Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မဂၤလာဒုံၿမိဳ႕နယ္တြင္  အငွားယာဥ္ေမာင္းတစ္ဦးကုိ ငွား စီးသူအမ်ိဳးသားႏွစ္ဦးက ဓားျဖင့္ ေထာက္ကာ လက္ျပန္ႀကိဳးတုပ္ ၿပီး ပါးစပ္ႏွင့္မ်က္ႏွာကုိ တိပ္ျဖင့္ ပတ္ၿပီးေနာက္ ယာဥ္ေပၚမွကန္ခ် ၿပီး ယာဥ္လုယက္မႈျဖစ္ပြားခဲ့ သည္။  ေအာက္တိုဘာ ၁၉ ရက္ ညေန ၆ နာရီေက်ာ္တြင္ ေျမာက္ ဥကၠလာပ ၆ ေကြ႕အမွတ္(၃) လမ္းမႀကီးအတိုင္း ေမာင္းႏွင္လာသည့္အငွားယာဥ္ကုိ အမ်ိဳးသားႏွစ္ဦးက ေထာက္ၾကန္႔သုိ႔သြားရန္ ငွားၿပီးေနာက္ လုယက္ခဲ့ေၾကာင္း လုယက္ခံရသည့္ အငွားယာဥ္ ေမာင္းမိသားစု၀င္ ဦးတင္ခ်ိဳက ေျပာသည္။
‘‘လုတဲ့သူ ႏွစ္ေယာက္က ေနာက္ကထုိင္ၿပီး တစ္ေယာက္ လည္ပင္းကုိ ဓားနဲ႔ေထာက္တယ္။ ေနာက္တစ္ေယာက္က ဗုိက္ကုိ ေထာက္ၿပီးလုတာပါ။ သူတို႔က ပုိက္ဆံလုိလုိ႔လုတာေျပာၿပီး သူ႔ ကုိေထာက္ၾကန္႔တိုက္ဂါးဘီယာ စက္႐ုံေရွ႕မွာ ခ်ထားခဲ့တယ္’’ ဟု ဦးတင္ခ်ိဳကေျပာသည္။
အငွားယာဥ္ လုယက္ခံရသူ အသက္(၄၂)ႏွစ္အရြယ္ ဦးသိန္းေဇာ္ျမင့္ကုိ ေထာက္ၾကန္႔ဘီယာစက္႐ုံေရွ႕တြင္ ပစ္ခ်ထားခဲ့ေၾကာင္း ၎ကေျပာသည္။
အငွားယာဥ္ ပ႐ုိေဘာက္စ္အပါအ၀င္  လက္ကုိင္ဖုန္းတစ္လုံးႏွင့္ေငြက်ပ္ငါးသိန္း လုယက္ခံခဲ့ရေၾကာင္း ရဲစစ္ေဆးခ်က္မ်ားအရ သိရၿပီး လုယက္မႈက်ဴးလြန္သူမ်ားကုိ လုိက္လံရွာေဖြေနေၾကာင္း ေျမာက္ပုိင္းခ႐ုိင္ရဲတပ္ဖြဲ႕မွ ရဲအ ရာရွိတစ္ဦးက ေျပာသည္။
လုယက္မႈက်ဴးလြန္ခံရသည့္ ယာဥ္ႏွင့္ ျပစ္မႈက်ဴးလြန္သူအမ်ိဳး သားႏွစ္ဦးကုိ ေအာက္တိုဘာ ၁၉ ရက္ည ၈ နာရီေက်ာ္တြင္ ရြာသာ ႀကီးတိုးဂိတ္မွ ျဖတ္သန္းသြား သည့္ပုံကုိ စီစီတီဗီကင္မရာမွ ေတြ႕ရွိၿပီး ဖမ္းဆီးႏုိင္ရန္ လုိက္လံရွာေဖြေနေၾကာင္း ၎ကေျပာ သည္။
ျပစ္မႈက်ဴးလြန္သူ​အမ်ိဳးသားႏွစ္ဦးကုိ ဒါးပိန္နယ္ေျမရဲစခန္းမွ ရာဇသတ္ႀကီးပုဒ္မ ၃၉၂ (လုယက္မႈ)ျဖင့္ အမႈဖြင့္အေရးယူ ထားသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  7DayDaily
#Unicode Version#
မင်္ဂလာဒုံမြို့နယ်တွင်  အငှားယာဉ်မောင်းတစ်ဦးကို ငှား စီးသူအမျိုးသားနှစ်ဦးက ဓားဖြင့် ထောက်ကာ လက်ပြန်ကြိုးတုပ် ပြီး ပါးစပ်နှင့်မျက်နှာကို တိပ်ဖြင့် ပတ်ပြီးနောက် ယာဉ်ပေါ်မှကန်ချ ပြီး ယာဉ်လုယက်မှုဖြစ်ပွားခဲ့ သည်။  အောက်တိုဘာ ၁၉ ရက် ညနေ ၆ နာရီကျော်တွင် မြောက် ဥက္ကလာပ ၆ ကွေ့အမှတ်(၃) လမ်းမကြီးအတိုင်း မောင်းနှင်လာသည့်အငှားယာဉ်ကို အမျိုးသားနှစ်ဦးက ထောက်ကြန့်သို့သွားရန် ငှားပြီးနောက် လုယက်ခဲ့ကြောင်း လုယက်ခံရသည့် အငှားယာဉ် မောင်းမိသားစုဝင် ဦးတင်ချိုက ပြောသည်။

‘‘လုတဲ့သူ နှစ်ယောက်က နောက်ကထိုင်ပြီး တစ်ယောက် လည်ပင်းကို ဓားနဲ့ထောက်တယ်။ နောက်တစ်ယောက်က ဗိုက်ကို ထောက်ပြီးလုတာပါ။ သူတို့က ပိုက်ဆံလိုလို့လုတာပြောပြီး သူ့ ကိုထောက်ကြန့်တိုက်ဂါးဘီယာ စက်ရုံရှေ့မှာ ချထားခဲ့တယ်’’ ဟု ဦးတင်ချိုကပြောသည်။

အငှားယာဉ် လုယက်ခံရသူ အသက်(၄၂)နှစ်အရွယ် ဦးသိန်းဇော်မြင့်ကို ထောက်ကြန့်ဘီယာစက်ရုံရှေ့တွင် ပစ်ချထားခဲ့ကြောင်း ၎င်းကပြောသည်။

အငှားယာဉ် ပရိုဘောက်စ်အပါအဝင်  လက်ကိုင်ဖုန်းတစ်လုံးနှင့်ငွေကျပ်ငါးသိန်း လုယက်ခံခဲ့ရကြောင်း ရဲစစ်ဆေးချက်များအရ သိရပြီး လုယက်မှုကျူးလွန်သူများကို လိုက်လံရှာဖွေနေကြောင်း မြောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှ ရဲအ ရာရှိတစ်ဦးက ပြောသည်။

လုယက်မှုကျူးလွန်ခံရသည့် ယာဉ်နှင့် ပြစ်မှုကျူးလွန်သူအမျိုး သားနှစ်ဦးကို အောက်တိုဘာ ၁၉ ရက်ည ၈ နာရီကျော်တွင် ရွာသာ ကြီးတိုးဂိတ်မှ ဖြတ်သန်းသွား သည့်ပုံကို စီစီတီဗီကင်မရာမှ တွေ့ရှိပြီး ဖမ်းဆီးနိုင်ရန် လိုက်လံရှာဖွေနေကြောင်း ၎င်းကပြော သည်။

ပြစ်မှုကျူးလွန်သူအမျိုးသားနှစ်ဦးကို ဒါးပိန်နယ်မြေရဲစခန်းမှ ရာဇသတ်ကြီးပုဒ်မ ၃၉၂ (လုယက်မှု)ဖြင့် အမှုဖွင့်အရေးယူ ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit:  7DayDaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top