Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

 ႏုိင္ငံေတာ္၏ အတုိင္ပင္ ခံ ပုဂၢိဳလ္ေဒၚေအာင္ဆန္းစုၾကည္ ကို MMA မစ္ဒယ္၀ိတ္တန္း ကမၻာ့ ခ်န္ပီယံ ကခ်င္တုိင္းရင္းသား ေအာင္လအန္ဆန္က ယမန္ေန႔ တြင္ ေနျပည္ေတာ္သို႔သြားေရာက္ ေတြ႕ဆုံခဲ့သည္။

ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေအာင္လအန္ဆန္တုိ႔သည္ ေအာက္တိုဘာ ၂၃ ရက္ မြန္းလြဲ၃ နာရီမွ ညေန၄ နာရီအထိ တစ္နာရီ ခန္႔ၾကာ ေနျပည္ေတာ္ၿမိဳ႕ ဇမၺဴသီ ရိၿမိဳ႕နယ္ရွိ ေဒၚေအာင္ဆန္းစု ၾကည္၏ ေနအိမ္တြင္ ေတြ႕ဆုံခဲ့ ေၾကာင္း က်န္းမာေရးႏွင့္ အားကစား၀န္ႀကီးဌာန တာ၀န္ရွိသူက ေျပာသည္။ ထုိသို႔ ေတြ႕ဆုံစဥ္ ေအာင္လအန္ဆန္က MMA လက္ေ၀ွ႔အိတ္တစ္စုံကို ေဒၚေအာင္ဆန္းစုၾကည္အား လက္ေဆာင္ေပးအပ္ခဲ့သည္။

‘‘ကြၽန္ေတာ္ ဒီေန႔မွာ အန္ တီစုနဲ႔ ေတြ႕ဆံုခြင့္ရခဲ့ပါတယ္ဗ်ာ။ အန္တီစုက ကြၽန္ေတာ္ေတြ႕ဖူးတဲ့ ပုဂၢိဳလ္ေတြထဲမွာ အ႐ိုးသားအ ေျဖာင့္မတ္ဆံုး ပုဂၢိဳလ္တစ္ဦးပါပဲ။ ကြၽန္ေတာ္တို႔ ဘဝမွာ ေတြ႕ႀကံဳခဲ့ ရတဲ့ အေတြ႕အႀကံဳေတြနဲ႔ စိန္ေခၚမႈ ေတြရဲ႕အေၾကာင္းကို အတူတကြ ေဆြးေႏြးေျပာျဖစ္ခဲ့ၾကပါတယ္။ အန္တီစုက သူ႔ဘဝမွာေတြ႕ႀကံဳခဲ့ ရတဲ့ တိုက္ပြဲေတြအေၾကာင္းကို ျပန္လည္မွ်ေဝေျပာျပခဲ့ၿပီး ကြၽန္ ေတာ္ကလည္း ႀကံဳေတြ႕ခဲ့ရတဲ့အ ေတြ႕အႀကံဳေတြကို ျပန္္လည္မွ် ေဝခြင့္ရခဲ့ပါတယ္။ အန္တီစုနဲ႔ ေတြ႕ဆံုခြင့္ရတာကို ဝမ္းသာဂုဏ္ ယူမိပါတယ္’’ ဟု ေအာင္လအန္ ဆန္က ၎၏လူမႈကြန္ရက္စာ မ်က္ႏွာတြင္ ေဖာ္ျပထားသည္။

‘‘အေကာင္းဆံုးဆိုတဲ့အရာ ေတြကို ရရွိပိုင္ဆိုင္ႏိုင္ဖို႔ ဘယ္ ေတာ့မွ အလြယ္တကူမရႏိုင္ဘူး’’ ဆိုသည့္ ေဒၚေအာင္ဆန္းစုၾကည္ ၏ ဆံုးမစကားက ခြန္အားသတၱိ ေတြ ျဖစ္ေစခဲ့ေၾကာင္း ျမန္မာစပါးႀကီးေႁမြဟု ေက်ာ္ၾကားသည့္ ေအာင္လအန္ဆန္က ဆိုသည္။

ေလာကႀကီးတြင္ မည္သူမွ် ၿပီးျပည့္စံုသူမရွိေသာ္လည္း ဝါသ နာ၊ အနစ္နာခံၿပီး နားလည္မႈမ်ား ကို အေျခခံကာ ပူးေပါင္းေဆာင္ ရြက္ပါက အားလံုးအတူတူ ေရရွည္လက္တြဲႏိုင္မည္ျဖစ္ေၾကာင္း ၎ကဆိုသည္။

‘‘ကြၽန္ေတာ္တို႔ အားလံုးခ်စ္ ခ်စ္ခင္ခင္၊ ၿငိမ္းၿငိမ္းခ်မ္းခ်မ္းနဲ႔ စည္းလံုးညီၫြတ္မႈရွိၿပီး ေအာင္ ျမင္စြာ ေနထိုင္ႏိုင္ဖို႔အတြက္၊ ဒီေန႔ ေခါင္းေဆာင္မ်ားနဲ႔ အနာဂတ္ လူငယ္မ်ားအတြက္ အန္တီစုက အၿမဲတမ္း မားမားမတ္မတ္ ဦး ေဆာင္သြားႏိုင္ပါေစ’’ ဟု ေအာင္ လအန္ဆန္က ဆုေတာင္းေပးခဲ့ သည္။

ရန္ကုန္တြင္ က်င္းပမည့္ One Championship(MMA) ၿပိဳင္ပဲြယွဥ္ၿပိဳင္ရန္ ေအာင္လအန္ဆန္သည္ ေအာက္တိုဘာ ၂၃ ရက္ နံနက္က ရန္ကုန္ၿမိဳ႕သို႔ ေရာက္ရွိခဲ့သည္။ ေန႔လယ္တြင္ ရန္ကုန္ၿမိဳ႕မွတစ္ဆင့္ ေနျပည္ေတာ္သို႔သြားေရာက္ခဲ့ျခင္း ျဖစ္သည္။

‘‘ေအာင္လအန္ဆန္က ၂၃ ရက္မွာ ရန္ကုန္ေရာက္ေရာက္ ခ်င္း ေနျပည္ေတာ္ကို ခ်က္ခ်င္း တက္ၿပီး အန္တီစုနဲ႔ လာေတြ႕ တာပါ။ ေန႔လယ္ပိုင္းေလာက္က ေနျပည္ေတာ္ကို ေရာက္တယ္။ ေနျပည္ေတာ္ အားကစားရြာေတြဘက္ လုိက္ျပေပးတယ္။ ၿပီး ေတာ့ အန္တီစုေနအိမ္မွာပဲ သူတို႔ ႏွစ္ဦး ေတြ႕ဆုံတာပါ။ တစ္နာရီ ၾကာေလာက္ေတာ့ ေတြ႕ဆုံသြား ခဲ့ပါတယ္’’ ဟု က်န္းမာေရးႏွင့္ အား ကစား၀န္ႀကီးဌာန တာ၀န္ရွိသူက ေျပာသည္။

ယင္းေတြ႕ဆံုမႈတြင္ က်န္း မာေရးႏွင့္ အားကစားဝန္ႀကီးဌာန

ျပည္ေထာင္စုဝန္ႀကီး ေဒါက္တာ ျမင့္ ေထြးလည္း ပါဝင္ခဲ့သည္။ ေဒၚ ေအာင္ဆန္းစုၾကည္ႏွင့္ ေအာင္လ အန္ဆန္တို႔ ေတြ႕ဆံုခြင့္ရရန္ စီစဥ္ေပးခဲ့သည့္ က်န္းမာေရးႏွင့္အား ကစားဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးကို ေက်းဇူးတင္ေၾကာင္း ေအာင္လအန္ဆန္၏ မန္ေနဂ်ာ ဦးဖုန္းေက်ာ္မိုးျမင့္က ၎၏လူမႈ ကြန္ရက္စာမ်က္ႏွာတြင္ ေဖာ္ျပ ထားသည္။

ေအာင္လအန္ဆန္သည္ ေဒၚေအာင္ဆန္းစုၾကည္ႏွင့္ ေတြ႕ ဆုံမႈအၿပီး၌ ေအာက္တိုဘာ ၂၃ ရက္ ညေန ၆ နာရီခဲြ ေလယာဥ္ျဖင့္ ေနျပည္ေတာ္မွ ရန္ကုန္သို႔ ျပန္ လည္ထြက္ခြာသြားေၾကာင္း က်န္း မာေရးႏွင့္ အားကစား၀န္ႀကီးဌာန တာ၀န္ရွိသူက ဆိုသည္။

ႏုိ၀င္ဘာ ၃ ရက္တြင္ ရန္ကုန္ ၿမိဳ႕ အမ်ဳိးသားအားကစားၿပိဳင္ပဲြ ႐ုံ(၁) သု၀ဏၰ၌ Hero's Dream အမည္ျဖင့္ က်င္းပမည့္ One Championship(MMA) ၿပိဳင္ပဲြအ ဓိကတဲြဆုိင္းအျဖစ္ မစ္ဒယ္၀ိတ္ တန္း ကမၻာ့ခ်န္ပီယံ ကခ်င္တုိင္း ရင္းသား ေအာင္လအန္ဆန္ႏွင့္ ေမြထုိင္းဟဲဗီး၀ိတ္ ကမၻာ့ခ်န္ပီယံ ေလးႀကိမ္ရရွိထားသည့္ ကင္မ ရြန္းႏြယ္ဖြား အလိန္းဂါလာနီတုိ႔ ယွဥ္ၿပိဳင္မည္ျဖစ္သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ရန္ #
 နိုင်ငံတော်၏ အတိုင်ပင် ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ကို MMA မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ ချန်ပီယံ ကချင်တိုင်းရင်းသား အောင်လအန်ဆန်က ယမန်နေ့ တွင် နေပြည်တော်သို့သွားရောက် တွေ့ဆုံခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် အောင်လအန်ဆန်တို့သည် အောက်တိုဘာ ၂၃ ရက် မွန်းလွဲ၃ နာရီမှ ညနေ၄ နာရီအထိ တစ်နာရီ ခန့်ကြာ နေပြည်တော်မြို့ ဇမ္ဗူသီ ရိမြို့နယ်ရှိ ဒေါ်အောင်ဆန်းစု ကြည်၏ နေအိမ်တွင် တွေ့ဆုံခဲ့ ကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။ ထိုသို့ တွေ့ဆုံစဉ် အောင်လအန်ဆန်က MMA လက်ဝှေ့အိတ်တစ်စုံကို ဒေါ်အောင်ဆန်းစုကြည်အား လက်ဆောင်ပေးအပ်ခဲ့သည်။

‘‘ကျွန်တော် ဒီနေ့မှာ အန် တီစုနဲ့ တွေ့ဆုံခွင့်ရခဲ့ပါတယ်ဗျာ။ အန်တီစုက ကျွန်တော်တွေ့ဖူးတဲ့ ပုဂ္ဂိုလ်တွေထဲမှာ အရိုးသားအ ဖြောင့်မတ်ဆုံး ပုဂ္ဂိုလ်တစ်ဦးပါပဲ။ ကျွန်တော်တို့ ဘဝမှာ တွေ့ကြုံခဲ့ ရတဲ့ အတွေ့အကြုံတွေနဲ့ စိန်ခေါ်မှု တွေရဲ့အကြောင်းကို အတူတကွ ဆွေးနွေးပြောဖြစ်ခဲ့ကြပါတယ်။ အန်တီစုက သူ့ဘဝမှာတွေ့ကြုံခဲ့ ရတဲ့ တိုက်ပွဲတွေအကြောင်းကို ပြန်လည်မျှဝေပြောပြခဲ့ပြီး ကျွန် တော်ကလည်း ကြုံတွေ့ခဲ့ရတဲ့အ တွေ့အကြုံတွေကို ပြန်လည်မျှ ဝေခွင့်ရခဲ့ပါတယ်။ အန်တီစုနဲ့ တွေ့ဆုံခွင့်ရတာကို ဝမ်းသာဂုဏ် ယူမိပါတယ်’’ ဟု အောင်လအန် ဆန်က ၎င်း၏လူမှုကွန်ရက်စာ မျက်နှာတွင် ဖော်ပြထားသည်။

‘‘အကောင်းဆုံးဆိုတဲ့အရာ တွေကို ရရှိပိုင်ဆိုင်နိုင်ဖို့ ဘယ် တော့မှ အလွယ်တကူမရနိုင်ဘူး’’ ဆိုသည့် ဒေါ်အောင်ဆန်းစုကြည် ၏ ဆုံးမစကားက ခွန်အားသတ္တိ တွေ ဖြစ်စေခဲ့ကြောင်း မြန်မာစပါးကြီးမြွေဟု ကျော်ကြားသည့် အောင်လအန်ဆန်က ဆိုသည်။

လောကကြီးတွင် မည်သူမျှ ပြီးပြည့်စုံသူမရှိသော်လည်း ဝါသ နာ၊ အနစ်နာခံပြီး နားလည်မှုများ ကို အခြေခံကာ ပူးပေါင်းဆောင် ရွက်ပါက အားလုံးအတူတူ ရေရှည်လက်တွဲနိုင်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ကျွန်တော်တို့ အားလုံးချစ် ချစ်ခင်ခင်၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စည်းလုံးညီညွတ်မှုရှိပြီး အောင် မြင်စွာ နေထိုင်နိုင်ဖို့အတွက်၊ ဒီနေ့ ခေါင်းဆောင်များနဲ့ အနာဂတ် လူငယ်များအတွက် အန်တီစုက အမြဲတမ်း မားမားမတ်မတ် ဦး ဆောင်သွားနိုင်ပါစေ’’ ဟု အောင် လအန်ဆန်က ဆုတောင်းပေးခဲ့ သည်။

ရန်ကုန်တွင် ကျင်းပမည့် One Championship(MMA) ပြိုင်ပွဲယှဉ်ပြိုင်ရန် အောင်လအန်ဆန်သည် အောက်တိုဘာ ၂၃ ရက် နံနက်က ရန်ကုန်မြို့သို့ ရောက်ရှိခဲ့သည်။ နေ့လယ်တွင် ရန်ကုန်မြို့မှတစ်ဆင့် နေပြည်တော်သို့သွားရောက်ခဲ့ခြင်း ဖြစ်သည်။

‘‘အောင်လအန်ဆန်က ၂၃ ရက်မှာ ရန်ကုန်ရောက်ရောက် ချင်း နေပြည်တော်ကို ချက်ချင်း တက်ပြီး အန်တီစုနဲ့ လာတွေ့ တာပါ။ နေ့လယ်ပိုင်းလောက်က နေပြည်တော်ကို ရောက်တယ်။ နေပြည်တော် အားကစားရွာတွေဘက် လိုက်ပြပေးတယ်။ ပြီး တော့ အန်တီစုနေအိမ်မှာပဲ သူတို့ နှစ်ဦး တွေ့ဆုံတာပါ။ တစ်နာရီ ကြာလောက်တော့ တွေ့ဆုံသွား ခဲ့ပါတယ်’’ ဟု ကျန်းမာရေးနှင့် အား ကစားဝန်ကြီးဌာန တာဝန်ရှိသူက ပြောသည်။

ယင်းတွေ့ဆုံမှုတွင် ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန

ပြည်ထောင်စုဝန်ကြီး ဒေါက်တာ မြင့် ထွေးလည်း ပါဝင်ခဲ့သည်။ ဒေါ် အောင်ဆန်းစုကြည်နှင့် အောင်လ အန်ဆန်တို့ တွေ့ဆုံခွင့်ရရန် စီစဉ်ပေးခဲ့သည့် ကျန်းမာရေးနှင့်အား ကစားဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးကို ကျေးဇူးတင်ကြောင်း အောင်လအန်ဆန်၏ မန်နေဂျာ ဦးဖုန်းကျော်မိုးမြင့်က ၎င်း၏လူမှု ကွန်ရက်စာမျက်နှာတွင် ဖော်ပြ ထားသည်။

အောင်လအန်ဆန်သည် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ ဆုံမှုအပြီး၌ အောက်တိုဘာ ၂၃ ရက် ညနေ ၆ နာရီခွဲ လေယာဉ်ဖြင့် နေပြည်တော်မှ ရန်ကုန်သို့ ပြန် လည်ထွက်ခွာသွားကြောင်း ကျန်း မာရေးနှင့် အားကစားဝန်ကြီးဌာန တာဝန်ရှိသူက ဆိုသည်။

နိုဝင်ဘာ ၃ ရက်တွင် ရန်ကုန် မြို့ အမျိုးသားအားကစားပြိုင်ပွဲ ရုံ(၁) သုဝဏ္ဏ၌ Hero's Dream အမည်ဖြင့် ကျင်းပမည့် One Championship(MMA) ပြိုင်ပွဲအ ဓိကတွဲဆိုင်းအဖြစ် မစ်ဒယ်ဝိတ် တန်း ကမ္ဘာ့ချန်ပီယံ ကချင်တိုင်း ရင်းသား အောင်လအန်ဆန်နှင့် မွေထိုင်းဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံ လေးကြိမ်ရရှိထားသည့် ကင်မ ရွန်းနွယ်ဖွား အလိန်းဂါလာနီတို့ ယှဉ်ပြိုင်မည်ဖြစ်သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top