Golden City Promotion
×
အားလုံးမင်္ဂလာပါ
#Unicode version#
ဒီယတြာလေးနဲ့ အကြွေးမြန်မြန်ပြန်ရအောင်လည်းလုပ်လို့ရသလို၊ဝင်ငွေတိုးပွားအောင်းလည်းလုပ်လို့ရပါတယ်။
ဝင်ငွေလည်းသိသိသာသာတိုးပွားလာတာကို တွေ့ရပါတယ်။
လုပ်ရမယ့်နည်းလေးက လွယ်ပါတယ်။ဘာနေ့သားသမီးမဆို ပြုလုပ်လို့ရပါတယ်။ဘေးဥပါဒ်တစ်စုံတစ်ရာမရှိပါဘူး။ယုံယုံကြည်ကြည်လုပ်နိုင်ရင် ပိုအစွမ်းထက်တာကိုတွေ့ရမှာဖြစ်ပါတယ်။
ဗုဒ္ဓဟူးနေ့နံနက် ၇ နာရီမှ ၇နာရီခွဲအတွင်း မိမိအိမ်ဘုရား(သို့)ဆိုင်ဘုရားရှေ့မှာ ပိုက်ဆံအရွက်ကြီးတစ်ရွက်(ဥပမာ-5000တန်-10000တန်)ကို ကြေးလင်ဗန်းပေါ်မှာဖြန့်၍တင်ပါ။ပိုက်ဆံအပေါ်မှာ ကိုကာကိုလာပုလင်းတစ်လုံးကို အဖုံးဖွင့်၍ ပိုက်တပ်ပြီး တင်ပါ။ပုလင်းရဲ့ဘေးမှာ(ပိုက်ဆံပေါ်မှာဘဲ) သံလိုက်တုံးတစ်ခုကို တင်ပါ။ အဲဒီဘေးမှာ ဖာလာစေ့ ၉ စေ့ကိုတင်ပါ။ ပြီးလျှင်ဘုရားကိုလှူ ပါ။
လှူ ပြီးလျှင်ဆုတောင်းပါ။
“ပိုက်ဆံတွေ အများကြီး သူ့ဖာသူဝင်လာပါစေ!မမျှော်လင့်ဘဲ အများကြီးရပါစေ”ဟုဆုတောင်းပါ။
အကြွေးရလိုသူများကတော့ “ရရန်ရှိသောအကြွေးများကို ပေးရန်ရှိသူများက အမြန်ဆုံး သူ့တို့ဖာသာ သူတို့ မြန်မြန်ပြန်လာပေးကြပါစေ” ဟုဆုတောင်းပါ။
မယုံကြည်လျှင်မလုပ်ကြပါနဲ့ ယုံယုံကြည်ကြည်လုပ်မယ့်သူတွေကို စိတ်အနှောက်အယှက်ဖြစ်စေမယ့် Comment တွေ ကျေးဇူးပြု ပြီး မရေးကြပါနဲ့။
မနက်တင်ပြီး ညနေစွန့်ပါ။ စွန့်ရမှာက ကိုကာကိုလာ တစ်မျိုးထဲပါ ။
ကျန်တာတွေက သိမ်းထားပြီး နောက်အပါတ်ဆက်လုပ်ပါ။လုပ်နိုင်လေ သိသာလေပါ။
အားလုံးမင်္ဂလာပါ
ဖိုးသူတော် (www.phothutaw.com)
Credit: ဆရာအောင်မင်းဟိန်း(LL-B)
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top