Novotel ဟိုတယ်တွင် ကျင်းပမည့် Yone Min တိုက်ခန်းနှင့် ကွန်ဒို အထူးအရောင်းပြပွဲ
×
# Zawgyi Version ဖြင့် ဖတ်ပါ #
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
မိဘတွေအနေနဲ့ အမြဲမပြတ်ခေတ်နဲ့အဆက်အသွယ်မပြတ်အောင် ကလေးတွေကလည်း သူတို့သိချင်တဲ့အကြောင်းအရာတွေကို တရစပ်မေးလေ့ရှိပါတယ်။ထိုမေးခွန်းတွေကို ဖြေနိုင်ဖို့အတွက် လေ့လာရတယ်။အင်တာနက်မှာ ရှာသင့်ရှာရတယ်။ဘယ်လိုပဲဖြစ်ဖြစ် ကလေးဘဝတင်မကဘူး လူတွေဟာ ကြီးပြင်းလာတာနဲ့အညီ ‘အကျိုး”အကြောင်း’အသစ်အသစ်တွေကို အမြဲစူးစမ်းလေ့လာနေသင့်ပါတယ်။ဆိုတော့ ဒီတစ်ခါမှာ သင်Googleခေါက်စရာမလိုပဲ စိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာအချို့ကို အမြန်ဆုံးသိရှိနိုင်ဖို့ စုစည်းဖော်ပြပေးလိုက်ပါတယ်။    ။
1.ကြက်သီးဘာကြောင့် ထတာလဲ?
ကြက်သီးထတာဟာ အမွှေးအမျှင်ပေါက်တွေညှစ်အားကနေ အစပြုလာတာပါ။တိရစ္ဆာန်တွေကတော့ ဒီလိုကြက်သီးထခြင်းအားဖြင့် သူတို့ကိုပိုမိုနွေးစေပါတယ်။လူတွေကတော့ ချမ်းအေးတဲ့ရာသီမျိုးနဲ့စိတ်ခံစားမှုအခြေအနေပေါ်မူတည်ပြီး ကြက်သီးထတတ်ကြပါတယ်။တစ်ခါတလေဆို ‘ကြက်သီးတဖြန်းဖြန်းတောင်ထတယ်ကွာ’လို့တောင် သုံးနှုန်းတတ်ကြပါတယ်။ဒီလိုကြက်သီးထခြင်းဟာ အတွင်းအာရုံစိတ်က ထုတ်လွှတ်တဲ့ ဟိုမုန်းတွေကြောင့်ဖြစ်ပါတယ်။
2.ရေခဲရေ(သို့)အေးစိမ့်တဲ့အစားအစာတွေစားရင် ဘာလို့ခေါင်းကိုက်လာတာလဲ?
တခါတလေ သင်ရေခဲရေတွေသောက်မိတဲ့အခါမျိုး၊ရေခဲမုန့်တွေ စားမိတဲ့အခါမျိုး၊ချမ်းအေးတဲ့ရာသီမှာ အပြင်ထွက်လေ့ကျင့်ခန်းလုပ်မိတဲ့ အခါမျိုးတွေမှာ ရုတ်တရက်ခေါင်းကိုက်လာတတ်ပါတယ်။ဒါဟာ နိမ့်ပါးတဲ့အပူချိန်ကြောင့် အာရုံခံသွေးကြောတွေ ကျုံ့ခြင်း၊ပွခြင်းနဲ့ ဆက်နွယ်နေပါတယ်။
3.ဘာလို့ နေရောင်အောက်မှာ ဆံပင်တွေကဖျော့တော့ပြီး အသားအရေကမည်းသွားတာလဲ?
အသားအရေနဲ့ဆံပင်နှစ်ခုစလုံးအတွက် အရေးပါတဲ့ melaninလို့ခေါ်တဲ့ ရောင်ခြယ်ပစ္စည်းကို နေရောင်ခြည်က ဖြိုခွင်းလိုက်ပါတယ်။ဒီလိုဖြိုခွင်းလိုက်ခြင်းကြောင့် ဆံပင်က ရောင်ခြယ်ပစ္စည်းပြန်လည်ဖြည့်တင်းနိုင်စွမ်းမရှိလို့ ပိုပိုပြီးအရောင်ဖျော့မွဲခြောက်သွားပေမယ့် အသားအရေကတော့melaninကို ပြန်လည်အသစ်ဖြည့်တင်းကာ အရောင်ကိုပိုပိုပြီး မည်းနက်စေပါတယ်။ဒါကြောင့် နိုင်ငံအတော်များများမှာ ဒီလိုအသားအရေမျိုးပိုင်ဆိုင်ချင်လို့ တကူးတကနေပူဆာလှုံနေရခြင်းအကြောင်းပါ။
4.ဘာလို့ ကလေးတွေအတွက် အချိန်ကနှေးကွေးနေရတာလဲ?
အဓိကအကြောင်းရင်းကတော့ သူတို့ဟာအကြောင်းအရာတော်တော်များများကို မှတ်မိနေလို့ဖြစ်တယ်။ပတ်ဝန်းကျင်နဲ့ရင်းနှီးလာလေလေ သူတို့ရဲ့မှတ်ညဏ်ထဲမှာ စုဆောင်းထားရမယ့် အမှတ်တရတွေကများလာလေလေပါပဲ။ဒါကြောင့် ကလေးတွေရဲ့’တစ်နှစ်’ဆိုတဲ့ အချိန်ကာလမှာ လူကြီးတွေထက် အဖြစ်အပျက်တွေပြည့်နှက်နေတတ်ပါတယ်။လူကြီးတွေထက် ကလေးတွေရဲ့’တစ်ပတ်’ဟာ သူတို့ဘဝရဲ့ကြီးမားတဲ့ အစိတ်အပိုင်းဖြစ်နေတတ်ပါတယ်။
5.အရမ်းချမ်းအေးနေတဲ့အခါမျိုးမှာတောင် မျက်လုံးတွေက ဘာလို့မအေးတာလဲ?
လူတွေရဲ့မျက်လုံးမှာ အပူချိန်နဲ့သက်ဆိုင်တဲ့ဆဲလ်နံရံမရှိပါဘူး။မျက်လုံးရဲ့အကြီးမားဆုံးအစိတ်အပိုင်းဟာ ဦးခေါင်းခွံထဲမှာရှိပြီး အတွင်းတလျှောက် စီးဆင်းနေတဲ့သွေးတွေအားဖြင့် နွေးစေပါတယ်။
6.အချဉ်စားတဲ့အခါမျိုးမှာ ဘာလို့မျက်လုံးကတစ်ဖက်မှိတ်သွားတာလဲ?
ဒီမေးခွန်းရဲ့အဖြေကတော့ ဘိုးဘွားမိဘတွေဆီက လက်ဆင့်ကမ်းရရှိခဲ့တဲ့အဖြေဖြစ်ပါတယ်။အကြောင်းရင်းက ခန္ဓာကိုယ်တွင်းက ချွဲထုတ်ပေးတဲ့ အမြှေးပါးတွေကိုအန္တရာယ်ဖြစ်စေတဲ့ အချဉ်ဓာတ်မဝင်ရောက်အောင် ကာကွယ်ခြင်းဖြစ်ပါတယ်။
7.ခိုတွေဟာ သစ်ပင်ပေါ်မှာဘာလို့မနားတာလဲ?
လူနေထူထပ်တဲ့မြို့မှာရှိတဲ့ခိုတွေဟာ များသောအားဖြင့် သစ်ပင်မရှိတဲ့ ကျောက်တုံးကျောက်ဆောင်တွေ၊မြေပြင်တွေပေါ်မှာပဲ နားလေ့ရှိပါတယ်။အကြောင်းရင်းကတော့ ရိုးရှင်းပါတယ်။သူတို့အစဉ်အဆက် ဒီလိုနားဖို့ လက်ဆင့်မကမ်းခဲ့လို့ပါတဲ့။သူတို့မှာ သစ်ပင်တွေမှာနားနိုင်ဖို့ ခြေထောက်တွေပါလာသော်လည်း သူတို့ဟာ ဒီလိုနားရခြင်းကို အကျင့်အဖြစ် မမွေးမြူခဲ့ပါဘူး။
8.motion sickness ဘာလို့ဖြစ်တာလဲ?
ရွေ့လျားနေတဲ့အရာဝတ္ထုတွေကို လိုက်ကြည့်တဲ့အခါမျိုး၊ကားစီးနေရင်း ရွေ့လျားနေတဲ့အခြေအနေမျိုးမှာ တစ်စုံတစ်ခုကိုအာရုံစိုက်နေရင်း ခေါင်းမူးလာတတ်ကြပါတယ်။ဒီလိုဖြစ်ရခြင်းအကြောင်းကတော့ ကျွန်မတို့ရဲ့ဦးနှောက်ဟာ အချိန်မပြတ် ခန္ဓာကိုယ်အစိတ်အပိုင်းထောင့်ပေါင်းစုံက မတူညီတဲ့ သတင်းအချက်အလက်တွေကို ရယူနေခြင်းကြောင့်ဖြစ်ပါတယ်။ဥပမာအားဖြင့် သင်သင်္ဘောစီးနေချိန် သင့်ရဲ့နားကနေလှိုင်းတွေရွေ့လျားနေတာကို နားဆင်ခံစားလို့ရမယ်။ဒါပေမယ့် သင်မမြင်ရဘူး။ဒီလိုမတူညီတဲ့အခြေအနေနှစ်ခုဆုံလာတဲအခါမျိုးမှာ ဦးနှောက်ကလည်း စေ့စပ်ညှိနှိုင်းအဖြေထုတ်ပေးဖို့ကြိုးစားရင်း အကျိုးဆက်ကတော့ သင့်အနေနဲ့ စိတ်ရှုပ်ထွေးပြီးမူးဝေလာမှာဖြစ်ပါတယ်။
9.သွေးစစ်တဲ့အခါမျိုးမှာ ဘာလို့လက်သန်းကြွယ်ကိုပဲအသုံးပြုကြတာလဲ?
အကြောင်းရင်းကတော့ လက်ငါးချောင်းအနက် လက်သန်းကြွယ်ဟာ ပါးလွှာတဲ့အရေပြားနဲ့လှုပ်ရှားမှုအနည်းဆုံးဖြစ်ပြီး နာကျင်မှုအနည်းဆုံးဖြစ်လို့ပါ။
10.လေယာဉ်ပေါ်က လူတွေရဲ့စွန့်ပစ်အညစ်အကြေးတွေက ဘယ်ကိုရောက်သွားတာလဲ?
သင်လေယာဉ်ပေါ်ကflushခလုတ်ကိုနှိပ်လိုက်တာနဲ့ အညစ်အကြေးတွေဟာ တစ်ဆင့်ပြီးတစ်ဆင့် စက္ကန့်ပိုင်းအတွင်း သိုလှောင်ကန်ထဲကို သယ်ဆောင်သွားပါတယ်။သတ်မှတ်ထားတဲ့အတိုင်းအတာအရ ကန်တစ်ခုကို အညစ်အကြေးဂါလံ20ဝင်ဆံ့ပါတယ်။လေယာဉ်ဆိုက်ပြီးနောက် သက်ဆိုင်ရာမိလ္လာကားများမှ ကန်ထဲရှိအညစ်အကြေးများအား ဖယ်ရှားသိမ်းယူသွားခြင်းဖြစ်ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top