ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခ်စ္တင္းေႏွာၿပီးတာနဲ႔ အေပါ့သြား (ဆီးသြား)လိုက္ဖုိ႔ဆုိတဲ့ အၾကံေပးခ်က္ကို အႀကိမ္ေပါင္းမ်ားစြာ ၾကားဖူးၾကမယ္ ထင္ပါတယ္။ အမ်ိဳးသမီးေတြအေနနဲ႔ ဆီးလမ္းေၾကာင္းပိုးဝင္ျခင္း (UTI) မျဖစ္ေအာင္ ခ်စ္တင္းေႏွာၿပီးတာနဲ႔ အေပါ့သြားၾကပါလို႔ မီးယပ္အထူးကုဆရာဝန္ေတြက ဆုိပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ အမ်ိဳးသမီးေတြအေနန႔ ခ်စ္တင္းေႏွာၿပီးၿပီးခ်င္းမွာ အတြင္းခံေဘာင္းဘီကို ခ်က္ျခင္း ျပန္မဝတ္သင့္ဘူး ဆိုတာပါပဲ။

အေပါ့သြားခ်င္သည္ျဖစ္ေစ မသြားခ်င္သည္ျဖစ္ေစ အေပါ့သြားျဖစ္ေအာင္ ႀကိဳးစားၾကည့္ပါ။ ဒါမွ ဆီးလမ္းေၾကာင္းထဲက ဘက္တီးရီးယားေတြ ဆီးနဲ႔အတူ ထြက္သြားမွာျဖစ္ပါတယ္။ UTI ဟာ ခ်စ္တင္းေႏွာေနစဥ္အတြင္း မိန္းမကိုယ္ထဲကို ဘက္တီးရီးယားေတြ ဝင္ေရာက္႐ွင္သန္ရာကေန စျဖစ္တတ္လို႔ပါပဲ။

မိန္းမကိုယ္နဲ႔ ခႏၶာကိုယ္တစ္ဝိုက္မွာ ေခၽြး၊ သုက္ရည္၊ ေခ်ာဆီ စတာေတြ စိုစြတ္ေနရင္လည္း တစ္ရႈးစကၠဴနဲ႔ သုတ္ပစ္ရပါမယ္။ စိုစြတ္ေနရင္ ဘက္တီးရီးယားေတြ ပိုကပ္ႏိုင္လို႔ပါ။ ေျခာက္ေသြ႕ေအာင္ ထားေပးဖုိ႔ လိုပါတယ္။ ကိစၥၿပီးသြားတဲ့အခါမွာ ႐ိုး႐ိုးေရ၊ အနံ႔မပါတဲ့ဆပ္ျပာတုိ႔နဲ႔သာ ေဆးသင့္ပါတယ္။ ၿပီးရင္ေတာ့ ေျခာက္ေသြ႔သြားေအာင္ ထားေပးရပါတယ္။

အတြင္းခံေဘာင္းဘီကိုလည္း မဝတ္ဘဲေနလိုက္တာ အေကာင္းဆံုးပါလို႔ University of Southern California's Keck School of Medicine က မီးယပ္နဲ႔သားဖြားဆိုင္ရာ လက္ေထာက္ကထိက ေဒါက္တာ ဆာရာ တူးဂြတ္က သတိေပးပါတယ္။ အတြင္းခံေဘာင္းဘီဝတ္မယ့္အစား သက္ေတာင့္သက္သာ႐ွိတဲ့ ပြပြေခ်ာင္ေခ်ာင္ ညအိပ္ေဘာင္းဘီကိုသာ ဝတ္သင့္ပါတယ္လို႔ အၾကံေပးပါတယ္။ မိန္းမကိုယ္ကို ေလဝင္ေလထြက္ေကာင္းၿပီး ေျခာက္ေသြ႔သန္႔႐ွင္းေအာင္ ထားေပးမွသာ ပိုးဝင္တာေတြ၊ ယားယံတာေတြ မျဖစ္မွာပါလို႔ သူမက ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ချစ်တင်းနှောပြီးတာနဲ့ အပေါ့သွား (ဆီးသွား)လိုက်ဖို့ဆိုတဲ့ အကြံပေးချက်ကို အကြိမ်ပေါင်းများစွာ ကြားဖူးကြမယ် ထင်ပါတယ်။ အမျိုးသမီးတွေအနေနဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်း (UTI) မဖြစ်အောင် ချစ်တင်းနှောပြီးတာနဲ့ အပေါ့သွားကြပါလို့ မီးယပ်အထူးကုဆရာဝန်တွေက ဆိုပါတယ်။ နောက်တစ်ချက်ကတော့ အမျိုးသမီးတွေအနေန့ ချစ်တင်းနှောပြီးပြီးချင်းမှာ အတွင်းခံဘောင်းဘီကို ချက်ခြင်း ပြန်မဝတ်သင့်ဘူး ဆိုတာပါပဲ။

အပေါ့သွားချင်သည်ဖြစ်စေ မသွားချင်သည်ဖြစ်စေ အပေါ့သွားဖြစ်အောင် ကြိုးစားကြည့်ပါ။ ဒါမှ ဆီးလမ်းကြောင်းထဲက ဘက်တီးရီးယားတွေ ဆီးနဲ့အတူ ထွက်သွားမှာဖြစ်ပါတယ်။ UTI ဟာ ချစ်တင်းနှောနေစဉ်အတွင်း မိန်းမကိုယ်ထဲကို ဘက်တီးရီးယားတွေ ဝင်ရောက်ရှင်သန်ရာကနေ စဖြစ်တတ်လို့ပါပဲ။

မိန်းမကိုယ်နဲ့ ခန္ဓာကိုယ်တစ်ဝိုက်မှာ ချွေး၊ သုက်ရည်၊ ချောဆီ စတာတွေ စိုစွတ်နေရင်လည်း တစ်ရှုးစက္ကူနဲ့ သုတ်ပစ်ရပါမယ်။ စိုစွတ်နေရင် ဘက်တီးရီးယားတွေ ပိုကပ်နိုင်လို့ပါ။ ခြောက်သွေ့အောင် ထားပေးဖို့ လိုပါတယ်။ ကိစ္စပြီးသွားတဲ့အခါမှာ ရိုးရိုးရေ၊ အနံ့မပါတဲ့ဆပ်ပြာတို့နဲ့သာ ဆေးသင့်ပါတယ်။ ပြီးရင်တော့ ခြောက်သွေ့သွားအောင် ထားပေးရပါတယ်။

အတွင်းခံဘောင်းဘီကိုလည်း မဝတ်ဘဲနေလိုက်တာ အကောင်းဆုံးပါလို့ University of Southern California's Keck School of Medicine က မီးယပ်နဲ့သားဖွားဆိုင်ရာ လက်ထောက်ကထိက ဒေါက်တာ ဆာရာ တူးဂွတ်က သတိပေးပါတယ်။ အတွင်းခံဘောင်းဘီဝတ်မယ့်အစား သက်တောင့်သက်သာရှိတဲ့ ပွပွချောင်ချောင် ညအိပ်ဘောင်းဘီကိုသာ ဝတ်သင့်ပါတယ်လို့ အကြံပေးပါတယ်။ မိန်းမကိုယ်ကို လေဝင်လေထွက်ကောင်းပြီး ခြောက်သွေ့သန့်ရှင်းအောင် ထားပေးမှသာ ပိုးဝင်တာတွေ၊ ယားယံတာတွေ မဖြစ်မှာပါလို့ သူမက ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top