ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ျမန္မာႏိုင္ငံထဲက ရြာေလးတစ္ရြာ ရဲ႕ အျဖစ္အပ်က္ အမွန္ေလးပါ။
ရြာနာမည္ေတာ့ မေျပာေတာ့ပါဘူး။

တစ္ေန႔ တင္ေအာင္ မိန္းမ လွရီ ကိုယ္ဝန္ ဗိုက္နာပါေလေရာ ။ည ၉ နာရီ ၁၀ နာရီေလာက္ရိွမယ္၊ တင္ေအာင္တစ္ေယာက္လည္း လက္သည္ ေဒၚဖြားေမဆီ ေျပးေခၚ ရတာေပါ့။ေဒၚဖြားေမ နဲ႔ အတူ အိမ္ျပန္ေျပးလာၿပီး တင္ေအာင္က အိမ္ေအာက္မွာ ေစာင့္ေနရတာေပါ့။ တတ္မွတ္သေလာက္ ဘုရားစာေတြ ရြတ္ေနရင္ အိမ္ေပၚက အသံေတြ တိတ္သြားခဲ့တယ္။
တင္ေအာင္ လည္း တိတ္ဆိတ္စြာနဲ႔ ၿငိမ္ၿပီးနားေထာင္ေနတယ္။
ေဒၚဖြားေမ အိမ္ထဲက ထြက္လာၿပီး တင္ေအာင္ကို အသာေလး ကပ္ေျပာတယ္။
လွရီ ကေလးေမြးရခက္လို႔ ဆံုးၿပီတဲ့ ၊ တင္ေအာင္ခမ်ာ အ႐ူးတစ္ပိုင္း ျဖစ္ေရာ၊ မိန္းမေရာ ကေလးေရာ တစ္ခါတည္း ဆံုးၿပီ ဆိုေတာ့၊
ေဒၚဖြားေမ ကစိတ္ကိုထိန္းဖို႔ ေျဖာင္ဖ်ၿပီး၊ လူႀကီးေတြကို အေၾကာင္းၾကားတာေပါ့။ လူႀကီးေတြကလဲ ခ်က္ခ်င္း ေျမခ်ဖို႔ စီစဥ္ၾကတာေပါ့။
တင္ေအာင္ခမ်ာ လွရီ အေလာင္းေဘးမွ ထိုင္ငိုေနလိုက္တာဗ်ာ။ လူႀကီးေတြ မနည္း ေျပာယူရတယ္။
လွရီကို ေျမခ်ၿပီး။ မနက္မိုးလင္းမွ ဘုန္းႀကီးပင့္ အလႉလုပ္ၾကမယ္ေပါ့။ လူႀကီး ႏွစ္ေယာက္သံုးေယာက္ေလာက္ တင္ေအာင္နဲ႔ အတူ အိပ္ၾကတယ္။စိတ္ထိခိုက္ေနတဲ့ တင္ေအာင္ကို စိုးရိမ္ၾကလို႔ေပါ့။
အိပ္ေနရင္း ညႏွစ္နာရီေလာက္ တင္ေအာင္ အလန္႔တၾကားနဲ႔ ထလာၿပီး လွရီဆီသြားမယ္ ၊လွရီဆီသြားမယ္၊ လွရီ အသက္႐ႈက်ပ္ေနၿပီ ၊ က်ေနာ္မသြားရင္သူေသလိမ့္မယ္။ သူက်ေနာ့္ကို ေခၚေနတယ္ ၊ သူ႕ကို လာကယ္ပါအံုးတဲ့ ၊ ေမွာင္မဲ ေနေရာ သူေၾကာက္တယ္တဲ့။ ၿပီးေတာ့ အသက္႐ႈက်ပ္ေနၿပီတဲ့ ၊ လက္ေတြလည္း နာလိုက္တာတဲ့။ သူေခၚတာ ဘယ္သူမွ မၾကားဘူးတဲ့။
လူႀကီးသံုးေယာက္ ဝိုင္းထိန္းေနတဲ့ ၾကားက အတင္း႐ုန္းၿပီး သခ်ၤဳႋင္း ကုန္းကို ေျပးပါေလေရာ။
လွရီ ေျမပံုေရွ႕ ေရာက္ေတာ့ ။
ေပါက္ျပားနဲ႔ တူးပါေလေရာ။
လူႀကီးသံုးေယာက္လည္း ရြာသားေတြကို ျပန္ေခၚၿပီး လိုက္လာၾကတာေပါ့။
တင္ေအာင္က တူးၿပီး အေခါင္းကို ဖြင့္ၿပီး လွရီကို အျပင္ထုတ္လိုက္တယ္။
အသက္႐ႈသံ သဲ့သဲ့ေလးၾကားလိုက္ရတယ္။
ႏွလံုးနား ကပ္နားေထာင္ေတာ့ ႏွလံုး ခုန္ေနေသးတယ္။
သူကို အိမ္မက္လာေပးတာ မွန္ေနၿပီေပါ့။လွရီရဲ႕ လက္သည္းေတြ ၾကားထဲမွာ အေခါင္းကို ကုတ္ထားလို႔ သစ္စေတြ ဝင္ၿပီး ေသြးေတြ ထြက္ေနတယ္။
ရြာသားေတြလည္း တစ္ေယာက္တစ္ေပါက္ေျပာေနၾကတယ္။
တင္ေအာင္က လွရီကို အိမ္ေခၚ ျပန္ဖို႔လုပ္ေသးတယ္။ရြာသားေတြက ဝိုင္းတားၾကတယ္။သခ်ၤဳႋင္းက လူကို ရြာထဲ ယူရင္ ရြာနာတယ္ေလး ဘာေလးေပါ့။
ရြာေတြ ရဲ႕ အယူသီးမႈတစ္ခုေပါ့ဗ်ာ။
အျပန္အလွန္ ျငင္းခံုေနရင္း လွရီ တစ္ေယာက္ ဇတ္ေလး က်ဳိးက်သြားခဲ့တယ္။
ႏွလံုးမခုန္ေတာ့ဘူး။အသက္လည္း မ႐ႈေတာ့ဘူး။
္ေသၿပီ၊ လွရီ တစ္ကယ္ေသသြားခဲ့ၿပီ ၊လွရီ
လွရီ နဲ႔ တစ္ေၾကာ္ေၾကာ္ ေအာ္ရင္း တင္ေအာင္ တစ္ေယာက္ အသိစိတ္လံုးလံုး ေပ်ာက္သြားခဲ့တယ္။

အခုထိ အ႐ူးတစ္ေယာက္အျဖစ္နဲ႔ ရြာျပင္ သခ်ၤဳႋင္း မွာ ရိွေနတုန္းပါပဲ။ လွရီရဲ႕ အုတ္ဂူေလးေဘးမွာ ေနတုန္းပါပဲ၊

ေမ်ာေနတာကို ေသၿပီဆိုၿပီး ဘုမသိ ဘမသိ ေျမျမႇဳပ္လိုက္လို႔ အသက္ႏွစ္ေခ်ာင္း ဆံုးတဲ့ အျပင္ ေယာက်ၤာ လဲ အ႐ူးတစ္ပိုင္းနဲ႔ ျဖစ္ခဲ့ရတဲ့ ျဖစ္ရပ္မွန္ေလး တစ္ခုပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲေလး sky

#Unicode Version#
မြန်မာနိုင်ငံထဲက ရွာလေးတစ်ရွာ ရဲ့ အဖြစ်အပျက် အမှန်လေးပါ။
ရွာနာမည်တော့ မပြောတော့ပါဘူး။

တစ်နေ့ တင်အောင် မိန်းမ လှရီ ကိုယ်ဝန် ဗိုက်နာပါလေရော ။ည ၉ နာရီ ၁၀ နာရီလောက်ရှိမယ်၊ တင်အောင်တစ်ယောက်လည်း လက်သည် ဒေါ်ဖွားမေဆီ ပြေးခေါ် ရတာပေါ့။ဒေါ်ဖွားမေ နဲ့ အတူ အိမ်ပြန်ပြေးလာပြီး တင်အောင်က အိမ်အောက်မှာ စောင့်နေရတာပေါ့။ တတ်မှတ်သလောက် ဘုရားစာတွေ ရွတ်နေရင် အိမ်ပေါ်က အသံတွေ တိတ်သွားခဲ့တယ်။
တင်အောင် လည်း တိတ်ဆိတ်စွာနဲ့ ငြိမ်ပြီးနားထောင်နေတယ်။
ဒေါ်ဖွားမေ အိမ်ထဲက ထွက်လာပြီး တင်အောင်ကို အသာလေး ကပ်ပြောတယ်။
လှရီ ကလေးမွေးရခက်လို့ ဆုံးပြီတဲ့ ၊ တင်အောင်ခမျာ အရူးတစ်ပိုင်း ဖြစ်ရော၊ မိန်းမရော ကလေးရော တစ်ခါတည်း ဆုံးပြီ ဆိုတော့၊
ဒေါ်ဖွားမေ ကစိတ်ကိုထိန်းဖို့ ဖြောင်ဖျပြီး၊ လူကြီးတွေကို အကြောင်းကြားတာပေါ့။ လူကြီးတွေကလဲ ချက်ချင်း မြေချဖို့ စီစဉ်ကြတာပေါ့။
တင်အောင်ခမျာ လှရီ အလောင်းဘေးမှ ထိုင်ငိုနေလိုက်တာဗျာ။ လူကြီးတွေ မနည်း ပြောယူရတယ်။
လှရီကို မြေချပြီး။ မနက်မိုးလင်းမှ ဘုန်းကြီးပင့် အလှူလုပ်ကြမယ်ပေါ့။ လူကြီး နှစ်ယောက်သုံးယောက်လောက် တင်အောင်နဲ့ အတူ အိပ်ကြတယ်။စိတ်ထိခိုက်နေတဲ့ တင်အောင်ကို စိုးရိမ်ကြလို့ပေါ့။
အိပ်နေရင်း ညနှစ်နာရီလောက် တင်အောင် အလန့်တကြားနဲ့ ထလာပြီး လှရီဆီသွားမယ် ၊လှရီဆီသွားမယ်၊ လှရီ အသက်ရှုကျပ်နေပြီ ၊ ကျနော်မသွားရင်သူသေလိမ့်မယ်။ သူကျနော့်ကို ခေါ်နေတယ် ၊ သူ့ကို လာကယ်ပါအုံးတဲ့ ၊ မှောင်မဲ နေရော သူကြောက်တယ်တဲ့။ ပြီးတော့ အသက်ရှုကျပ်နေပြီတဲ့ ၊ လက်တွေလည်း နာလိုက်တာတဲ့။ သူခေါ်တာ ဘယ်သူမှ မကြားဘူးတဲ့။
လူကြီးသုံးယောက် ဝိုင်းထိန်းနေတဲ့ ကြားက အတင်းရုန်းပြီး သင်္ချုႋင်း ကုန်းကို ပြေးပါလေရော။
လှရီ မြေပုံရှေ့ ရောက်တော့ ။
ပေါက်ပြားနဲ့ တူးပါလေရော။
လူကြီးသုံးယောက်လည်း ရွာသားတွေကို ပြန်ခေါ်ပြီး လိုက်လာကြတာပေါ့။
တင်အောင်က တူးပြီး အခေါင်းကို ဖွင့်ပြီး လှရီကို အပြင်ထုတ်လိုက်တယ်။
အသက်ရှုသံ သဲ့သဲ့လေးကြားလိုက်ရတယ်။
နှလုံးနား ကပ်နားထောင်တော့ နှလုံး ခုန်နေသေးတယ်။
သူကို အိမ်မက်လာပေးတာ မှန်နေပြီပေါ့။လှရီရဲ့ လက်သည်းတွေ ကြားထဲမှာ အခေါင်းကို ကုတ်ထားလို့ သစ်စတွေ ဝင်ပြီး သွေးတွေ ထွက်နေတယ်။
ရွာသားတွေလည်း တစ်ယောက်တစ်ပေါက်ပြောနေကြတယ်။
တင်အောင်က လှရီကို အိမ်ခေါ် ပြန်ဖို့လုပ်သေးတယ်။ရွာသားတွေက ဝိုင်းတားကြတယ်။သင်္ချုႋင်းက လူကို ရွာထဲ ယူရင် ရွာနာတယ်လေး ဘာလေးပေါ့။
ရွာတွေ ရဲ့ အယူသီးမှုတစ်ခုပေါ့ဗျာ။
အပြန်အလှန် ငြင်းခုံနေရင်း လှရီ တစ်ယောက် ဇတ်လေး ကျိုးကျသွားခဲ့တယ်။
နှလုံးမခုန်တော့ဘူး။အသက်လည်း မရှုတော့ဘူး။
်သေပြီ၊ လှရီ တစ်ကယ်သေသွားခဲ့ပြီ ၊လှရီ
လှရီ နဲ့ တစ်ကြော်ကြော် အော်ရင်း တင်အောင် တစ်ယောက် အသိစိတ်လုံးလုံး ပျောက်သွားခဲ့တယ်။

အခုထိ အရူးတစ်ယောက်အဖြစ်နဲ့ ရွာပြင် သင်္ချုႋင်း မှာ ရှိနေတုန်းပါပဲ။ လှရီရဲ့ အုတ်ဂူလေးဘေးမှာ နေတုန်းပါပဲ၊

မျောနေတာကို သေပြီဆိုပြီး ဘုမသိ ဘမသိ မြေမြှုပ်လိုက်လို့ အသက်နှစ်ချောင်း ဆုံးတဲ့ အပြင် ယောင်္ကျာ လဲ အရူးတစ်ပိုင်းနဲ့ ဖြစ်ခဲ့ရတဲ့ ဖြစ်ရပ်မှန်လေး တစ်ခုပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: သရဲလေး sky
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top