Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ကထိန္အပါအဝင္ ျမန္မာ့ဓေလ့ ပြဲေတာ္ရာသီအမ်ားစုတြင္ ေအာင္ျမင္မႈရရွိေနသည့္ မေနာ က ၎၏ သီခ်င္းမ်ားေၾကာင့္ စိတ္အေႏွာင့္အယွက္ႀကံဳရသည့္ ပရိသတ္မ်ားကို အားနာေၾကာင္း ေျပာသည္။
‘‘အားနာရတာေပါ့။ ကြၽန္ ေတာ္လည္း အဲဒီလိုပဲ တစ္ခါ တေလက်ရင္ ကြၽန္ေတာ့္သီခ်င္း ဖြင့္လည္း စိတ္ညစ္တယ္။ ပင္ပန္း ၿပီး နားခ်င္တာကုိ ဆူညံေနတာ က ကြၽန္ေတာ္လည္း စိတ္ညစ္ တယ္။ အဲဒီလိုေလးေတြေတာ့ရွိ တယ္။ အၿမဲတမ္း ဒါေတြခ်ည္းပဲ ၾကားေနရေတာ့လည္း နားေတြပူ မွာေပါ့။ အဲဒီလိုမ်ိဳးေတြအတြက္ ေတာင္းပန္ပါတယ္’’ဟု မေနာက ေျပာသည္။
ယခင္ႏွစ္ ကထိန္ရာသီတြင္ မေနာ၏ ဗိုလ္ေအာင္ဒင္သီခ်င္း မွာ ေအာင္ျမင္ခဲ့သလို ယခုႏွစ္၌ ဗိုလ္ေအာင္ဒင္သီခ်င္းအပါအဝင္ ၿမိဳ႕သားႏွင့္ ေတာသူ၊ သနပ္ခါး ေလးနဲ႔ ေမာင့္ခ်စ္သူ၊ ကြၽန္ေတာ္ တုိ႔ရြာ သီခ်င္းမ်ားသည္ ကထိန္ ခင္းမည့္ေနရာတုိင္းတြင္ ေနရာ ယူေနၿပီျဖစ္သည္။
‘‘ရာသီအလိုက္ျဖစ္သြားတာ က တုိက္ဆိုင္တာပါ။ သီခ်င္းေတြ က တီးထားတာ။ အခုဆို အပုဒ္ ၃၀ ေလာက္ရွိတယ္။ အားလပ္တဲ့ အခ်ိန္ ဖန္တီးခ်င္တဲ့အႏုပညာကို ႐ိုက္ကူးေရးလုပ္ၿပီး ျဖန္႔ျဖစ္တာ။ မနက္ျဖန္ဆုိရင္လည္း ႐ိုက္ကူး ေရးရွိတယ္။ ေနာက္လထဲမွာ အြန္လိုင္းကေနျဖန္႔ဖို႔ ႏွစ္ပုဒ္ရွိတယ္’’ ဟု လတ္တေလာအႏုပညာလႈပ္ ရွားမႈကို မေနာက ေျပာသည္။
ထို႔အျပင္ မေနာက ၎၏ စတုတၳေျမာက္တစ္ကိုယ္ေတာ္အ ေခြ ခ်မ္းေျမ႕ပါေစအေမေတးစီး ရီး၏ ဗီစီဒီကို ေအာက္တုိဘာ ၂၉ ရက္တြင္ ျဖန္႔ခ်ိမည္ျဖစ္သည္။
ယင္းအေခြထြက္ၿပီးပါက ေတးေရးေလးဦးႏွင့္ေပါင္း၍ ဖန္တီးေနသည့္ သီခ်င္းအေခြကို  ၂၀၁၈ႏွစ္ဆန္းတြင္ ထြက္ရွိႏုိင္ရန္ ႀကိဳး စားေနေၾကာင္း ၎က ဆုိသည္။
လတ္တေလာတြင္ ေဖ်ာ္ေျဖ ပြဲမ်ား လက္ခံသီဆုိေနၿပီး ယခင္ကကဲ့သို႔ ပြဲမ်ားကို ဆက္တုိက္လက္ခံျခင္းထက္ အခ်ိန္ဇယား ေသေသခ်ာခ်ာျပဳလုပ္၍ လက္ခံျဖစ္ေၾကာင္း မေနာက ေျပာသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7DayDaily
#Unicode Version#
ကထိန်အပါအဝင် မြန်မာ့ဓလေ့ ပွဲတော်ရာသီအများစုတွင် အောင်မြင်မှုရရှိနေသည့် မနော က ၎င်း၏ သီချင်းများကြောင့် စိတ်အနှောင့်အယှက်ကြုံရသည့် ပရိသတ်များကို အားနာကြောင်း ပြောသည်။

‘‘အားနာရတာပေါ့။ ကျွန် တော်လည်း အဲဒီလိုပဲ တစ်ခါ တလေကျရင် ကျွန်တော့်သီချင်း ဖွင့်လည်း စိတ်ညစ်တယ်။ ပင်ပန်း ပြီး နားချင်တာကို ဆူညံနေတာ က ကျွန်တော်လည်း စိတ်ညစ် တယ်။ အဲဒီလိုလေးတွေတော့ရှိ တယ်။ အမြဲတမ်း ဒါတွေချည်းပဲ ကြားနေရတော့လည်း နားတွေပူ မှာပေါ့။ အဲဒီလိုမျိုးတွေအတွက် တောင်းပန်ပါတယ်’’ဟု မနောက ပြောသည်။

ယခင်နှစ် ကထိန်ရာသီတွင် မနော၏ ဗိုလ်အောင်ဒင်သီချင်း မှာ အောင်မြင်ခဲ့သလို ယခုနှစ်၌ ဗိုလ်အောင်ဒင်သီချင်းအပါအဝင် မြို့သားနှင့် တောသူ၊ သနပ်ခါး လေးနဲ့ မောင့်ချစ်သူ၊ ကျွန်တော် တို့ရွာ သီချင်းများသည် ကထိန် ခင်းမည့်နေရာတိုင်းတွင် နေရာ ယူနေပြီဖြစ်သည်။

‘‘ရာသီအလိုက်ဖြစ်သွားတာ က တိုက်ဆိုင်တာပါ။ သီချင်းတွေ က တီးထားတာ။ အခုဆို အပုဒ် ၃၀ လောက်ရှိတယ်။ အားလပ်တဲ့ အချိန် ဖန်တီးချင်တဲ့အနုပညာကို ရိုက်ကူးရေးလုပ်ပြီး ဖြန့်ဖြစ်တာ။ မနက်ဖြန်ဆိုရင်လည်း ရိုက်ကူး ရေးရှိတယ်။ နောက်လထဲမှာ အွန်လိုင်းကနေဖြန့်ဖို့ နှစ်ပုဒ်ရှိတယ်’’ ဟု လတ်တလောအနုပညာလှုပ် ရှားမှုကို မနောက ပြောသည်။

ထို့အပြင် မနောက ၎င်း၏ စတုတ္ထမြောက်တစ်ကိုယ်တော်အ ခွေ ချမ်းမြေ့ပါစေအမေတေးစီး ရီး၏ ဗီစီဒီကို အောက်တိုဘာ ၂၉ ရက်တွင် ဖြန့်ချိမည်ဖြစ်သည်။

ယင်းအခွေထွက်ပြီးပါက တေးရေးလေးဦးနှင့်ပေါင်း၍ ဖန်တီးနေသည့် သီချင်းအခွေကို  ၂၀၁၈နှစ်ဆန်းတွင် ထွက်ရှိနိုင်ရန် ကြိုး စားနေကြောင်း ၎င်းက ဆိုသည်။

လတ်တလောတွင် ဖျော်ဖြေ ပွဲများ လက်ခံသီဆိုနေပြီး ယခင်ကကဲ့သို့ ပွဲများကို ဆက်တိုက်လက်ခံခြင်းထက် အချိန်ဇယား သေသေချာချာပြုလုပ်၍ လက်ခံဖြစ်ကြောင်း မနောက ပြောသည်။
 ဖိုးသူတော် (www.phothutaw.com)
Credit: 7DayDaily
 
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top