Golden City Promotion
×

အိမ္ေထာင္ဖက္အျဖစ္ စံထားသတ္မွတ္တဲ့ အမ်ိဳးသားကို ႐ွာမေတြ႕ႏိုင္ေတာ့တဲ့အဆံုးမွာ အပ်ိဳႀကီးလုပ္မလား၊ အဆင္ေျပဆံုးတစ္ေယာက္ကိုပဲ ေ႐ြးမလား။ ဒါကေတာ့ ကိုယ္ပိုင္ဆံုးျဖတ္ခ်က္ေပါ့ေနာ္။ Callaghan ဆုိတဲ့ အမ်ိဳးသမီးလိုေတာ့ မလုပ္နဲ႔ဦး။ သူက ေယာက္်ားယူမယ့္အစား ေမြးထားတဲ့ေခြးနဲ႔ ျပန္လက္ထပ္ထားတာတဲ့။

အိုင္ယာလန္ေျမာက္ပိုင္းမွာ ေနထိုင္တဲ့ အသက္ ၄၃ ႏွစ္အ႐ြယ္ Wilhelmina Morgan Callaghan ဆိုသူဟာ သူမ ေမွ်ာ္မွန္းတဲ့ ၿပီးျပည့္စံုတဲ့ေယာက္်ားဆိုတာ တည္႐ွိမေနမွန္း သိလိုက္ရၿပီးေနာက္ သူမရဲ႕အခ်စ္ေတာ္ေခြးေလး ဟင္နရီနဲ႔ လက္ထပ္ခဲ့တာ ျဖစ္ပါတယ္။ ခုဆုိ ဟင္နရီနဲ႔လက္ထပ္ထားတာ ၈ ႏွစ္ေတာင္ ႐ွိၿပီလုိ႔ သူမက ေျပာပါတယ္။

ဟင္နရီဟာ ေယာ့ခ္႐ႈိင္းယားတယ္ရီယာအမ်ိဳးအစား ေခြးေလးျဖစ္ၿပီး ၂၀၀၉ ခုႏွစ္တုန္းက သူမရဲ႕သူငယ္ခ်င္းတစ္ဦးက သူမကို လက္ေဆာင္အျဖစ္ေပးခဲ့တာပါ။

"ကၽြန္မ ရင္ခြဲ႐ံုကအလုပ္လည္း လက္လႊတ္ခဲ့ရတယ္။ အေလာင္းေဆးစိမ္တဲ့အလုပ္ကို freelance အေနနဲ႔လုပ္ခဲ့တယ္။ ပိုက္ဆံလည္း အမ်ားႀကီးမရပါဘူး။ ၿပီးေတာ့ ကၽြန္မအိမ္လည္း ေရျမဳပ္သြားတယ္။ ဒါေပမဲ့ ဟင္နရီက အဲ့ဒီအခ်ိန္ေတြမွာ ေတာက္ေလွ်ာက္႐ွိေနေပးခဲ့တယ္။ သူက အရမ္းသစၥာ႐ွိတာ" လို႔ Callaghan က ဆိုတယ္။ အိမ္မွာ တျခားေခြးေတြလည္း ေမြးထားပါေသးတယ္။ အဲ့ဒီထဲမွာမွ ဟင္နရီက ေဖာ္ေရြတတ္ဆံုးလို႔လည္း သူမက ဆက္လက္ေျပာပါေသးတယ္။

သူမအေနနဲ႔ ဟင္နရီကို လက္ေဆာင္ရၿပီေနာက္မွာ အခ်စ္ေတာ္တိရစၦာန္ေလးေတြနဲ႔လက္ထပ္တဲ့အေၾကာင္းေတြကို အြန္လိုင္းမွာ ဖတ္မိၿပီး စိတ္ဝင္စား အားက်ခဲ့ရာကေန ဟင္နရီနဲ႔ လက္ထပ္ခဲ့တာျဖစ္ပါတယ္။ ဟင္နရီကိုလည္း အတုိေကာက္ Ri (ရီ) လို႔ ေခၚတယ္။ ရီဆုိတာ ေ႐ွးေဟာင္း Gaelic ဘာသာစကားမွာ ဘုရင္လို႔ အဓိပၸာယ္ရတယ္။ သူမအတြက္ေတာ့ ဟင္နရီက ဘုရင္ပါပဲတဲ့ေလ။

ဟင္နရီနဲ႔ Callaghan တုိ႔ရဲ႕ လက္ထပ္ေၾကာင္းအသိအမွတ္ျပဳလက္မွတ္ကိုေတာ့ ဝက္ဘ္ဆိုက္တစ္ခုက ထုတ္ေပးခဲ့ပါတယ္။ ဒါေပမဲ့ ဒါက တရားဝင္ေတာ့ မဟုတ္ပါဘူး။ လူေတြက သူမကို ေဟာင္ေနတဲ့အ႐ူးတစ္ေယာက္လုိ႔ ျမင္ေနၾကေပမဲ့ သူမအတြက္ေတာ့ ဟင္နရီက ၿပီးျပည့္စံုပါတယ္လို႔ Callaghan က ေပ်ာ္ေပ်ာ္ႀကီး ဆုိပါတယ္။

Source : Metro
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
အိမ်ထောင်ဖက်အဖြစ် စံထားသတ်မှတ်တဲ့ အမျိုးသားကို ရှာမတွေ့နိုင်တော့တဲ့အဆုံးမှာ အပျိုကြီးလုပ်မလား၊ အဆင်ပြေဆုံးတစ်ယောက်ကိုပဲ ရွေးမလား။ ဒါကတော့ ကိုယ်ပိုင်ဆုံးဖြတ်ချက်ပေါ့နော်။ Callaghan ဆိုတဲ့ အမျိုးသမီးလိုတော့ မလုပ်နဲ့ဦး။ သူက ယောက်ျားယူမယ့်အစား မွေးထားတဲ့ခွေးနဲ့ ပြန်လက်ထပ်ထားတာတဲ့။

အိုင်ယာလန်မြောက်ပိုင်းမှာ နေထိုင်တဲ့ အသက် ၄၃ နှစ်အရွယ် Wilhelmina Morgan Callaghan ဆိုသူဟာ သူမ မျှော်မှန်းတဲ့ ပြီးပြည့်စုံတဲ့ယောက်ျားဆိုတာ တည်ရှိမနေမှန်း သိလိုက်ရပြီးနောက် သူမရဲ့အချစ်တော်ခွေးလေး ဟင်နရီနဲ့ လက်ထပ်ခဲ့တာ ဖြစ်ပါတယ်။ ခုဆို ဟင်နရီနဲ့လက်ထပ်ထားတာ ၈ နှစ်တောင် ရှိပြီလို့ သူမက ပြောပါတယ်။

ဟင်နရီဟာ ယော့ခ်ရှိုင်းယားတယ်ရီယာအမျိုးအစား ခွေးလေးဖြစ်ပြီး ၂၀၀၉ ခုနှစ်တုန်းက သူမရဲ့သူငယ်ချင်းတစ်ဦးက သူမကို လက်ဆောင်အဖြစ်ပေးခဲ့တာပါ။

"ကျွန်မ ရင်ခွဲရုံကအလုပ်လည်း လက်လွှတ်ခဲ့ရတယ်။ အလောင်းဆေးစိမ်တဲ့အလုပ်ကို freelance အနေနဲ့လုပ်ခဲ့တယ်။ ပိုက်ဆံလည်း အများကြီးမရပါဘူး။ ပြီးတော့ ကျွန်မအိမ်လည်း ရေမြုပ်သွားတယ်။ ဒါပေမဲ့ ဟင်နရီက အဲ့ဒီအချိန်တွေမှာ တောက်လျှောက်ရှိနေပေးခဲ့တယ်။ သူက အရမ်းသစ္စာရှိတာ" လို့ Callaghan က ဆိုတယ်။ အိမ်မှာ တခြားခွေးတွေလည်း မွေးထားပါသေးတယ်။ အဲ့ဒီထဲမှာမှ ဟင်နရီက ဖော်ရွေတတ်ဆုံးလို့လည်း သူမက ဆက်လက်ပြောပါသေးတယ်။

သူမအနေနဲ့ ဟင်နရီကို လက်ဆောင်ရပြီနောက်မှာ အချစ်တော်တိရစ္ဆာန်လေးတွေနဲ့လက်ထပ်တဲ့အကြောင်းတွေကို အွန်လိုင်းမှာ ဖတ်မိပြီး စိတ်ဝင်စား အားကျခဲ့ရာကနေ ဟင်နရီနဲ့ လက်ထပ်ခဲ့တာဖြစ်ပါတယ်။ ဟင်နရီကိုလည်း အတိုကောက် Ri (ရီ) လို့ ခေါ်တယ်။ ရီဆိုတာ ရှေးဟောင်း Gaelic ဘာသာစကားမှာ ဘုရင်လို့ အဓိပ္ပာယ်ရတယ်။ သူမအတွက်တော့ ဟင်နရီက ဘုရင်ပါပဲတဲ့လေ။

ဟင်နရီနဲ့ Callaghan တို့ရဲ့ လက်ထပ်ကြောင်းအသိအမှတ်ပြုလက်မှတ်ကိုတော့ ဝက်ဘ်ဆိုက်တစ်ခုက ထုတ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ ဒါက တရားဝင်တော့ မဟုတ်ပါဘူး။ လူတွေက သူမကို ဟောင်နေတဲ့အရူးတစ်ယောက်လို့ မြင်နေကြပေမဲ့ သူမအတွက်တော့ ဟင်နရီက ပြီးပြည့်စုံပါတယ်လို့ Callaghan က ပျော်ပျော်ကြီး ဆိုပါတယ်။

Source : Metro

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top