ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ားစုေသာလူေတြဟာ “အိပ္ယာေပၚမွာ အသံုးမက်ျဖစ္ေနလား” ဆိုတဲ့ေမးခြန္းကို အနည္းဆံုး တစ္ၾကိမ္ တစ္ခါေလာက္ေတာ့ သိခ်င္ၾကပါတယ္။ အဲဒါက ခက္ခဲတဲ့ေမးခြန္းတစ္ခုပါ။ တစ္ကယ္ေတာ့ သင္က သင့္ခ်စ္သူကို အဲဒီအၾကာင္းကို အားေမြးျပီး ေျပာခဲ့၊ေမးခဲ့ရင္ေတာင္ သူက မွန္ကန္တဲ့ တံု႕ျပန္မႈကို ေပးခ်င္မွ ေပးမွာပါ။ဒါေတြက ရွက္ေၾကာက္စရာကိစၥေတြ မဟုတ္ပါဘူး။ သင့္ လိင္ဆက္ဆံေဖာ္က စိတ္ေက်နပ္မႈရွိတယ္လို႔ မခံစားရဘူးဆိုရင္ သင့္အတြက္ စိတ္မနွစ္ျမိဳ႕စရာျဖစ္ပါလိမ့္မယ္။ဒါေပမယ့္ အဲဒီလို မခံစားသင့္ပါဘူး။ ဘာေၾကာင့္လည္းဆိုေတာ့ ခ်စ္တင္းေနွာရာမွာ သင္ဘယ္လို စြမ္းေဆာင္နိုင္သလဲ ဆိုတာ ကိစၥ အမ်ားၾကီးအေပၚမူတည္ေနလို႔ပါ။ လူအမ်ားစုမွာလည္း ဒီလို ျဖစ္နိုင္ပါတယ္။ ေကာင္းတဲ့ အခ်က္ ကေတာ့ တျဖည္းျဖည္း တိုးတက္ေကာင္းမြန္လာနိုင္ပါတယ္ ဆိုတဲ့အခ်က္ပါ။
ဒါဆို တိုးတက္လာမႈ တခ်ိဳ႕ရွိ/ မရွိဆိုတာ ဘယ္လိုသိနိုင္မလဲ။ လြယ္ကူျပီး ျပင္လို႔ရတဲ့ အခ်က္တစ္ခ်ိဳ႕ ကိုဆက္လက္ေဖာ္ျပပါမယ္။

၁။ သင့္ပထဆံုးဦးစားေပးမႈက သင့္စိတ္ေက်နပ္မႈျဖစ္ေနျခင္း။
သင့္ လိင္ဆက္ဆံေဖာ္ စိတ္ေက်နပ္မႈ ထက္ သင့္ရဲ႕ နွစ္သက္မႈ ေက်နပ္မႈကိုပဲ အာရံုစိုက္ေနမယ္ဆိုရင္ေတာ့ အနည္းငယ္ျပန္စဥ္းစားသင့္ျပီး လိင္ဆက္ဆံတာ တစ္ခုလံုးကို ျပန္လည္ သံုးသပ္သင့္ပါတယ္။သင့္ လိင္ဆက္ဆံေဖာ္ အတြက္ စိတ္ၾကြလာေအာင္ စိတ္ေက်နပ္လာေအာင္ လုပ္ျခင္းက ေကာင္းပါတယ္။ ဘာေၾကာင့္လည္းဆိုေတာ့ အဲတာက နွစ္ေယာက္လံုးကို အခ်င္းခ်င္းစိတ္ေက်နပ္ေအာင္ လုပ္ဖို႔ အားေပးေစနိုင္ျပီး အျပန္အလွန္ ေပ်ာ္ရႊင္မႈရနိုင္ပါတယ္။

၂။ သင္ဟာ ကိစၥျမန္ျမန္ျပီး ေအာင္ ေလာေနျခင္း။
ဘယ္သူမွ မာရသြန္ျပိဳင္ပြဲလို ျမန္ျမန္လိင္ဆက္ဆံတာကို မလိုခ်င္ပါဘူး။ အမွန္တကယ္ေတာ့ အမ်ိဳးသမီး အမ်ားစုဟာ ျဖည္းျဖည္းမွန္မွန္ ကိုလိုခ်င္ၾကပါတယ္။ တကယ္လို႔ သင္ဟာ ေပြ႕ဖက္တာ ကစျပီး အစပ်ိဳးတာ ၊ ခ်စ္တင္းေနွာတာထိကိုျမန္ျမန္လုပ္ေနမယ္ဆိုရင္ ျဖည္းျဖည္းလုပ္ဖို႕ လိုေကာင္းလိုပါလိမ့္မယ္။ အထူးသျဖင့္ ေယာက်္ားနဲ႔ မိန္းမနွီးေနွာရာမွာ ထိုးသြင္းျခင္းမျပဳလုပ္မီ စိတ္ပါလာဖို႕ အခ်ိန္အနည္းငယ္လိုအပ္ပါတယ္။ ဒါ့ေၾကာင့္ စိတ္ပါလာေအာင္ဆြဲေဆာင္မႈ၊ အစပ်ိဳးမႈေတြကို မေက်ာ္သင့္ပါ။အဲဒါက သင္ထင္တာထက္ ပိုျပီး ဆြဲေဆာင္မႈရွိပါတယ္။

၃။ သင္က ခံစားမႈ အထြတ္အထိပ္ေရာက္ဖို႔ကိုပဲ အာရံုစိုက္ေနျခင္း။
နွစ္ေယာက္လံုးခံစားခ်က္ အထြတ္အထိပ္ ကိုတစ္ျပိဳင္နက္ အတူတူရတာ ကေတာ့ အလြန္သာယာဖို႔ ေကာင္းျပီး လိုအပ္တဲ့ အခ်က္ျဖစ္ပါတယ္။ ဒါေပမယ့္ တစ္စံု တစ္ေယာက္က မျပီးနိုင္တဲ့ အေျခအေန ေတြရွိပါတယ္။ ေရာဂါေၾကာင့္၊ စိတ္က်ေဆးေတြေသာက္သံုးတာေၾကာင့္၊ အရက္မူးေနတာေၾကာင့္၊(သို႕) စိတ္ဖိစီးမႈမ်ားေနျခင္း၊ပင္ပန္းျခင္း စတာေတြေၾကာင့္လည္း မျပီးနိုင္တာရွိတတ္ပါတယ္။ သင့္ လိင္ဆက္ဆံေဖာ္ကို ျမန္ျမန္ျပီးဖို႔ ဖိအားေပးျခင္းကလည္း သူ႕ကိုပို သတိထားမိေစျပီး မနွစ္ျမိဳ႕ျခင္းျဖစ္ေစနိုင္ပါတယ္။

၄။ သင္လိုခ်င္တာကို ထုတ္မေျပာျခင္း
အိပ္ယာေပၚမွာ အသံုးမက်ျဖစ္ရျခင္းဟာ သင့္ လိင္ဆက္ဆံေဖာ္ကို စိတ္ေက်နပ္မႈမေပးနိုင္တာ တစ္ခုတည္းေၾကာင့္ မဟုတ္ပါဘူး။ လိင္ဆက္ဆံတာကို ဒီအတိုင္း အလိုက္အထိုက္ စိတ္ေက်နပ္ခ်င္ေယာင္ေဆာင္ ေနခဲ့ရင္၊ တကယ္တမ္းမွာေတာ့ သင္လည္းလိုခ်င္တာကိုမရဘဲ သင့္ လိင္ဆက္ဆံေဖာ္ကိုလည္း စိတ္ပ်က္ေစပါတယ္။သင့္အေဖာ္ကလည္း သင္လ်ိွဳ႕၀ွက္တာကိုသိရင္ စိတ္ပ်က္ျပီး၊ စိတ္ဆင္းရဲ တာမ်ိဳးျဖစ္နိုင္ပါတယ္။ေကာင္းတဲ့ အေဖာ္တစ္ေယာက္ျဖစ္ဖို႔က သင့္ကိုယ္သင္ေရာ၊ သင့္ အေဖာ္အေပၚကိုပါ ရိုးသားဖို႔ လိုအပ္ပါတယ္။

၅။ ကိစၥျပီးတဲ့ အခါမွာ သင့္ဆက္ဆံေဖာ္က မနွစ္ျမိဳ႕ျခင္း။
ခ်စ္တင္းေနွာျပီးေနာက္ သင္တို႔ ႏွစ္ေယာက္ၾကားမွာ တစ္မ်ိဳးၾကီးျဖစ္ေနတယ္ဆိုရင္ ခ်စ္တင္းေနွာေနတုန္းမွာ တစ္ခုခု မနွစ္ျမိဳ႕ စရာျဖစ္သြားတာ ျဖစ္နိုင္ပါတယ္။ ခ်စ္တင္းေနွာ တဲ့ အခ်ိန္ဟာ အလြန္ ခ်စ္စရာ ေကာင္းျပီး ဘာမွစဥ္းစားစရာမလိုဘဲ နွစ္ေယာက္လံုးအတြက္ ေတာက္ပတဲ့ အခ်ိန္ေလးေတြ ျဖစ္သင့္ပါတယ္။ဒါေၾကာင့္ တကယ္လို႔ သင့္လိင္ဆက္ဆံေဖာ္ဟာ အဆင္မေျပဘူးလို႔ ထင္ရင္ အဆင္ေျပ၊မေျပ ေမးသင့္ပါတယ္။ ျပီးေတာ့ ေနာက္တစ္ေခါက္က်ရင္ သက္ေတာင့္ သက္သာျဖစ္ေအာင္ ဘယ္လို လုပ္ေပးသင့္တယ္ဆိုတာ ေဆြးေႏြးသင့္ပါတယ္။

၆။ သင္ဟာအဲဒီ အေၾကာင္းကို ထုတ္ေဖာ္ မေျပာရင္
အိပ္ယာထဲမွာ အသံုးမက်ဘူးဆိုတာဟာ ခ်စ္တင္းေနွာေနစဥ္ခ်ိန္မွာပဲ ျဖစ္္တဲ့ကိစၥ တစ္ခုတည္း မဟုတ္ပါဘူး။အေပၚမွာ ေဖာ္ျပထားတဲ့ကိစၥေတြက တစ္ေယာက္နဲ႔ တစ္ေယာက္ အျပန္အလွန္ ေဆြးေႏြးျခင္းျဖင့္ ျပဳျပင္နိုင္ပါတယ္။ အဲဒီ အေၾကာင္းကိုသာ ထုတ္ေဖာ္မေျပာဘူးဆိုရင္ တိုးတက္လာေအာင္ လုပ္ဖို႔က ခက္ခဲပါလိမ့္မယ္။ ဒါ့အျပင္ သင္ဘာၾကိဳက္လဲဆိုတာကို သင္ဘာမၾကိဳက္ဘူးလဲ ဆိုတာနဲ႔ အတူတူ ထုတ္ေဖာ္ေျပာျပ ဖို႔လည္းလိုအပ္ပါတယ္။ တကယ္လို႔ သင္တို႔ ခ်စ္တင္းေနွာတာသာ ေကာင္းေနမယ္ဆိုရင္ စကားေျပာဆိုဖို႔ ခက္ခဲေနတဲ့ အေျခအေနမ်ိဳး မျဖစ္ေနသင့္ပါဘူး။ ေကာင္းတာေတြ အတြက္ အာရံုစိုက္ရင္း သိပ္မေကာင္းတာေတြကို ေျပာဆိုဖို႔ ပိုလြယ္ကူေစပါလိမ့္မယ္။ သင္တို႕ၾကားမွာ ပံုမွန္ ပြင့္ပြင့္လင္းလင္း ေျပာဆို ဆက္ဆံမႈရွိတယ္ ဆိုတာကို သာ ေသခ်ာေအာင္လုပ္ဖို႔ လိုအပ္ပါတယ္။

 ဖိုးသူေတာ္ (www.phothutaw.com)
Credit: mizzima
#Unicode Version#
အများစုသောလူတွေဟာ “အိပ်ယာပေါ်မှာ အသုံးမကျဖြစ်နေလား” ဆိုတဲ့မေးခွန်းကို အနည်းဆုံး တစ်ကြိမ် တစ်ခါလောက်တော့ သိချင်ကြပါတယ်။ အဲဒါက ခက်ခဲတဲ့မေးခွန်းတစ်ခုပါ။ တစ်ကယ်တော့ သင်က သင့်ချစ်သူကို အဲဒီအကြာင်းကို အားမွေးပြီး ပြောခဲ့၊မေးခဲ့ရင်တောင် သူက မှန်ကန်တဲ့ တုံ့ပြန်မှုကို ပေးချင်မှ ပေးမှာပါ။ဒါတွေက ရှက်ကြောက်စရာကိစ္စတွေ မဟုတ်ပါဘူး။ သင့် လိင်ဆက်ဆံဖော်က စိတ်ကျေနပ်မှုရှိတယ်လို့ မခံစားရဘူးဆိုရင် သင့်အတွက် စိတ်မနှစ်မြို့စရာဖြစ်ပါလိမ့်မယ်။ဒါပေမယ့် အဲဒီလို မခံစားသင့်ပါဘူး။ ဘာကြောင့်လည်းဆိုတော့ ချစ်တင်းနှောရာမှာ သင်ဘယ်လို စွမ်းဆောင်နိုင်သလဲ ဆိုတာ ကိစ္စ အများကြီးအပေါ်မူတည်နေလို့ပါ။ လူအများစုမှာလည်း ဒီလို ဖြစ်နိုင်ပါတယ်။ ကောင်းတဲ့ အချက် ကတော့ တဖြည်းဖြည်း တိုးတက်ကောင်းမွန်လာနိုင်ပါတယ် ဆိုတဲ့အချက်ပါ။
ဒါဆို တိုးတက်လာမှု တချို့ရှိ/ မရှိဆိုတာ ဘယ်လိုသိနိုင်မလဲ။ လွယ်ကူပြီး ပြင်လို့ရတဲ့ အချက်တစ်ချို့ ကိုဆက်လက်ဖော်ပြပါမယ်။

၁။ သင့်ပထဆုံးဦးစားပေးမှုက သင့်စိတ်ကျေနပ်မှုဖြစ်နေခြင်း။

သင့် လိင်ဆက်ဆံဖော် စိတ်ကျေနပ်မှု ထက် သင့်ရဲ့ နှစ်သက်မှု ကျေနပ်မှုကိုပဲ အာရုံစိုက်နေမယ်ဆိုရင်တော့ အနည်းငယ်ပြန်စဉ်းစားသင့်ပြီး လိင်ဆက်ဆံတာ တစ်ခုလုံးကို ပြန်လည် သုံးသပ်သင့်ပါတယ်။သင့် လိင်ဆက်ဆံဖော် အတွက် စိတ်ကြွလာအောင် စိတ်ကျေနပ်လာအောင် လုပ်ခြင်းက ကောင်းပါတယ်။ ဘာကြောင့်လည်းဆိုတော့ အဲတာက နှစ်ယောက်လုံးကို အချင်းချင်းစိတ်ကျေနပ်အောင် လုပ်ဖို့ အားပေးစေနိုင်ပြီး အပြန်အလှန် ပျော်ရွှင်မှုရနိုင်ပါတယ်။

၂။ သင်ဟာ ကိစ္စမြန်မြန်ပြီး အောင် လောနေခြင်း။

ဘယ်သူမှ မာရသွန်ပြိုင်ပွဲလို မြန်မြန်လိင်ဆက်ဆံတာကို မလိုချင်ပါဘူး။ အမှန်တကယ်တော့ အမျိုးသမီး အများစုဟာ ဖြည်းဖြည်းမှန်မှန် ကိုလိုချင်ကြပါတယ်။ တကယ်လို့ သင်ဟာ ပွေ့ဖက်တာ ကစပြီး အစပျိုးတာ ၊ ချစ်တင်းနှောတာထိကိုမြန်မြန်လုပ်နေမယ်ဆိုရင် ဖြည်းဖြည်းလုပ်ဖို့ လိုကောင်းလိုပါလိမ့်မယ်။ အထူးသဖြင့် ယောကျ်ားနဲ့ မိန်းမနှီးနှောရာမှာ ထိုးသွင်းခြင်းမပြုလုပ်မီ စိတ်ပါလာဖို့ အချိန်အနည်းငယ်လိုအပ်ပါတယ်။ ဒါ့ကြောင့် စိတ်ပါလာအောင်ဆွဲဆောင်မှု၊ အစပျိုးမှုတွေကို မကျော်သင့်ပါ။အဲဒါက သင်ထင်တာထက် ပိုပြီး ဆွဲဆောင်မှုရှိပါတယ်။

၃။ သင်က ခံစားမှု အထွတ်အထိပ်ရောက်ဖို့ကိုပဲ အာရုံစိုက်နေခြင်း။

နှစ်ယောက်လုံးခံစားချက် အထွတ်အထိပ် ကိုတစ်ပြိုင်နက် အတူတူရတာ ကတော့ အလွန်သာယာဖို့ ကောင်းပြီး လိုအပ်တဲ့ အချက်ဖြစ်ပါတယ်။ ဒါပေမယ့် တစ်စုံ တစ်ယောက်က မပြီးနိုင်တဲ့ အခြေအနေ တွေရှိပါတယ်။ ရောဂါကြောင့်၊ စိတ်ကျဆေးတွေသောက်သုံးတာကြောင့်၊ အရက်မူးနေတာကြောင့်၊(သို့) စိတ်ဖိစီးမှုများနေခြင်း၊ပင်ပန်းခြင်း စတာတွေကြောင့်လည်း မပြီးနိုင်တာရှိတတ်ပါတယ်။ သင့် လိင်ဆက်ဆံဖော်ကို မြန်မြန်ပြီးဖို့ ဖိအားပေးခြင်းကလည်း သူ့ကိုပို သတိထားမိစေပြီး မနှစ်မြို့ခြင်းဖြစ်စေနိုင်ပါတယ်။

၄။ သင်လိုချင်တာကို ထုတ်မပြောခြင်း

အိပ်ယာပေါ်မှာ အသုံးမကျဖြစ်ရခြင်းဟာ သင့် လိင်ဆက်ဆံဖော်ကို စိတ်ကျေနပ်မှုမပေးနိုင်တာ တစ်ခုတည်းကြောင့် မဟုတ်ပါဘူး။ လိင်ဆက်ဆံတာကို ဒီအတိုင်း အလိုက်အထိုက် စိတ်ကျေနပ်ချင်ယောင်ဆောင် နေခဲ့ရင်၊ တကယ်တမ်းမှာတော့ သင်လည်းလိုချင်တာကိုမရဘဲ သင့် လိင်ဆက်ဆံဖော်ကိုလည်း စိတ်ပျက်စေပါတယ်။သင့်အဖော်ကလည်း သင်လျှို့ဝှက်တာကိုသိရင် စိတ်ပျက်ပြီး၊ စိတ်ဆင်းရဲ တာမျိုးဖြစ်နိုင်ပါတယ်။ကောင်းတဲ့ အဖော်တစ်ယောက်ဖြစ်ဖို့က သင့်ကိုယ်သင်ရော၊ သင့် အဖော်အပေါ်ကိုပါ ရိုးသားဖို့ လိုအပ်ပါတယ်။

၅။ ကိစ္စပြီးတဲ့ အခါမှာ သင့်ဆက်ဆံဖော်က မနှစ်မြို့ခြင်း။

ချစ်တင်းနှောပြီးနောက် သင်တို့ နှစ်ယောက်ကြားမှာ တစ်မျိုးကြီးဖြစ်နေတယ်ဆိုရင် ချစ်တင်းနှောနေတုန်းမှာ တစ်ခုခု မနှစ်မြို့ စရာဖြစ်သွားတာ ဖြစ်နိုင်ပါတယ်။ ချစ်တင်းနှော တဲ့ အချိန်ဟာ အလွန် ချစ်စရာ ကောင်းပြီး ဘာမှစဉ်းစားစရာမလိုဘဲ နှစ်ယောက်လုံးအတွက် တောက်ပတဲ့ အချိန်လေးတွေ ဖြစ်သင့်ပါတယ်။ဒါကြောင့် တကယ်လို့ သင့်လိင်ဆက်ဆံဖော်ဟာ အဆင်မပြေဘူးလို့ ထင်ရင် အဆင်ပြေ၊မပြေ မေးသင့်ပါတယ်။ ပြီးတော့ နောက်တစ်ခေါက်ကျရင် သက်တောင့် သက်သာဖြစ်အောင် ဘယ်လို လုပ်ပေးသင့်တယ်ဆိုတာ ဆွေးနွေးသင့်ပါတယ်။

၆။ သင်ဟာအဲဒီ အကြောင်းကို ထုတ်ဖော် မပြောရင်

အိပ်ယာထဲမှာ အသုံးမကျဘူးဆိုတာဟာ ချစ်တင်းနှောနေစဉ်ချိန်မှာပဲ ဖြစ်တဲ့ကိစ္စ တစ်ခုတည်း မဟုတ်ပါဘူး။အပေါ်မှာ ဖော်ပြထားတဲ့ကိစ္စတွေက တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် ဆွေးနွေးခြင်းဖြင့် ပြုပြင်နိုင်ပါတယ်။ အဲဒီ အကြောင်းကိုသာ ထုတ်ဖော်မပြောဘူးဆိုရင် တိုးတက်လာအောင် လုပ်ဖို့က ခက်ခဲပါလိမ့်မယ်။ ဒါ့အပြင် သင်ဘာကြိုက်လဲဆိုတာကို သင်ဘာမကြိုက်ဘူးလဲ ဆိုတာနဲ့ အတူတူ ထုတ်ဖော်ပြောပြ ဖို့လည်းလိုအပ်ပါတယ်။ တကယ်လို့ သင်တို့ ချစ်တင်းနှောတာသာ ကောင်းနေမယ်ဆိုရင် စကားပြောဆိုဖို့ ခက်ခဲနေတဲ့ အခြေအနေမျိုး မဖြစ်နေသင့်ပါဘူး။ ကောင်းတာတွေ အတွက် အာရုံစိုက်ရင်း သိပ်မကောင်းတာတွေကို ပြောဆိုဖို့ ပိုလွယ်ကူစေပါလိမ့်မယ်။ သင်တို့ကြားမှာ ပုံမှန် ပွင့်ပွင့်လင်းလင်း ပြောဆို ဆက်ဆံမှုရှိတယ် ဆိုတာကို သာ သေချာအောင်လုပ်ဖို့ လိုအပ်ပါတယ်။

 ဖိုးသူတော် (www.phothutaw.com)
Credit: mizzima
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top