Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၿဗိတိန္ႏုိင္ငံသား ေရငုပ္သမား တစ္ဦးသည္ ငါးမန္းႀကီးတစ္ေကာင္၏ ခ်ဉ္းကပ္ ရန္ျပဳမႈကို တြန္းလွန္ခဲ့ရၿပီး ပင္လယ္ျပင္တြင္ အသက္လု ႐ုန္းကန္ ကူးခတ္ခဲ့ရေၾကာင္း သိရသည္။
အသက္ ၃၄ ႏွစ္အရြယ္ ဂၽြန္ကရိတ္ဂ်္သည္ ဆန္းဒါးလန္းတြင္ ေနထုိင္သူ တစ္ဦးျဖစ္ေသာ္လည္း လြန္ခဲ့သည့္ ႏွစ္ႏွစ္ခန္႔က ဩစေၾတးလ်သို႔ ေျပာင္းေ႐ႊ႕လာခဲ့သည္။ ကိုယ္တိုင္က ပေရာ္ဖက္ရွင္နယ္ ေရငုပ္နည္းျပ တစ္ဦးျဖစ္သည့္ ကရိတ္ဂ်္သည္ ဩစေၾတးလ်ႏုိင္ငံ အေနာက္ဘက္ ကမ္းေျခတြင္ ၁၃ ေပမွ် ရွည္လ်ားသည့္ က်ားငါးမန္း တစ္ေကာင္၏ ေခ်ာင္းေျမာင္း အမဲလုိက္မႈကို ေခ်ာက္ခ်ားဖြယ္ရာ ႀကံဳေတြ႕ခဲ့ျခင္း ျဖစ္သည္။
အေတြ႕အႀကံဳရင့္ ပေရာ္ဖက္ရွင္နယ္ ေရငုပ္သမား တစ္ဦးျဖစ္ေသာ ကရိတ္ဂ်္သည္ သူငယ္ခ်င္း တစ္ဦးႏွင့္အတူ ငါးမန္းပင္လယ္ေအာ္ (ရွက္ခ္ေဘး)အနီးတြင္ မွိန္းထိုးၿပီး အေပ်ာ္သေဘာ ငါးဖမ္းေနခဲ့သည္။ သို႔ေသာ္ ၎ေရထဲသို႔ ေရာက္ေနခ်ိန္တြင္ ေလွႏွင့္ မ်က္ေျချပတ္သြားၿပီး ပင္လယ္ထဲတြင္ တစ္ဦးတည္း က်န္ေနခဲ့သည္။
“ကၽြန္ေတာ့္ သူငယ္ခ်င္း သတိထားမိေအာင္ အသည္းအသန္ ေအာ္ေခၚတယ္။ အခ်က္ေပးတယ္။ ေရထဲမွာ ကူးခတ္ေနရင္း ကၽြန္ေတာ္ ႏွလံုးခုန္ ျမန္လာမွန္း သိေနတယ္။ အရမ္းလည္း တုန္လႈပ္ေနတယ္။ ေနာက္ထပ္ ငါးမိနစ္၊ ဆယ္မိနစ္ေလာက္ အၾကာမွာ ေလးမီတာ (၁၃ ေပ)ေလာက္ရွိတဲ့ က်ားငါးမန္းတစ္ေကာင္ကို စေတြ႕ေတာ့တာပဲ”ဟု ၎က ေျပာၾကားခဲ့သည္။
“ငါးမန္းကို ေတြ႕လုိက္ၿပီ ဆိုတာနဲ႔ ေလွအေၾကာင္း ကၽြန္ေတာ္ ေမ့သြားတယ္။ ေလာေလာဆယ္ အေရးႀကီးတာက အသက္ဆက္ရွင္ဖုိ႔ ျဖစ္သြားၿပီေလ”ဟုလည္း ကရိတ္ဂ်္က ဆိုသည္။
က်ားငါးမန္းသည္ ကရိတ္ဂ်္ကို သားေကာင္အျဖစ္ သေဘာထားကာ အႀကိမ္ႀကိမ္ ရန္ျပဳရန္ ႀကိဳးစားခဲ့ၿပီး ကရိတ္ဂ်္က လက္ထဲရွိ မွိန္းေသနတ္ျဖင့္ တံု႔ျပန္ တြန္းလွန္ခဲ့ရသည္။ “သူဘာလုပ္မလဲ ဆိုတာကို မ်က္ေျခမျပတ္ ၾကည့္ေနရတယ္။ ကၽြန္ေတာ့္ဆီ တည့္တည့္ ကူးလာၿပီ ဆိုတာနဲ႔ မွိန္းနဲ႔လမ္းထုိးပါတယ္။ ၿပီးေတာ့ ငါးမန္းနဲ႔ နည္းနည္း လွမ္းသြားမယ့္ ေနရာဆီ ေရကူးသြားရတယ္”ဟု ကရိတ္ဂ်္က ရွင္းျပခဲ့သည္။
ေနာက္ဆံုးတြင္ ထိုေနရာ၌ ဆက္မေနဘဲ ကမ္းေျခထိ တတ္ႏုိင္သမွ် ႀကိဳးစားၿပီး ေရကူးသြားရန္ ကရိတ္ဂ်္က ဆံုးျဖတ္လုိက္သည္။ “ကၽြန္ေတာ္ သေဘာေပါက္လိုက္တယ္။ ေလွကေတာ့ ျပန္လာေတာ့မွာ မဟုတ္ဘူး။ ဒီေတာ့ ေရြးစရာက တစ္ခုပဲ ရွိေတာ့တယ္။ ကမ္းေျခထိ ေရျပန္ကူးဖို႔ပါ။ အကြာအေဝးက ၇ ကီလိုမီတာခြဲ (၄.၇ မိုင္)ေလာက္ ရွိတယ္ဆုိတာ ကၽြန္ေတာ္ သိတယ္။ ငါးမန္းႀကီး တစ္ေကာင္က လုိက္ေနတဲ့အခ်ိန္ ဒီအကြာအေဝးကို ေရကူးရမယ္ဆိုတာ ဘယ္ေလာက္ ေၾကာက္စရာ ေကာင္းသလဲ စဉ္းစားၾကည့္ေပါ့။ ကိုယ့္ကိုယ္ကိုယ္ ေသလူလို႔ေတာင္ ေတြးထားမိတယ္”ဟု ကရိတ္ဂ်္က ဖြင့္ဟခဲ့သည္။
ေရငုပ္နည္းျပ တစ္ဦးအျဖစ္ ၁၀ ႏွစ္မွ် အသက္ေမြးခဲ့သည့္ ကရိတ္ဂ်္သည္ စိတ္ကို ထိန္းခ်ဳပ္ကာ ကမ္းေျခဘက္သို႔ စတင္ကူးခတ္ခဲ့သည္။ က်ားငါးမန္းကလည္း ၎၏ေနာက္မွ ထပ္ၾကပ္မကြာ လုိက္ပါလာခဲ့သည္။
“ကၽြန္ေတာ္ စကူးၿပီ ဆိုတာနဲ႔ ငါးမန္းက အရွိန္ျမႇင့္ၿပီး ေနာက္ကေန လိုက္လာတယ္။ ေနာက္လွည့္ၾကည့္လိုက္ရင္ ကၽြန္ေတာ့္ေျခေထာက္ ေရယက္ေတြနား ကပ္လာတဲ့ သူ႔ကို ေတြ႕ရတယ္။ ဒါေၾကာင့္ မွိန္းေသနတ္နဲ႔ ခုခံရတယ္။ ဒါမွ ကၽြန္ေတာ့္နား သူမကပ္ႏုိင္မွာေလ။ အဲဒါဆို ငါးမန္းက ေပ်ာက္သြားတယ္။ ေရနက္ပိုင္းထဲ ကူးသြားတယ္။ နည္းနည္းၾကာရင္ ျပန္ေပၚလာၿပီး ကၽြန္ေတာ့္နား ကပ္လာျပန္ေရာ။ အရမ္း ေၾကာက္စရာေကာင္းတယ္”ဟုလည္း ကရိတ္ဂ်္က ၎၏ အေတြ႕အႀကံဳကို ေဖာက္သည္ခ်ခဲ့သည္။
ေနာက္ဆံုးတြင္မူ ငါးမန္းသည္ အရွိန္ျမႇင့္ကာ ၎၏ ေဘးမွ ကူးခတ္ၿပီး ေ႐ွ႕သို႔ ေက်ာ္တက္သြားခဲ့သည္။ ထို႔ေနာက္ပိုင္းတြင္ ကရိတ္ဂ်္ကို ရန္ျပဳရန္ မႀကိဳးစားေတာ့ေခ်။ “ဘာျဖစ္လုိ႔လဲေတာ့ မသိဘူး။ သူ႔ပံုစံက ကၽြန္ေတာ္ ကမ္းေျခဘက္ ေရကူးေနတာကို ေဘးကေန လုိက္ေစာင့္ေပးသလိုေတာင္ ျဖစ္ေနတယ္”ဟု ကရိတ္ဂ်္က မွတ္ခ်က္ျပဳခဲ့သည္။
သံုးနာရီမွ် အၾကာတြင္ ေလေၾကာင္းမွ ရွာေဖြေနသူမ်ားက ကရိတ္ဂ်္ကို ၎စတင္ ေပ်ာက္ဆံုးသြားသည့္ ေနရာႏွင့္ ေလးမုိင္ခြဲနီးပါး အကြာ၌ ေတြ႕ရွိသြားၿပီး ေလွတစ္စီးက လာေရာက္ ကယ္ဆယ္ခဲ့ရသည္။ ေၾကာက္မက္ဖြယ္ အေတြ႕အႀကံဳႏွင့္ ရင္ဆုိင္ခဲ့ရေသာ္လည္း ရွက္ခ္ေဘးတြင္ အေပ်ာ္တမ္း ေရငုပ္သူမ်ားကို ဆက္လက္ သင္တန္းေပး ကူညီေနဦးမည္ဟု ၎က ဆိုသည္။
“က်ားငါးမန္းေတြက တကယ့္ အမဲလုိက္ မုဆိုးေတြပါ။ ဒါေပမဲ့ သူတို႔ရဲ႕ အႀကိဳက္ဆံုး အစားအေသာက္ စာရင္းမွာ ကၽြန္ေတာ္တုိ႔ (လူေတြ) မပါၾကပါဘူး။ ၿပီးေတာ့ ပင္လယ္ သမုဒၵရာေတြထဲမွာ သူတို႔ေတြ ရွိေနဖို႔လည္း တကယ္ လိုတယ္ေလ။ ကၽြန္ေတာ္ ႀကံဳခဲ့ရတာ အရမ္း သည္းထိတ္ရင္ဖို ျဖစ္ေပမယ့္ ဒီက်ားငါးမန္း အမႀကီးက ဘယ္ေလာက္ လွသလဲ ဆိုတာကိုလည္း သတိျပဳမိခဲ့ပါတယ္”ဟု ကရိတ္ဂ်္က ေျပာၾကားခဲ့သည္။
က်ားငါးမန္းမ်ားသည္ လူသားမ်ားကို ရန္ျပဳတိုက္ခိုက္ေလ့ရွိသည့္ ငါးမန္းမ်ိဳးစိတ္မ်ားတြင္ ငါးမန္းျဖဴမ်ားအၿပီး ဒုတိယ ေနရာ၌ ရပ္တည္ေနသည္။ က်ားငါးမန္းမ်ား အေနျဖင့္ လူသားမ်ားကို ရန္လိုသည့္ အေျခအေနတြင္ျဖစ္ေစ၊ စူးစမ္းလိုသည့္ သေဘာျဖင့္ျဖစ္ေစ တုိက္ခုိက္ေလ့ရွိၿပီး လူေသဆံုးမႈမ်ားလည္း ရွိခဲ့ဖူးေၾကာင္း သိရသည္။
 ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun
#Unicode Version#
ဗြိတိန်နိုင်ငံသား ရေငုပ်သမား တစ်ဦးသည် ငါးမန်းကြီးတစ်ကောင်၏ ချဉ်းကပ် ရန်ပြုမှုကို တွန်းလှန်ခဲ့ရပြီး ပင်လယ်ပြင်တွင် အသက်လု ရုန်းကန် ကူးခတ်ခဲ့ရကြောင်း သိရသည်။

အသက် ၃၄ နှစ်အရွယ် ဂျွန်ကရိတ်ဂျ်သည် ဆန်းဒါးလန်းတွင် နေထိုင်သူ တစ်ဦးဖြစ်သော်လည်း လွန်ခဲ့သည့် နှစ်နှစ်ခန့်က ဩစတြေးလျသို့ ပြောင်းရွှေ့လာခဲ့သည်။ ကိုယ်တိုင်က ပရော်ဖက်ရှင်နယ် ရေငုပ်နည်းပြ တစ်ဦးဖြစ်သည့် ကရိတ်ဂျ်သည် ဩစတြေးလျနိုင်ငံ အနောက်ဘက် ကမ်းခြေတွင် ၁၃ ပေမျှ ရှည်လျားသည့် ကျားငါးမန်း တစ်ကောင်၏ ချောင်းမြောင်း အမဲလိုက်မှုကို ချောက်ချားဖွယ်ရာ ကြုံတွေ့ခဲ့ခြင်း ဖြစ်သည်။

အတွေ့အကြုံရင့် ပရော်ဖက်ရှင်နယ် ရေငုပ်သမား တစ်ဦးဖြစ်သော ကရိတ်ဂျ်သည် သူငယ်ချင်း တစ်ဦးနှင့်အတူ ငါးမန်းပင်လယ်အော် (ရှက်ခ်ဘေး)အနီးတွင် မှိန်းထိုးပြီး အပျော်သဘော ငါးဖမ်းနေခဲ့သည်။ သို့သော် ၎င်းရေထဲသို့ ရောက်နေချိန်တွင် လှေနှင့် မျက်ခြေပြတ်သွားပြီး ပင်လယ်ထဲတွင် တစ်ဦးတည်း ကျန်နေခဲ့သည်။

“ကျွန်တော့် သူငယ်ချင်း သတိထားမိအောင် အသည်းအသန် အော်ခေါ်တယ်။ အချက်ပေးတယ်။ ရေထဲမှာ ကူးခတ်နေရင်း ကျွန်တော် နှလုံးခုန် မြန်လာမှန်း သိနေတယ်။ အရမ်းလည်း တုန်လှုပ်နေတယ်။ နောက်ထပ် ငါးမိနစ်၊ ဆယ်မိနစ်လောက် အကြာမှာ လေးမီတာ (၁၃ ပေ)လောက်ရှိတဲ့ ကျားငါးမန်းတစ်ကောင်ကို စတွေ့တော့တာပဲ”ဟု ၎င်းက ပြောကြားခဲ့သည်။

“ငါးမန်းကို တွေ့လိုက်ပြီ ဆိုတာနဲ့ လှေအကြောင်း ကျွန်တော် မေ့သွားတယ်။ လောလောဆယ် အရေးကြီးတာက အသက်ဆက်ရှင်ဖို့ ဖြစ်သွားပြီလေ”ဟုလည်း ကရိတ်ဂျ်က ဆိုသည်။

ကျားငါးမန်းသည် ကရိတ်ဂျ်ကို သားကောင်အဖြစ် သဘောထားကာ အကြိမ်ကြိမ် ရန်ပြုရန် ကြိုးစားခဲ့ပြီး ကရိတ်ဂျ်က လက်ထဲရှိ မှိန်းသေနတ်ဖြင့် တုံ့ပြန် တွန်းလှန်ခဲ့ရသည်။ “သူဘာလုပ်မလဲ ဆိုတာကို မျက်ခြေမပြတ် ကြည့်နေရတယ်။ ကျွန်တော့်ဆီ တည့်တည့် ကူးလာပြီ ဆိုတာနဲ့ မှိန်းနဲ့လမ်းထိုးပါတယ်။ ပြီးတော့ ငါးမန်းနဲ့ နည်းနည်း လှမ်းသွားမယ့် နေရာဆီ ရေကူးသွားရတယ်”ဟု ကရိတ်ဂျ်က ရှင်းပြခဲ့သည်။

နောက်ဆုံးတွင် ထိုနေရာ၌ ဆက်မနေဘဲ ကမ်းခြေထိ တတ်နိုင်သမျှ ကြိုးစားပြီး ရေကူးသွားရန် ကရိတ်ဂျ်က ဆုံးဖြတ်လိုက်သည်။ “ကျွန်တော် သဘောပေါက်လိုက်တယ်။ လှေကတော့ ပြန်လာတော့မှာ မဟုတ်ဘူး။ ဒီတော့ ရွေးစရာက တစ်ခုပဲ ရှိတော့တယ်။ ကမ်းခြေထိ ရေပြန်ကူးဖို့ပါ။ အကွာအဝေးက ၇ ကီလိုမီတာခွဲ (၄.၇ မိုင်)လောက် ရှိတယ်ဆိုတာ ကျွန်တော် သိတယ်။ ငါးမန်းကြီး တစ်ကောင်က လိုက်နေတဲ့အချိန် ဒီအကွာအဝေးကို ရေကူးရမယ်ဆိုတာ ဘယ်လောက် ကြောက်စရာ ကောင်းသလဲ စဉ်းစားကြည့်ပေါ့။ ကိုယ့်ကိုယ်ကိုယ် သေလူလို့တောင် တွေးထားမိတယ်”ဟု ကရိတ်ဂျ်က ဖွင့်ဟခဲ့သည်။

ရေငုပ်နည်းပြ တစ်ဦးအဖြစ် ၁၀ နှစ်မျှ အသက်မွေးခဲ့သည့် ကရိတ်ဂျ်သည် စိတ်ကို ထိန်းချုပ်ကာ ကမ်းခြေဘက်သို့ စတင်ကူးခတ်ခဲ့သည်။ ကျားငါးမန်းကလည်း ၎င်း၏နောက်မှ ထပ်ကြပ်မကွာ လိုက်ပါလာခဲ့သည်။

“ကျွန်တော် စကူးပြီ ဆိုတာနဲ့ ငါးမန်းက အရှိန်မြှင့်ပြီး နောက်ကနေ လိုက်လာတယ်။ နောက်လှည့်ကြည့်လိုက်ရင် ကျွန်တော့်ခြေထောက် ရေယက်တွေနား ကပ်လာတဲ့ သူ့ကို တွေ့ရတယ်။ ဒါကြောင့် မှိန်းသေနတ်နဲ့ ခုခံရတယ်။ ဒါမှ ကျွန်တော့်နား သူမကပ်နိုင်မှာလေ။ အဲဒါဆို ငါးမန်းက ပျောက်သွားတယ်။ ရေနက်ပိုင်းထဲ ကူးသွားတယ်။ နည်းနည်းကြာရင် ပြန်ပေါ်လာပြီး ကျွန်တော့်နား ကပ်လာပြန်ရော။ အရမ်း ကြောက်စရာကောင်းတယ်”ဟုလည်း ကရိတ်ဂျ်က ၎င်း၏ အတွေ့အကြုံကို ဖောက်သည်ချခဲ့သည်။

နောက်ဆုံးတွင်မူ ငါးမန်းသည် အရှိန်မြှင့်ကာ ၎င်း၏ ဘေးမှ ကူးခတ်ပြီး ရှေ့သို့ ကျော်တက်သွားခဲ့သည်။ ထို့နောက်ပိုင်းတွင် ကရိတ်ဂျ်ကို ရန်ပြုရန် မကြိုးစားတော့ချေ။ “ဘာဖြစ်လို့လဲတော့ မသိဘူး။ သူ့ပုံစံက ကျွန်တော် ကမ်းခြေဘက် ရေကူးနေတာကို ဘေးကနေ လိုက်စောင့်ပေးသလိုတောင် ဖြစ်နေတယ်”ဟု ကရိတ်ဂျ်က မှတ်ချက်ပြုခဲ့သည်။

သုံးနာရီမျှ အကြာတွင် လေကြောင်းမှ ရှာဖွေနေသူများက ကရိတ်ဂျ်ကို ၎င်းစတင် ပျောက်ဆုံးသွားသည့် နေရာနှင့် လေးမိုင်ခွဲနီးပါး အကွာ၌ တွေ့ရှိသွားပြီး လှေတစ်စီးက လာရောက် ကယ်ဆယ်ခဲ့ရသည်။ ကြောက်မက်ဖွယ် အတွေ့အကြုံနှင့် ရင်ဆိုင်ခဲ့ရသော်လည်း ရှက်ခ်ဘေးတွင် အပျော်တမ်း ရေငုပ်သူများကို ဆက်လက် သင်တန်းပေး ကူညီနေဦးမည်ဟု ၎င်းက ဆိုသည်။

“ကျားငါးမန်းတွေက တကယ့် အမဲလိုက် မုဆိုးတွေပါ။ ဒါပေမဲ့ သူတို့ရဲ့ အကြိုက်ဆုံး အစားအသောက် စာရင်းမှာ ကျွန်တော်တို့ (လူတွေ) မပါကြပါဘူး။ ပြီးတော့ ပင်လယ် သမုဒ္ဒရာတွေထဲမှာ သူတို့တွေ ရှိနေဖို့လည်း တကယ် လိုတယ်လေ။ ကျွန်တော် ကြုံခဲ့ရတာ အရမ်း သည်းထိတ်ရင်ဖို ဖြစ်ပေမယ့် ဒီကျားငါးမန်း အမကြီးက ဘယ်လောက် လှသလဲ ဆိုတာကိုလည်း သတိပြုမိခဲ့ပါတယ်”ဟု ကရိတ်ဂျ်က ပြောကြားခဲ့သည်။

ကျားငါးမန်းများသည် လူသားများကို ရန်ပြုတိုက်ခိုက်လေ့ရှိသည့် ငါးမန်းမျိုးစိတ်များတွင် ငါးမန်းဖြူများအပြီး ဒုတိယ နေရာ၌ ရပ်တည်နေသည်။ ကျားငါးမန်းများ အနေဖြင့် လူသားများကို ရန်လိုသည့် အခြေအနေတွင်ဖြစ်စေ၊ စူးစမ်းလိုသည့် သဘောဖြင့်ဖြစ်စေ တိုက်ခိုက်လေ့ရှိပြီး လူသေဆုံးမှုများလည်း ရှိခဲ့ဖူးကြောင်း သိရသည်။

 ဖိုးသူတော် (www.phothutaw.com)
Credit:Duwun


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top