွင္ကို သီးသန္႔ေရြးထုတ္ထားပါ။ ကိုယ့္ရဲ႕ခႏၶာကိုယ္မွာ ဘယ္ေနရာေတြ လွတယ္လို႔ ခံစားမိပါသလဲ။ အဲ့ဒီေနရာေတြကို တစ္ျခားလူေတြ သိေစဖုိ႔ ေဖာ္ျပီး ၀တ္ဆင္တာမ်ိဳးမဟုတ္ပဲ လံုလံုျခံဳျခံဳနဲ႔ စတိုင္လ္က်ေအာင္ ၀တ္ဆင္ပါ။

၃။ေတာက္ပျပီး က်န္းမာတဲ့ ဆံပင္သားမ်ိဳး ပိုင္ဆုိင္ႏိုင္ေအာင္ ႀကိဳးစားပါ။

သင့္ဆံပင္ကို ခ်ပဲထားထား၊ စည္းပဲထားထား၊ က်စ္ဆံျမီးပဲက်စ္က်စ္ အမ်ိဳးသားေတြကို ဆြဲေဆာင္ႏို္င္တာကေတာ့ က်န္းမာၿပီးလွပတဲ့ ဆံပင္ေတြပါပဲ။ ဒါ့အျပင္ ဆံပင္သားေတြ ေျပာင္ေနေအာင္ သံုးေနက်  ဆံပင္နဲ႔ပတ္သက္တဲ့ အလွကုန္ တစ္ခုခုသံုးေပးပါ။

၄။ယံုၾကည္မႈရွိပါေစ။

ယံုၾကည္မႈရွိရွိေနထုိင္တဲ့ အမ်ိဳးသမီးေတြထက္ ဆြဲေဆာင္အားျပင္းတဲ့အရာ ဘာမွမရွိေတာ့ပါဘူး။ ကိုယ့္ကိုယ္ကုိယ္ ယံုၾကည္မႈရွိတဲ့သူေတြဟာ သူတုိ႔မ်က္ႏွာအေနအထား၊ လွမ္းလိုက္တဲ့ ေျခလွမ္းေတြမွာ သိသာေနပါၿပီ။ ဒီ့အတြက္ ဖက္ရွင္နဲ႔သာ ေပါင္းစပ္လိုက္ရင္ အမ်ိဳးသားေတြအတြက္ မ်က္ႏွာ မလႊဲႏိုင္ေလာက္ေတာ့ဘူးေပါ့။

၅။မိန္းမဆန္ပါေစ။

မိန္းမဆန္ပါေစဆုိလို႔ အတင္းႀကီး ဂါ၀န္ေတြ၊ စကတ္အကားေတြ၊ ေဒါက္ျမင့္ဖိနပ္ေတြ စီးခိုင္းတာမ်ိဳးေတာ့ မဟုတ္ပါဘူး။ ဒါေပမယ့္ ကိုယ့္ဖက္ရွင္မွာ မိန္းမဆန္တဲ့ အသံုးအဆာင္တစ္ခုခု ဆင္ျမန္းထားရင္ေတာ့ ပိုေကာင္းပါတယ္။ ဒီလိုဖက္ရွင္မ်ိဳးက ေယာက်ၤားေလးေတြကို ဆြဲေဆာင္ေစႏိုင္ပါတယ္။ ေနာက္ဆံုးေျပာခ်င္တာကေတာ့ ျပံဳးဖုိ႔ပါ။ အျပံဳးခ်ိဳခ်ိဳ ဆင္ျမန္းထားတဲ့ အမ်ိဳးသမီးေတြဟာ စူပုပ္ေနတဲ့၊ ရုပ္တည္န႔ဲအျမဲေနတတ္တဲ့ အမ်ိဳးသမီးေတြထက္ေတာ့ သာတာ အမွန္ပါပဲ……

ဖိုးသူေတာ္ (www.phothutaw.com)
Credit: trend myanmar

# Unicode Version #
ကိုယ့်ချစ်သူကောင်လေးနဲ့ ချိန်းတွေ့တဲ့အခါ ကိုယ့်ဖက်ရှင်က တစ်ဖက်လူရဲ့ စိတ်ထဲ ဝိုး လို့ ဖြစ်သွားစေချင်တယ်ဟုတ်။ ကိုယ့်ကောင်လေးကို ဆွဲဆောင်မှုရှိစေဖို့အတွက် ခါးတို၊ ပေါင်ပြတ်၊ ဟိုဖော်ဒီဖော်တွေ လုပ်နေစရာမလိုပါဘူး။ ဒီလိုမျိုးမှ ဆွဲဆောင်မှုရှိတာ မဟုတ်ပါဘူး။ စတိုင်လ်လည်းကျမယ်၊ မြင်သူတိုင်းလည်း သဘောကျစေမယ့် ဖက်ရှင်မျိုး ဖြစ်ဖို့ဆိုရင်တော့ ဒီအချက်လေးတွေ သိထားရင် ရပါပြီ။

၁။ခါးအတိုင်းဟာ အမျိုးသမီးဖက်ရှင်မှာ အရေးပါပါတယ်။

လေ့လာတွေ့ရှိချက်တွေအရတော့ သင့်ခန္ဓာကိုယ်အချိုးအစား ဘယ်လောက်ရှိရှိ၊ ခါးဆိုဒ် ဘယ်လောက်ရှိရှိ သင့်ရဲ့ခါးဟာ အမျိုးသားတွေကို ဆွဲဆောင်နေဆဲပါပဲ။ ဒါကိုမြင်လိုက်လို့ ခါးဖော်ပြီး ဝတ်ရမယ်လို့ မဆိုလိုပါဘူး။ ခါးဆိုဒ်ကွက်တိ၊ ကိုယ်ကျပ်အင်္ကျ ီလေးတွေလောက်ဆိုရပါတယ်။ ခုလို ပြောလိုက်လို့ ဆိုက်နည်းနည်းကြီးတဲ့ ဂျက်ကတ်တွေ၊ ဆွယ်တာပွပွတွေ မဝတ်ရတော့ဘူးလို့ မဆိုလိုပါဘူး။ ဒီလိုဝတ်ပြီးလို့ အပေါ်က ခါးပတ် ထပ်ပိတ်လိုက်တာမျိုုးကလည်း သင့်ခါးအလှကို မြင်တွေ့စေတာပဲ မဟုတ်လား။

၂။ကိုယ်နဲ့ လိုက်ဖက်တာတွေကို သီးသန့် ရွေးချယ်ထားပါ။

မိန်းကလေးတွေအနေနဲ့ သိပ်ဖော်လွန်းနေရင်လည်း တစ်ဖက်လူက စိတ်ပျက်သွားမယ်ဆိုတာ သတိရပါ။ အာရုံစိုက်တာ ခံရရင်တောင် မှားယွင်းတဲ့ အာရုံစိုက်ခြင်းပဲ ဖြစ်ပါလိမ့်မယ်။ ဒီတော့ ကိုယ်နဲ့ တကယ် လိုက်ဖက်တဲ့ ဘောင်းဘီမျိုး၊ အကျပ်ဆိုလည်း အကျပ်၊ အင်္ကျ ီဆိုရင်လည်း ကိုယ့်အချိုးအစား၊ အရိုးအဆစ် စတာတွေနဲ့ သင့်တော်တဲ့ ဖက်ရှင်ကို သီးသန့်ရွေးထုတ်ထားပါ။ ကိုယ့်ရဲ့ခန္ဓာကိုယ်မှာ ဘယ်နေရာတွေ လှတယ်လို့ ခံစားမိပါသလဲ။ အဲ့ဒီနေရာတွေကို တစ်ခြားလူတွေ သိစေဖို့ ဖော်ပြီး ဝတ်ဆင်တာမျိုးမဟုတ်ပဲ လုံလုံခြုံခြုံနဲ့ စတိုင်လ်ကျအောင် ဝတ်ဆင်ပါ။

၃။တောက်ပပြီး ကျန်းမာတဲ့ ဆံပင်သားမျိုး ပိုင်ဆိုင်နိုင်အောင် ကြိုးစားပါ။

သင့်ဆံပင်ကို ချပဲထားထား၊ စည်းပဲထားထား၊ ကျစ်ဆံမြီးပဲကျစ်ကျစ် အမျိုးသားတွေကို ဆွဲဆောင်နိုင်တာကတော့ ကျန်းမာပြီးလှပတဲ့ ဆံပင်တွေပါပဲ။ ဒါ့အပြင် ဆံပင်သားတွေ ပြောင်နေအောင် သုံးနေကျ  ဆံပင်နဲ့ပတ်သက်တဲ့ အလှကုန် တစ်ခုခုသုံးပေးပါ။

၄။ယုံကြည်မှုရှိပါစေ။

ယုံကြည်မှုရှိရှိနေထိုင်တဲ့ အမျိုးသမီးတွေထက် ဆွဲဆောင်အားပြင်းတဲ့အရာ ဘာမှမရှိတော့ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတဲ့သူတွေဟာ သူတို့မျက်နှာအနေအထား၊ လှမ်းလိုက်တဲ့ ခြေလှမ်းတွေမှာ သိသာနေပါပြီ။ ဒီ့အတွက် ဖက်ရှင်နဲ့သာ ပေါင်းစပ်လိုက်ရင် အမျိုးသားတွေအတွက် မျက်နှာ မလွှဲနိုင်လောက်တော့ဘူးပေါ့။

၅။မိန်းမဆန်ပါစေ။

မိန်းမဆန်ပါစေဆိုလို့ အတင်းကြီး ဂါဝန်တွေ၊ စကတ်အကားတွေ၊ ဒေါက်မြင့်ဖိနပ်တွေ စီးခိုင်းတာမျိုးတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ကိုယ့်ဖက်ရှင်မှာ မိန်းမဆန်တဲ့ အသုံးအဆာင်တစ်ခုခု ဆင်မြန်းထားရင်တော့ ပိုကောင်းပါတယ်။ ဒီလိုဖက်ရှင်မျိုးက ယောင်္ကျားလေးတွေကို ဆွဲဆောင်စေနိုင်ပါတယ်။ နောက်ဆုံးပြောချင်တာကတော့ ပြုံးဖို့ပါ။ အပြုံးချိုချို ဆင်မြန်းထားတဲ့ အမျိုးသမီးတွေဟာ စူပုပ်နေတဲ့၊ ရုပ်တည်နဲ့အမြဲနေတတ်တဲ့ အမျိုးသမီးတွေထက်တော့ သာတာ အမှန်ပါပဲ……

ဖိုးသူတော် (www.phothutaw.com)
Credit: trend myanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top