ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

လူ႔စိတ္ဆိုတာ ေျပာင္းလဲတတ္တယ္ပါတယ္။ ကိုယ့္အတြက္ အသိပ္အသံုးမ၀င္ေတာ့ဘူးဆိုတဲ့အရာေတြကို လႊင့္ပစ္တတ္ၾကပါတယ္။

ကိုယ့္ရဲ့ ခ်စ္သူက ကိုယ့္ကို အရင္လိုခ်စ္ေသးရဲ့လားလို႔ေတြးမိလာတဲ့အခ်ိန္ ကိုယ္တို႔ႏွစ္ေယာက္ေရွ႕ဆက္သြားလို႔ အဆင္ေျပပါေတာ့မလားဆိုတဲ့ သံသယစိတ္ေတြ ျဖစ္လာပါတယ္။ ဒီလို သံသယေတြျဖစ္လာတဲ့အခါ ခ်စ္သူႏွစ္ဦး ေရရွည္ လက္တြဲဖို႔ မျဖစ္ႏိုင္ႏိုင္ေတာ့ပါဘူး။ ျဖစ္လာၿပီဆိုရင္လည္း အရင္ညွိယူၿပီးေတာ့မွ လမ္းခြဲသင့္မခြဲသင့္ ဆံုးျဖတ္ေစခ်င္ပါတယ္။ တစ္ဖက္က ကိုယ့္အေပၚ အရင္လို မခ်စ္ေတာ့ဘူးဆိုတာကို ဘယ္လိုသိႏိုင္မလဲဆိုေတာ့။

သင့္အေပၚ အာရံုေတြ ေပ်ာက္ဆံုးေနျခင္း

ကိုယ္က သူ႔ကိုစကားေျပာဖို႔ ႀကိဳးစားေနေပမဲ့ သူ႔ရဲ့ စိတ္ေတြ အာရံုေတြက ကိုယ့္ေပၚမွာမရွိဘူး။ ကိုယ့္ေျပာတဲ့စကားအေပၚ တေလးတစား ဂရုစိုက္နားေထာင္တာမ်ိဳးမရွိေတာ့ပါဘူး။

အခ်ိန္ၾကာႀကီး စကားစေတြ ျပတ္သြားျခင္း (သို႔) တိတ္ဆိတ္သြားျခင္း

ခ်စ္သူႏွစ္ေယာက္ေတြ႔တဲ့အခါ ဘယ္ေလာက္လႊမ္းေၾကာင္း ဘယ္ေလာက္ခ်စ္ေၾကာင္း တျခားအေၾကာင္းအရာေတြ ေျပာမကုန္တာ အမ်ားႀကီးပါ။ ဒါေပမဲ့ သင္တို႔ ခ်စ္သူႏွစ္ဦး တစ္ေယာက္ကို တစ္ေယာက္ေတြ႔တဲ့အခါ တီတီတာတာ ေျပာစရာစကားမရွိဘဲ တိတ္ဆိတ္ေနၿပီလား။ ဒါဆိုရင္ သူကိုယ္တို္င္ေရာ ကိုယ္ကိုယ္တိုင္ေရာ အရင္လိုခ်စ္ေသးလားဆိုတဲ့ သံသယစိတ္ေတြ ၀င္လာပါၿပီ။

သင့္အေပၚ ၾကင္ၾကင္နာနာမရွိေတာ့ဘူး

သင့္နားကပ္ဖို႔ စိတ္မ၀င္စားေတာ့ဘူး။ သင့္ကို ထိေတြ႔ နမ္းရိႈက္ဖို႔ သူစိတ္မ၀င္စားေတာ့ဘူးဆိုရင္ သူသင့္ကို မခ်စ္ေတာ့ဘူးလို႔ ေျပာလိုက္တာပါပဲ။

သင္ဘာေျပာေျပာ သင့္အေပၚ ကန္႔လန္႔တိုက္ေနမယ္

အရင္က သင့္ဆႏၵေတြကို လိုက္ေလ်ာခဲ့သမွ် အခုေတာ့ သင္ဘာေျပာေျပာ သေဘာမတူဘူးခ်ည္း ကန္႔လန္႔တိုက္ေနမွာပါ။ သင့္ေရြးခ်ယ္မႈေတြ ဆံုးျဖတ္ခ်က္ေတြကိုလည္း ေထာက္ခံတာမ်ိဳး မရွိေတာ့ဘူး။ ဒါဆိုရင္ေတာ့ သူ သင့္ကို လံုး၀ၿငီးေငြ႕ေနၿပီဆိုတာ ေသခ်ာပါတယ္။

သင့္ကို အခ်ိန္ယူ ရွင္းမျပေတာ့ဘူး

တစ္ခုခု သံသယရွိလို႔ ေမးလိုက္တဲ့အခါ မေမးနဲ႔ကြာ မေျဖခ်င္ဘူး။ ဒါမွမဟုတ္ အရမ္းစကားမ်ားတာပဲ ဆိုၿပီး သင္ေမးတဲ့ေမးခြန္းေတြကို စိတ္ရွည္ရွည္ ရွငး္ျပမေနေတာ့ဘူး။ ရိုးရိုးေမးခြန္းေတြကိုေတာင္ စိတ္ရွည္ရွည္ မေျဖခ်င္ေတာ့ဘူးဆိုရင္ သူသင့္ကို စိတ္ကုန္ေနပါၿပီ။

ေလးစားမႈေတြ ေပ်ာက္သြားၿပီ

သင့္အေပၚမွာ အရင္ကရွိခဲ့တဲ့ ေလးစားမႈေတြ မရွိေတာ့ဘဲ သူငယ္ခ်င္းေတြေရွ႕မွာဆိုရင္လည္း ေအာ္ေငါက္ေနတာမ်ိဳး လုပ္တတ္လာတယ္။ သင္နဲ႔ အခ်ိန္မေရြး ရန္ျဖစ္စကားမ်ားဖို႔ သင့္ကို လူၾကားထဲမွာ ေအာ္ဖုိ႔ ၀န္မေလးေတာ့ပါဘူူူး။ သင့္ကိုလည္း ဂရုမစိုက္ေတာ့ဘဲ သူလုပ္ခ်င္တာ လုပ္ေနမွာပါ။ ဒါဆို သင့္ကို သူ လံုး၀ စိတ္မ၀င္စားေတာ့ဘူးဆိုုတာ ေသခ်ာသေလာာက္ရွိေနပါၿပီ။

သူ႔ရဲ့ အစီစဥ္ေတြမွာလည္း သင္မပါ၀င္ေတာ့ဘူး

သူ႔ရဲ့ အနာဂတ္အစီစဥ္မွာ သင္မပါ၀င္ေတာ့ဘူးဆိုရင္ သူသင့္ကို သူ႔ဘ၀ကေန ထုတ္ပယ္လိုက္ပါၿပီ။

သင့္ကိုအၿမဲတမ္း အျပစ္တင္တယ္

တစ္ခုခုမွားသြားၿပီဆိုရင္ မင္းေၾကာင့္ ဆိုၿပီး လက္ညိဳးထိုး အျပစ္တင္တတ္လာၿပီဆိုရင္ သူသင့္ကို မယံုေတာ့ဘူးဆိုတာ ေသခ်ာေနပါၿပီ။ ဒါဆို သင္ဘာဆက္ေျပာမလဲ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit : mystylemyanmar

#Unicode Version

လူ့စိတ်ဆိုတာ ပြောင်းလဲတတ်တယ်ပါတယ်။ ကိုယ့်အတွက် အသိပ်အသုံးမဝင်တော့ဘူးဆိုတဲ့အရာတွေကို လွှင့်ပစ်တတ်ကြပါတယ်။

ကိုယ့်ရဲ့ ချစ်သူက ကိုယ့်ကို အရင်လိုချစ်သေးရဲ့လားလို့တွေးမိလာတဲ့အချိန် ကိုယ်တို့နှစ်ယောက်ရှေ့ဆက်သွားလို့ အဆင်ပြေပါတော့မလားဆိုတဲ့ သံသယစိတ်တွေ ဖြစ်လာပါတယ်။ ဒီလို သံသယတွေဖြစ်လာတဲ့အခါ ချစ်သူနှစ်ဦး ရေရှည် လက်တွဲဖို့ မဖြစ်နိုင်နိုင်တော့ပါဘူး။ ဖြစ်လာပြီဆိုရင်လည်း အရင်ညှိယူပြီးတော့မှ လမ်းခွဲသင့်မခွဲသင့် ဆုံးဖြတ်စေချင်ပါတယ်။ တစ်ဖက်က ကိုယ့်အပေါ် အရင်လို မချစ်တော့ဘူးဆိုတာကို ဘယ်လိုသိနိုင်မလဲဆိုတော့။

သင့်အပေါ် အာရုံတွေ ပျောက်ဆုံးနေခြင်း

ကိုယ်က သူ့ကိုစကားပြောဖို့ ကြိုးစားနေပေမဲ့ သူ့ရဲ့ စိတ်တွေ အာရုံတွေက ကိုယ့်ပေါ်မှာမရှိဘူး။ ကိုယ့်ပြောတဲ့စကားအပေါ် တလေးတစား ဂရုစိုက်နားထောင်တာမျိုးမရှိတော့ပါဘူး။

အချိန်ကြာကြီး စကားစတွေ ပြတ်သွားခြင်း (သို့) တိတ်ဆိတ်သွားခြင်း

ချစ်သူနှစ်ယောက်တွေ့တဲ့အခါ ဘယ်လောက်လွှမ်းကြောင်း ဘယ်လောက်ချစ်ကြောင်း တခြားအကြောင်းအရာတွေ ပြောမကုန်တာ အများကြီးပါ။ ဒါပေမဲ့ သင်တို့ ချစ်သူနှစ်ဦး တစ်ယောက်ကို တစ်ယောက်တွေ့တဲ့အခါ တီတီတာတာ ပြောစရာစကားမရှိဘဲ တိတ်ဆိတ်နေပြီလား။ ဒါဆိုရင် သူကိုယ်တိုင်ရော ကိုယ်ကိုယ်တိုင်ရော အရင်လိုချစ်သေးလားဆိုတဲ့ သံသယစိတ်တွေ ဝင်လာပါပြီ။

သင့်အပေါ် ကြင်ကြင်နာနာမရှိတော့ဘူး

သင့်နားကပ်ဖို့ စိတ်မဝင်စားတော့ဘူး။ သင့်ကို ထိတွေ့ နမ်းရှိုက်ဖို့ သူစိတ်မဝင်စားတော့ဘူးဆိုရင် သူသင့်ကို မချစ်တော့ဘူးလို့ ပြောလိုက်တာပါပဲ။

သင်ဘာပြောပြော သင့်အပေါ် ကန့်လန့်တိုက်နေမယ်

အရင်က သင့်ဆန္ဒတွေကို လိုက်လျောခဲ့သမျှ အခုတော့ သင်ဘာပြောပြော သဘောမတူဘူးချည်း ကန့်လန့်တိုက်နေမှာပါ။ သင့်ရွေးချယ်မှုတွေ ဆုံးဖြတ်ချက်တွေကိုလည်း ထောက်ခံတာမျိုး မရှိတော့ဘူး။ ဒါဆိုရင်တော့ သူ သင့်ကို လုံးဝငြီးငွေ့နေပြီဆိုတာ သေချာပါတယ်။

သင့်ကို အချိန်ယူ ရှင်းမပြတော့ဘူး

တစ်ခုခု သံသယရှိလို့ မေးလိုက်တဲ့အခါ မမေးနဲ့ကွာ မဖြေချင်ဘူး။ ဒါမှမဟုတ် အရမ်းစကားများတာပဲ ဆိုပြီး သင်မေးတဲ့မေးခွန်းတွေကို စိတ်ရှည်ရှည် ရှင်းပြမနေတော့ဘူး။ ရိုးရိုးမေးခွန်းတွေကိုတောင် စိတ်ရှည်ရှည် မဖြေချင်တော့ဘူးဆိုရင် သူသင့်ကို စိတ်ကုန်နေပါပြီ။

လေးစားမှုတွေ ပျောက်သွားပြီ

သင့်အပေါ်မှာ အရင်ကရှိခဲ့တဲ့ လေးစားမှုတွေ မရှိတော့ဘဲ သူငယ်ချင်းတွေရှေ့မှာဆိုရင်လည်း အော်ငေါက်နေတာမျိုး လုပ်တတ်လာတယ်။ သင်နဲ့ အချိန်မရွေး ရန်ဖြစ်စကားများဖို့ သင့်ကို လူကြားထဲမှာ အော်ဖို့ ဝန်မလေးတော့ပါဘူူူး။ သင့်ကိုလည်း ဂရုမစိုက်တော့ဘဲ သူလုပ်ချင်တာ လုပ်နေမှာပါ။ ဒါဆို သင့်ကို သူ လုံး၀ စိတ်မဝင်စားတော့ဘူးဆိုုတာ သေချာသလောာက်ရှိနေပါပြီ။

သူ့ရဲ့ အစီစဉ်တွေမှာလည်း သင်မပါဝင်တော့ဘူး

သူ့ရဲ့ အနာဂတ်အစီစဉ်မှာ သင်မပါဝင်တော့ဘူးဆိုရင် သူသင့်ကို သူ့ဘဝကနေ ထုတ်ပယ်လိုက်ပါပြီ။

သင့်ကိုအမြဲတမ်း အပြစ်တင်တယ်

တစ်ခုခုမှားသွားပြီဆိုရင် မင်းကြောင့် ဆိုပြီး လက်ညိုးထိုး အပြစ်တင်တတ်လာပြီဆိုရင် သူသင့်ကို မယုံတော့ဘူးဆိုတာ သေချာနေပါပြီ။ ဒါဆို သင်ဘာဆက်ပြောမလဲ။

ဖိုးသူတော် (www.phothutaw.com)
Credit : mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top