မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×
ကျွန်ုပ်တို့ ကျောရိုးတစ်လျှောက်၌ရှိသော ကျောဆစ်ရိုးများ(vertebrae) တစ်ခုနှင့် တစ်ခုကြားတွင် အရိုးများ ထိခိုက်မှုမရှိစေရန် Intervertbral Disc ခေါ်အရွတ်ဝိုင်းကလေး တစ်ခုစီရှိပါသည်၊ ထိုအရွတ် အ၀ိုင်း ကလေးသည် အရိုးနှစ်ခုအကြား တည်ရှိနေရာမှ အကြောင်းတစ်ခုခုကြောင့် နေရာလွဲသွားခဲ့ပါက ကျောရိုးဆစ် တစ်ခုနှင့်တစ်ခုထိပြီး ပွတ်တိုက်မိကြတော့သည်၊
ထိုကဲ့သို့ ကျောရိုးဆစ် တစ်လျှောက် နာကျင်မှုများ ဖြစ်ပေါ်လာရခြင်းမှာ အကြောင်းအမျိုးမျိုး ရှိသော်လည်း အဓိကအားဖြင့် ထိခိုက်မှု၊ ဒဏ်ဖြစ်မှု(ဥပမာ- အလေးအပင်မခြင်းမျိုး)၊ အရိုးများ အသက်ကြီးလာ၍ ပျက်စီးယိုယွင်းလာမှု၊ နေထိုင်သည့် ပုံစံများ မှားယွင်းမှုနှင့် သောကဖိစီးမှု တို့ကြောင့် အများဆုံး ဖြစ်ပွားရကြောင်း တွေ့ရှိရပါသည်။
ဇက်ကြော ပုခုံးကြောများ ကိုက်ခြင်း၊ လည်ပင်းအဆစ်များနာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှူ၏ရာနှုန်း အတော်များများသည် သောကဖိစီးမှုကြောင့်ဖြစ်ကြောင်း ထူးဆန်းစွာ တွေ့ရှိရတတ်ပါသည်၊ လူတချို့သည် ပြဿနာ အခက်အခဲ တစ်ခုနှင့် ရင်ဆိုင် တွေ့ရတိုင်း ခါးနာတတ်ကြပါသည်၊
တစ်ခါတစ်ရံတွင် မိမိ၏ နေထိုင်မှုပုံစံ မှန်ကန်မှု မရှိ၍သော်၎င်း (ဥပမာ -ကုလားထိုင်၌ ထိုင်ရာတွင် ခါးမတ်မတ်ထား၍ မထိုင်ဘဲ ခါးကွေး၍ ကြာရှည်ထိုင်ခြင်းမျိုး)၊ အရမ်းပျော့သော မွေ့ယာ၌ အိပ်ခြင်း၊ ဆိုဖာထူသော ကုလားထိုင်၌ ကြာရှည်စွာထိုင်ရခြင်း၊ ကားအစွန်း၌ ကြာရှည်စွာ ထိုင်မိခြင်း တို့ကြောင့်၎င်း ခါးနာခြင်း ဖြစ်ပေါ်တတ်ပါသည်၊
Credit:  Thithtoolwin
#Unicode Version#
ယခုအခါတွင် ခါးနာခြင်းနှင့် ခါးဆစ်လွဲခြင်းတို့ ဖြစ်ပွားမှုမှာ ယခင်ကထက် ပိုမို များပြားလာကြောင်း တွေ့ရှိရပါသည်။ထို့ကြောင့် ရှေးဦးစွာ ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ မည်သို့ ဖြစ်ပွားလာရကြောင်း သိရှိရန် လိုပေသည်၊
ကျွနု်ပ်တို့ ကျောရိုးတစ်လျှောက်၌ရှိသော ကျောဆစ်ရိုးများ(vertebrae) တစ်ခုနှင့် တစ်ခုကြားတွင် အရိုးများ ထိခိုက်မှုမရှိစေရန် Intervertbral Disc ခေါ်အရွတ်ဝိုင်းကလေး တစ်ခုစီရှိပါသည်၊ ထိုအရွတ် အဝိုင်း ကလေးသည် အရိုးနှစ်ခုအကြား တည်ရှိနေရာမှ အကြောင်းတစ်ခုခုကြောင့် နေရာလွဲသွားခဲ့ပါက ကျောရိုးဆစ် တစ်ခုနှင့်တစ်ခုထိပြီး ပွတ်တိုက်မိကြတော့သည်၊
ထိုကဲ့သို့ ကျောရိုး အဆစ်ကြား အရွတ်ဝိုင်း နေရာလွဲသွားခြင်း (Slipped Intervertebral Disc) ကြောင့် ကျောရိုးဆစ်တစ်ခုနှင့်တစ်ခု ပွတ်တိုက်မိသောအခါ အခံရခက်လှပြီး လူတစ်ဦး၏ သွားလာလှုပ်ရှားမှုကို အနှောက်အယှက်ပေးလှသော ခါးနာခြင်း(Back pain) ဖြစ်ပေါ်လာပေသည်။
ထိုကဲ့သို့ ကျောရိုးဆစ် တစ်လျှောက် နာကျင်မှုများ ဖြစ်ပေါ်လာရခြင်းမှာ အကြောင်းအမျိုးမျိူး ရှိသော်လည်း အဓိကအားဖြင့် ထိခိုက်မှု၊ ဒဏ်ဖြစ်မှု(ဥပမာ- အလေးအပင်မခြင်းမျိူး)၊ အရိုးများ အသက်ကြီးလာ၍ ပျက်စီးယိုယွင်းလာမှု၊ နေထိုင်သည့် ပုံစံများ မှားယွင်းမှုနှင့် သောကဖိစီးမှု တို့ကြောင့် အများဆုံး ဖြစ်ပွားရကြောင်း တွေ့ရှိရပါသည်။
ဇက်ကြော ပုခုံးကြောများ ကိုက်ခြင်း၊ လည်ပင်းအဆစ်များနာခြင်းနှင့် ခါးနာခြင်းတို့ ဖြစ်ပွားမှူ၏ရာနှုန်း အတော်များများသည် သောကဖိစီးမှုကြောင့်ဖြစ်ကြောင်း ထူးဆန်းစွာ တွေ့ရှိရတတ်ပါသည်၊ လူတချိူ့သည် ပြဿနာ အခက်အခဲ တစ်ခုနှင့် ရင်ဆိုင် တွေ့ရတိုင်း ခါးနာတတ်ကြပါသည်၊
တစ်ခါတစ်ရံတွင် မိမိ၏ နေထိုင်မှုပုံစံ မှန်ကန်မှု မရှိ၍သော်၎င်း (ဥပမာ -ကုလားထိုင်၌ ထိုင်ရာတွင် ခါးမတ်မတ်ထား၍ မထိုင်ဘဲ ခါးကွေး၍ ကြာရှည်ထိုင်ခြင်းမျိူး)၊ အရမ်းပျော့သော မွေ့ယာ၌ အိပ်ခြင်း၊ ဆိုဖာထူသော ကုလားထိုင်၌ ကြာရှည်စွာထိုင်ရခြင်း၊ ကားအစွန်း၌ ကြာရှည်စွာ ထိုင်မိခြင်း တို့ကြောင့်၎င်း ခါးနာခြင်း ဖြစ်ပေါ်တတ်ပါသည်၊
ခါးနာခြင်းနှင့်ကျောရိုးဆစ်လွဲသွားခြင်းတို့ မဖြစ်ပွားရအောင် ကာကွယ်နည်းမှာ - မာသောမွေ့ယာပေါ်၌ အိပ်ခြင်းနှင့် ခါးရိုးတစ်လျှောက်ရှိ ကြွက်သားများ၊ အရွတ်များ သန်မာလာစေမည့် လေ့ကျင့်ခန်းများ မှန်မှန် ပြုလုပ်ပေးခြင်း ပင်ဖြစ်သည်၊ ၎င်းတို့မှာ-
(၁) လမ်းမှန်မှန် လျှောက်ပေးခြင်းဖြင့် ခါးရှိုး ကြွက်သားများကို သန်မာစေသည့် အပြင် ခါးရိုးကို ထောက်ပံ့ပေးထားသည့် အရွတ်များကိုလဲ အားရှိစေပါသည်၊
(၂) လမ်းမှန်မှန် မလျှောက်နိုင်သူများအဖို့ အောက်ဖေါ်ပြပါ လေ့ကျင့်ခန်းများကို နေ့စဉ်မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်းမှ ကင်းဝေးစေပါသည်၊ ရှေးဦးစွာ မွေ့ယာတစ်ခုပေါ်တွင် မှောက်လျက် အိပ်ပါ ၊လက်နှစ်ဖက်ကို ဘေးတစ်ဖက် တစ်ချက်စီတွင် ချထားပါ၊ ထို့နောက်ခေါင်း၊လည်ပင်းနှင့် ရင်ပိုင်းတို့ကို(ခါးကော့ပြီး) အပေါ်သို့ မ နိုင်သလောက် မပါ၊ ထို့နောက် ပြီးလျှင် ပြန်ချပါ၊ ထိုသို့(၁၀)ကြိမ် ပြုလုပ်ပါ၊ ထို့နောက် ဒူးမကွေးစေဘဲ ခြေတောက်ကို အပေါ်သို့မပေးပါ၊ ထို့နောက်ပြန်ချပါ၊ ထိုသို့ (၁၀)ကြိမ်ပြုလုပ်ပါ၊ နောက်ဆုံးတွင် ခေါင်းပိုင်းရော၊ ခြေတောက်ပိုင်းပါ(ခါးကောြ့ပီး) တပြိုင်နက်(၁၀)ကြိမ် မ ပါ၊ ပြန်ချပါ။(ထိုသို့ ပြုလုပ်ရာတွင် လက်နှစ်ဖက်၏ အကူအညီမပါဘဲ ပြုလုပ်ရပါမည်၊)
(၃) နောက် လေ့ကျင့်ခန်းတစ်ခုမှာ ခါးကို မတ်မတ်ထားပြီး ခြေဖျားထောက်၍ ထိုင်ထ ပြုလုပ်ပါ၊တစ်နေ့လျှင် (၁၅)ကြိမ် ပြုလုပ်ပါ၊
(ထိုသို့ ပြုလုပ်စဉ် လက်နှစ်ဖက်ကို ခါးတွင်ထောက်ထားပါ၊)
အထက်ပါ လေ့ကျင့်ခန်းများကို မှန်မှန် ပြုလုပ်ပေးပါက ခါးနာခြင်း၊ ခါးဆစ်လွဲခြင်းတို့ အန္တရာယ်မှ ကြိုတင် ကာကွယ်နိုင်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit:  Thithtoolwin
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top