Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

# Zawgyi Version ျဖင့္ ဖတ္ရန္ #

ဘယ္လိုအိပ္ရတာ ႀကိဳက္လဲ။

လူတုိင္းအိပ္ၾကတယ္။ အိပ္စက္မႈနဲ႔ပတ္သက္တဲ့ အခ်က္အလက္ေတြ၊ က်န္းမာေရးဆုိင္ရာ မွတ္သားစရာေတြကိုလည္း ဖတ္ဖူးၾကမွာပါ။ ကိုယ္အိပ္စက္တဲ့ အေနအထားက ကိုယ့္ရဲ႕စိတ္ေနစိတ္ထားကို ေဖာ္ျပေနသလို ခ်စ္သူနဲ႔အတူ အိပ္တ့ဲအခါ ပံုသ႑န္အေနအထားကို ၾကည့္ၿပီးေတာ့လည္း အခ်စ္ေရးကို ခန္႔မွန္းတြက္ခ်က္လို႔လည္း ရပါေသးတယ္။

The Spoon (ဇြန္း)

ေယာက်္ားေလးရဲ႕ ရင္ခြင္ထဲမွာ မိန္းကေလးက ဝင္အိပ္ေနတာပါ။ ရင္ခြင္ထဲဝင္ေနရတဲ့အခါ လံုျခံဳရသလို ခံစားရတယ္။ ခ်စ္သူက ကိုယ့္ကိုကာကြယ္ေစာင့္ေရွာက္ေပးသလို ခံစားရတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ယံုၾကည္တယ္လို႔ ဆုိလိုသတဲ့။

The Chase (ဖမ္းထားမယ္)

တစ္ေယာက္က အိပ္ရာေထာင့္ေရာက္ေနလို႔ ေနာက္တစ္ေယာက္က ဖမ္းဆဲြထားရတဲ့အေနအထားပါ။ The Spoon နဲ႔ ဆင္ေပမဲ့ မိန္းကေလးက ေယာက်္ားေလးကို ေနာက္ကေနဖက္ထားတဲ့အိပ္စက္ပံုမ်ိဳး ျဖစ္တယ္။ ေယာက်္ားေလးက သူ႔ကို ဖမ္းဆုပ္ထားေစခ်င္လို႔ တမင္ေျပးျပတာမ်ိဳးလည္း ျဖစ္ႏုိင္သလို သူက ခပ္ခြာခြာေနလိုတဲ့သေဘာလည္း ျဖစ္ႏိုင္ပါတယ္။

The Tangle (ရစ္ပတ္ထားတယ္)

ဒီလိုအိပ္တာမ်ိဳးက ႐ွားပါတယ္။ တစ္ေယာက္ကိုတစ္ေယာက္ ရစ္ပတ္ေႏွာင္ထားၿပီး တစ္ညလံုးအိပ္ေပ်ာ္ဖုိ႔က ခက္တယ္ေလ။ ခ်စ္သူျဖစ္ခါစ/ညားခါစနဲ႔ ခ်စ္တင္းေႏွာၿပီးစအခ်ိန္မ်ိဳးေတြမွာသာ ဒီလိုမ်ိဳးဖက္အိပ္ၾကေလ့ရွိတယ္။ ဒီလိုအိပ္ေနတာျမင္ရင္ ညားခါစလင္မယားလို႔ ခန္႔မွန္းႏိုင္ပါတယ္။

The Unraveling Knot (ႀကိဳးထံုးေျပတဲ့အိပ္ပံု)

ေစာနက The Tangle လို ဖက္ထားၿပီး ၁၀ မိနစ္အၾကာမွာေတာ့ ဒီပံုစံျဖစ္သြားတယ္။ ႏွစ္ေယာက္လံုး လြတ္လြတ္လပ္လပ္ အိပ္ခ်င္သလိုအိပ္ေပ်ာ္သြားတာ။ ဒီလိုမ်ိဳးအိပ္ၾကတာဟာ အခိုင္ၿမဲဆံုးအခ်စ္ေရးကို ပိုင္ဆုိင္ထားတဲ့စံုတြဲေတြပါတဲ့။

The Liberty Lovers (ေက်ာခိုင္းထားတဲ့ခ်စ္သူေတြ)

တစ္ေယာက္ကိုတစ္ေယာက္ ေက်ာခိုင္းအိပ္တယ္။ ေက်ာခ်င္းလည္း ကပ္မေနဘူးဆုိရင္ စိတ္မညစ္ပါနဲ႔။ တစ္ေယာက္ကိုတစ္ေယာက္မထိဘဲ ေက်ာခိုင္းအိပ္ေလ့ရွိတဲ့ စံုတြဲေတြဟာ တစ္ေယာက္ကိုတစ္ေယာက္ ယံုၾကည္စြာနဲ႔ခ်စ္လို႔ပါတဲ့။ ၿပီးေတာ့ အခ်စ္ေရးမွာအျပန္အလွန္ နီးစပ္မႈရွိၿပီး အမွီခိုကင္းတယ္ဆုိတာ ျပသေနတာပါ။

The Nuzzle (လက္ေမာင္းေပၚမွာ)

ခ်စ္ဖုိ႔ေကာင္းတဲ့ အိပ္စက္ပံုေလးေပါ့။ ေယာက္်ားေလးရဲ႕လက္ေမာင္းေပၚမွာ မိန္းကေလးက ေခါင္းတင္ၿပီးအိပ္တာေလ။ မိန္းကေလးတိုင္း လိုလားၾကတဲ့ အိပ္စက္ပံုမ်ိဳးလည္းျဖစ္တယ္။ ေခါင္းက ရင္ဘတ္နဲ႔လည္း နီးကပ္ေနတာ။ ခ်စ္သူကို အရမ္းယံုတယ္လို႔ ေျပာေနတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Mingalarbarmorning

# Unicode Version ျဖင့္ ဖတ္ရန္ #

ဘယ်လိုအိပ်ရတာ ကြိုက်လဲ။

လူတိုင်းအိပ်ကြတယ်။ အိပ်စက်မှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေ၊ ကျန်းမာရေးဆိုင်ရာ မှတ်သားစရာတွေကိုလည်း ဖတ်ဖူးကြမှာပါ။ ကိုယ်အိပ်စက်တဲ့ အနေအထားက ကိုယ့်ရဲ့စိတ်နေစိတ်ထားကို ဖော်ပြနေသလို ချစ်သူနဲ့အတူ အိပ်တဲ့အခါ ပုံသဏ္ဍန်အနေအထားကို ကြည့်ပြီးတော့လည်း အချစ်ရေးကို ခန့်မှန်းတွက်ချက်လို့လည်း ရပါသေးတယ်။

The Spoon (ဇွန်း)

ယောကျ်ားလေးရဲ့ ရင်ခွင်ထဲမှာ မိန်းကလေးက ဝင်အိပ်နေတာပါ။ ရင်ခွင်ထဲဝင်နေရတဲ့အခါ လုံခြုံရသလို ခံစားရတယ်။ ချစ်သူက ကိုယ့်ကိုကာကွယ်စောင့်ရှောက်ပေးသလို ခံစားရတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်တယ်လို့ ဆိုလိုသတဲ့။

The Chase (ဖမ်းထားမယ်)

တစ်ယောက်က အိပ်ရာထောင့်ရောက်နေလို့ နောက်တစ်ယောက်က ဖမ်းဆွဲထားရတဲ့အနေအထားပါ။ The Spoon နဲ့ ဆင်ပေမဲ့ မိန်းကလေးက ယောကျ်ားလေးကို နောက်ကနေဖက်ထားတဲ့အိပ်စက်ပုံမျိုး ဖြစ်တယ်။ ယောကျ်ားလေးက သူ့ကို ဖမ်းဆုပ်ထားစေချင်လို့ တမင်ပြေးပြတာမျိုးလည်း ဖြစ်နိုင်သလို သူက ခပ်ခွာခွာနေလိုတဲ့သဘောလည်း ဖြစ်နိုင်ပါတယ်။

The Tangle (ရစ်ပတ်ထားတယ်)

ဒီလိုအိပ်တာမျိုးက ရှားပါတယ်။ တစ်ယောက်ကိုတစ်ယောက် ရစ်ပတ်နှောင်ထားပြီး တစ်ညလုံးအိပ်ပျော်ဖို့က ခက်တယ်လေ။ ချစ်သူဖြစ်ခါစ/ညားခါစနဲ့ ချစ်တင်းနှောပြီးစအချိန်မျိုးတွေမှာသာ ဒီလိုမျိုးဖက်အိပ်ကြလေ့ရှိတယ်။ ဒီလိုအိပ်နေတာမြင်ရင် ညားခါစလင်မယားလို့ ခန့်မှန်းနိုင်ပါတယ်။

The Unraveling Knot (ကြိုးထုံးပြေတဲ့အိပ်ပုံ)

စောနက The Tangle လို ဖက်ထားပြီး ၁၀ မိနစ်အကြာမှာတော့ ဒီပုံစံဖြစ်သွားတယ်။ နှစ်ယောက်လုံး လွတ်လွတ်လပ်လပ် အိပ်ချင်သလိုအိပ်ပျော်သွားတာ။ ဒီလိုမျိုးအိပ်ကြတာဟာ အခိုင်မြဲဆုံးအချစ်ရေးကို ပိုင်ဆိုင်ထားတဲ့စုံတွဲတွေပါတဲ့။

The Liberty Lovers (ကျောခိုင်းထားတဲ့ချစ်သူတွေ)

တစ်ယောက်ကိုတစ်ယောက် ကျောခိုင်းအိပ်တယ်။ ကျောချင်းလည်း ကပ်မနေဘူးဆိုရင် စိတ်မညစ်ပါနဲ့။ တစ်ယောက်ကိုတစ်ယောက်မထိဘဲ ကျောခိုင်းအိပ်လေ့ရှိတဲ့ စုံတွဲတွေဟာ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စွာနဲ့ချစ်လို့ပါတဲ့။ ပြီးတော့ အချစ်ရေးမှာအပြန်အလှန် နီးစပ်မှုရှိပြီး အမှီခိုကင်းတယ်ဆိုတာ ပြသနေတာပါ။

The Nuzzle (လက်မောင်းပေါ်မှာ)

ချစ်ဖို့ကောင်းတဲ့ အိပ်စက်ပုံလေးပေါ့။ ယောက်ျားလေးရဲ့လက်မောင်းပေါ်မှာ မိန်းကလေးက ခေါင်းတင်ပြီးအိပ်တာလေ။ မိန်းကလေးတိုင်း လိုလားကြတဲ့ အိပ်စက်ပုံမျိုးလည်းဖြစ်တယ်။ ခေါင်းက ရင်ဘတ်နဲ့လည်း နီးကပ်နေတာ။ ချစ်သူကို အရမ်းယုံတယ်လို့ ပြောနေတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Mingalarbarmorning
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top