ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခ်စ္သူေကာင္မေလးက ဒီလို အခ်က္ေတြနဲ႔ ကိုက္ညီေနရင္ေတာ့ တစ္သက္တာ လက္တြဲသြားဖို႔ ေသခ်ာေပါက္ေရြးခ်ယ္သင့္ပါတယ္။

၁။ လူၾကီးဆန္တဲ့ ခ်စ္သူ ။

ကေလးဆန္တာေလးက ခ်စ္ဖို႔ေကာင္းတယ္လို႔ ေျပာေလ့ရွိၾကေပမယ့္ လက္ေတြ႔မွာ ကေလးဆန္လြန္းရင္ ေယာက်္ားေလးေတြက ႏွစ္သက္ေလ့မရွိၾကတာမို႔ ကိုယ့္ကိုကိုယ္အားကိုးတတ္ရံုမက၊ လူၾကီးဆန္ျပီး နားလည္မႈေပးႏိုင္တဲ့သူ၊ ေနရာတကာလိုက္ျပီး ျပႆနာရွာမေနတတ္တဲ့ ခ်စ္သူေကာင္မေလးဆို လက္မလႊတ္နဲ႔ေနာ္။

၂။ သင့္ကို စိတ္ဝင္တစားရွိတဲ့သူ ။

ခ်စ္သူပါဆိုမွ စိတ္ဝင္စားတာေပါ့လို႔ ေျပာေပမယ့္ တစ္ခ်ိဳ႕ေသာခ်စ္သူေကာင္မေလးေတြက ကိုယ့္ခ်စ္သူမၾကိဳက္တာတစ္ခုခုကို သိရဲ႕နဲ႔ ဂရုမစိုက္တာမ်ိဳးရွိတတ္ပါတယ္။ သင္မၾကိဳက္တာကို ဂရုတစိုက္ ေရွာင္ရွားေလ့ရွိတဲ့ ခ်စ္သူဆိုရင္ေတာ့ ကိုယ္ကလည္း ျပန္ျပီး ဂရုတစိုက္နဲ႔ ခ်စ္ပါ။ သူမ်ားေနာက္ပါသြားရင္ ႏွေျမာဖို႔ေကာင္းတယ္ မဟုတ္လား။

၃။ ဥာဏ္ရည္ျမင့္မားတဲ့ ခ်စ္သူ ။

ကိုယ့္ထက္မျမင့္ရင္ေန ကိုယ္နဲ႔တန္းတူ ဥာဏ္ရည္ဥာဏ္ေသြးရွိမွသာ အတိုင္အေဖာက္ညီညီနဲ႔ ဘဝခရီးကိုဆက္ႏိုင္မွာပါ။ ဒီေတာ့ ကိုယ့္ကို အၾကံဥာဏ္ေတြေပးႏိုင္ျပီး၊ ျပႆနာေတြကို အတူေျဖရွင္းဖို႔တိုင္ပင္ေဆြးေႏြးႏိုင္မွာပါ။

၄။ ေလးစားသမႈ ရွိတဲ့ခ်စ္သူ ။

သင့္ကို ကိုးကြယ္ေနတာမ်ိဳးကို ဆိုလိုတာမဟုတ္ပါဘူး။ သင့္အေပၚေလးစားမႈရွိျပီး သင့္ရဲ႕ အားနည္းခ်က္ေတြ၊ လွ်ိဳ႕ဝွက္ခ်က္ေတြကို သူမ်ားမသိေအာင္ထိန္းသိမ္းထားတတ္သူမ်ိဳးကို ဆိုလိုတာပါ။ သင့္ကိုလည္း တစ္ခုခုမလုပ္ခင္ တေလးတစားနဲ႔တိုင္ပင္ေလ့ရွိသူဆိုရင္ လက္မလႊတ္လိုက္ပါနဲ႔။

၅။ သင့္ကို ႏွစ္သိမ့္ေပးႏိုင္တဲ့သူ ။

သင္စိတ္ဓာတ္က်တဲ့အခါ သူက သင့္အတြက္မွီခိုရာျဖစ္ေနဖို႔လိုပါတယ္။ သင္ရင္ဖြင့္တာေတြကို နားေထာင္ေပးျပီး အျပစ္မတင္ဘဲ ေထာက္ျပေဝဖန္ျပီး ႏွစ္သိမ့္အၾကံေပးႏိုင္တဲ့သူျဖစ္ေနရင္ သင္သူ႔ကို ေရြးခ်ယ္သင့္တာ အေသအခ်ာပါပဲ။ ယခုေဆာင္းပါးကို "Love Shop" Online Media မွ ေရးသား တင္ဆက္ပါသည္။

၆။ သင့္ကို တန္ဖိုးတက္ေစခ်င္တဲ့ခ်စ္သူ ။

ေအာင္ျမင္တဲ႔ေယာက်္ားတစ္ေယာက္ရဲ႕ေနာက္ကြယ္မွာ ထက္ျမက္တဲ႔မိန္းမတစ္ေယာက္ရွိတယ္ဆိုတဲ႔စကားအတိုင္း သင့္ကို အျမင့္ေရာက္ေအာင္ တိုက္တြန္းၾကိဳးစားတတ္တဲ့ခ်စ္သူမ်ိဳးကို လက္တြဲသင့္ပါတယ္။

၇။ သင့္ဝါသနာကို အျပစ္မရွာတဲ့ခ်စ္သူ ။

သင္ဟာ Gamer တစ္ေယာက္ျဖစ္ေနႏိုင္သလို၊ ပန္းခ်ီဆြဲဝါသနာပါသူတစ္ေယာက္ျဖစ္ေနႏိုင္ပါတယ္။ သင္ႏွစ္သက္ရာ ဝါသနာတစ္ခုကို လုပ္ေနလို႔ ျပႆနာအရွာခံရတာမ်ိဳးက မျဖစ္သင့္သလို နားလည္ေပးႏုိင္တဲ့ခ်စ္သူကို ရထားရင္ေတာ့ ဝမ္းသာလိုက္ပါေတာ့။

၈။ သင့္ကို ေပ်ာ္ရႊင္ေစတဲ့သူ ။

ေပ်ာ္ရႊင္ရယ္ေမာရတာကို မၾကိဳက္တဲ့သူ ဘယ္မွာရွိမလဲ။ သင့္ခ်စ္သူေကာင္မေလးက ေပ်ာ္ေပ်ာ္ေနတတ္ျပီး သင့္ကိုစိတ္ခ်မ္းသာေပ်ာ္ရႊင္ေစသူဆိုရင္ေတာ့ ႏွစ္ခါမေတြးပါနဲ႔ေတာ့။

၉။ သင့္ကို ေမတၱာစစ္နဲ႔ ခ်စ္ျမတ္ႏိုးသူ ။

သင့္ဆီက ဘာမွမေမွ်ာ္လင့္ဘဲ သင့္မွာ ဘာမွမရွိရင္ေတာင္ ဆက္ခ်စ္ေနမယ့္ ပကာသနမမက္တဲ့ ခ်စ္သူမ်ိဳးပါ။ ဒါေပမဲ့ ဘာမွမရွိရင္ေတာင္ ၾကိဳးစားခ်င္စိတ္ေလးေတာ့ ရွိဖို႔လိုပါလိမ့္မယ္။ ဒါမွ ဘဝကို အတူျဖတ္သန္းႏိုင္မွာပါ။ လူပ်င္းတစ္ေယာက္ကို ဘယ္သူမိန္းကေလးမွ ၾကာၾကာလက္မတြဲႏိုင္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: B.Trix ( Love Shop )
#Unicode Version#
ချစ်သူကောင်မလေးက ဒီလို အချက်တွေနဲ့ ကိုက်ညီနေရင်တော့ တစ်သက်တာ လက်တွဲသွားဖို့ သေချာပေါက်ရွေးချယ်သင့်ပါတယ်။

၁။ လူကြီးဆန်တဲ့ ချစ်သူ ။

ကလေးဆန်တာလေးက ချစ်ဖို့ကောင်းတယ်လို့ ပြောလေ့ရှိကြပေမယ့် လက်တွေ့မှာ ကလေးဆန်လွန်းရင် ယောကျ်ားလေးတွေက နှစ်သက်လေ့မရှိကြတာမို့ ကိုယ့်ကိုကိုယ်အားကိုးတတ်ရုံမက၊ လူကြီးဆန်ပြီး နားလည်မှုပေးနိုင်တဲ့သူ၊ နေရာတကာလိုက်ပြီး ပြဿနာရှာမနေတတ်တဲ့ ချစ်သူကောင်မလေးဆို လက်မလွှတ်နဲ့နော်။

၂။ သင့်ကို စိတ်ဝင်တစားရှိတဲ့သူ ။

ချစ်သူပါဆိုမှ စိတ်ဝင်စားတာပေါ့လို့ ပြောပေမယ့် တစ်ချို့သောချစ်သူကောင်မလေးတွေက ကိုယ့်ချစ်သူမကြိုက်တာတစ်ခုခုကို သိရဲ့နဲ့ ဂရုမစိုက်တာမျိုးရှိတတ်ပါတယ်။ သင်မကြိုက်တာကို ဂရုတစိုက် ရှောင်ရှားလေ့ရှိတဲ့ ချစ်သူဆိုရင်တော့ ကိုယ်ကလည်း ပြန်ပြီး ဂရုတစိုက်နဲ့ ချစ်ပါ။ သူများနောက်ပါသွားရင် နှမြောဖို့ကောင်းတယ် မဟုတ်လား။

၃။ ဉာဏ်ရည်မြင့်မားတဲ့ ချစ်သူ ။

ကိုယ့်ထက်မမြင့်ရင်နေ ကိုယ်နဲ့တန်းတူ ဉာဏ်ရည်ဉာဏ်သွေးရှိမှသာ အတိုင်အဖောက်ညီညီနဲ့ ဘဝခရီးကိုဆက်နိုင်မှာပါ။ ဒီတော့ ကိုယ့်ကို အကြံဉာဏ်တွေပေးနိုင်ပြီး၊ ပြဿနာတွေကို အတူဖြေရှင်းဖို့တိုင်ပင်ဆွေးနွေးနိုင်မှာပါ။

၄။ လေးစားသမှု ရှိတဲ့ချစ်သူ ။

သင့်ကို ကိုးကွယ်နေတာမျိုးကို ဆိုလိုတာမဟုတ်ပါဘူး။ သင့်အပေါ်လေးစားမှုရှိပြီး သင့်ရဲ့ အားနည်းချက်တွေ၊ လျှို့ဝှက်ချက်တွေကို သူများမသိအောင်ထိန်းသိမ်းထားတတ်သူမျိုးကို ဆိုလိုတာပါ။ သင့်ကိုလည်း တစ်ခုခုမလုပ်ခင် တလေးတစားနဲ့တိုင်ပင်လေ့ရှိသူဆိုရင် လက်မလွှတ်လိုက်ပါနဲ့။

၅။ သင့်ကို နှစ်သိမ့်ပေးနိုင်တဲ့သူ ။

သင်စိတ်ဓာတ်ကျတဲ့အခါ သူက သင့်အတွက်မှီခိုရာဖြစ်နေဖို့လိုပါတယ်။ သင်ရင်ဖွင့်တာတွေကို နားထောင်ပေးပြီး အပြစ်မတင်ဘဲ ထောက်ပြဝေဖန်ပြီး နှစ်သိမ့်အကြံပေးနိုင်တဲ့သူဖြစ်နေရင် သင်သူ့ကို ရွေးချယ်သင့်တာ အသေအချာပါပဲ။ ယခုဆောင်းပါးကို "Love Shop" Online Media မှ ရေးသား တင်ဆက်ပါသည်။

၆။ သင့်ကို တန်ဖိုးတက်စေချင်တဲ့ချစ်သူ ။

အောင်မြင်တဲ့ယောကျ်ားတစ်ယောက်ရဲ့နောက်ကွယ်မှာ ထက်မြက်တဲ့မိန်းမတစ်ယောက်ရှိတယ်ဆိုတဲ့စကားအတိုင်း သင့်ကို အမြင့်ရောက်အောင် တိုက်တွန်းကြိုးစားတတ်တဲ့ချစ်သူမျိုးကို လက်တွဲသင့်ပါတယ်။

၇။ သင့်ဝါသနာကို အပြစ်မရှာတဲ့ချစ်သူ ။

သင်ဟာ Gamer တစ်ယောက်ဖြစ်နေနိုင်သလို၊ ပန်းချီဆွဲဝါသနာပါသူတစ်ယောက်ဖြစ်နေနိုင်ပါတယ်။ သင်နှစ်သက်ရာ ဝါသနာတစ်ခုကို လုပ်နေလို့ ပြဿနာအရှာခံရတာမျိုးက မဖြစ်သင့်သလို နားလည်ပေးနိုင်တဲ့ချစ်သူကို ရထားရင်တော့ ဝမ်းသာလိုက်ပါတော့။

၈။ သင့်ကို ပျော်ရွှင်စေတဲ့သူ ။

ပျော်ရွှင်ရယ်မောရတာကို မကြိုက်တဲ့သူ ဘယ်မှာရှိမလဲ။ သင့်ချစ်သူကောင်မလေးက ပျော်ပျော်နေတတ်ပြီး သင့်ကိုစိတ်ချမ်းသာပျော်ရွှင်စေသူဆိုရင်တော့ နှစ်ခါမတွေးပါနဲ့တော့။

၉။ သင့်ကို မေတ္တာစစ်နဲ့ ချစ်မြတ်နိုးသူ ။

သင့်ဆီက ဘာမှမမျှော်လင့်ဘဲ သင့်မှာ ဘာမှမရှိရင်တောင် ဆက်ချစ်နေမယ့် ပကာသနမမက်တဲ့ ချစ်သူမျိုးပါ။ ဒါပေမဲ့ ဘာမှမရှိရင်တောင် ကြိုးစားချင်စိတ်လေးတော့ ရှိဖို့လိုပါလိမ့်မယ်။ ဒါမှ ဘဝကို အတူဖြတ်သန်းနိုင်မှာပါ။ လူပျင်းတစ်ယောက်ကို ဘယ်သူမိန်းကလေးမှ ကြာကြာလက်မတွဲနိုင်ပါဘူး။

ဖိုးသူတော် (www.phothutaw.com)
Credit: B.Trix ( Love Shop )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top